← Chapters

စိတ်ရှည်မှုတို့ ပျောက်ဆုံးခြင်း

Vol. 87 Ch. 1200

စိတ်ရှည်မှုတို့ ပျောက်ဆုံးခြင်း

Vol. 87 Ch. 1200

‘လုံ’ထမင်းစားခန်းမ။

စင်္ကြံလမ်းက လင်းထိန်နေသည်။ ဆောင်းရာသီရောက်လာပြီဖြစ်သော်လည်း စင်္ကြံလမ်းက နွေဉီးပမာ နွေးထွေးနေပြီး စင်္ကြံလမ်းတစ်ဝိုက်ရှိ ဘွန်ဆိုင်ပင်များက သန်စွမ်းနေလျက်ရှိ၏။

သို့သော် သွေးနံ့ဖျော့ဖျော့တစ်ခုက စင်္ကြံလမ်းထဲရှိ လေထုအား ထိုးဖောက်ကာ ဖုံးကွယ်ထားသောသတ်ဖြတ်ခြင်းပတ်ဝန်းကျင်တစ်ခုအား သယ်ဆောင်လာသည်။ တစ္ဆေ လိုပုံရိပ်အချို့က စင်္ကြံလမ်းရှိ ထောက်လှမ်းရေးကိရိယာအားလုံးအား ဖျက်ဆီးပစ်၏။ ‘လုံ’ထမင်းစားခန်းမ၏လုံခြုံရေးအစောင့်လေးယောက်က စစ်ဆေးရန်အတွက် ထောင့်တွင် ထွက်ပေါ်လာသည်။

“လက်သရမ်းသွားတာလား…”

နောက်ဆုံးတွင် သူတို့လေးယောက်က ထိုသို့ ကောက်ချက်ချလိုက်သည်။ သို့သော် သူတို့က မယုံကြည်နိုင်သည့်တစ်စုံတစ်ခုရှိ၏။ စင်္ကြံလမ်းတွင် CCTVခြောက်ခုရှိပြီး လေးခုက အလယ်တွင် တပ်ဆင်ထားကာ ကျန်နှစ်ခုအား အဆုံးတွင် တပ်ဆင်ထားသည်။ သို့သော် မဖျက်ဆီးခံရခင် ၎င်းတို့ထဲကတစ်ခုမှ ဘာပုံရိပ်မှ မဖမ်းမိခဲ့ပေ။

ဒါက ထူးခြားဆန်းကြယ်လွန်းလှသည်။

လုံခြုံရေးအစောင့်လေးယောက်က ဘဝင်မကျဖြစ်လျက် လှည့်ပတ်စစ်ဆေးနေစဉ် အခန်း၄၀၁၈တံခါးက ပွင့်နေသည်ကို သူတို့ထဲမှ တစ်ယောက်က ရုတ်တရက် တွေ့လိုက်ရ၏။

“ဒါလုံ၊ အထဲဝင်ပြီး စစ်ဆေးကြည့်…”

တောင့်တင်းသန်မာသောသက်လတ်ပိုင်းလူက ဘေးနားရှိ သူ့အဖော်အား အမိန့်တစ်ခုပေးလိုက်သည်၊ သူ့လက်က ပွင့်နေသာတံခါးအား ဂရုတစိုက်ဖွင့်လိုက်၏။

ဟမ်…

ဒါလုံဟုခေါ်သောလူက အခန်းထဲ ဝင်လိုက်ချိန်တွင် သူ့မျက်ခုံးများက မယုံကြည်နိုင်စွာနှင့် ရုတ်တရက် ကျဉ်းမြောင်းသွား၏။ ရောင်ပြန်အလင်းနှင့်အတူ ကြောက်ရွံ့မှုအနည်းငယ်က သူ့မျက်လုံးများထဲတွင် သိသိသာသာပေါ်နေလေ၏။ “လူသေတွေ…ခြောက်…စုစုပေါင်း…”

အခြားသုံးယောက်၏အမူအရာက ပြောင်းလဲသွားသည်။ သူတို့က အခန်းထဲသို့ လျင်မြန်စွာ ဝင်လာပြီး သွေးကန်ထဲတွင် လဲလျောင်းနေသော အလောင်းခြောက်ခုအား မြင်လိုက်ရသည်။ နှစ်လောင်းက အနက်ဝတ်ခန္ဓာကိုယ်များဖြစ်ပြီး တစ်လောင်းက ဉရောပနွယ်ဖွား၊ အခြားသုံးလောင်းက အာရှနွယ်ဖွားတို့ ဖြစ်၏။

