← Chapters

ယာယီနိဂုံး

Vol. 87 Ch. 1202

ယာယီနိဂုံး

Vol. 87 Ch. 1202

နှစ်ဖက်စလုံးက ဆုံးရှုံးမှုကြီးမားနေသည်။ သို့သော် အဗရယ်ထံမှ ဆုလာဘ်လှုံ့ဆော်မှုရှိသော်ငြား ကျူးပစ်နှင့်ဆာဗာအုပ်စု၏အဖွဲ့ဝင်များက တဖြည်းဖြည်းအားနည်းသောအနေအထားတစ်ခုသို့ ရောက်ရှိလာသည်။ ဤအနေအထားအား ရှင်းလင်းစွာ သတိပြုမိပြီးနောက် အဗရယ်က ပြန်ဆုတ်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သို့သော် ဝီလီယံနှင့်ဂျီဇက်တို့က အခွင့်အရေးအား လက်လွှတ်မခံဘဲ အဗရယ်တို့နောက်သို့ လိုက်ပါသွား၏။

သူ့ရင်ဘက်အား ထိုးဖောက်လာသော ဓားထိပ်ဖျားအား ကြည့်ရင်း ဒဏ်ရာအပြင်းအထန်ရထားသောဝံပုလွေအိုကြီး၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားသည်။ သူက လည်ပင်းလှည့်ရုံသာ တတ်နိုင်ခဲ့ပြီး ကြေးမျက်နှာဖုံးဝတ်ဆန်းကြယ်သောအမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရ၏။

“ဒီလောက်ဆို လုံလောက်ပြီ”

အပြုံးတစ်ခုက ထန်အန်း၏ပါးစပ်ထောင့်၌ ထွက်ပေါ်လာသည်။ ထို့နောက် သူမပုံရိပ်က ပျောက်ကွယ်သွား၏။ ထိုကျွမ်းကျင်သူများ၏တိုက်ပွဲအား ဆက်စောင့်မကြည့်တော့ဘဲ သူမက လျင်မြန်စွာ ထွက်ခွာလာ၏။

တောင်ဘက်ဂိတ်မြို့သို့ ရောက်လာပြီး စံအိမ်၏ခြံဝင်းအပြင်ဘက်၌ ထွက်ပေါ်လာသောအခါ ထန်အန်း၏ကြေးမျက်နှာဖုံးတပ်မျက်နှာက အနည်းငယ် အနှောင့်အယှက်ဖြစ်သွားသည်။ ဤနေရာတွင် အစီအရင်တစ်ခုအား သူမ၏ဆရာအဘိုးက ဘာကြောင့် ခင်းကျင်းခဲ့မှန်း သူမက နားမလည်နိုင်ပေ။

“ခန်းရှ”

တံခါးသို့ ရောက်လာသောအခါ ဆိုဖာပေါ်တွင် အတွေးနက်လျက် ထိုင်နေသော ခန်းရှအား မြင်လိုက်ရသည်။ ထို့နောက် သူမက စိတ်မဝင်စားစွာ မေး၏ “ဆရာအဘိုးက အပေါ်ထပ်မှာလား”

ခန်းရှက စိတ်ထဲ၌ ရယ်လိုက်သည်။ ဤနေရာတွင် ထန်ရှုက အစီအရင်တစ်ခု ခင်းကျင်းပြီးကတည်းက ထန်အန်းက စံအိမ်ထဲသို့ တိတ်တဆိတ်မဝင်နိုင်တော့ပေ။ ထန်အန်း၏မျက်လုံးများထဲရှိ ဒေါသကို မြင်ပြီးနောက် သူမက အနည်းငယ်ပြုံးကာ ပြော၏ “သူက စာကြည့်ခန်းထဲမှာ စောင့်နေတယ်”

“ဟမ့်…”

ထန်အန်းက ညင်သာစွာ နှာခေါင်းရှုံ့လျက် လှေကားသို့ ပြန်လှည့်သွား၏။

စာကြည့်ခန်းထဲတွင်။

ဝင်လာသောထန်အန်းအား ကြည့်ကာ ထန်ရှုက ဆိုဖာပေါ်မှ ချက်ချင်း ထရပ်၏ “မင်း အားလုံး မှတ်တမ်းတင်ခဲ့လား”

