← Chapters

ဘက်ပြောင်းသွားခြင်း

Vol. 87 Ch. 1201

ဘက်ပြောင်းသွားခြင်း

Vol. 87 Ch. 1201

သူက တရုတ်ရှိ ဟာဘိုအုပ်စု၏ဒါရိုက်တာတစ်ယောက်ဖြစ်သော်ငြား ဝီလီယံက ကြီးမားသောမုန်တိုင်းများအား ဘယ်တော့မှ မရင်ဆိုင်ဖူးပေ။ ဒီတစ်ခုလောက် ထူးဆန်းပြီး ကြောက်စရာကောင်းသောအဖြစ်အပျက်တစ်ခုမှ သူ မရင်ဆိုင်ဖူးပေ။

ငါ ဘာလုပ်ရမလဲ။

အတွေးမရေမတွက်များစွာက သူ့စိတ်ထဲ၌ ဝဲလည်လာသည်၊ သို့သော် သူ လုပ်နိုင်တာ ဘာတစ်ခုမှ မရှိသည်ကို သူ တွေ့လိုက်ရ၏။ လုပ်ကြံသတ်ဖြတ်မှုအတွက် တာဝန်ရှိသူကိုပင် သူက ရှာမတွေ့နိုင်ပေ။ အချိန်အတော်ကြာပြီးနောက် သူက အော်လိုက်သည် “ဝံပုလွေအိုကြီးကို ဆက်သွယ်လိုက်…သူက တရုတ်မှာ နေနေတာ နှစ်ပေါင်းများစွာ ကြာပြီ၊ အခုက သူ နိုးထဖို့ အချိန်ပဲ။ ဘာပဲပေးဆပ်ရပေးဆပ်ရ ငါတို့က ကယ်ဆိုလမ်ကို ရှာတွေ့ရမယ်လို့ သူ့ကို ပြော၊ မဟုတ်ရင် ငါတို့အားလုံး ဒုက္ခအကြီးအကျယ်ရောက်ရလိမ့်မယ်”

“နားလည်ပါပြီ…”တောင့်တင်းသန်မာသောလူက ရိုသေလေးစားစွာ ပြန်ဖြေသည်။

ဝီလီယံက စိတ်ထဲ၌ သက်ပြင်းချလိုက်၏။ သူက ယွမ်သန်းရှစ်ရာ အသုံးပြုခဲ့ပြီဖြစ်၏။ သူက ကယ်ဆိုလမ်အား အမေရိကန်သို့ ပြန်ခေါ်သွားရန် ကျရှုံးခဲ့လျှင် ဤအကောင်၏အဖေ၊ ဟာဘိုအုပ်စု၏အဓိကရှယ်ယာရှင်က သူ့ကို သတ်ဖြတ်ပေလိမ့်မည်။

ဘန်း…

အဝေးရှိသေနတ်သံက သူ့နားထဲထိ ရောက်ရှိလာသည်။

ဝီလီယံ၏အမူအရာက ပြောင်းလဲသွားသည်။ သူက မတပ်ဆင်ရသေးသည့်ပြတင်းပေါက်များရှိရာ နံရံသို့ ပြေးသွားပြီး သူ့အမြင်အာရုံအား အဝေးသို့ စူးစိုက်လိုက်သည်။ သူ့မျက်လုံးများက မြင်နိုင်သည့် အကွာအဝေးအတွင်းတွင် တောင့်တင်းသန်မာသောလူတစ်ဖွဲ့က လူအချို့အား လိုက်နေသည်။ အဆက်မပြတ်သေနတ်ပစ်ခတ်သံများနှင့်အတူ ထွက်ပြေးနေသောလူအချို့က မြေပြင်ပေါ်သို့ လဲကျသွား၏။ တူညီသောမြင်ကွင်းက သူတို့နောက်လိုက်နေသောလူအချို့ထံတွင် ဖြစ်ပွားခဲ့သည်။ လိုက်ဖမ်းသူနှင့်အလိုက်ခံရသူများက အပြန်အလှန်ပစ်ခတ်နေကြပြီး နှစ်ဖက်လုံးမှ အသက်များအား ရိတ်သိမ်းနေကြသည်။

“အဲဒါဝံပုလွေအိုကြီးပဲ၊ ဒါရိုက်တာ…”

