← Chapters

လက်ဆောင်ရောက်လာခဲ့ပြီ...

Vol. 35 Ch. 524

လက်ဆောင်ရောက်လာခဲ့ပြီ...

Vol. 35 Ch. 524

ကျောက်မို စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့၏။

လင်းရီ၏ စကားလုံးများက သူ့ကို အမှန်တကယ် အံ့အားသင့်သွားစေသည်။

သူ အမှောင်ထဲမှ လှည့်ကွက် အသေးအမွှားလေးများ ထုတ်နေသော်လည်း လင်းရီမှ အကုန်သိနေလိမ့်မည်လို့ မျှော်လင့် မထားချေ။

"ဒါဆိုရင် မင်းရဲ့ ပစ်မှတ်က Ciscoမဟုတ်ဘူးပဲနဲ့ ငါ ရှေ့ထွက်လာအောင် လုပ်ဖို့ပဲပေါ့... ဟုတ်တယ်မလား...."

"ဒါပေါ့ကွ... ချောင်မိသားစုက ကောင်တွေက ငါတိုက်ခိုက်ဖို့ တန်တယ်လို့များ ထင်နေတာလား... သူတို့နဲ့ ကစားရတာ ဘာအဓိပ္ပာယ်မှ မရှိဘူး....."

"ကောင်းပြီလေ... မင်းလည်း ငါလေးစားထိုက်လောက်တဲ့ ပြိုင်ဖက်တစ်ယောက် ဖြစ်နေပါစေလို့ မျှော်လင့်တယ်... မဟုတ်ရင်တော့...."

"အဲ့လောက်ကြီးလည်း ရန်လိုစိတ် ပြင်းပြမနေစမ်းပါနဲ့ကွာ... မင်းကို ကြိုဆိုတဲ့အနေနဲ့ အထိမ်းအမှတ်လက်ဆောင် ပြင်ထားပေးတယ်... လူဆိုသာ ယဉ်ကျေးရမယ်လေ.. ဟုတ်တယ်ဟုတ်...."

"လက်ဆောင်... ဒါ ဘာစကားတုန်းကွ...."

"မပူနဲ့.. မင်းမကြာခင် သိလိမ့်မယ်... "

သို့နှင့် လင်းရီ ဖုန်းချလိုက်သည်။ လျန်ရူရွှယ် အလျှင်အမြန် မေးမြန်းလာခဲ့၏။

"နင် တကယ်ကြီး ကျောက်မိုအတွက် လက်ဆောင်ပြင်ထားပေးတာလား...."

"ငါက မင်းကိုပဲ အရူးလုပ်လို့ရမယ်... ကျောက်မိုလို လူကို အရူးလုပ်လို့ ရမယ်လို့များ ထင်နေတာလား..."

လျန်ရူရွှယ်၏ အမူအရာမှာ တစ်မဟုတ်ချင်း ပြောင်းလဲသွားပြီး "နင်ဘာတွေလုပ်ဖို့ ကြိုးစားနေတာ...."

"မပူနဲ့.. မင်းလည်း မကြာခင် သိလာလိမ့်မယ်...."

ထိုသို့ ပြောရင်း လင်းရီ ဖုန်းကောက်ကိုင်ကာ လျိုယင်းရှီထံ ဆက်သွယ်လိုက်သည်။

"အခု စလိုက်တော့...."

အမိန့်တစ်ချက် ပေးပြီးနောက် လင်းရီ ဖုန်းပြနမချလိုက်သည်။

ထိုင်ခုံပေါ်တွင် ထိုင်နေသည့် လျန်ရူရွှယ်ကတော့ ခေါင်းခဲနေလေသည်။

ဒီကောင်စုတ်က ဘာတွေ လျှောက်လုပ်နေပြန်ပြီလဲဟာ...

သူ တကယ်ကြီး ကျောက်မိုနဲ့ သေတဲ့အထိ တိုက်ခိုက်တော့မလို့လား....

......

