ကောလဟာလများ
Vol. 87 Ch. 1199
ဝီလီယံအား နှုတ်ဆက်ပြီးနောက် ထန်ရှုက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ဌာနချုပ်သို့ တန်းပြန်လာခဲ့သည်။ ယခု သူ လုပ်ရန် လိုအပ်သည်ကား သတင်းအား စောင့်နေရန်ပင်။ ဝီလီယံက ယွမ်သန်းရှစ်ရာအား ယူထုတ်နိုင်လျှင် အနည်းဆုံးအပေါ်ယံတွင် လုံများက သူတို့အား ထပ်ပြဿနာမရှာတော့ပေ။ သို့သော် သူတို့အတွက် စက်ပုန်းခုတ်အစီအစဉ်များတော့ ရှိနေသေး၏။
မှောင်ရီပျိုးစအချိန်တွင် ဝီလီယံက ထန်ရှုအား ကိုယ်တိုင်ဆက်သွယ်လာပြီး သူနှင့်အတူ အင်ပါယာနဂါးစံအိမ်သို့ သွားရန် မေး၏။ ယွမ်သန်းရှစ်ရာအား လုံဟန်ဝမ်၏အကောင့်ထဲသို့ လွှဲပေးပြီးနောက် နောက်လူက ကယ်ဆိုလမ်အား လွှတ်ပေးရန် ဖုန်းပြောလိုက်သည်။
“ငါတို့ ညစာအတူတူစားကြမလား၊ ဉီးလေးလုံ”ထန်ရှုက ပြုံးကာ လုံဟန်ဝမ်အား ကြည့်လိုက်သည်။
“ငါ့သားက အခုချိန်ထိ ဆေးရုံမှာ ရှိနေသေးတဲ့အချိန်မှာ ငါက ဘာလို့ ဒီကောင်နဲ့ ညစာစားရမှာလဲ”လုံဟန်ဝမ်က အေးစက်စွာ ပြန်ပြောသည် “ပြီးတော့ မင်း၊ ထန်ရှု။ မင်းက သူဌေးကောင်းတစ်ယောက်ပဲ။ အနာဂတ်မှာ ဟာဘိုအုပ်စုနဲ့ အဆက်အသွယ်လုပ်တာကို ရှောင်တာက မင်းအတွက် ပိုကောင်းတယ်။ မကြာခင်ဒါမှမဟုတ်နောက်ကျရင် သူတို့က မင်းကို တိုက်ခိုက်မှာ ဖြစ်တဲ့အတွက် ဒီရက်စက်ကြမ်းကြုတ်တဲ့သူတွေကို သတိထားပါ”
“အာ…”
ထန်ရှု၏အပြုံးက ချက်ချင်းအေးခဲသွားပြီး သူက အနေရခက်နေသောဝီလီယံအား ကြည့်လိုက်သည်။ ထို့နောက် သူက ကမန်းတန်း ပြော၏ “ကောင်းပါပြီ၊ ငါတို့ မင်းကို ထပ်မနှောင့်ယှက်တော့ပါဘူး၊ ဉီးလေးလုံ။ ငါတို့ကို အချိန်ပေးတဲ့အတွက်ရော၊ ငါ့ကို မျက်နှာသာပေးတဲ့အတွက်ရော ဉီးလေးလုံကို ငါ ကျေးဇူးတင်ပါတယ်”
ထို့နောက် သူနှင့်ဝီလီယံတို့က လုံမိသားစုအိမ်မှ ချက်ချင်းထွက်ခွာလာသည်။ ထို့နောက် ဝီလီယံက သူ့အား တောင်းပန်သောအကြည့်နှင့် ပြော၏ “ငါ မင်းကို ထပ်တောင်းပန်ပါတယ်၊ သူဌေးထန်။ အရင်က ငါ မင်းကို နားလည်မှုမလွဲခဲ့သင့်ဘူး။ အခု ငါတို့က ဒီပြဿနာကို ဖြေရှင်းပြီးပြီဆိုတော့…မင်း…ငါတို့ကုမ္ပဏီနှစ်ခုကြားပူးပေါင်းမည့်ကိစ္စကို ပြန်စဉ်းစားပေးနိုင်မလား”
ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောသည် “တောင်းပန်တာကို လက်ခံတယ်၊ ဒါပေမယ့် မင်းတို့ဟာဘိုအုပ်စုနဲ့ ပူးပေါင်းဖို့ကို ငါ ရွေးချယ်မှာ မဟုတ်ဘူး။ ငါက လူကြီးလူကောင်းတစ်ယောက်မဟုတ်ပေမယ့် ငါ့စကားကိုတော့ တည်ဖို့လိုတယ်။ ငါ့ကုမ္ပဏီက အဲဒီကြေညာချက်ကို ထုတ်ပြန်ပြီးပြီ။ အဲဒါကို ပြန်ရုတ်သိမ်းလိုက်ရင် ငါ့ရဲ့ကုမ္ပဏီက ယုံကြည်ကိုးစားလို့မရဘူးလို့ ဆိုလိုတယ်မဟုတ်လား။ ငါက အဲလို တကယ်ပဲ လုပ်မယ်ဆိုရင် ကမ္ဘာတစ်ဝှမ်းက ဘယ်ကုမ္ပဏီကများ ငါ့ကုမ္ပဏီနဲ့ ထပ်ပူးပေါင်းရဲတော့မှာလဲ”
ဝီလီယံက ခဏနှုတ်ဆိတ်သွားပြီးနောက် ညိုမှိုင်းသောမျက်နှာနှင့် ပြန်ဖြေသည် “မင်းက စိတ်ဆုံးဖြတ်ပြီးဆိုမှတော့ ငါ သူဌေးထန်ကို ထပ်မနှောင့်ယှက်တော့ပါဘူး။ အနာဂတ်မှာ အခြားလုပ်ငန်းတွေမှာ ဟာဘိုအုပ်စုနဲ့ ပူးပေါင်းဖို့ အခွင့်အရေးကို စဉ်းစားပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်”
“ကောင်းပါပြီ”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
တစ်နာရီကြာပြီးနောက် ဝီလီယံက သူ့လူဆယ်ယောက်ကျော်ကို ခေါ်ကာ ‘လုံ’ထမင်းစားခန်းမသို့ ပြန်ရောက်လာသည်။ သို့သော် သူက ဝင်ပေါက်သို့ လှမ်းလိုက်လျှင်ချင်း ပထမထပ်ရှိဧည့်ခန်းထဲတွင် လူများနှင့် ပြွတ်ကျပ်သိပ်နေသည်ကို မြင်လိုက်ရ၏။
“ဘာဖြစ်ခဲ့သလဲဆိုတာ တစ်ချက်သွားကြပါ…”
သူက ဧည့်ခန်းထဲတွင် မနေချင်တော့သောကြောင့် အမိန့်သာ ပေးလိုက်သည်။ တရုတ်ဟာဘိုအုပ်စု၏ဒါရိုက်တာအနေနှင့် သူက အမှားအယွင်းများစွာ ဖြစ်စေပြီး ခမ်းနားသာထန်စီးပွားရေးလုပ်ငန်းစုနှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်အား ပျက်ပြယ်စေခဲ့သည်။
“ဒီကို သယ်လာ…”
ဝီလီယံလွှတ်လိုက်သည့်နောက်လိုက်က လူအုပ်ထဲသို့ လျှောက်ကာ ကျယ်လောင်စွာ အော်လိုက်သည်။ သူ့အသံက ထွက်ခွာမည်ပြင်နေသောဝီလီယံအား ရုတ်ချည်း ရပ်သွားစေသည်။
များမကြာမီ ဝီလီယံ၏မျက်နှာက နီရဲသွား၏။ ထိုနေရာတွင် ကယ်ဆိုလမ်က ကြမ်းပြင်ပေါ်တွင် ခွေးသေတစ်ကောင်အလား လဲလျောင်းနေသည်ကို သူက မြင်လိုက်ရသည်။ သူ့အခြေအနေက ကြည့်ရန်ပင် ကြောက်စရာကောင်းလွန်းနေ၏။