ထန်အန်းက သူ့အား ကင်မရာပေးကာ ပြန်ဖြေသည် “ရိုက်ခဲ့တယ်၊ ဒါပေမယ့် နောက်ဆုံးလိုက်လံဖမ်းဆီးတာကိုတော့ ငါ မရိုက်ယူခဲ့ဘူး။ ဆရာအဘိုးက ဒီဗီဒီယိုကို ကြည့်သင့်တယ်။ အလွန်စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကို တွေ့မှာ သေချာတယ်”

ထန်ရှု၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူက ချက်ချင်း ဖွင့်၏။

အချိန်အတန်ကြာပြီးနောက် သူက ထူးဆန်းသောအမူအရာတစ်ခုနင့်အတူ ထန်အန်းဘက်လှည့်ကာ မေးလိုက်သည် “ဒါဆို မဟူရာကလပ်ရဲ့လူတွေက ဒုဓလီရဲ့နောက်ကွယ်မှာ ရှိတာပေါ့။ ဒါပေမယ့် ဟာဘိုအုပ်စုရဲ့နောက်ကွယ်ကလူတွေက မဟူရာကလပ်ကဆိုတာကတော့ အတော်လေးမမျှော်လင့်ထားခဲ့တာပဲ။ ကယ်ဆိုလမ်ရဲ့အဖေက အဖွဲ့ဝင်တစ်ယောက်ဖြစ်မယ်လို့ ဒါက ဆိုလိုတာပဲမလား”

“အဲဒါ ဖြစ်နိုင်တယ်”ထန်အန်းက ခေါင်းညိတ်၏ “သူ မဟုတ်ရင်တောင် သူက မဟူရာကလပ်နဲ့ နက်ရှိုင်းတဲ့ဆက်နွယ်မှုတစ်ခုရှိရမယ်”

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြော၏ “ငါ မင်းကို နောက်ထပ်အလုပ်တစ်ခုပေးမယ်၊ အန်း။ ဒီဗီဒီယိုကို ချက်ချင်း ဖြန့်လိုက်ပါ။ ကြယ်တာရာမြို့ကိုလာတဲ့အဖွဲ့အစည်းတိုင်းက ဒီဗီဒီယိုကို ရဖို့ သေချာပါစေ၊ ဒါပေမယ့် အဲဒါကို လျှို့ဝှက်ပဲ လုပ်ရမယ်။ ပြီးတော့ ဒီဗီဒီယိုကို အမေရိကန်က ကုမ္ပဏီလေးခုရဲ့ဌာနချုပ်တွေဆီ ပို့လိုက်ပါ”

ထန်အန်းက ခေါင်းညိတ်ကာ တုံ့ပြန်သည် “ကမ္ဘာ့ထိပ်တန်းအဖွဲ့သုံးခုထဲကနှစ်ခုက ပါဝင်နေတယ်။ ဒီကိစ္စက သူတို့ဆီကို မီးလျှံလောင်စာတွေ ထည့်သွင်းလိုက်နိုင်ဖို့ များတယ်။ ပြီးတော့ ငါ့ကို လုပ်ဆောင်ခိုင်းချင်တဲ့အခြားတစ်ခုခုရှိသေးလား၊ ဆရာအဘိုး”

ထန်ရှုက မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြောသည် “ဂျပန်က ကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းဖို့ မိုအားဝူရဲ့အဖွဲ့ကို ဆက်သွယ်ပါ၊ ပြီးရင် အမေရိကန်ကို သွားပြီး ခိုအောင်းနေပါ။ မဟူရာကလပ်နဲ့ပိရမစ်ကြား ဒီတိုက်ပွဲငယ်က နှစ်လအတွင်း အဆုံးသတ်မယ်လို့ ငါ ထင်တယ်၊ ဒါကြောင့် သူတို့ရဲ့ကတောက်ကဆပြီးဆုံးသွားတာနဲ့ ကျင်းရှီက ဂျပန်ကို ချက်ချင်းလာပြီး ထိုနေရာမှာ ငါတို့ရဲ့သတင်းအချက်အလက်ကွန်ရက်အတွက် အုတ်မြစ်ကို စတင်တည်ဆောက်ရမယ်”