ဟွာရှန်းဆေးရုံ ၊ နှလုံးဌာန ၊ ICU

လူနာကုတင်ပေါ်တွင် ချောင်ကျားတုံး အားနည်းစွာဖြင့် လဲလျောင်းနေပြီး ချောင်ကျင်းချိုးနှင့် ချောင်ရှန့်ယွီတို့ကတော့ ကုတင်ဘေးတွင် ထိုင်‌နေကြသည်။

နေ့လည်ခင်းတွင် လင်းရီကြောင့် ဒေါသထွက်လွန်းပြီး သတိလစ်သွားသည့် ချောင်ကျားတုံးမှာ ဆေးရုံသို့ ရောက်ရှိလာလေသည်။

ကျိုးဟိုင်တွင် အကောင်းဖြစ်သည့်အလျောက် ဟွာရှန်းဆေးရုံမှာ လူကုံထံတို့၏ ဦးဆုံး ရွေးချယ်စရာ ဆေးရုံတစ်ခု ဖြစ်လာခဲ့၏။

ချောင်ကျားတုံး၏ အခြေအနေကတော့ ထင်ထားသည်ထက် ဆိုးရွားနေပြီး ယခင်တုန်းက ကျောက်၀န် လင်းရီကြောင့် သွေးအန်သည်အထိ ‌ဒေါသထွက်သွားခဲ့သော်လည်း အသက်အရွယ်ကွာခြားမှုကြောင့် ရက်အနည်းငယ် အနားယူပြီးနောက် အားအင်ပြည့်၀လာလေသည်။

သို့သော်လည်း ချောင်ကျားတုံး၏ အခြေအနေကတော့ အတော်လေးဆိုးရွားနေပြီး အရေးပေါ် ခွဲစိတ်ရမည့် အခြေအနေသို့ပင် ရောက်ရှိနေသည်။ ထိုအခိုက်အတန့်တွင်တော့ ချောင်မိသားစု၀င် သုံးယောက်အပြင် လူနာခန်းထဲ၌ အသက်သုံးဆယ်အရွယ် လူတစ်ဦး ရောက်ရှိနေသည်။

ထိုသူ၏ သွင်ပြင်မှာတော့ အရပ်အမောင်းမြင့်မားစွာဖြင့် ရှပ်ပြာကို ၀တ်ဆင်ထားကာ ခေါင်းတုံးပေါက် ဆံပင်ကေနှင့် ဖြစ်၏။မျက်နှာသွင်ပြင်မှာလည်း ခန့်ခန့်ညားညားတော့ရှိသည်။ အောက်ပိုင်းတွင်တော့ အီတလီဒီဇိုင်နာ၏ လက်လုပ်သားရေ ရှူးဖိနပ်ကို ၀တ်ဆင်ထားကာ တစ်ကိုယ်လုံးတွင်လည်း မောက်မာသည့် အရှိန်အဝါတို့ကိုလွှတ်ထုတ်နေ‌လေသည်။ ယင်းက လူနာခန်းထဲရှိ လေထုကို အေးခဲသွားစေခဲ့၏။

ထိုလူကတော့ ကျောက်မိုပင်။

"ဒါရိုက်တာကျောက်... ကျုပ်တို့ ဒီကိစ္စကို ဂရုမစိုက်လို့ မရဘူးနော်..."လူနာကုတင်ပေါ်ရှိ ချောင်ကျားတုံးမှ အားနည်းနေသည့် လေသံဖြင့် ပြောလိုက်သည်။

"စိတ်မကောင်းမဖြစ်နဲ့... အဲ့တာ ခင်များအမှားကြောင့် မဟုတ်ဘူး... ဒီကောင်က Didi ကို တိတ်တိတ်လေး ၀ယ်ထားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ ..." ကျောက်မို ပြောလိုက်ပြီး "အမှန်တော့ ဒီကောင်က ကျုပ်ရှိနေတယ်ဆိုတာကို သိနေတာကြာပြီ... ဒါပေမယ့် ကျုပ် ကစားပွဲထဲ ၀င်ရောက်လာမယ့် အချိန်ကို စောင့်နေတာ... အစကနေ အဆုံးထိ Cisco ကို လုံး၀ အလေးထားတာ မဟုတ်ဘူး....."

"ဒါပေမယ့် ဒါရိုက်တာကျောက်... ကျုပ် မရှင်းတာ ခုနတုန်းက ဖုန်းထဲမှာ လက်ဆောင်ပြင်ထားပေးတယ်ဆိုတော့ ဒီကောင် ဘာတွေ ထပ်လှည့်စားပြန်ဦးမလို့လဲ မသိဘူး.... "ချောင်ကျားတုံး ပြောလိုက်၏။

"ဒါက သူနဲ့ ကျုပ်ကြားက ကစားပွဲပါ... ခင်များ စိတ်ပူနေစရာ မလိုဘူး..."

