← Chapters

အမေ ဘာလို့သူ့ကို ကောင်စုတ်လေးလို့ ခေါ်လိုက်တာ...

Vol. 35 Ch. 525

အမေ ဘာလို့သူ့ကို ကောင်စုတ်လေးလို့ ခေါ်လိုက်တာ...

Vol. 35 Ch. 525

ထိုသတင်းကိုကြားတော့ ချောင်မိသားစု၀င်များအားလုံး ကြက်သေသေသွားကြ၏။

ထွက်ခွာဟန် ပြုနေသည့် ကျောက်မိုပင် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။

"ကောင်းပြီ.. ငါနားလည်ပြီ... မြန်မြန် မီးငြိမ်းထားခိုင်းလိုက်... ငါ အခုပဲ လာနေပြီ..."

ချောင်ရှန့်ယွီ ဖုန်းချလိုက်ပြီး သူ့အဖေကို ရှော့ခ်ရနေသည့် အကြည့်များဖြင့် ကြည့်ကာ "အဖေ.. ကျွန်တော်တို့ Sci-tech မှာ သိုလှောင်ထားတဲ့ ပစ္စည်းတွေ အကုန်လုံး မီးလောင်ကုန်ပြီတဲ့...."

ချောင်ကျားတုံး သူ၏ လက်များ အဆက်မပြတ် တုန်ခါနေပြီး အသက်ရှူ မ၀ ဖြစ်နေကာ "အဲ့တာ....အဲ့တာ လင်းရီ လက်ချက်ပဲ ဖြစ်ရမယ်..."

"သူကလွဲရင် ဘယ်သူက အဲ့လို လုပ်မှာမို့လို့လဲ .."ချောင်ရှန့်ယွီ တဂျစ်ဂျစ်မြည်အောင် အံကြိတ်ရင်း "ကျွန်တော် သူ့ဆီ အခုပဲ ဖုန်းဆက်လိုက်မယ်.... "

ရှင်းပြခြင်း တစ်စုံတစ်ရာမရှိပဲ ချောင်ရှန့်ယွီ လင်းရီကို ထပ်မံ ဖုန်းခေါ်လိုက်လေသည်။

"လင်းရီ... မင်း ဘယ်လိုတောင် Cisco ရဲ့ ကုန်ပစ္စည်းတွေကို မီးရှို့ရဲတာလဲကွ... ငါမင်းကို သေချာပေါက် အလွှတ်မပေးဘူး"...

"အာ... Ciscoရဲ့ ကုန်ပစ္စည်းတွေကို မီးနဲ့ရှို့တယ်..."လင်းရီ အံ့အားသင့်ဟန်ဆောင်လိုက်ပြီး "ချောင်အစ်ကိုကြီး .. ခင်များ စကားတွေက နည်းနည်း မများလွန်းဘူးလား... ၀ပ်ရှော့တွေ၊ ကုန်လှောင်ရုံတွေ၊ ကန်သင်းနဲ့ အိမ်သာတွေက အစ ခင်များရဲ့ ထိန်းချုပ်မှုအောက်မှာပဲလေ... ကျုပ်ရဲ့ အတွင်းရေးမှူးတောင်မှ ဖြတ်လျှောက်ခွင့်မရှိတာကို ဘာဆိုင်လို့ ကျုပ်ကို လာစွပ်စွဲနေတာ... ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် ဥပဒေဘက်ကနေ ကျုပ် တရားမျှတမှုကို ရှာဖွေတော့မှာနော် ..."

"ဟျောင့်.. မင်း စကားကို ဝေ့လည်ကြောင်ပတ် လာမလုပ်နဲ့.. အဲ့တာ မင်းလက်ချက်ဆိုတာ ငါသိတယ်.... "

"အစ်ကိုချောင်.. စိတ်လေး အေးအေးထား..."လင်းရီ ပြုံးလိုက်ပြီး "ခေါင်းအေးအေးနဲ့ တွေးကြည့်ကြည့်... တကယ်လို့ ကျုပ်လုပ်တယ်ဆိုရင်တောင် ခင်များ ဘာတတ်နိုင်မှာမို့လို့လဲ... ကျုပ်တို့ အရင်တုန်းကတည်းကရင် သဘောတူညီမှုလက်မှတ် ရေးထိုးပြီးသား မဟုတ်ဘူးလား... ကျုပ် ကုန်လှောင်ရုံတွေကို ခင်များဆီ လက်လွှဲထားပေးလိုက်တယ်... မတော်တဆ ကိစ္စတွေ တစ်ခုခုဖြစ်လာရင် ကျုပ်နဲ့ ဘာမှ မသက်ဆိုင်ဘူး... ဒါကြောင့်မို့ ခင်များမှာ ကျုပ်ကို လာပြီးပြောပိုင်ခွင့်မရှိဘူး... မီးဘယ်လိုငြိမ်းမလဲဆိုတာပဲ စဉ်းစားလိုက်... မဟုတ်လို့ကတော့ ကုန်းကောက်စရာ မရှိ ဖြစ်နေဦးမယ်...."