“သိပါပြီ”ထန်အန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆို ထွက်သွားလို့ရပြီ”

ထန်ရှုက လက်ဝှေ့ယမ်းကာ သူမထွက်သွားသည်ကို ကြည့်နေလိုက်၏။ အမေရိကန်ရှိ ထိုကုမ္ပဏီများကြား ဝရုန်းသုန်းကားအခြေအနေနှင့် စူပါဂိုဏ်းနှစ်ခုကြား တိုက်ပွဲကြောင့် ကမ္ဘာက သေချာပေါက် ရှုပ်ထွေးလာလိမ့်မည်။ ထန်ဂိုဏ်းအတွက် အကျိုးအမြတ်များရိတ်သိမ်းရန် အခွင့်အရေးတစ်ခု ထောက်ပံ့ပေးသည်ဟုလည်း ဆိုလိုသည်။

ဒီမတိုင်ခင်တုန်းက ဂိုဏ်း၏အခြေခံအုတ်မြစ်က တကယ်အားနည်းလွန်းသည်၊ ထို့ကြောင့် သူက အဓိကလှုပ်ရှားမှုတစ်ခုမှ မလုပ်ခဲ့ပေ။ သူက ထန်ဂိုဏ်းနှင့်နဂါးကိုးကောင်ကျွန်းရေပိုင်နက်သို့ ရောက်လာသည့် တိုင်းပြည်အမျိုးမျိုးမှ ကျင့်ကြံခြင်းအဖွဲ့များကြား ပဋိပက္ခအား ရှောင်တိမ်းရန် နည်းလမ်းများကိုပင် ရှာဖွေခဲ့၏။ သို့သော် ယခုတွင် သူ့ဂိုဏ်းက အားကောင်းသည်ဟု မဆိုနိုင်သော်လည်း သူတို့တွင် လုံလောက်သောငွေအရင်းမြစ်ရှိပြီဖြစ်သည်။ သူက နှစ်အနည်းငယ်ထိ စောင့်ဆိုင်းခဲ့လျှင် ကလေးစစ်တပ်၏ထူးချွန်သောကျင့်ကြံခြင်းပါရမီရှင်များ ထွက်ပေါ်လာချိန်၌ ဂိုဏ်း၏ခွန်အားက အများကြီးတိုးတက်လာမည်ကို သူက မျှော်လင့်ထားနိုင်သည်။

ရုတ်တရက် သူက တစ်ခုအမှတ်ရလိုက်သည်။ ဘန်းရှိုတို့အဖွဲ့နှင့် ပတ်သက်၍ပင်။ သူတို့က ကျင့်ကြံခြင်းပညာရပ်များ ရရှိခဲ့ပြီဖြစ်သော်လည်း သူတို့၏ကျင့်ကြံခြင်းနှင့် ပတ်သက်၍ သူက တစ်ခါမှ မမေးခဲ့ပေ။ ထို့နောက် သူက ဖုန်းထုတ်ကာ ဘန်းရှို၏နံပါတ်အား ခေါ်လိုက်သည်။

“ငါပါ၊ ဘန်းရှိုပါ”

“ငါ့ကို ညွှန်ကြားချင်တာ တစ်ခုခုများရှိလား၊ သူဌေး”ဘန်းရှို၏အသံက ဖုန်းမှ ထွက်လာသည်။

“မင်းတို့အခုဘယ်မှာလဲ။ မင်းတို့ရဲ့ကျင့်ကြံခြင်းအခြေအနေ ဘယ်လိုလဲ”ထန်ရှုက မေးလိုက်သည်။

ဘန်းရှို၏ခြောက်ကပ်ကပ်အသံက ပြန်ဖြေ၏ “ငါတို့တွေ ချီစီးကြောင်းကို အာရုံမခံနိုင်သေးဘူး၊ သူဌေး။ ဒါပေမယ့် ငါတို့က အရှုံးမပေးဘဲ နေ့တိုင်း ကြိုးစားနေပါတယ်။ တစ်နေ့ကို အနည်းဆုံးနှစ်နာရီ ငါတို့တွေ လေ့ကျင့်နေကြပါတယ်။ အာ၊ ဒါနဲ့ ဟုတ်တယ်။ ငါတို့က အခု ကျင်းမန်ကျွန်းမှာ ရှိတယ်”