အနီးနားရှိတောင့်တင်းသန်မာသောလူက ရုတ်တရက် ခေါင်းလှည့်ကာ အော်ပြောလိုက်သည်။

ဝီလီယံက တုန်လှုပ်သွားသည်။ နှစ်ဖက်စလုံးက နီးကပ်လာသောကြောင့် မျက်နှာအား ရှင်းလင်းစွာ မမြင်နိုင်သည့် တစ်စုံတစ်ယောက်အား ကိုင်ထားလျက် ဝံပုလွေအိုကြီးက ပြေးလာနေသည်ကို သူလည်း မြင်ရ၏။

“လိုက်သွားပြီး သူတို့ကို ကူညီကြရအောင်…”

ဝီလီယံက ခဏစဉ်းစားပြီးနောက် ချက်ချင်း ပြောလိုက်သည်။

ရုတ်တရက် ပုံရိပ်နှစ်ခုက အောက်ထပ်သို့ လျင်မြန်စွာ ပြေးဆင်းသွားသည်။ ထို့နောက် သူတို့က အဆောက်အဉီး၏ပထမထပ်ပေါ်တွင် ထွက်ပေါ်လာ၏။ ဝံပုလွေအိုကြီးက သူတို့မှ မီတာသုံးရာအောက်သို့ ရောက်လာသောအခါ သူတို့က ဘန်ကာအောက်တွင် အကာအကွယ်ယူလျက် သူ့ထံ လျင်မြန်စွာ ပြေးသွားကြသည်။

“ဘယ်သူလဲ”

ဝံပုလွေအိုကြီးက ကယ်ဆိုလမ်အား ပွေ့ချီရင်း အမြန်ဆုံးပြေးလွှားနေသည်၊ အနီးနားတွင် လူအချို့က ပုန်းနေသည်ကို ရုတ်တရက် သတိပြုမိလိုက်ပြီး သူက ချက်ချင်း အော်လိုက်သည်။ သို့သော် ထောင့်တွင် ပုန်းနေသောလူနှစ်ယောက်အား မြင်ပြီးနောက် သူ၏အပြုအမူအား ချက်ချင်း နောင်တရလာ၏။

သူတို့က ဘက်အတူတူပင်။

သူ့နှလုံးသားက များစွာပြေလျော့သွားသည်။ သူက ပြန်ဖြေသည်ကို မစောင့်ဘဲ အဆောက်အဉီးထဲသို့ လျင်မြန်စွာ ပြေးဝင်လိုက်၏။ သူ့ဘေးနားရှိကျန်ရှိသောကျွမ်းကျင်သူဆယ်ယောက်ကျော်ကလည်း အဆောက်အဉီးထဲသို့ ပြေးဝင်လာကာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည်။

သူတို့၏နောက်ဘက်တွင် အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်ဉီးဆောင်လာသည့်လူငါးဆယ်နီးပါးက အဆောက်အဉီးသို့ လျင်မြန်စွာ ပြေးလာသည်။ ချောင်းမြောင်းတိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့သည့်အတွက် သူတို့က အဆောက်အဉီးထဲသို့ ချက်ချင်း မဝင်ခဲ့ပေ။

ရွှမ်း…ရွှမ်း…ရွှမ်း…

ထိုလူလေးဆယ်ကျော်က ပြန့်ကျဲနေစဉ် ပုံရိပ်နှစ်ခုက ပုန်းနေသောနေရာမှ ရုတ်တရက် ထွက်ပေါ်လာသည်။ စက္ကန့်အနည်းငယ်အနည်းငယ်အတွင်း လူလေးယောက်အား အနောက်မှ ဆုပ်ကိုင်ကာ လက်တစ်ဖက်က သူတို့၏ပါးစပ်အား အုပ်လိုက်သည်၊ ထို့နောက် ဓားမြှောင်များက သူတို့၏လည်ချောင်းကို ဆုတ်ဖြဲကာ နှလုံးများအား ထိုးဖောက်သွား၏။