ကယ်ဆိုလမ်၏ခြေလက်ကြောများက ဖြတ်တောက်ခြင်းခံထားရပြီး ရှေ့သွားနှစ်ချောင်းက မရှိတော့ပေ။ သူတို့နှစ်ယောက်သာ မရင်းနှီးလျှင် သူက ကယ်ဆိုလမ်အား မှတ်မိမည့်မဟုတ်ပေ။ သို့သော် အရေးကြီးဆုံးအရာက ကယ်ဆိုလမ်၏အပေါ်ပိုင်းခန္ဓာကိုယ်က ဗလာဖြစ်နေပြီး သူ့ရင်ဘက်ပေါ်တွင် အနီရောင်စာလုံးများဖြင့် ရေးသားထားသည်- အခြားသူများကို စော်ကားသည့်သူက အရှက်တကွဲဖြစ်ရမည်ဟူ၍ပင်။
“သူ့ကို ခေါ်သွား”
ဝီလီယံက တစ်စက္ကန့်ပင် ဆက်မနေချင်တော့ဘဲ ကျယ်လောင်စွာ ပြောလိုက်သည်။ သူက ပြန်လှည့်ကာ ဓာတ်လှေကားသို့ လျင်မြန်စွာ လျှောက်သွား၏။ ဝတ်ကောင်းစားလှဝတ်ထားသည့်လူငယ်အချို့က သူ့အား ရက်စက်သောမျက်လုံးများနှင့် စိုက်ကြည့်နေသည်ကို သူက သတိမပြုမိခဲ့ပေ။
****
ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုတွင်။
ပြန်ရောက်လာပြီးနောက် ယနေ့ဖြစ်ပျက်ခဲ့သည်အား အများသို့ ထုတ်ပြန်ရန် ထန်ရှုက ချက်ချင်းအမိန့်ပေးလိုက်သည်။ နှစ်နာရီအတွင်း ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီခေါင်းဆောင်အားလုံးက ယနေ့ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကြားလိုက်ရ၏။ ကြေညာချက်က ထန်ရှုအား လူတိုင်းအား လေးစားမိလာစေ၏။
မန်နေဂျာရုံးခန်းထဲတွင် ထန်ရှုက ဆိုဖာပေါ်တွင် ထိုင်နေသည်၊ ခန်းရှက သူ့အတွက် လက်ဖက်ရည်ပြင်ဆင်ပေးနေသည်၊ ရုတ်တရက် ပုံရိပ်တစ်ခုက သူ့အရှေ့တွင် အသိမပေးဘဲ ထွက်ပေါ်လာ၏။
“အမေရိကန်က သတင်းတွေ အခုပဲ ရောက်လာပါတယ်၊ ဆရာအဘိုး”
“ဘာတဲ့လဲ”ထန်ရှုက မေး၏။
“ကျူးပစ်၊ ဒုဓလီနဲ့ ဆာဗာအုပ်စုတို့နဲ့ ပတ်သက်ပြီးတော့ပဲ။ သူတို့ရဲ့ပိုင်ရှင်တွေအကြောင်း အသေးစိတ်ကို ငါတို့ စုံစမ်းပြီးပြီ။ ကျူးပစ်က အမေရိကန်နိုင်ငံရေးသမားတစ်ယောက်နဲ့ နက်နက်ရှိင်းရှိုင်းဆက်နွယ်နေတယ်၊ အဲလူက ၎င်းရဲ့အကြီးမားဆုံးရှယ်ယာရှင်ပဲ၊ ဒုဓလီရဲ့သူဌေးကြီးက မဟူရာကလပ်မှာ အဆင့်အတန်းတစ်ခုရှိတဲ့လူတစ်ယောက်ပဲ။ မဟူရာကလပ်ရဲ့ကျွမ်းကျင်သူအချို့ကတောင် တရုတ်ကိုလာတဲ့ကိုယ်စားလှယ်တွေကို ကာကွယ်ပေးနေတယ်။ ဆာဗာအုပ်စုရဲ့အသေးစိတ်က အတော်လေးရှုပ်ထွေးပေမယ့် ၎င်းရဲ့ရှယ်ယာရှင်နှစ်ယောက်က ပိရမစ်နဲ့ ဆက်စပ်နေမယ်လို့ ငါတို့ အကဲဖြတ်ပြီးပြီ”
ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ဘယ်လိုတောင် နက်ရှိုင်းတဲ့နောက်ခံတွေလဲ။ ဒီခွေးတွေကို သူတို့အချင်းချင်း တိုက်ခိုက်ပါစေ။ အန်း၊ ဒုဓလီကုမ္ပဏီရဲ့ကျွမ်းကျင်သူတွေကို လျှို့ဝှက်သတ်ဖြတ်ပြီး ဟာဘိုအုပ်စုရဲ့လူအချို့ကို တိုက်ခိုက်ပါ။ သူတို့အချင်းချင်းတိုက်ခိုက်သလိုဖြစ်အောင် သူတို့ရဲ့ခန္ဓာကိုယ်တွေကို ရောနှောလိုက်ပါ။ ပြီးရင် ဒီကုမ္ပဏီနှစ်ခုရဲ့ဒါရိုက်တာတွေကို တစ်ချိန်တည်းမှာ ထွက်ပေါ်လာအောင် လုပ်ပါ”
“ဒုဓလီအုပ်စုကိုပဲ ပစ်မှတ်ထားမှာလား”အမိန့်အား အတည်ပြုရန်အတွက် ထန်အန်းက မေး၏။
“သတ်ဖြတ်တာက ဒုဓလီအုပ်စုအတွက်ပဲ၊ ဒါပေမယ့် ကျူးပစ်နဲ့ဆာဗာအုပ်စုရဲ့လူအချို့ကို လျှို့ဝှက်တိုက်ခိုက်ပါ။ သူတို့က လုံမိသားစုရဲ့အင်ပါယာနဂါးစံအိမ်မှာ ချန်ထားပါ။ နောက်လာမယ့်ပြပွဲကို ကြည့်ရင်း နောက်ထပ်အစီအစဉ်ကို စောင့်မျှော်ကြတာပေါ့”ထန်ရှုက ဆက်ပြော၏။
“နားလည်ပါပြီ…”
ထန်အန်းက ပြန်ဖြေပြီးနောက် ပျောက်ကွယ်သွား၏။
ခန်းရှက လက်ဖက်ရည်ခွက်သယ်လျက် ထန်ရှုအရှေ့သို့ ရောက်လာသည်။ လှည့်ပတ်ကြည့်ပြီးနောက် ရှုံ့မဲ့ပြုံးတစ်ခုက သူမ၏လှပသောမျက်နှာပေါ်တွင် ထင်ဟပ်လာပြီး သူမက တုံ့ဆိုင်းလျက် ပြော၏ “ငါ အတော်လေးသက်သောင့်သက်သာမရှိသလို ခံစားရတယ်၊ သူဌေး”
“ဘာက မင်းကို အဲလိုဖြစ်စေတာလဲ”ထန်ရှုက နားမလည်သောမျက်နှာနှင့် မေး၏။
“ရှင့်နားမှာ ကျွန်မတောင် သတိမပြုမိနိုင်တဲ့ ဒီလိုဆန်းကြယ်တဲ့လူတစ်ယောက်က အမြဲတမ်းရှိတယ်။ တစ်ယောက်ယောက်က အသိမပေးဘဲ ရှင့်ရှေ့မှာ အမြဲတမ်းထွက်ပေါ်လာတယ်။ ဒီအတိုင်းသာ ဆက်သွားရင် နောက်ကျရင် ကျွန်မက ရှင့်နဲ့ ရင်းရင်းနှီးနှီးနေရဲတော့မှာ မဟုတ်ဘူး၊ အဲဒီတစ်ယောက်က ရုတ်တရက် ထွက်ပေါ်လာပြီး ကျွန်မတို့လုပ်နေတဲ့အရာတွေကို ကြည့်နေခဲ့မယ်ဆိုရင်…”
ထန်ရှုက မှင်တက်သွားပြီး ချက်ချင်း ထူးဆန်းသောအမူအရာတစ်ခု ဖြစ်သွား၏။ ခန်းရှပြောသည့် “လူနှင့်တစ်စုံတစ်ယောက်”က ဘယ်သူလဲဆိုသည်ကို သူက နားလည်သည်။ ယခင်က သူက ဤကိစ္စအား လစ်လျူရှုထားခဲ့သော်လည်း သူမ၏သတိပေးချက်က သူ့အား သဘောပေါက်သွားစေသည်၊ ထန်အန်းအနေနှင့် အမှောင်ထဲတွင် သူ့နောက်မှ တစ်ချိန်လုံး ပုန်းနေခြင်းက အတော်လေးမသင့်လျော်ပေ။
သူ့တွင် အမျိုးသမီးများစွာရှိသည်ကို မှတ်ထားရမည်။ သူက သူတို့နှင့် ‘activitiy’လုပ်နေပြီး ထန်အန်းက အနားတွင် ရှိလျှင်…