ဘေးတွင် ထိုင်နေရင်း ချောင်ကျင်းချိုးကတော့ သူမ၏ မျက်ခုံးနှစ်ဖက် ထိစပ်လုနီးပါး တွန့်ကွေးထားပြီး တိတ်ဆိတ်နေလေသည်။

လင်းရီ၏ စရိုက်အရတော့ သူ လက်လက်ဆောင်ပေးမည်ဆိုလျှင် သာမန်လက်ဆောင်တော့ ဖြစ်လိမ့်မည် မဟုတ်ချေ။

ထို့ပြင် လင်းရီမှာ ကျောက်မို ၀င်အလာကို စောင့်နေသည်ဟုလည်း ပြောကြားထားသေး၏။

ထိုသို့ဆိုလျှင် လင်းရီ မည်သည့်အရာကိုပဲ ပြင်ဆင်ထားစေကာမူ သေချာပေါက် သေးငယ်လိမ့်မည်တော့ မဟုတ်ချေ။

မဟုတ်ပါက အလုပ်ရှုပ်ခံ၍ လက်ဆောင်ပေးနေလိမ့်မည် မဟုတ်ချေ။ သေးသေးမွှားမွှား ပြုလုပ်သည်က လင်းရီ၏ စတိုင် မဟုတ်ပေ။

နောက်တစ်ကြိမ် မကောင်းသည့် ခံစားချက်တို့က သူမရင်ထဲ ပျံ့နှံ့လာလေသည်။

ကျောက်မိုကို စပရိုက်ပေးဖို့ လင်းရီ နောက်ထပ် ဘာတွေများ လုပ်တော့မှာပါလိမ့်...

လူနာကုတင်ပေါ်တွင် လဲလျောင်းနေသည့် ချောင်ကျားတုံးမှ တုန်ခါနေသည့် လေသံဖြင့် "ဒါရိုက်တာကျောက်... ကျုပ်တို့ Ciscoကို ကယ်လို့ ရလောက်သေးလား..."

"ဖြစ်နိုင်ချေ အခွင့်အလမ်းက အရမ်းနည်းတယ်... သုံးဘီလီယမ်တန်ကြေးရှိတဲ့ ချစ်ပ်တွေကို အမြန်ဆုံး ထုတ်လုပ်နိုင်အောင် ကြိုးစားထားတော့ ဘဏ္ဍာရေးအင်အားက အတော်လေး ကြပ်တည်းနေပြီ... Didi ဘက်က ပေးချေတဲ့ငွေကို မရရင် အဆင်ပြေမှာ မဟုတ်ဘူး... ခုတော့ စာချုပ်ချိုးဖောက်တဲ့အတွက် ယွမ် သုံးဆယ်ဘီလီယမ် လျော်ကြေးပေးရဦးမယ်ဆိုတော့ ဒေဝါလီခံလိုက်တာကလွဲရင် Cisco မှာ တခြားရွေးချယ်စရာ မကျန်တော့ဘူး...."

အဖြေကို ကြားတော့ ချောင်ကျားတုံး၏ မျက်နှာမှာ နဂိုကထက် ဖြူလျော်သွားခဲ့သည် ။ မူလက အားနည်းနေသည့် လူနာမှာ ယခုတော့ သေမတတ် ဝေဒနာခံစားနေရသူကြီး တစ်ယောက်အလား ပြောင်းလဲသွားတော့၏။