“ရဲတွေကို အမြန်ဖုန်းဆက်…”ဒါလုံက အော်လိုက်သည်။

တောင့်တင်းသန်မာသောသက်လတ်ပိုင်းလူက လူတိုင်းအား ကမန်းကတန်း တားကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဆက်လို့မရဘူး၊ ခေါင်းဆောင်ကို အရင်ဆုံးအကြောင်းကြားရအောင်။ လူသတ်မှုက ငါတို့ရဲ့ဟိုတယ်မှာ ဖြစ်ခဲ့တာ၊ ဒါကို ဖြေရှင်းဖို့ သူ့ကို ငါတို့ လိုအပ်တယ်”

“လူသတ်မှုက ငါတို့ဟိုတယ်မှာ ဖြစ်ခဲ့တာ၊ အကိုဝမ်…”ဒါလုံက ကမန်းကတန်း ကြားဖြတ်ပြော၏ “ဘာလို့ ငါတို့က ရဲတွေကို အမြန်ဆုံးမတင်ပြရတာလဲ။ သူတို့က လူသတ်သမားကို အမြန်ဆုံးစုံစမ်းစစ်ဆေးနိုင်တာပေါ့”

“ဟမ့်”တောင့်တင်းသန်မာသောသက်လတ်ပိုင်းလူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “လူသတ်မှုက ငါတို့ဟိုတယ်မှာ ဖြစ်ခဲ့တယ်၊ ဒါကို ကြေညာလိုက်တာနဲ့ ငါတို့ဟိုတယ်ရဲ့ဂုဏ်သတင်းက ကျဆင်းသွားမှာပေါ့။ ဒီအချိန်မှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ မင်း နားလည်လား။ တိုင်းပြည်အမျိုးမျိုးက ကုမ္ပဏီကြီးတွေရဲ့ကိုယ်စားလှယ်တွေက အခု ကြယ်တာရာမြို့ကို လာနေကြတယ်၊ ငါတို့ ‘လုံ’ထမင်းစားခန်းမက ကြယ်တာရာမြို့ထဲမှာ အမြင့်ဆုံးဟိုတယ်ပဲ။ ဒီနေရာမှာ နေနေတဲ့ အဲဒီနိုင်ငံခြားအဖွဲ့တွေ ဘယ်လောက်ထိ ရှိသလဲဆိုတာ မင်း သိလား။ ဒီကိစ္စက ပိုကြီးသွားတာကို မင်းက မြင်ချင်တာလား”

ဒါလုံက ထိုနောက်ဆက်တွဲအား မေ့နေခဲ့ကာ ခဏကြာ တုံ့ဆိုင်းပြီးနောက် သူက ပြော၏ “ဒါဆို ငါတို့ မင်းစကားနားထောင်ပါ့မယ်၊ အကိုဝမ်”

များမကြာမီ ‘လုံ’ထမင်းစားခန်းမရှိ လုံခြုံရေးအစောင့်များက လူသေအလောင်းခြောက်ခု၏အထောက်အထားများအား အတည်ပြုလိုက်သည်၊ ဒုဓလီနှင့်ဟာဘိုအုပ်စုတို့ပင်။ အလောင်းငါးခုထဲမှ တစ်ခုက ဟာဘိုအုပ်စုမှ ဖြစ်ပြီး အခြားငါးခုက ဒုဓလီအုပ်စုမှ ဖြစ်သည်။

လုံခြုံရေးအစောင့်များထံမှ အသိပေးချက်ကို ရပြီး နှစ်ဖက်လုံး၏ကိုယ်စားလှယ်ခေါင်းဆောင်များက မှင်တက်သွားကြသည်။ သို့သော် တစ်နာရီခွဲကြာပြီးနောက် ဒုဓလီအုပ်စု၏ကိုယ်စားလှယ်က ထန်ရှုအား ဆက်သွယ်ခဲ့သည်။

တောင်ဘက်ဂိတ်မြို့အနီးရှိ ကော်ဖီဆိုင်တွင် ထန်ရှုက ထောင့်တွင် ထိုင်လျက် လက်ဖက်ရည်သောက်နေသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် တင်းမာသောမျက်နှာထား၊ သတ်ဖြတ်လိုစိတ်မျက်လုံးများနှင့် ဒုဓလီအုပ်စု၏ကိုယ်စားလှယ်ခေါင်းဆောင်က ထိုင်နေ၏။