ထိုအတွေးက သူ့နောက်ကျောအား အေးစိမ့်သွားစေသည်။ သူက ခန်းရှအား လှမ်းဆွဲကာ ဖက်လိုက်သည် “ဒါက တကယ်ကို ငါ့ရဲ့လစ်လျုရှုမှုပဲ။ ဒါပေမယ့် ဟင်းလင်းပြင်ထဲမှာ ပုန်းတာက ထန်အန်းရဲ့ပါရမီပဲ၊ သူမက သတိမပြုမိစေချင်ရင် ငါကတောင် သူမကို ရှာတွေ့ဖို့ ခက်ခဲတယ်။ ကောင်းပါပြီလေ၊ နောက်ကျရင် ငါတို့မှာ ပျော်စရာအချိန်တွေ ရှိလာတဲ့အခါ ငါ အစီအရင်တစ်ခု အရင်ဆုံး ခင်းကျင်းထားပါ့မယ်၊ ဒီလိုမှ သူမက ငါတို့ကို အလွယ်တကူရှာမတွေ့နိုင်မှာ”
“ဒါမှမဟုတ် ရှင်က အစီအရင်ကို ကြိုတင်ခင်းကျင်းထားနိုင်တာပဲ၊ အနည်းဆုံး ငါတို့နေတဲ့အိပ်ခန်းထဲမှာပေါ့”ခန်းရှက အကူအညီမဲ့စွာ ပြော၏။
ထန်ရှုက ရယ်ကာ ခေါင်းညိတ်လိုက်သည်။
“ဒါနဲ့ လုံဟန်ဝမ်နဲ့ ဘာတွေဆွေးနွေးခဲ့တာလဲ”ခန်းရှက မေး၏ “ကြည့်စရာပြပွဲကောင်းတွေ အများကြီး ရှိနေပုံပဲ”
“လုံကျန်းယုက ငါ့သူငယ်ချင်း၊ လူအချို့က သူ့ကို ထိခိုက်အောင် လုပ်ခဲ့တယ်”ထန်ရှုက ပြော၏ “ငါ ထိုင်နေပြီး ဘာမှမလုပ်စရာအကြောင်းမရှိဘူး။ သူတို့က သူ့ကို တိုက်ခိုက်ရဲမှတော့ တန်ဖိုးတစ်ခုကို ပေးချေရမှာပဲ။ ဒါပေမယ့် လက်ရှိမှာ ငါတို့ကုမ္ပဏီက နာမည်ကြီးနေတယ်၊ ဒါကြောင့် ၎င်းရဲ့ဂုဏ်သတင်းကို ထိခိုက်စေမယ့် ဘာတစ်ခုမှ မလုပ်နိုင်ဘူး။ ဒါကြောင့် ငါက ဒီဟာဘိုအုပ်စုကို လျှို့ဝှက်ဖြေရှင်းနေရတာပဲ”
“ငါ ကူညီနိုင်တာ တစ်ခုခုရှိလား”ခန်းရှက မေး၏။
“လက်ရှိအချိန်မှာ မင်းအတွက် လုပ်စရာဘာမှ မရှိဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ပြီးတော့ ဟော်လဲက ကြယ်တာရာမြို့ကို ရက်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်။ သူမနဲ့ ဆွေးနွေးတဲ့အချိန်မှာ ငါ မင်းရဲ့အကြံဉာဏ်ကို လိုအပ်တယ်”
“လေလံပွဲနဲ့ ပတ်သက်ပြီးတော့လား”ခန်းရှက မေးလိုက်သည်။
ထန်ရှုက ခေါင်းညိတ်ကာ ဆက်ပြော၏ “မှန်တယ်။ အဲဒါက တကယ်ကို လေလံပွဲနဲ့ ပတ်သက်ပြီးတော့ပဲ။ ပြီးတော့ ငါ့စိတ်ထဲမှာ အခြားစိတ်ကူးထားတာတွေလဲ ရှိတယ်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုမှာ ထုတ်ကုန်အနည်းငယ်ပဲ ရှိတယ်၊ ဒါကြောင့် ကမ္ဘာ့အကြီးမားဆုံးလေလံအိမ်ကို တည်ဆောက်ရင် အရမ်းကောင်းမယ်လို့ ငါ ထင်တယ်။ ပြီးတော့ လေလံအိမ်ကို ကျော်ကြားအောင် လုပ်ဖို့ နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်”
“ဘာနည်းလမ်းတွေလဲ”ခန်းရှက ကမန်းကတန်းမေး၏။