"ခု Cisco လုပ်ရမှာက အချိန်မှီ ဆုံးရှုံးတာတွေကို တတ်နိုင်သလောက် လျော့ချဖို့ပဲ..."ကျောက်မို ပြောလိုက်ပြီး "အရင်တုန်းက Didi ရဲ့ အော်ဒါကို အမြန်လက်စသတ်နိုင်အောင်လို့ ခင်များတခြား ကုမ္ပဏီက ကမ်းလှမ်းလာတဲ့ စာချုပ်တွေကို ငြင်းလိုက်တယ်မလား... ခု ခင်များဘက်က Didi ကို ပို့မယ့် ကုန်ပစ္စည်းတွေကို ကောင်းကောင်းအသုံးချပြီးတော့ ကျန်တဲ့ ကုမ္ပဏီတွေဆီကနေ စာချုပ်နဲ့ မျှခြေညီအောင် ပြန်လုပ်ရမယ် ... အဲ့လိုဆိုရင် ဒေဝါလီခံပြီလို့ မကြေညာခင် နှစ်ဘီလီယမ်လောက်တော့ ရနိုင်သေးတယ်... ဒါပေမယ့် အဲ့ဒါကလည်း ဆိုးရွားတဲ့ နည်းလမ်း ဖြစ်နေတုန်းပဲ.... "

"ဒါဆို အကောင်းဆုံး ဖြေရှင်းနည်းလမ်းက ဘာများလဲ..."ချောင်ကျားတုံး လျှင်မြန်စွာ မေးမြန်းလာခဲ့၏။

"ကျုပ် အဲ့ကောင် ယွမ် သုံးဆယ် ဘီလီယမ်ကို လက်လျော့သွားအောင် နည်းလမ်းတစ်ခု ကြံနေတယ်... တကယ်လို့ အောင်မြင်သွားပြီဆိုရင်တော့ Cisco က အသက်ရှုနိုင်ဖို့ အခွင့်အရေး ရှိနေသေးတယ်...."

"ဒါပေမယ့် အဲ့လိုဆိုရင်တောင် ရလဒ်က ကောင်းမှာတော့ မဟုတ်ဘူး... အဲ့တာကလည်း လုံရှင်းက ချစ်ပ် ၂.၀ နည်းပညာကို ထုတ်လုပ်လိုက်ပြီ ဆိုတော့ ကျန်တဲ့ ကုမ္ပဏီတွေက နောက်မှာ ကျန်နေခဲ့ရပြီလေ...."

ကျောက်မို ချောင်မိသားစု၀င်များ အားလုံးကို သိမ်းကျုံး ကြည့်လိုက်ပြီး "လင်းရီကြောင့် ရှုံးနိမ့်သွားတယ်လို့ ပြောတာထက် ဈေးကွက်ကြောင့် ဖယ်ရှားခံလိုက်ရတယ်လို့ ပြောရရင် ပိုမှန်လိမ့်မယ်... နည်းပညာ နယ်ပယ်ဆိုတာ ဒီလိုမျိုးပဲ...ရှင်သန်နေဖို့ အကောင်းဆုံး ရုန်းကန်နေရမယ်... အဲ့တာက မင်းကို ခဏလေးနဲ့ ထိပ်ဆုံးရောက်သွားစေနိုင်သလို တစ်ရက်ထဲနဲ့လည်း အောက်ပြုတ်ကျသွားစေနိုင်တယ်... Cisco က လုံရှင်းကို မဖိနှိပ်နိုင်သေးသရွေ့တော့ ဒေဝါလီခံရမယ့် အန္တရာယ်နဲ့ အမြဲတမ်း ရင်ဆိုင်နေရမှာပဲ... ကျုပ်ပြောတာကို သဘောပေါက်ကြတယ်မလား...."

"သဘောပေါက်တယ်..."ချောင်ကျားတုံး သက်ပြင်းချလိုက်သည်။

ထိုအခိုက်အတန့်တွင် သူ၏ မျက်၀န်းများထဲ၌ မလိုလားမှုတို့နှင့် ပြည့်နှက်နေလေသည်။

လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက သူ Cisco ကို သာမန် သေးငယ်သည့် ၀ပ်ရှော့ဆိုင်လေး တစ်ဆိုင်မှစ၍ တည်ထောင်ခဲ့၏။

ယနေ့လို ကုမ္ပဏီကြီးဖြစ်လာအောင် သူ နှစ်ပေါင်းသုံးဆယ်တိုင်တိုင် သွေးချွေးတို့နှင့် ထုဆစ်ခဲ့ရသည်။

သို့သော်လည်း ကျောက်မိုပြောသည့်အတိုင်းပင်။ သူတစ်ကြိမ်တစ်ခါ ထိပ်ဆုံးသို့ ရောက်ခဲ့ဖူးသော်လည်း သတင်းစာရှင်းလင်းပွဲပြီးနောက် ပြုတ်ကျကာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့လေပြီ။