“ဒါဆို မင်းက ဘာလုပ်ချင်တာလဲ”အချိန်အတန်ကြာပြီးနောက် ထန်ရှုက ထိုလူအား မေးလိုက်သည်။

ဂျီဇက်က လက်သီးဆုပ်ကာ ပြော၏ “ဒုဓလီအုပ်စုက မင်းရဲ့ကုမ္ပဏီနဲ့ စပ်တူလုပ်ဖို့ တကယ်ကို ဆန္ဒရှိပါတယ်၊ မစ္စတာထန်။ ဒါပေမယ့် မင်းရဲ့ကုမ္ပဏီက တရုတ်မှာ မဆင်မခြင်မလုပ်ဖို့ ငါတို့ကို တားမြစ်တဲ့ စည်းမျဉ်းကို ထုတ်ပြန်ခဲ့တယ်။ ဒါကြောင့် ငါက ငါ့ဒေါသကို ထိန်းပြီး ဟာဘိုအုပ်စုကို လက်စားမချေရဲတာပဲ။ မင်းက လုံကျန်းယုရဲ့သူငယ်ချင်းဆိုတာ ငါ သိပေမယ့် လုံတွေက ဟာဘိုအုပ်စုနဲ့ တိုက်ခိုက်ဖို့ ရွေးချယ်ရမှာကို ကြောက်ရွံ့နေပုံရတယ်၊ သခင်လေးလုံအစား လက်စားချေဖို့ ငါတို့က သူတို့ရဲ့နေရာကို ယူမယ်ဆိုရင် မင်း သဘောတူလား”

ထန်ရှု၏မျက်လုံးထဲတွင် ထူးဆန်းသောအကြည့်တစ်ခု ဖြစ်သွားသည်။ ဤဂျီဇက်အကောင်က အတော်လေးဉာဏ်ကောင်းပြီး ဒီလိုဆင်ခြေအား ရှေ့ထုတ်နိုင်မည်ဟု သူ မထင်ထားပေ။

သို့သော် ဤကိစ္စအပေါ် သူက လက်ခံလိုသော်ငြား သူက အတွေးနက်ဟန် ဆောင်လိုက်သည်။ အချိန်အတန်ကြာ တိတ်ဆိတ်ပြီးနောက် သူက ခေါင်းခါယမ်းကာ ပြော၏ “မစ္စတာဂျီဇက်၊ သူတို့ကြောင့် လုံကျန်းယု ဒဏ်ရာရတာကို မြင်ပြီး ငါ တကယ် ဒေါသထွက်ခဲ့ရတယ်။ ဒါပေမယ့် မင်းတို့က ငါ့ကုမ္ပဏီကြောင့် တရုတ်နဲ့ကြယ်တာရာမြို့ကို ရောက်လာခဲ့ကြတာ၊ ဒီတော့ မင်းတို့ရဲ့ဘေးကင်းမှုကို အာမမခံနိုင်တဲ့အပေါ် ငါလဲ အတော်လေးအဆင်မပြေလှဘူး။ ဒါပေမယ့် မင်းတို့ရဲ့လူတွေကို ဟာဘိုအုပ်စုက တစ်ယောက်ယောက်သတ်သွားတယ်ဆိုတာ မင်းတို့ သေချာရဲ့လား”

“လုံးဝသေချာတယ်”ဂျီဇက်က နက်ရှိုင်းသောအသံနှင့် ပြော၏ “ငါ လူလွှတ်ပြီး ခန္ဓာကိုယ်ကို စစ်ဆေးခိုင်းခဲ့တယ်၊ အဲဒါက တကယ်ကို ဝီလီယံရဲ့လူတွေထဲကပဲ။ သူတို့က အလျင်စလိုဖြစ်ပြီး သူတို့လူတွေထဲကတစ်ယောက်ရဲ့အလောင်းကို ကျန်ခဲ့တာဖြစ်ရမယ်”

“သတ်ဖြတ်မှုအတွက် ရည်ရွယ်ချက်တစ်ခုဆိုတာ ရှိရမယ်။ ဟာဘိုအုပ်စုက မင်းတို့ရဲ့လူတွေကို အကြောင်းမရှိဘဲ သတ်ဖြတ်မယ်လို့ ငါ မထင်ဘူး”ထန်ရှုက ပြော၏။

