← Chapters

ကျောက်မိုထံမှ ဖုန်းခေါ်လာမှု

Vol. 35 Ch. 523

ကျောက်မိုထံမှ ဖုန်းခေါ်လာမှု

Vol. 35 Ch. 523

"မလာလို့ မရဘူးလား..."

"မရဘူး... နင် လာကိုလာခဲ့ရမယ်..."လျန်ရူရွှယ် လင်းရီကို ငြင်းဆိုရန် အခွင့်မပေးခဲ့ချေ။

"တော်ပါပြီ....မင်း၀တ်တဲ့ ညအိပ်၀တ်စုံကြီးက ကြည့်ရ အရမ်းရုပ်ဆိုးလွန်းတယ်... တစ်စက်လေးမှ ကြည့်မကောင်းဘူး... ငါ မလာချင်ဘူး..."

လျန်ရူရွယ် :"......"

လျန်ရူရွှယ် သူမ လင်းရီကြောင့် ဒေါသထွက်လွန်း၍ သေသွားနိုင်သည်ဟု ခံစားနေရသည်။

ဒီကောင်က ခုလို အချိန်မျိုးမှာတောင် ညအိပ်၀တ်စုံ ဘာ၀တ်လဲဆိုတာ အာရုံစိုက်ဖို့ အချိန်ရှိနေသေးတာလားဟ....

"နင်လာမယ်ဆို ငါ ဘာမှမ၀တ်ထားလဲ ဖြစ်တယ်... နင်ခု ကျေနပ်ပြီလား...."

"ငါ ခု ကားပါကင် ရောက်နေပြီ... ဝိုင်နဲ့ အစားအသောက်တွေ ပြင်ထားလိုက်တော့... ဗိုက်ပြည့်တာနဲ့ အချီတစ်ရာလောက် ကစားကြမယ်...."

လျန်ရူရွှယ် ထိုကောင်စုတ်နှင့် ငြင်းခုန်ရင်း လေကုန်ခံမနေတော့ပဲ ဖုန်းတန်းချလိုက်သည်။

ယခု လောလောဆယ် သူမ၏ စိတ်တည်ငြိမ်မှုများ ပျောက်ဆုံးသည်အထိ စိုးရိမ်သောက ရောက်နေလေသည်။

Cisco ၏ အကြီးမားဆုံး ဝှက်ဖဲမှာ ကျောက်မိသားစု၏ ဟွာယင်း အုပ်စုပင်။

ယင်းအုပ်စုက CITIC အုပ်စုကဲ့သို့ တန်ခိုး မထွားလှသော်လည်း ငါးထရီလီယမ်ယွမ် တန်ကြေးရှိသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်နေသေး၏။ အကယ်၍ ကျောက်မိုသာ လင်းရီ၏ မြင့်တက်နေမှုကို ပိတ်ပင်တားဆီချင်နေပါက တစ်ဖက်သူမှာ မည်သို့မျှ ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

ယခု အခြေအနေအရ လင်းရီမှာ အနိုင်ရသူဖြစ်ဟန်တူသော်လည်း ကျောက်မိုဘက်မှ လှုပ်ရှားလာပြီဆိုပါက လင်းရီ၏ ကံကြမ္မာမှာ သတ်မှတ်ထားပြီးဖြစ်သည်။

သူမ တတ်နိုင်သည်ကတော့ လင်းရီနှင့် အဆိုပါကိစ္စကို ညှိနှိုင်းဆွေးနွေးပြီး တတ်နိုင်သမျှ ဆုံရှူံးမှု လျော့နည်းအောင် လုပ်ဖို့ပင်။

မဟုတ်ပါက အရာအားဆုံး အဆုံးသတ်သွားပေမည်။

နာရီ၀က်ကြာပြီးနောက် လင်းရီ လျန်ရူရွှယ်၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။

လမ်းတစ်လျှောက်တွင်တော့ လင်းရီဖုန်းမှာ အသိပေးသံများဖြင့် အဆက်မပြတ် မြည်ဟီးနေခဲ့ပြီး အများစုကတော့ ဝီချက်မှ အသိပေးစာပင်။

ချင်းဟန် : " လင်းကြီး.. သောက်ရမ်းလန်းတယ်ဟျောင့်.. မင်းဒီလိုမျိုး ချက်စ်ဂိမ်းကစားပြီး Cisco ကို တိုက်ရိုက် သုတ်သင်ပစ်လိမ့်မယ်လို့တောင် ထင်မထားဘူး.. ပြီးတော့ ငါ့ကိုတောင်မှ အလကားနေရင်း အလကား ယွမ် တစ်ရာမီလီယမ်လောက် ဖန်ပေးလိုက်သေးတယ်... မင်းခု အားလားဟျောင့်... ဂုဏ်ပြုပေးတဲ့အနေနဲ့ ရေကူး၀တ်စုံ ပါတီ ကျင်းပလိုက်တော့မယ်......"