ထိုလူလေးယောက်၏သတ်ဖြတ်ခြင်းက ဘယ်သူကိုမှ သတိမပေးခဲ့ပေ။

အဆောက်အဉီးရှေ့တွင်။

ခေါင်းဆောင်အဖြစ်ဆောက်ရွက်နေသောလူသုံးယောက်ထဲမှ တစ်ယောက်က အလွန်အရပ်မြင့်သောအမျိုးသမီးတစ်ယောက်ဖြစ်သည်။ ရွှေကွပ်ထားသည့်မျက်မှန်အား ဝတ်ဆင်ထားသော်ငြား သန်မာသောအရှိန်အဝါတစ်ခုက သူမထံမှ ထွက်ပေါ်လာ၏။ သူမက ပြော၏ “ဂျီဇက်၊ ဆီလော့ရင်၊ ငါတို့လူတွေက တရုတ်မှာရှိတဲ့ဟာဘိုအုပ်စုရဲ့လူအင်အားကို ရှင်းရှင်းလင်းလင်း စစ်ဆေးပြီးပြီ။ အဲဒီခွေးအိုကြီးဝီလီယံကလွဲပြီး ဒီဝံပုလွေအိုကြီးက နောက်ဆုံးတစ်ယောက်ပဲ။ သူတို့က နောက်ဆုံးထိ ရုန်းကန်ရင်း ဒီနေရာထိ ပြေးလာခဲ့တယ်၊ ဒါကြောင့် ငါတို့သုံးဖွဲ့က ငါတို့ရဲ့လူတွေကို လွှတ်ပြီး သူတို့ကို ချက်ချင်းသတ်ဖြတ်ဖို့ ငါ အကြံပြုတယ်…”

ဂျီဇက်က အကျဉ်းတန်စွာ ပြုံး၏။ သူက မေးစေ့ပွတ်ကာ ပြောလိုက်သည် “ဒါက အတော်လေးခက်ခဲတယ်၊ ဒါပေမယ့် ငါတို့က ဝီလီယံကို ဒီနေရာထိ ပြေးဖို့ ဖိအားပေးခဲ့တယ်၊ ဒါကြောင့် တစ်ယောက်မှ သတိမပြုမိစေဘဲ သူတို့ကို သတ်နိုင်တယ်။ အဲဒီဝံပုလွေအိုကြီးက ဒီနေရာကို ပြေးလာတာဆိုတော့ ဒီနေရာက သူတို့သတ်မှတ်ထားတဲ့ဆုံမှတ်လို့ဆိုလိုတယ်။ အချိန်ဆွဲတာကို ရပ်ပြီး သူတို့ကို တိုက်ခိုက်ကြရအောင်”

“တိုက်ကြ”

ဆီလောရင့်လည်း ပြင်းထန်စွာ အော်ပြောလိုက်သည်။

အဆောက်အဉီးထဲတွင် ဝီလီယံက ဝံပုလွေအိုကြီးခေါ်လာသည့်ကယ်ဆိုလမ်အား ကြည့်လိုက်သည်။ ဤအရူးကောင်ကယ်ဆိုလမ်ကို အသုံးပြုကာ လုံကျန်းယုအား တိုက်ခိုက်ရန် သူ၏ရွေးချယ်မှုအပေါ် နောင်တရလာသည်။ လုံမိသားစုနှင့် ပြဿနာဖြစ်ပွားခဲ့ခြင်းကြောင့်မဟုတ်လျှင် ဘယ်လိုလုပ်ပြီး ဤအရှုပ်အထွေးက ဖြစ်လာနိုင်မည်နည်း။

“ဝီလီယံ၊ ငါတို့ ဒီနေရာက ထွက်ပြေးဖို့ နည်းလမ်းတစ်ခုရှာရမယ်။ ဒုဓလီ၊ ကျုးပစ်နဲ့ ဆာဗာအုပ်စုတို့က ငါတို့ကို လိုက်ဖမ်းဖို့ သူတို့ရဲ့ကျွမ်းကျင်သူတွေကို လွှတ်ထားတယ်။ ငါတို့က ဒီနေရာမှာ နေမယ်ဆိုရင် သေဖို့ စောင့်နေတာပဲ ဖြစ်လိမ့်မယ်”ဝံပုလွေအိုကြီးက ပြော၏။

ဝီလီယံက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြန်ဖြေသည် “ဒီမတိုင်ခင်က ငါ မသေချာပေမယ့် သူတို့သုံးယောက်က ငါတို့ကို တကယ်ပဲ ဆန့်ကျင်နေတယ်ဆိုတာ ငါ သေချာတယ်။ ဒါပေမယ့် ငါ နားမလည်တာ တစ်ခုရှိတယ်။ ငါတို့ကို ရင်ဆိုင်ဖို့ သူတို့က ရုတ်တရက် ဘယ်လိုလုပ်ပြီး ပူးပေါင်းလာခဲ့တာလဲ။ ငါနဲ့သူတို့ကြားမှာ ပွတ်တိုက်မှုအချို့ရှိပေမယ့် ဒီလိုခါးသီးစရာကောင်းတဲ့အဆုံးသတ်အထိ တိုက်ခိုက်ရလောက်အောင် သူတို့ကို ပြုလုပ်ဖို့ မလုံလောက်ပါဘူး။ သူတို့က ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုနဲ့ ပူးပေါင်းမှုစာချုပ်ကို မလိုချင်တော့တာလား”