“ငါတို့အုပ်စုနဲ့ ဟာဘိုအုပ်စုက ရန်ငြိုးတွေ ရှိခဲ့ပြီးသား။ မင်းတို့ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို သူတို့က အငြင်းခံလိုက်ရတယ်မလား။ ငါ့ရဲ့ဒုဓလီကုမ္ပဏီက မင်းရဲ့ကုမ္ပဏီနဲ့ ပူးပေါင်းသွားမှာကို သူတို့က စိုးရိမ်နေတယ်လို့ ငါ ခန့်မှန်းထားတယ်၊ ဒါကြောင့် သူတို့က ဒီအခွင့်အလမ်းကို ဖျက်ဆီးချင်ခဲ့တာ”

ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက နက်ရှိုင်းသောအသံနှင့် မေး၏ “မင်း ဒါကို သေချာလား”

“တစ်ရာရာခိုင်နှုန်းသေချာတယ်လို့ ငါ မပြောရဲပေမယ့် ဆယ်ပုံကိုးပုံကတော့ အတိအကျပဲ”ဂျီဇက်က အာမခံ၏။

“တကယ်တော့ ဒုဓလီအုပ်စုရဲ့အသေးစိတ်ကို စုံစမ်းစစ်ဆေးဖို့ လူအချို့ကို ငါ လွှတ်ခဲ့ပြီးပြီ။ မင်းတို့ရဲ့ကုမ္ပဏီက အတော်လေးအားကောင်းပြီး ပူးပေါင်းဖို့အတွက် ယုံကြည်ကိုးစားလို့ရတယ်”ထန်ရှုက ပြော၏ “ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရည်ရွယ်ချက် ငါ့မှာ ရှိပြီးသား၊ ဒါပေမယ့် ဒီအခြေအနေက မမျှော်လင့်ထားဘဲ ဖြစ်လာမယ်လို့ ငါ မထင်ခဲ့ဘူး။ ဝီလီယံက တကယ်ကို ရွံစရာကောင်းတဲ့အကောင်ပဲ။ သူက ငါတို့ကြား ပူးပေါင်းဖို့ အခွင့်အရေးကိုတောင် ဖျက်ဆီးရဲတယ်”

ဤသည်ကို ကြားပြီးနောက် စိတ်လှုပ်ရှားအံ့အားသင့်သောအမူအရာတစ်ခုက ဂျီဇက်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ကမန်းကတန်း မေးလိုက်သည် “ဒါဆို မင်း ဒါကို သဘောတူလား၊ မစ္စတာထန်”

“မင်း ပြောတာကို ငါ လက်ခံပါတယ်၊ ဒါပေမယ့် ငါ့မှာ တောင်းဆိုချက်တစ်ခုရှိတယ်”ထန်ရှုက ပြော၏ “မင်းတို့ဒုဓလီအုပ်စုက ငါ့ကုမ္ပဏီနဲ့ ဆက်လက်ပူးပေါင်းချင်တယ်ဆိုရင် ဝီလီယံကို တိုက်ခိုက်မယ့် မင်းတို့ရဲ့စစ်ဆင်ရေးကို လျှို့ဝှက်လုပ်ဆောင်ရမယ်။ မဟုတ်ရင် ငါက မင်းတို့နဲ့ ပူးပေါင်းဖို့ ဘယ်လောက်ပဲ စိတ်အားထက်သန်နေပါစေ၊ အများရဲ့ထင်မြင်ချက်ကို မရင်ဆိုင်နိုင်ဘဲ ဒါကို လက်လွှတ်သွားရနိုင်တယ်”

“ဒီတစ်ခုကိုတော့ မစိုးရိမ်ပါနဲ့၊ မစ္စတာထန်”ဂျီဇက်က နက်ရှိုင်းသောအသံနှင့် ပြောသည် “အသံတစ်သံမှ မထွက်ဘဲ အရာအားလုံးကို အမှောင်ထဲမှာပဲ လုပ်လိမ့်မယ်။ ဟာဘိုအုပ်စုကို ရင်ဆိုင်ဖို့ ကျူးပစ်အုပ်စုကိုတောင် ငါတို့ဘက် ဆွဲခေါ်နိုင်တယ်။ ဒီတစ်ကြိမ် ဟာဘိုအုပ်စုကတစ်ယောက်မှ တရုတ်ပြည်ကနေ အသက်ရှင်လျက် မထွက်ခွာစေရဘူး…”