လျန်ကျင်းမင် : " အစ်ကိုကြီးလင်း... ခင်များကတော့ တကယ့်ကို အစ်ကိုကြီး ပီသပါပေတယ်.. ကျွန်တော်တို့ မသိအောင်တောင် တိတ်တိတ်လေး Didi ကို ၀ယ်ပစ်လိုက်တယ်ပေါ့... နောက်ကျရင် ဒီလို အဖိုးတန်တဲ့ အတွေ့အကြုံကို ဒီညီလေးကိုလည်း မျှပေးစမ်းပါဦးဗျ.... "

ကောင်းကျုံးယွမ် : " ဒီနေ့ကစပြီးတော့ ကျုပ်ကောင်းကျုံးယွမ်ကို မောက်မာတယ်.... ဦးနှောက်မရှိဘူး... ဆန်ကုန်မြေလေးတွေနဲ့ပဲ အပေါင်းသင်းလုပ်နေတယ်လို့ လာပြောတဲ့ကောင်တွေကို အစ်ကိုကြီးလင်းရဲ့ အောင်မြင်မှုတွေနဲ့ တန်းစီပြီး ဖြတ်ရိုက်ပစ်ဦးမယ်........ "

အဆိုပါ ဝီချက်မက်ဆေ့ခ်ျများကို မြင်တော့ လင်းရီ ပြုံးလိုက်ပြီး တစ်ခုပြီးတစ်ခု စာပြန်လိုက်ကာ ဖုန်းကို အိပ်ကပ်ထဲဟို့ ပြန်ထည့်လိုက်သည်။

ထို့နောက် လျန်ရူရွှယ်၏ အိမ်ပေါက်၀သို့ သွားကာ တံခါးသွားခေါက်လိုက်သည်။ မကြာမီ အိမ်တံခါး အလိုအလျောက် ပွင့်လာလေသည်။ တံခါးပွင့်လျှင် ပွင့်ခြင်း လင်းရီ မျက်မန်းတန်းမိသည်ကတော့ ဖောက်ထွင်းမြင်နေရသည့် ပိုးထည်ညအိပ်၀တ်စုံအောက်တွင် ကျောက်စိမ်းတုံးကဲ့သို့ ၀င်းမွတ်နေသည့် အသားအရေနှင့် သွယ်လျသည့် ခြေတံတို့ကို လှစ်ဟာပြထားသည့် လျန်ရူရွှယ်ပင်။ သူမစကားအတိုင်း မလိုက်နာသော်လည်း လင်းရီ လက်ခံနိုင်သည့် အတိုင်းအတာအတွင်းတော့ရှိ၏။

"ရူရွှယ်က အရမ်း သိတတ်တာပဲ... ထမင်းမစားရသေးတာကို သိတော့ ကြိုမှာထားပေးတယ်ပေါ့..."

အိမ်ထဲသို့ ၀င်ရောက်ပြီးနောက် လင်းရီ ဟန်ပန်တခွဲသားနှင့် ဧည့်သည်ကြီး လုပ်မနေဘဲ ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့ မှာထားသည့် စားစရာများကို ဖောက်ကာ အားပါးတရ လွေးလိုက်သည်။

"နင်က ဒီလိုအချိန်မှာတောင် စား၀င်သေးတယ်ပေါ့လေ..."လျန်ရူရွှယ် ဘေးမှ စောဒက တက်လိုက်၏။

"အားရှိမှ တိုက်ခိုက်နိုင်မှာပေါ့ဟ..."လင်းရီ အားပါးတရ စားနေရင်း ပြန်ပြောလိုက်သည်။

"Cisco က ပြိုလဲနေပြီကို နင်က ဘယ်သူ့ကို သွားတိုက်ခိုက်ချင်နေသေးတာ...."