အကယ်၍ညတစ်စုံတစ်ဦးကသာ ထိုခံစားချက်ကို တွေ့ကြုံဖူးမည်ဆိုပါက အသက်ဆက်ရှင်ဖို့ရာ အားတင်နိုင်လိမ့်မည် မဟုတ်တော့ချေ။

"ဒါရိုက်တာကျောက်... ခင်များနောက် ဘာဆက်လုပ်ဖို့ ပြင်ဆင်ထားလဲ... "ချောင်ရှန့်ယွီ အံတင်းတင်းကြိတ်ရင်း မေးမြန်းလိုက်၏။

"Didi ကို အရင် ကိုင်တွယ်ကြတာပေါ့..."ကျောက်မို ပြုံးလိုက်ပြီး "သူ Cisco ကနေ သုံးဆယ်ဘီလီယမ် အမြတ်ထုတ်သွားတယ်မလား.. ကျုပ် တစ်ဆုံးထိ ချေမှုန်းပစ်မှာ... ဘယ်ကောင်ကမှ ကျုပ် ကျောက်မိုကို လာကြောလို့မရဘူး..."

ချောင်ကျင်းချိုး ကျောက်မိုကို ကြည့်လိုက်၏။ သူနှင့် လင်းရီတို့ နှစ်ယောက်လုံးက နက်နဲပြီး ခန့်မှန်းရခက်သည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်လေသည်။

လက်ထဲတွင် ဝှက်ဖဲများ မရေမတွက်အောင် ရှိနေပြီး မည်သည့်ကတ် ထုတ်ကစားမလဲဆိုတာ မပြောပြတတ်ချေ။

ထိုနှစ်ယောက်ထိပ်တိုက်ရင်ဆိုင်ရာတွင် မည်သူကနောက်ဆုံး ရယ်မောလျက် အောင်ပွဲခံနိုင်သူ ဖြစ်မလဲဆိုတာ သူမလည်း မခန့်မှန်းတတ်ပေ။ သို့သော်လည်း မပြောင်းလဲနိုင်သည့် တစ်ခုတည်းသော အကြောင်းအရာကတော့ Cisco ၏ ကျရှုံးခန်းပင်။ Cisco မှာ ယခု သမိုင်းမှတ်တမ်းများတွင်သာ ကျန်ရှိခဲ့သည့် လူများကြာလျှင် မေ့ပျောက်သွားတော့မည့် ကုမ္ပဏီတစ်ခု ဖြစ်သွားခဲ့ချေပြီ။

"ကောင်းပြီ.. ခု ကောင်းကောင်းနားလိုက်ဦး.. ကျုပ် တခြား ကိစ္စလေးတွေ သွားကိုင်တွယ်လိုက်ဦးမယ်..."ကျောက်မို ပြောပြီးနောက် "Cisco သူ့ရဲ့ အထွတ်အထိပ်ကို ပြန်ရောက်နိုင်မလားဆိုတာကတော့ အချိန်တစ်ခုလောက်အထိ မစဉ်းစားသေးနဲ့ဦး...အဲ့တာက ခင်များတို့ ဆုံးဖြတ်နိုင်တဲ့ အရာမဟုတ်သေးဘူး..."

"နားလည်ပါပြီ ဒါရိုက်တာကျောက်..."

Cisco မှာ ဒေဝါလီခံခါနီး ဖြစ်နေသော်လည်း ကျောက်မို၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်နေလေသည်။ မသိလိုက်စွာ အကြောဆန့်ရင်း နှုတ်မှ တီးတိုးရေရွတ်လိုက်၏။ "သူက ငါ ကစားပွဲထဲ၀င်လာတာကို မျှော်နေတယ်ဆိုတော့ ငါကလည်း သူဘာပြင်ထားပေးမလဲဆိုတာကို စောင့်မျှော်နေတယ်...."

ကလင် ကလင်....

ထိုအခိုက်အတန့်တွင် ချောင်ရှန့်ယွီ၏ ဖုန်းသံ မြည်လာခဲ့၏။ သူ၏ အတွင်းရေးမှူးထံမှပင်။

"ဘာပြောလိုက်တယ်... Sci-tech က ကုန်လှောင်ရုံတွေ အကုန် မီးလောင်နေပြီ.....”

All Chapters