“ဒါနဲ့ လမ်းဘေးကလေးတွေမွေးစားတာကို ရပ်တန့်ထားဖို့ မင်းတို့ကို အမိန့်ပေးထားတာ အချိန်အတော်ကြာပြီးမလား။ အခုက မင်းတို့ရဲ့စစ်ဆင်ရေးကို ပြန်စတင်ဖို့အချိန်ပဲ”ထန်ရှုက မေးလိုက်သည်။

“ဒါ အရမ်းကောင်းတယ်…”

ဘန်းရှိုက ကျေနပ်အံ့အားသင့်လျက် ပြန်ဖြေသည် “ငါတို့က ဒီအချိန်တွေမှာ အလဟဿမနေခဲ့ပါဘူး။ ငါတို့ရဲ့အချိန်တွေအားလုံးကို ကျင့်ကြံခြင်းမှာပဲ အသုံးချနေခဲ့တာ မဟုတ်ဘူး။ ငါတို့မှာ စုစုပေါင်းလေးဖွဲ့ရှိပြီးကတည်းက တိုင်းပြည်တစ်ဝှမ်းကို မကြာခဏ လှုပ်ရှားသွားလာခဲ့တယ်။ ပြီးတော့ အရည်အချင်းရှိတဲ့ကလေးတစ်ရာကျော်ကို ငါတို့တွေ တွေ့ထားတယ်၊ ဒါပေမယ့် သူဌေးက ငါတို့ကို မွေးစားဖို့ ရပ်ထားခိုင်းတာကြောင့် သူတို့ကို တိတ်တဆိတ်စောင့်ကြည့်ဖို့ ငါ တစ်ယောက်ယောက်ကို တာဝန်ပေးထားတယ်”

“ကောင်းကောင်းလုပ်နေတာပဲ”ထန်ရှုက ပြောသည် “ငါ မင်းကို လုပ်စေချင်တာ နောက်တစ်ခုရှိတယ်။ အဲဒီလေးဖွဲ့ထဲမှာ အနည်းဆုံးလူတစ်ယောက်ကို ငါ လိုအပ်တယ်၊ အဲဒီလူက ဘာသာစကားအမျိုးမျိုးကို ကျွမ်းကျင်ရမယ်၊ နိုင်ငံခြားတိုင်းပြည်အချို့နဲ့လဲ ရင်းနှီးကျွမ်းဝင်ရမယ်”

“မင်းက ငါတို့ကို နိုင်ငံခြားမှာပါ လမ်းဘေးကလေးတွေကို ရှာစေချင်တာလား”ဘန်ရှိုက အံ့အားသင့်သွားသည်။

“ဟုတ်တယ်။ ဒါပေမယ့် ဒါပေမယ့် စစ်ဆင်ရေးကို အာရှကနေပဲ အရင်ဆုံးစတင်ပါ။ တိုင်းပြည်တစ်ခုမှာ ကလေးအများကြီး စုဆောင်းဖို့ မလိုဘူး၊ တစ်ထောင်လောက်ဆို လုံလောက်ပြီ”

“ငါ လူတိုင်းကို ချက်ချင်း ဆင့်ခေါ်လိုက်ပါမယ်၊ သူဌေး”ဘန်ရှိုက စိတ်လှုပ်ရှားစွာ ပြော၏။

“ကြယ်တာရာမြို့ကို နှစ်ရက်အတွင်း ရောက်အောင်လာဖို့ သူတို့ကို ပြော”ထန်ရှုက ပြော၏ “ငါ သူတို့ကို ဒီနေရာမှာ စောင့်နေမယ်”