ဝံပုလွေအိုကြီး၏မျက်လုံးများက လက်သွားပြီး သူက ပြန်ဖြေ၏ “အဲဒီကုမ္ပဏီသုံးခုက ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုနဲ့ လျှို့ဝှက်သဘောတူညီမှုအချို့ရှိမယ်လို့ ငါ ထင်တယ်။ ဒါမှမဟုတ် ကြယ်တာရာမြို့လုံမိသားစုက ဒီကိစ္စမှာ ပါဝင်တာ ဖြစ်ရမယ်။ ဒါပေမယ့် အခု အများရှေ့မှာဒါမှမဟုတ်အမှောင်ထဲမှာပဲဖြစ်ဖြစ် ငါတို့က သူတို့နဲ့ ရန်သူတွေပဲ”

ဝီလီယံက ခဏလောက် ခွဲခြမ်းစိတ်ဖြာ၏။ သူက စိတ်ထဲ၌ အကူအညီမဲ့သလို ခံစားရသော်လည်း သူ့အတွက် ပိုကောင်းသောအခြားနည်းလမ်းများမရှိပေ။ ထို့ကြောင့် သူက အမိန့်ပေးလိုက်သည် “ငါတို့ ပြန်ဆုတ်မယ်လို့ သူတို့ကို အသိပေးလိုက်”

ဓာတ်လှေကားသို့ သွားရာ လမ်းတွင် ကြိုးတစ်ချောင်းအား မြေအောက်နှင့် ချိတ်ဆက်ထားသည်။ ဝီလီယံနှင့်သူ့လူများက ကြိုးကို ကိုင်လျက် လျင်မြန်စွာ ဆင်းသွား၏၊ လူဒါဇင်ကျော်က မြေအောက်ပါကင်သို့ ရောက်ရှိလာသည်။

“သွားကြစို့…ငါတို့ထွက်ပြေးမယ်လို့ အဲအကောင်တွေ မျှော်လင့်ထားမှာ မဟုတ်ဘူး။ ကြယ်တာရာမြို့နဲ့တရုတ်ကနေ ထွက်ပြေးဖို့ နည်းလမ်းတစ်ခုကို အမြန်ဆုံးရှာရမယ်။ ငါတို့တွေ အမေရိကန်ကို ပြန်ရောက်တာနဲ့ အဲဒီခွေးကောင်တွေကို နာကျင်စရာကောင်းတဲ့တန်ဖိုးပေးချေအောင် လုပ်ရမယ်”ဝီလီယံက လက်သီးဆုပ်လျက် သတ်ဖြတ်လိုစိတ်နှင့် အော်ပြောသည်။

သို့သော် သူ့အသံက ပျောက်ကွယ်သွားပြီးနောက် ပုံရိပ်တစ်ဖွဲ့က လျင်မြန်စွာ ချဉ်းကပ်လာသည်။ စက္ကန့်အနည်းငယ်အတွင်း ထိုအရိပ်ဆယ်ခုကျော်က မြေအောက်ပါကင်၏ဝင်ပေါက်၌ လျင်မြန်စွာ ထွက်ပေါ်လာ၏။

အရှေ့ဆုံးတွင် ဂျီဇက်၊ ဆီလောရင့်နှင့် သတ်ဖြတ်လိုစိတ်အရှိန်အဝါနှင့်အမျိုးသမီးအဗရယ်တို့ဖြစ်၏။ သူတို့က အထင်သေးသောမျက်လုံးများနှင့် ဝီလီယံအား စိုက်ကြည့်သည်။ ဂျီဇက်က ပထမဆုံး ရှေ့တက်လာပြီး ပြုံးကာ ပြော၏ “မင်း အဆင်ပြေရဲ့လား၊ ငါ့ရဲ့မိတ်ဟောင်းဆွေဟောင်းဝီလီယံရေ”

ဝီလီယံက မျက်မှောင်ကြုတ်လိုက်သည်၊ သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများထဲ၌ ပြည့်လျှံလာလျက် သူက အေးစက်စွာ ပြန်ပြော၏ “ဂျီဇက်၊ မင်းခွေးကောင်။ အမေရိကန်မှာ ငါ မင်းကို တကယ်သတ်ခဲ့သင့်တယ်”