"ဘယ်သူ့ကို ဖြစ်ရမှာ.. Ciscoနောက်ကွယ်က ဒိတ်ဒိတ်ကျဲကြီးနဲ့လေ..."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ ငါသာ Ciscoကို အပြတ်ရှင်းချင်လို့ကတော့ ဒီလောက် သောက်လုပ်ရှုပ်ခံပြီး အကွက်တွေ ချမနေဘူး... အဓိကက သူတို့နောက်ကွယ်က ကြိုးကိုင်နေတဲ့သူကို ထိခိုက်စေဖို့ပဲ..."

"CISCOရဲ့နောက်မှာ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာ နင်သိနေတယ်ပေါ့...."

"ဒါပေါ့ကွ..."လင်းရီ ငါးအသားတစ်ဖက်ကို တူဖြင့် ညှပ်လိုက်ပြီး ဖြေးညင်းစွာ ဝါးရင်း "CISCO က အလွန်ဆုံးရှိလှ ငါးပေါက်စ လေးပေါ့... နောက်ကွယ်က ငါးကြီးကြီးကမှ ဖမ်းရခက်တာ... "

လျန်ရူရွှယ် မျက်မှောင်ကြုတ်လိုက်၏။ သူမ လုံး၀ နားမလည်နိုင်ပါချေ။ Cisco ရဲ့နောက်ကွယ်မှာ အကောင်ကြီးကြီးတစ်ကောင် ရှိနေမှန်းသိရင် သူက ဘာလို့ ဆက်ပြီး ဆန့်ကျင်ချင်နေရတာလဲတဲ့....

ဒါက ခုမှ အပျံသင်ကာစ လင်းယွမ်အုပ်စုအတွက် သေလမ်းရှာနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား..

"နင်က သိပြီးပြီဆိုတော့လည်း ငါ ဝေ့ဝိုက်မနေဘူး..."လျန်ရူရွှယ် သက်ပြင်းချလိုက်ပြီး "Cisco နောက်ကွယ်မှာရှိတဲ့ အကြီးဆုံး ရှယ်ယာပိုင်ရှင်က ရန်ကျင်းမှာရှိတဲ့ ဟွာယင်းအုပ်စုပဲ.. သူတို့ရဲ့ဈေးကွက် တန်ဖိုးက ငါးထရီလီယမ်ကျော်တယ်....Ciscoမှာ ရင်းနှီးမြုပ်နှံထားတာကျတော့ ဟွာယင်းအုပ်စုရဲ့ သခင်လေး ကျောက်မိုပဲ..."

"မင်းက သိနေတယ်ပေါ့...."

လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

လျန်ရူရွှယ်မှ အများအပြား သိနေလိမ့်မည်လို့ သူမျှော်လင့် မထားခဲ့ချေ။

"ကျောက်မိသားစုနဲ့ လျန်မိသားစုက မိတ်ဟောင်း ဆွေဟောင်းတွေလေ... ဒီတော့ ငါသိနေတာ မဆန်းပါဘူး..."

လျန်ရူရွှယ် ပြောလိုက်ပြီး "Cisco က ရှုံးနိမ့်သွားတယ်ဆိုတော့ သဘောက ကျောက်မို ရင်းနှီးမြုပ်နှံထားတာ ဆုံးရှုံးသွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ.. တကယ်လို့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်ဆိုရင်တော့ ပြဿနာ မရှိပေမယ့် Cisco က နင့်ကြောင့် ရှုံးနိမ့်သွားတာလေ... ဂုဏ်အရမ်းမောက်တဲ့ ကျောက်မိုက ဒီလိုမျိုး အနိုင်ကျင့်တာကို သည်းခံနေမှာ မဟုတ်ဘူး... သူနင့်ကို လက်စားပြန်ချေလိမ့်မယ်... "

"အဲ့တော့ မကောင်းဘူးလား... ငါလည်း သူလက်စားချေလာမှာကိုပဲ စောင့်နေတာ..."လင်းရီ စားရင်းဝါးရင်း ပြောဆိုလိုက်ပြီး "အရင်တုန်းက ငါ ဖိုတိုလီတိုဂရပ်ဖီစက်ကို ၀ယ်ဖို့ လုပ်နေတုန်း တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ပိတ်ပင်ထားတယ်... မင်းပြောပုံအရဆိုရင် အဲ့ကောင် ကျောက်မိုလုပ်တာပဲ ဖြစ်ရမယ်... ငါလဲ ဒီတိုင်း ထိုင်နေပြီးတော့ အဲ့ကောင် လာအနိုင်ကျင့်တာကို မျက်စိစုံမှိတ် ကြိတ်သည်းခံနေလို့ မဖြစ်ဘူးလေ ဟုတ်တယ်မလား...."