“မင်းက ဒါကို တိတ်တဆိတ် လုပ်နိုင်မယ်ဆိုရင် လုံအုပ်စုက ဟာဘိုအုပ်စုနဲ့ ရန်ငြိုးရှိပြီးသားဆိုတော့ သူတို့ကို အပြစ်ပုံချလို့ရတယ်”ထန်ရှုက ပြောသည်။

ဂျီဇက်က အံ့အားသင့်သွားသည် “ဒါပေမယ့် မင်းနဲ့လုံအုပ်စုက…”

“ငါ ဂရုစိုက်တာက ငါ့ကုမ္ပဏီရဲ့မိတ်ဖက်ကိုပဲ။ ငါ့ကုမ္ပဏီက လုံအုပ်စုနဲ့ ပူးပေါင်းမှုအချို့ ရှိပေမယ့် ငါတို့ရဲ့နောက်လာမယ့် ပူးပေါင်းမှုနဲ့ ယှဉ်ရင် သူတို့က စကားထဲတောင် ထည့်ပြောစရာမလိုဘူး”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် ပြန်ဖြေသည်။

ဂျီဇက်က ထရပ်ကာ ဦီးညွှတ်လိုက်သည်။ ထန်ရှုနှင့် လက်တွဲနှုတ်ဆက်ပြီးနောက် သူက စိတ်လှုပ်ရှားစွာ ပြော၏ “မင်းက တကယ်ကို ထူးချွန်တဲ့စီးပွားရေးသမားတစ်ယောက်ပဲ၊ မစ္စတာထန်။ ငါ မင်းရဲ့စေတနာကို ငါ့အလုပ်ရှင်ဆီ တင်ပြပြီး ဝီလီယံနဲ့ဟာဘိုအုပ်စုကလူတွေကို ကမ္ဘာမြေကနေ တိတ်တဆိတ် ပျောက်ကွယ်သွားအောင် လုပ်ဖို့အတွက် အစီအစဉ်တစ်ခုကိုလဲ ချမှတ်မယ်”

****

မနက်စောစောတွင်။

ထန်ရှုက အိမ်တွင် မနက်စာစားနေသည်၊ ခန်းရှက ကမန်းကတန်း ရောက်လာပြီး သူ့ရှေ့တွင် တက်ဘလက်တစ်လုံးချကာ နက်ရှိုင်းသောအသံနှင့် မေး၏ “ဘာလုပ်ရမလဲ၊ သူဌေး”

ထန်ရှုက မျက်လုံးကျဉ်းမြောင်းလျက် မေး၏ “ထန်အန်းရော”

“သူမက အပြင်ဘက်မှာ”ခန်းရှက ပြန်ဖြေသည်။

အိမ်ကို လွှမ်းခြုံရန် အစီအရင်တစ်ခုအား ခင်းကျင်းခဲ့သည်ကို ထန်ရှုက အမှတ်ရလိုက်သည်။ ထန်အန်းက ဟင်းလင်းပြင်ကို ဖြတ်ကာ ဘယ်နေရာမဆို သွားနိုင်သည်ဆိုပင်လျှင် သူမက သူခင်းကျင်းထားသောအစီအရင်အား အလွယ်တကူမဝင်နိုင်လောက်ပေ။ ထို့နောက် ချက်ချင်းလျှင်ပင် သူက တက်ဘလက်ဘက် လှည့်လိုက်သည်၊ ဖွင့်ထားသော ဗီဒီယိုအား မြင်ပြီးနောက် သူက ပြောလိုက်သည် “လုံတွေကရော၊ သူတို့ ဘာလုပ်နေလဲ”

“အရာအားလုံးက ရှင့်အစီအစဉ်အတိုင်းပဲ”ခန်းရှက ပြန်ဖြေသည် “ဘာကြောင့် သူတို့က လူတွေ လွှတ်၊ သူ့ရဲ့လုံမိသားစုကို တိုက်ခိုက်ခိုင်းပြီး လူအများကြီးကို သတ်ဖြတ်ခဲ့ရသလဲဆိုတာကို မေးမြန်းဖို့အတွက် လုံဟန်ဝမ်က ကျူးပစ်နဲ့ဆာဗာအုပ်စုရဲ့ကိုယ်စားလှယ်ခေါင်းဆောင်တွေကို ဖိတ်ခေါ်ခဲ့တယ်”