ထိုသို့ ပြောပြီးနောက် လင်းရီ ချောင်ရှန့်ယွီကို စကားပြောရန်ပင် အခွင့်မပေးဘဲ ဖုန်းတန်းချလိုက်၏။ ချောင်မိသားစု၀င်များအားလုံးကတော့ အေးခဲနေကြပြီး သူတို့၏ မျက်နှာထက်တွင်ကြောက်လန့်တုန်လှုပ်မှုများက အထင်းသား ပေါ်လွင်နေလေသည်။

သူတို့ ကုန်လှောင်ရုံများကို လွှဲယူစဉ်အခါက ထိုအချက်များကို အမှန်တကယ် ထည့်သွင်းထားခဲ့လေသည်။ ထိုအချိန်တုန်းကတော့ ချောင်ရှန့်ယွီတို့ သားအဖနှစ်ယောက်မှာ ပျော်ရွှင်လွန်းပြီး ခုန်ပေါက်နေခဲ့ကြ၏။ ချောင်ကျင်းချိုးမှ သူမ၏ သံသယ အတွေးများ ပြောပြလာခဲ့တာကိုပင် သူတို့နှစ်ယောက်လုံး နားမထောင်ခဲ့ကြပဲ လင်းရီကို ဂျိုကာကြီး တစ်ယောက်အလား ပေါ့သေးသေး မှတ်ယူခဲ့ကြသည်။

မျှော်လင့်မထားစွာဖြင့် လင်းရီမှာ ထိုစဉ်ကတည်းက Cisco ၏ ကျရှုံးခန်းအတွက် ဇာတ်လမ်းများကြိုတင်ပြင်ဆင်ထားခဲ့၏။

အကယ်၍ ကုန်လှောင်ရုံရှိ ပစ္စည်းများသာ မီးလောင်ကျွမ်းသွားပါက ဆူံရှုံးမှုပမာဏမှာ လုံး၀ သေးငယ်လိမ့်မည် မဟုတ်ချေ။

မူလကတော့ Cisco ထိုကုန်ပစ္စည်းများကို အသုံးပြုပြီး အခြားသော ကုမ္ပဏီ အသေးစားလေးများကို ထောက်ပံ့ကာ ကုန်ကျငွေများကို အတန်အသင့် ကာမိအောင် ကြိုစားရန် စီစဉ်ထားခဲ့၏။ ယခုတော့ ကုန်လှောင်ရုံများမှာ မီးလောင်ကုန်ချေပြီ။ အခြားသော ကုမ္ပဏီများကို မပံ့ပိုးနိုင်ရုံသာမက စာချုပ်လျော်ကြေးအဖြစ် ပမာဏများစွာကိုပါ လျော်ကိန်းစိုက်သွားခဲ့သည်။

ယခု မတိုင်ခင်ကတော့ ဘီလီယမ်အနည်းငယ် ပြန်ရနိုင်သေးသော်လည်း ယခုတော့ ဘီလီယမ်နဲ့ ချီအောင် ဆုံးရှုံးသွားခဲ့၏။ ဆုံးရှုံးမှု တန်ဖိုးကအနည်းဆုံး ယွမ် ငါးဘီလီယမ်ပင်။

ချောင်ကျားချိုး သူမ၏ နဖူးကို နာကျင်စွာဖြင့် ဖိနှိပ်ရင်း မျက်စိစုံမှိတ်ကာ စကားမဆိုပဲ ဆိုဖာပေါ်သို့ မှီလိုက်၏။

မူလက လင်းရီ သူမတို့ကို ကောင်းကင်ဘုံမှ လူ့ဘုံသို့ တွန်းချလိုက်သည်ဟု မှတ်ယူထားခဲ့သော်လည်း ငရဲဘုံအထိပါ အရောက်ပို့နေလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။

......