ဂျီဇက်၏မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွား၏။ သူက ညာလက်မြှောက်ကာ အော်ပြော၏ “သူတို့ကို သုတ်သင်ကြ…”

“သတ်ကြ…”

ဆီလောရင့်နှင့်အဗရယ်တို့ကလည်း တုံ့ဆိုင်းမနေခဲ့ပေ။ လူတိုင်းက ဤအထိ ရောက်လာခဲ့ပြီး တိုက်ပွဲများနှင့် ရင်ဆိုင်ချိန်တွင် သူတို့အားလုံးက ဆုံးဖြတ်ချက်ပြတ်သားသောသူများဖြစ်သည်။ သူတို့က ဝီလီယံနှင့်သူ့လူများထံ ချက်ချင်းပြေးဝင်တိုက်ခိုက်ကြ၏။

ဤအနေအထားတွင် သေနတ်များက အသုံးမဝင်ပေ၊ ထို့ကြောင့် လူတိုင်းက သူတို့၏လက်နက်အသီးသီးထုတ်ယူကာ တိုက်ပွဲဝင်ကြ၏။ ဝီလီယံက ချက်ချင်း ထွက်ပြေးချင်သော်လည်း သူ့အား ဂျီဇက်တို့သုံးယောက်က အဆက်မပြတ် အနှောင့်အယှက်ပေးကြသည်။ ကယ်ဆိုလမ်ကို ချထားပြီးနောက် သူ့အား ဘေးမှ ကာကွယ်ပေးနေသော ဝံပုလွေအိုကြီးကြောင့်မဟုတ်လျှင် သူက ထိုလူများ၏ပထမဆုံးတိုက်ခိုက်မှုအတွင်း သေသွားခဲ့ချေပြီ။

မြင်ကွင်းမှ ဆယ်မီတာကျော်ခန့်ရှိ ဖုံးကွယ်ထားသောထောင့်တစ်ခုတွင် ထန်အန်းက စိတ်လှုပ်ရှားသောမျက်လုံးအကြည့်များနှင့်အတူ တိုက်ပွဲအား ကြည့်ရှုနေသည်။ တစ်ချိန်တည်းတွင် သူမက video recorderတစ်ခုကို ကိုင်လျက် တိုက်ပွဲအား မှတ်တမ်းတင်ထား၏။

“သူတို့အားလုံးကို သတ်…”

ဝီလီယံက ခေါင်းမော့ကာ ရုတ်တရက် ဟိန်းလိုက်သည်။ သူ့ဝတ်စုံက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက စတင်ကျုံ့လာသည်။ အသက်ရှုချိန်အနည်းငယ်အတွင်း သူ့ပုံရိပ်အရွယ်အစားက အဆအနည်းငယ် ကြီးမားလာပြီး သူ့အရပ်က နှစ်မီတာခန့် မြင့်မားလာကာ အမွေးများက ခေါင်းမှ ခြေဖျားအထိ ရှည်ထွက်လာ၏။

“မင်းက သမန်းဝံပုလွေတစ်ယောက်လား…”

ဂျီဇက်၊ ဆီလောရင့်နှင့် အဗရယ်တို့က အလွန်အံ့အားသင့်သွားကြ၏။ သို့သော် ဝီလီယံက သမန်းဝံပုလွေတစ်ယောက်ဖြစ်သည်ကို သိပြီးနောက် ဂျီဇက်က နောင်တရလာသည်။ သူက သူ့ဓားရှည်အား လောရင့်ဆီ ဝှေ့ယမ်းလိုက်သည်၊ သူနှင့် အလွန်နီးကပ်သဖြင့် ထိုလူအား တိုက်ရိုက်ခုတ်ပိုင်းချ၏၊ ထို့နောက် သူက အဗရယ်အား နောက်သို့ ကန်ကျောက်လိုက်သည်။

ရုတ်တရက်အပြောင်းအလဲက တကယ်မမျှော်လင့်ထားပေ။ တိုက်ခိုက်နေသူအားလုံးက ရပ်တန့်ကာ ဂျီဇက်အား မယုံကြည်နိုင်သောမျက်လုံးများနှင့် ကြည့်လိုက်ကြ၏။

ဂျီဇက်က ခေါင်းမော့ကာ ဟိန်းလိုက်သည်၊ သူ့ခန္ဓာကိုယ်က စတင်ပြောင်းလဲလာ၏။ စက္ကန့်အနည်းငယ်အတွင်း သူက သမန်းဝံပုလွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲလာသည်။