"ဟင်... ကျောက်မိုက တကယ်ကြီး အဲ့လိုလုပ်ခဲ့တာလား...."

"ဘယ်သူရှိရဦးမှာ... သူက လွဲပြီး အဲ့လိုလုပ်နိုင်တဲ့ စွမ်းရည်မျိုး ဘယ်သူ့မှာ ရှိဦးမယ်လို့ မင်းထင်လဲ...."

အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် လျန်ရူရွှယ် လင်းရီကို ကြည့်ကာ "ငါ နင့်ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကိုတော့ ယုံကြည်ပါတယ်... ဒါပေမယ့် ခုက စီးချင်းထိုးရမယ့် အချိန်ကောင်းမဟုတ်သေးဘူး... ဟွာယင်းအုပ်စုက ဟာသမဟုတ်ဘူးနော်...."

"အလွန်ဆုံးရှိလှ ဒေဝါလီခံရုံပေါ့....ငါက ဘာကို ကြောက်နေရမှာ..."လင်းရီ ပြောလိုက်ပြီး "မင်း သိမှာတော့မဟုတ်ဘူး....ငါ ကျောင်းတက်တုန်းက မိဘမဲ့ဆိုတော့ အတန်းဖော်တွေက အမြဲအနိုင်ကျင့်တယ်... ဒါကြောင့်မို့လည်း ငါ သူတို့နဲ့ နေ့တိုင်း ရန်ဖြစ်တာပဲ.. ငါ့အမေသိတော့လည်း ရန်ဖြစ်ရကောင်းလားဆိုပြီးတော့ ငါ့ကို အကြိမ်တိုင်း ရိုက်နှက်တယ်... ဒါပေမယ့် အဲ့လိုရိုက်ပြီးတော့ ငါ့အဖေက ငါ့ကို စကားတစ်ခွန်း တိုးတိုးလေးလာပြောပြတယ်... 'သား မင်းကို တစ်စုံတစ်ယောက်က တိုက်ခိုက်လာရင် မင်း သူတို့ကို ပြန်တိုက်ခိုက်ရမယ်...ကိုယ့်ဘက်က တန်ကြေးတစ်ခု ပေးဆပ်ရမယ် ဆိုရင်တောင်မှပေါ့... ' ငါတော့ အဲ့ဒီ အတွေးအခေါ်က တော်တော်လေး မှန်တယ်လို့ ထင်တာပဲ.. ဘာလို့ဆို ငြိမ်ခံနေရင် ပိုပိုပြီး ဆိုးလာမှာမို့လို့လေ... ဒါကြောင့်မို့ ဟိုဘက်က အကြောင်းမရှိ ငါ့လာတိုက်ခိုက်တာကိုတော့ ငါ ငြိမ်ခံမနေနိုင်ဘူး.... "

လျန်ရူရွှယ် နားထောင်ရင်း ပြောစရာ စကားများ ပျောက်ရှသွားခဲ့ရ၏။ လင်းရီ၏ အကျင့်စရိုက်မှာ သူ၏ ကြီးပြင်းလာသည့် ပုံစံနှင့် အနည်းနှင့် အများ ဆက်စပ်နေလေသညိ။

ထို့ကြောင့် ဖြောင်းဖြဖို့ရာ အင်မတန်ခက်ပေလိမ့်မည်။

အကယ်၍ သူမသာ ယခုကိစ္စကို သေချာစီမံချင်သည် ဆိုပါက သူမအမေနှင့် ဆွေးနွေးမှ ဖြစ်ချေတော့မည်။

ကလင် ....