လျန်ရူရွှယ်၏ အိမ်ရာ၌။

သူမလည်း လင်းရီနှင့် ချောင်ရှန့်ယွီတို့၏ ပြောစကားများကို ကြားလိုက်ရသည်။

ရှော့ခ်ရသည်ထက် သူမ လင်းရီ၏ နည်းလမ်းများကို ပို၍ အံ့အားသင့်မိလေသည်။

အစမှအဆုံးထိ လင်းရီမှာ တစ်ဆင့်ချင်း သေချာစီစဉ်သွားပြီး အဆုံးတိုင် ဖျက်ဆီးပစ်လိုက်သည်။

လျန်ရူရွှယ် စိတ်မသက်သာစွာဖြင့် သက်ပြင်းချလိုက်၏။

သူတို့ကလည်း ဘာလို့ လင်းရီကိုမှ အကြောင်းမရှိရန်လာရှာနေကြတာလဲဟယ်....

"နင်က အရမ်း ရဲတင်းတာပဲ...""လျန်ရူရွှယ် ပြောလိုက်ပြီး "ငါကတော့ နင့်ရဲ့ အရှုပ်ထုပ်တွေကို ရှင်းပေးဖို့ ဒီနေရာ ရောက်နေသလားတောင် အောက်မေ့ရတယ်... မနက်ဖြန်ဆို ကျောက်မိုက သေချာပေါက် ရောက်လာတော့မှာ... "

"ငါလည်း ခန့်မှန်းပြီးသားပါ...ငါ့အထင်တော့ ဒီကောင် ငါ့ကို Didi နဲ့ လင်းယွမ်က တစ်ဆင့် တိုက်ခိုက်ဖို့ ကြိုးစားလာမယ်လို့ ထင်တာပဲ..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် အဲ့လိုလုပ်မယ်ဆိုရင်တော့ သေချာပေါက် ပျင်းစရာ ကောင်းသွားပြီ... သူ့နည်းလမ်းတွေက ဘယ်လောက်တောင် အဆင့်အတန်း နိမ့်လိုက်လဲ..... "

"ငါ သူ့ကို နင့်အစား ပြောပေးရမလား..."

"မလိုဘူး..."လင်းရီ ပြောလိုက်ပြီး "မင်းက ဒီကိစ္စထဲမှာ အတတ်နိုင်ဆုံး ၀င်မပါနဲ့.. ငါ တစ်ယောက်တည်း ကိုင်တွယ်မယ်..."

"နင့်မှာ ကျောက်မိုကို ကိုင်တွယ်နိုင်မယ့် စွမ်းရည်ရှိတယ်ဆိုတာ သေချာလို့လား... "

"အမှန်အတိုင်း ၀န်ခံရရင် ငါလည်း ကျောက်မိုကို ဘယ်လို ကိုင်တွယ်ရမလဲ မသိသေးဘူး.. ဒါပေမယ့် အချိန်ကျလာရင်တော့ သူ့ရဲ့ အကွက်ချင်းစီတိုင်းကို ပြန်တုံ့ပြန်ဖို့ကတော့ မခက်ခဲပါဘူး....."

"ကောင်းပြီလေ..."လျန်ရူရွှယ် ပြောလိုက်ပြီး "နင်က သောက်ထားတယ်ဆိုတော့ ဒီည မပြန်နဲ့တော့ ... ဒီမှာပဲ အိပ်လိုက်...."

"အင်း... မဒီလေးက ပြောလာမှတော့ ငြင်းပယ်ရလောက်တဲ့အထိ ငါလည်း မမိုက်မဲသေးပါဘူး...."

"နှာဘူး...."

လင်းရီနှင့် ကျောက်မိုကြားရှိ ရန်ငြိုးရန်စများမှာ စကားပြောရုံနှင့် ပြီးသွားလိမ့်မည် မဟုတ်ကြောင်း သိရှိနေသောကြောင့် လျန်ရူရွှယ် လွှတ်ထားရန် ဆုံးဖြတ်လိုက်၏။ အရင်ဆုံး သူမ အမေ၏ အမြင်ကို မေးမြန်းပြီး သူမ ဘာပြောမလဲ ဆိုတာကို နားထောင်ရပေမည်။

"နင် ရေချိူး ဦးမလား.. ငါ နင့်အတွက် ရေဖြည့်ထားပေးမယ်..."လျန်ရူရွှယ် ပြောလိုက်၏။

"ဘာလဲ...ငါ့ နောက်ကျောကို ဆပ်ပြာတိုက်ပေးမလို့လား...."

"နင့်နောက်ကျောကို ဆပ်ပြာတိုက်ပေးရမယ်..."