အဗရယ်၏မျက်ခုံးများက ကျုံ့သွားပြီး သူမက ဒေါသတကြီး အော်ပြော၏ “ဒီသမန်းဝံပုလွေတွေအားလုံးက မဟူရာကလပ်ရဲ့လူတွေပဲ။ ဒီဟာဘိုနဲ့ဒုဓလီအုပ်စုတွေက မဟူရာကလပ်ပိုင်ဆိုင်တဲ့စက်ရုံတွေ ဖြစ်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး။ အားလုံးပဲ၊ သူတို့ကို သတ်၊ သူတို့အားလုံးကို သတ်ကြ…”

ဝီလီယံက စိတ်အားတက်သွားသည်။ သူနှင့် ရန်ငြိုးများစွာ ရှိသည့် ဂျီဇက်က သူ့ကဲ့သို့ သမန်းဝံပုလွေတစ်ယောက်၊ သူ့မျိုးနွယ်၏အဖွဲ့ဝင်တစ်ယောက်ဖြစ်လိမ့်မည်ဟု သူက ဘယ်တော့မှ မထင်ထားခဲ့ပေ။ ငရဲမှ ကောင်းကင်ဘုံသို့ ပြန်ရောက်လာသည့် ခံစားချက်ကြောင့် သူက အားပါးတရရယ်လိုက်မိ၏ “ဟားဟားဟား၊ သူတို့အားလုံးကို သတ်၊ ညီအကိုတို့။ ဒီကျူးပစ်နဲ့ဆာဗာခွေးကောင်တွေကို သတ်ကြ…””

“သတ်ကြ…”

“သေကြစမ်း…”

မြေအောက်ပါကင်တွင် ပြင်းထန်သောတိုက်ပွဲက ပြန်လည်အစပျိုးလာသည်။ ဂျီဇက်၏ဘက်ပြောင်းလဲမှုက ကျူးပစ်နှင့်ဆာဗာအုပ်စုတို့အား ပြင်းထန်သောထိုးနှက်မှုများ ဖြစ်သွားစေ၏။ ထို့ပြင် လောရင့်က အသတ်ခံလိုက်ရပြီး ကျုးပစ်မှ ကျွမ်းကျင်သူများက သူတို့၏နောက်ခံကျောရိုးဆုံးရှုံးသွားသလို ဖြစ်ကာ တဖြည်းဖြည်း အသာစီးမရဖြစ်လာ၏။

သူမ၏လူများက မြေပြင်ပေါ်သို့ လဲကျနေသည်ကို မြင်ပြီး အလင်းတန်းတစ်ခုက အဗရယ်၏နီရဲသောမျက်လုံးများထဲ၌ လက်သွား၏၊ ထို့ပြင် ကျူးပစ်အုပ်စုမှလူများက ထွက်ပြေးချင်နေပုံရ၏။ သူမက ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည် “အားလုံးပဲ၊ နားထောင်ကြ…ကျူးပစ်ဒါမှမဟုတ်ဆာဗာက ညီအကိုတွေ၊ ရန်သူကို သတ်နိုင်တဲ့ဘယ်သူ့ကိုမဆို ငါ ဆုချမယ်။ မင်းတို့သတ်လိုက်တဲ့လူတစ်ယောက်စီအတွက် ဒေါ်လာတစ်သိန်းဆုချမယ်၊ ငါတို့က သူတို့အားလုံးကို အမြတ်ဖြတ်သုတ်သင်နိုင်မယ်ဆိုရင် ဒေါ်လာဆယ်သန်းထပ်ပေးမယ်”

အမြဲတမ်းလိုလို ရက်ရောသောဆုလာဒ်များအား ကမ်းလှမ်းလိုက်သောအခါ လူများစွာက ရဲရင့်သောတိုက်ပွဲဝင်သူများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ချက်ချင်းလျှင်ပင် ကျူးပစ်သို့မဟုတ်ဆာဗာအုပ်စုမှ လူတိုင်းက စတီးရွိုက်ထိုးသွင်းခံလိုက်ရသည့်ပမာ ဖြစ်လာသည်။ သူတို့၏တိုက်ခိုက်ရေးစွမ်းအားက နှစ်ဆဖြစ်လာ၏။ အချို့က ရန်သူထံ တစ်ဟုန်ထိုးတိုက်ခိုက်ရင်း အော်ဟစ်ကြွေးနေကြသည်။

All Chapters