ဖုန်းချပြီး သူက စာကြည့်ခန်းမှ ထွက်သွားမည့်ဆဲဆဲတွင် တံခါးခေါက်သံကို ကြားလိုက်ရပြီး ဟောင်လဲ့၏အသံက အပြင်မှ ထွက်လာ၏ “ဟော်လဲ့က ဒီနေရာကို တင်ပြဖို့ ရောက်လာပါပြီ၊ ဂိုဏ်းချုပ်”

“ဝင်လာပါ…”ထန်ရှုက ပြန်ပြောသည်။

တံခါးပွင့်သွားပြီး ဟောင်လဲ့နှင့်ခန်းရှတို့က အခန်းထဲသို့ ဝင်လာသည်။ လက်ရှိဟောင်လဲ့ထံမှ အလယ်ဆင့်ရွှေအမြုအတေအဆင့်အရှိန်အဝါက ခပ်ဖျော့ဖျော့ထွက်ပေါ်နေလေ၏။

“မဆိုးဘူးပဲ”

ထန်ရှုက သူမအား ခေါင်းညိတ်ပြပြီးနောက် သူ့လက်စွပ်မှ နောက်ထပ်သိုလှောင်လက်စွပ်တစ်ကွင်းအား ယူထုတ်၏။ ထို့နောက် သူက ဟောင်လဲ့ထံ ကမ်းပေး၏ “ဒါတွေက လေလံတင်ရမယ့်ပစ္စည်းတွေပဲ။ လက်စွပ်ကို ပိုင်ဆိုင်ဖို့အတွက် မင်းရဲ့သွေးစက်ကို အရင်ချလိုက်ပါ၊ ပြီးရင် သူတို့ကို တစ်ချက်ကြည့်လိုက်”

ဟောင်လဲ့က ခေါင်းညိတ်ကာ လက်စွပ်အား ယူသည်။ ထန်ရှုညွှန်ကြားသည့်အတိုင်း သွေးစက်ချပြီး မကြာခင်တွင် သူမ၏လှပသောမျက်နှာက မယုံကြည်နိုင်သောမျက်လုံးများနှင့် ပြည့်နှက်သွားတော့၏။

သူမက တကယ်ထိတ်လန့်သွား၏။

ထန်ရှုက ဒီလောက်များသောရတနာအား ထောက်ပံ့ပေးနိုင်မည်ဟု သူမ မထင်ထားပေ။ ကျောက်မျက်ရတနာများကို အသာထား၊ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုရှေးဟောင်းပစ္စည်းရာချီက အတော်လေးတန်ဖိုးရှိသောရတနာများဖြစ်သည်ကို သူမက ပြောနိုင်သည်။

“ဒီပစ္စည်းတွေအားလုံးကို လေလံတစ်ပွဲထဲမှာပဲ ရောင်းချပါ”ထန်ရှုက ပြော၏ “ပြီးတော့ ငါ မင်းကို လေလံအိမ်တစ်ခုတည်ဆောက်စေချင်တယ်၊ အဲဒါအတွက် ရှန်းဟိုင်က အကောင်းဆုံးနေရာဖြစ်မယ်လို့ ငါ ထင်တယ်။ အရင်က ငါ မင်းကို ကြော်ငြာရန်ပုံငွေအတွက် ယွမ်တစ်ဘီလီယံပေးခဲ့တယ်၊ ဒီလေလံအိမ်ကို တည်ဆောက်ဖို့ ငါ မင်းကို နောက်ထပ်ယွမ်ငါးဘီလီယံပေးမယ်”

ဟောင်လဲ့က ခဏစဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြန်ပြော၏ “လေလံအိမ်တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် ငါတို့အပြည့်အဝပိုင်ဆိုင်တဲ့သီးသန့်အဆောက်အဉီးတစ်ခု ရှိရမယ်။ အခြားလိုအပ်တာတွေက လေလံပစ်သူတွေနဲ့ ဝန်ထမ်းတွေ၊ ပြီးတော့ လုံခြုံရေးတွေရောပဲ”