လင်းရီ ပျော်ရွှင်စွာ စားသောက်နေစဉ် အိတ်ကပ်ထဲရှိ ဖုန်းမှာ အသံမြည်လာခဲ့၏။

ခေါ်ဆိုလာသူ၏ နာမည်ကို မြင်တော့ လင်းရီနှင့် လျန်ရူရွှယ်တို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြလေသည်။

"ဒီကောင် ငါ့နား ဆေးဖိုးတောင်းမလို့တော့ မဟုတ်လောက်ဘူးမလား..."

"ဒီအချိန်ကြီး ခေါ်လာတယ်ဆိုတော့ တစ်ခုခုတော့ မူမမှန်ဘူး... နင် ကိုင်ကြည့်လိုက်လေ... ဘာပြောမလဲ နားထောင်ကြည့်ကြတာပေါ့..."

လျန်ရူရွှယ် တစ်ဖက်မှ ဘာပြောလာမလဲဆိုတာ အလွန်အမင်း သိချင်စိတ် ပြင်းပြနေလေသည်။ ထို့ကြောင့် လင်းရီအစား ဖုန်းကိုင်လိုက်ပြီး စပီကာ ဖွင့်လိုက်၏။

သို့သော်လည်း တစ်ဖက်ရှိ စကားပြောလာသူ၏ အသံမှာ လင်းရီနှင့် စိမ်းကားနေလေသည်။

"မင်းက လင်းရီမလား..."

လင်းရီ ပဟေဠိ ဖြစ်သွားခဲ့၏။ ငါ့ဖုန်းခေါ်မှတော့ ငါပေါ့ကွ.. ဘာလို့ ပိန်းတိန်းတိန်းတွေ လာမေးနေတာ....

သို့သော်လည်း လျန်ရူရွှယ်ကတော့ အလွန်အမင်း အံ့အားသင့်သည့် ပုံစံ ဖြစ်သွားခဲ့၏။ သူမ အသံပိုင်ရှင် ဘယ်သူလဲဆိုတာကို သိနေလေသည်။

ယင်းကတော့ ကျောက်မိုပင်။

"မင်းက ဘယ်သူလဲ..."

"ငါ့နာမည် ကျောက်မို...."ကျောက်မို ပြောလိုက်ပြီး

"မင်းရဲ့ နည်းပရိယာယ်တွေက Ciscoတောင် အရှုံးပေးရလောက်အောင် အတော်လေး ကောင်းလှပါလားကွ..."

လင်းရီ အော်ရယ်လု နီးပါး ဖြစ်သွားခဲ့သည်။

နေ့မှာ လူတွေ အကြောင်း ဆွေးနွေးလို့မရဘူး ၊ ညမှာ တစေတွေအကြောင်း ဆွေးနွေးလို့ မရဘူးဆိုတာ တယ်မှန်ပါလား...

[ TL : တစ်ဖက်သူကြားပြီး ရောက်လာတတ်လို့ပါ ]

သူနှင့် လျန်ရူရွှယ်မှာ ယခုလေးတင် ကျောက်မိုအကြောင်း ပြောဆိုနေခဲ့ကြ၏။ သို့သော်လည်း အမှန်တကယ် ဖုန်းခေါ်လာလိမ့်မည်လို့တော့ ထင်မထားချေ။

"ငါမင်းကို နောက်လေးငါးရက်လောက်နေမှ ကိုယ်ထင်ပြလာမယ်လို့ ထင်ထားတာ... ဒီလိုမျိုး စောစီး ရောက်လာလိမ့်မယ်လို့တော့ မထင်ထားဘူး..... အတော်လေး စိတ်မရှည် ဖြစ်နေတာပဲ"

"မင်းက ငါ့ကို သိနေတယ်ပေါ့..."ကျောက်မို အေးစက်စွာ ဆိုလိုက်သည်။

"လုံရှင်း ဖိုတိုလီဆိုဂရပ်ဖီစက် ၀ယ်လို့မရအောင် လုပ်လိုက်တဲ့သူက မင်းမလား...."လင်းရီ ပြုံးလိုက်ပြီး "Cisco ကို ကျောထောက်နောက်ခံ ပြုထားတဲ့ ဒိတ်ဒိတ်ကျဲကြီးဆိုတော့ မင်း ကိုယ်ယောင်လာပြလာမှာကို စောင့်နေတာ... မဟုတ်ရင် ဒီကစားပွဲက ပျင်းဖို့ကောင်းသွားပြီ…”

All Chapters