"အမှန်ပဲလေ.. ဂျပန်ဇာတ်ကားတွေထဲမှာဆို အဲ့လို ပွတ်တိုက်ပေးကြတာချည်းပဲ...."

"နင်ဖင်ကြီးကိုပဲ ပွတ်တိုက်နေလိုက်လေ... မြန်မြန် ရေမိုးချိူးပြီး သွားအိပ်တော့သွား..."

"ဟင်း...."

ည ၁၁ နာရီ ၀န်းကျင်တွင် နှစ်ယောက်လုံး ဆေးကြောလိုက်ကြပြီး အခန်းကိုယ်စီသို့ ပြန်အနားယူလိုက်ကြ၏။

လျန်ရူရွှယ် မှန်တင်ခုံရှေ့တွင် facial mask တပ်ပြီး ဝီချက်မှတစ်ဆင့် သူမအမေထံ ဗွီဒီယိုကော ခေါ်လိုက်၏။

အမေနှင့် သမီးမှာ စိတ်ချင်းဆက်ထားသည့်အလား ရှန်းရှူးရီမှာလည်း mask ကပ်ထားလေသည်။

"ဆယ့်တစ်နာရီတောင် ထိုးနေပြီ...နင် ခုထိ မအိပ်သေးဘူးလား..."ရှန်းရှူးရီ မေးမြန်းလိုက်၏။

"သမီး အမေ့ကို မေးချင်တာလေး ရှိလို့.."လျန်ရူရွှယ် ပြောလိုက်ပြီး "ကျိုးဟိုင်မှာ ဖြစ်သွားတဲ့ ကိစ္စကို အမေလည်း သိတယ်မလား..."

"လုံရှင်းနဲ့ Cisco ကိစ္စလား..."

"အွန်း... အဲ့ကိစ္စက အကြီးအကျယ် ဂယက်ထသွားတာ.. ဒါတင်မကသေးဘူး.. လင်းရီက သူများရဲ့ ယွမ် သုံးဘီလီယမ်တန် ကုန်ပစ္စည်းတွေကိုတောင်မှ မီးရှို့လိုက်သေးတယ်....ကိစ္စက အတော်လေး ကြီးသွားပြီ..."

လျန်ရူရွှယ် ပြောလိုက်ပြီး "ကျောက်မိုက Ciscoမှာရင်းနှီး မြုပ်နှံထားတာလေ.. အဲ့ကိစ္စပြီးတော့ ကျောက်မိုက ချက်ချင်း ကျိုးဟိုင်ကို ရောက်လာခဲ့တယ်... သူတို့နှစ်ယောက် ဖုန်းထဲမှာတောင် စကားပြောလိုက်ကြသေးတယ်... ခုဆို နှစ်ယောက်လုံးရဲ့ အာဃာတတွေက တစတစ ကြီးထွားလာနေပြီးတော့ တစ်ဖက်က မသေမချင်း ကျေအေးမယ့် အနေအထားမှာ မရှိဘူး..."

"ဘာမှ မပူနဲ့.. အဲ့လိုမျိုး လုံး၀ ဖြစ်လာမှာ မဟုတ်ဘူး... နှစ်ယောက်လုံးက အရူးတွေမှ မဟုတ်တာ.. သူတို့ရဲ့ အကန့်အသတ်ကို သူတို့သိတယ်... မဟုတ်ရင် အစောကြီးကတည်းကနေ အဆုံးသတ်နေလောက်ပြီ... "နှစ်ဖက်ရှိ ရန်ငြိုးရန်စများကို စိတ်မ၀င်စားသည့် လေသံဖြင့် ရှန်းရှူးရီ ကင်မရာကို ကြည့်ကာ သူမ၏ မျက်နှယ mask ကို ပြုပြင်လိုက်သည်။

"ဘာလို့လဲ.. အမေလည်း ကျောက်မိုရဲ့ စရိုက်ကို သိနေတာပဲ မဟုတ်ဘူးလား..."

"ဒါပေမယ့် ဟွာယင်း အုပ်စုက သူပိုင်တာမဟုတ်ဘူးဆိုတာ သမီးမေ့နေပြီလား... သမီးရဲ့ အန်တီ၀မ်က တာ၀န်ရှိသူလေ... သူက ပိုက်ဆံအများကြီး သုံးစွဲပိုင်ခွင့် ရှိတယ်ဆိုရင်တောင်မှ ရှုပ်ရှုပ်ယှက်ယှက်တော့ လုပ်ရဲမှာ မဟုတ်ဘူး..."