“ဒုဓလီအုပ်စုတစ်ခုတည်းနဲ့ ဟာဘိုအုပ်စုရဲ့လူတိုင်းကို သတ်ဖြတ်ဖို့က ခက်ခဲလိမ့်မယ်။ဒါပေမယ့် ဒုဓလီ၊ ကျူးပစ်နဲ့ ဆာဗာတို့က လက်တွဲမယ်ဆိုရင် ကိစ္စတွေက ချောမွေ့သွားလိမ့်မယ်။ အဲအချိန်ကျရင် ဝီလီယံက လွတ်မြောက်သွားနိုင်ပေမယ့် သူ့အနေနဲ့ ကြယ်တာရာမြို့ကနေ ထွက်ပြေးဖို့က အရမ်းခက်ခဲမယ်ဆိုတာ ငါ သေချာတယ်”

“မှန်တယ်”ခန်းရှက ခေါင်းညိတ်၏ “ပြီးတော့ အခု ဝီလီယံက ကြယ်တာရာမြို့သစ်စီမံကိန်းရဲ့အဆောက်အဉီးတစ်ခုမှာ ပုန်းနေတယ်။ ၎င်းရဲ့ပိုင်ရှင်ကို မလွဲပြောင်းရသေးတာကြောင့် အဲနေရာက အတော်လေးဖုံးကွယ်လျက်ရှိတယ်။ ဒါ့အပြင် လက်ရှိ သူ့မှာ လူနှစ်ယောက်ပဲ ကျန်တော့တယ်၊ ဒါပေမယ့် သူတို့ထဲကနှစ်ယောက်က ဒဏ်ရာရထားတယ်”

“ကောင်းပြီလေ။ ဟာဘိုအုပ်စုရဲ့လူတွေက ကျူးပစ်နဲ့ဆာဗာအုပ်စုရဲ့အဖွဲ့ဝင်တွေကို သတ်ပြီး အလောင်းတွေကို လုံမိသားစုစံအိမ်မှာ ချန်ထားခဲ့တယ်လို့ ဒုဓလီရဲ့လူတွေကို သတင်းပို့လိုက်ပါ။ ရည်ရွယ်ချက်က နှစ်ဖက်လုံးရဲ့လက်ကို သုံးပြီး လုံတွေကို ရင်ဆိုင်ဖို့အတွက်ပဲ”

ခန်းရှ၏မျက်လုံးများက တောက်ပသွားပြီး သူမက အခန်းမှ ချက်ချင်း ထွက်ခွာလာသည်။

****

နေ့ချိန်တွင်…

ကြယ်တာရာမြို့သစ်စီမံကိန်း၏အသစ်တည်ဆောက်ထားသောဧရိယာရှိ ပိုင်ရှင်အား လက်မလွှဲရသေးသည့်အဆောက်အဉီးတစ်ခုထဲတွင် သွေးစွန်းထင်နေသောမျက်နှာနှင့်အတူ ဝီလီယံက အေးစက်သောကြမ်းပြင်ပေါ်တွင် ပင်ပန်းနွမ်းနွယ်လျက် ထိုင်နေ၏။

သူက ခေါင်းရှုပ်နေသည်။ ကြီးမားကာမမြင်နိုင်သောပိုက်ကွန်တစ်ခုက သူနှင့်သူ့လူများအား ဖုံးအုပ်ထားသလို သူက ခံစားနေရ၏။

“အဲခွေးကောင်ကယ်ဆိုလမ်က အခု ဘယ်မှာလဲ”

သူက သက်ပြင်းရှည်များရှိုက်ကာ သူ့နောက်လိုက်အား ကြည့်လိုက်သည်။

တောင့်တင်းသန်မာသောလူက ပြန်ဖြေ၏ “သူ့ရဲ့ဒဏ်ရာပြင်းထန်လွန်းတာကြောင် သူ့ကို ကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံမှာ ကုသထားတယ်။ ဒါပေမယ့် လူအချို့က သူ့ကို ခေါ်သွားတယ်လို့ ငါတို့ သတင်းရခဲ့တယ်၊ သူ့ရဲ့တည်နေရာကို အခုလောလောဆယ် မသိသေးဘူး။ သူက…ပျောက်နေတယ်”

“ဒါကို ဘယ်သူလုပ်ခဲ့တာလဲ…”

ဝီလီယံ၏နှလုံးသားထဲရှိ ဆိုးဝါးသောခံစားချက်က ပိုသန်မာလာသည်။

All Chapters