“ဒီကိစ္စတွေကို ငါ ဂရုမစိုက်အားဘူး၊ ဒါကြောင့် သူတို့ကို စီမံခန့်ခွဲဖို ငါ မင်းကို လုပ်ပိုင်ခွင့်အပြည့်ပေးမယ်”ထန်ရှုက ပြောသည် “ပြီးတော့ မင်းကို ကူညီပေးဖို့ ဂိုဏ်းမှ ကျွမ်းကျင်သူတစ်အုပ်ကို လွှတ်ပေးဖို့ ငါ ရှောင်ရွှယ်ကို ဆက်သွယ်လိုက်မယ်”

ဟောင်လဲ့က ခဏတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည် “ဒါဆို ငါ အကောင်းဆုံးလုပ်ပါ့မယ်”

****

မှောင်ရီပျိုးစအချိန်ရောက်လာပြီး လေအေးများက ကြယ်တာရာမြို့၏ထောင့်တိုင်းသို့ စတင်တိုက်ခတ်နေလျက် ဗီဒီယိုများက အဖွဲ့ရာကျော်၏လက်ထဲသို့ ရောက်ရှိလာသည်။ သို့သော ဆယ်မိနစ်ကြာဗီဒီယိုက ကြီးမားစွာ ဂယက်ရိုက်လာပြီး ထိုအဖွဲ့များက အင်တာနက်မှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းသို့ ဗီဒီယိုများ ပို့လိုက်၏။

ပေကျင်း၊ အထူးစွမ်းရည်ဗျူရို၏ဌာနချုပ်။

ဟိမဝန္တာတောင်တန်းထဲရှိ နတ်ဆိုးသားရဲများနှင့် ပတ်သက်၍ သွမ်မုလင်က ကျူးလုံနှင့် စကားပြောနေသည်၊ ပိန်ပါးသောလူငယ်တစ်ယောက်က အခန်းထဲသို့ လျင်မြန်စွာ ဝင်လာပြီး tablet PCတစ်လုံးပေးကာ တင်ပြလိုက်သည် “ခေါင်းဆောင်၊ ကြယ်တာရာမြို့မှာ ဂယက်ထနေတဲ့ဗီဒီယိုကို ငါတို့ ရထားတယ်”

ကြယ်တာရာမြို့လား။

သွမ်မုလင်က မျက်မှောင်ကြုတ်လိုက်ပြီး တက်ဘလက်ကို ယူပြီးနောက် မေး၏ “ထန်ရှုက ဘယ်မှာလဲ”

“သူက ကြယ်တာရာမြို့မှာပါ”လူငယ်က ပြန်ဖြေသည်။

သွမ်မုလင်က ခေါင်းခါယမ်းလျက် ရှုံ့မဲ့ပြုံးလိုက်သည် “ဒီကောင်လေးက အရှုပ်အထွေးတွေ လုပ်ရာမှာ တကယ်ကို ပါရမီရှိတာပဲ။ သူ သွားတဲ့နေရာတိုင်းမှာ အမြဲတမ်း အဖြစ်အပျက်ကြီးတွေ ဖြစ်လေ့ရှိတယ်။ မကြာသေးခင်က ဂျပန်ရဲ့ဝရုန်းသုန်းကားအခြေအနေပေါ့၊ အဲနေရာကို သူ သွားပြီးနောက် အဲလို ဖြစ်လာတာပဲ။ ဒီတစ်ခုလဲ သူ့ရဲ့စနက်တွေထဲကတစ်ခုလို့ ငါ သံသယ်ရှိတယ်။ အလား…ဗီဒီယိုကို အရင်ကြည့်ကြတာပေါ့လေ။ ဒီကောင်လေးက အလွန်အကျူးရှုပ်ပွအောင် မလုပ်ပါစေနဲ့လို့ ငါ မျှော်လင့်တယ်”

“ဒါပေမယ့် ခေါင်းဆောင်၊ သူက ဒီဖြစ်ရပ်နဲ့ ဆက်စပ်နေမယ်ဆိုတာ သေချာပေမယ့် ဗီဒီယိုရဲ့အကြောင်းအရာက မစ္စတာထန် လုပ်ခဲ့တာ ဘာတစ်ခုမှမပါဘူး”လူငယ်က ပြော၏ “အတိအကျပြောရရင် ဒါက သူ့ကုမ္ပဏီဖြစ်တဲ့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့ ခွဲခြားလို့မရဘူး”

All Chapters