လျန်ရူရွှယ် မျက်လုံးလှိမ့်လိုက်ပြီး "အမေ့သဘောက လင်းရီ အချိန်တစ်ခုလောက်အထိ ရှင်သန်နိုင်သေးသရွေ့ ဘာပြဿနာမှ မရှိဘူးလို့ ဆိုလိုချင်တာလား...."

"သီအိုရီ အရပေါ့..."

"သီအိုရီအရပဲလား... ဒါဆို တခြား ဖြစ်နိုင်ချေတွေလည်း ရှိသေးတာပေါ့နော်...."

"အဲ့တာတော့ ပြောရခက်တယ်... အဲ့ဒီ ညစ်ပတ်တဲ့ကောင်စုတ်လေးက သူ့လက်ထဲမှာ ဝှက်ဖဲတွေ ဒီလောက်များတာ ... သူ ဘယ်ကတ်ထုတ်မလဲဆိုတာကို ဘယ်သူက သိမှာလဲတဲ့..."ရှန်းရှူးရီ ပြောလိုက်ပြီး "သူ့မျက်လုံးထဲမှာ Cisco ဆိုတာ သူ့ရဲ့ သေးငယ်တဲ့ နည်းပညာကို ခိုးယူသွားတဲ့ သူခိုးဂျပိုး သာသာလောက်ပဲ... ဒါပေမယ့် လင်းရီက သူတို့ကို ဗုံးနဲ့ ထုသတ်လိုက်တယ်လေ... ဘယ်သူက အဲ့လိုလုပ်မယ်လို့ ခန့်မှန်းထားလို့လဲ....."

ဟွာရှ တစ်ပြည်လုံးတွင် ရှန်းရှူးရီ နားမလည်နိုင်သည့် လူစားမျိုးကို လက်ချိုးရေတွက်၍ ရသည်။ အထူးသဖြင့် ပေချောင်မြို့ရှိ ကိစ္စပင်။ အဆုံးတွင် လင်းရီမှ သူမ၏ CITIC အုပ်စုကို နာမည် ဂုဏ်သတင်း ပေးအပ်လိုက်ပြီး သူကတော့ လက်တွေ့အကျိူအမြတ်ကို ခံစားနေခဲ့၏။

ကောင်စုတ်လေးက သူ့အဖေအတိုင်းပဲ...

ခေါင်းထဲမှာ ထူးဆန်းတဲ့ အတွေးတွေနဲ့ပဲ ပြည့်နှက်နေတာ...

"နေဦး..."လျန်ရူရွှယ် ရှန်းရှူးရီကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး "အမေ ဘာလို့ သူ့ကို ကောင်စုတ်လေးဆိုပြီးတော့ ခေါ်လိုက်တာ... အဲ့ဒီအသုံးအနှုန်းက အရမ်း ရင်းနှီးမနေဘူးလား...."

"အာ...."

"အဲ့တာကလည်း နင်တို့ နှစ်ယောက်ကြောင့်မို့လေ... ဘာပဲဆိုဆို ငါက သူ့ရဲ့ ယောက္ခမလောင်းပဲ မလား... သူ့ကို အဲ့လိုခေါ်တာ မမှားပါဘူးအေ..."

သူမ လင်းကျင်ကျန့်နှင့် ရင်းနှီးနေသောကြောင်ဘ ရှန်းရှူးရီ သတိလက်လွတ်ဖြစ်သွားကာ ရင်းနှီးသည့် အခေါ်အဝေါ်ကို သုံးစွဲမိလိုက်သည်။ သို့သော်လည်း သူမသမီးမှ သတိထားမိသွားလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ချေ။ ထို့ကြောင့် အကြောင်းပြချက် တစ်ခု ရှာ၍ ရှင်းပြလိုက်ရတော့၏။

"သမီး ရှင်းပြပြီးပြီလေ... အမေထင်နေသလို မဟုတ်ပါဘူးလို့.. သမီးတို့နှစ်ယောက်က ရိုးရိုးသားသားတွေပါဆိုနေ.... "

ချလပ်....

ထိုစဉ် အခန်းတံခါး ဖွင့်လာပြီး လင်းရီ သာမန်ကာလျှံကာ ၀င်ရောက်လာခဲ့၏။

"မင်းအိမ်မှာ ရေခဲ သေတ္တာထဲက လွဲရင် ဘယ်နား ရေရှိသေးလဲ... ငါ အရမ်း ရေဆာနေလို့.... “

All Chapters