“ဆေးလုံးတွေ”ထန်ရှုက ပြုံးကာ ပြန်ဖြေ၏။
“ရှင်က အဲဒီဆေးလုံးတွေကို အပြင်လူတွေဆီ ရောင်းချင်တာလား”ခန်းရှက အံ့အားသင့်သွားသည်။
“ငါက ဆေးလုံးနှစ်မျိုးကို ထုတ်လုပ်ရမယ်”ထန်ရှုက ရှင်းပြ၏ “တစ်ခုက ခန္ဓာကိုယ်သန့်စင်ဆေး၊ နောက်တစ်ခုက အသက်ရှည်ဆေး။ ဒီဆေးနှစ်မျိုးက အရမ်းမထိရောက်ပေမယ့် အဲဒါက နှစ်ပေါင်းများစွာ သုံးစွဲလာတဲ့ဘယ်သူ့အတွက်မဆို အရမ်းအကျိုးရှိစေလိမ့်မယ်”
“ဒါဆို ဒီဆေးနှစ်မျိုးက လေလံပွဲတိုင်းရဲ့အဓိကနဲ့နောက်ဆုံးပိတ်ပစ္စည်းတွေပေါ့”ခန်းရှက ထပ်မေး၏။
“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒီဆေးနှစ်မျိုးက ကမ္ဘာတစ်ဝှမ်းက လူတွေကို ရူးသွပ်စေဖို့ လုံလောက်မယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် ဒီဆေးနှစ်မျိုးကို ကျန်းမာရေးထုတ်ကုန်တွေရဲ့အမှတ်တံဆိပ်အောက်မှာပဲ ရောင်းချရမယ်”
“ကမ္ဘာတစ်ဝှမ်းက ချမ်းသာတဲ့သူတွေ ဒီနေရာကို စုပြုံလာမယ်ဆိုတာ ကျွန်မ ကြိုတင်မြင်နိုင်တယ်”ခန်းရှက ခေါင်းညိတ်လိုက်သည်။
“ငါက အရမ်းအံ့အားသင့်ဖို့ကောင်းတယ်မလား”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
ခန်းရှက သူ့အား နမ်းကာ ပြောလိုက်၏ “ရှင် သိလား၊ ရှင် ပထမဆုံးအကြိမ်ဖုန်းခေါ်လာတုန်းက ရှင်က ကမ္ဘာရဲ့ကြီးမားမှုကို မသိတဲ့ အကောင်တစ်ကောင်လို့ ကျွန်မ တွေးခဲ့တာ။ အဲတုန်းက ရှင်က ကျွန်မကို တမင်ဟာသလုပ်နေတာလို့ ထင်ထားခဲ့တာ။ နောက် ကျွန်မ ကြယ်တာရာမြို့ကို ရောက်လာပြီး ရှင်နဲ့ တွေ့တဲ့အချိန်မှာ ရှင်က ငယ်လွန်းနေတာကြောင့် ကျွန်မက အရမ်းမကျေမနပ်ဖြစ်မိခဲ့တယ်။ ဒါပေမယ့် အခုတော့ အဲတုန်းက လုပ်ခဲ့တဲ့ဆုံးဖြတ်ချက်အတွက် ကျွန်မ အရမ်းဝမ်းသာနေပါပြီ”
“အဲတုန်းက ငါက ဆင်းရဲလွန်းပြီး အရမ်းလဲ အားနည်းနေတာ”ထန်ရှုက ပြုံးကာ ပြန်ပြောသည် “အရိုးသားဆုံးပြောရရင် ဒီနှစ်နှစ်မှာ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့အောင်မြင်တိုးတက်မှုက မင်းနဲ့ ခွဲခြားလို့မရဘူး။ မင်းကို ရတနာတစ်ခုကို ရခဲ့တာ ငါ တကယ် ကျေးဇူးတင်မိတယ်”
ခန်းရှက ပြုံးလိုက်သည် “ဟုတ်လား၊ အန်ဒီကလဲ တန်ဖိုးရှိတဲ့ရတနာတစ်ခုပဲလေ…”
“အာ…”
ထန်ရှု၏အမူအရာက တောင့်တင်းသွားကာ ရုတ်တရက် ခေါင်းကိုက်လာ၏။