ဟန်ဆောင်ခြင်း
Vol. 87 Ch. 1203
ဗီဒီယိုကို ကြည့်ရှုပြီးနောက် ထူးဆန်းသောအမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏ “ဒီဗီဒီယိုထဲမှာ အဖွဲ့လေးဖွဲ့ပါဝင်နေတာပဲ။ သူတို့က ဘယ်အဖွဲ့တွေကလဲဆိုတာ ငါ သိဖို့ လိုအပ်တယ်”
လူငယ်က သူ့လက်ထဲရှိ စာရွက်စာတမ်းများအား ကမ်းပေးကာ ပြော၏ “သူတို့က ကမ္ဘာထိပ်တန်းကုမ္ပဏီငါးဆယ်ထဲမှာပါတဲ့အမေရိကန်ကုမ္ပဏီတွေပဲ။ ကမ္ဘာတစ်ဝှမ်းက တိုင်းပြည်အမျိုးမျိုးမှာ သူတို့ရဲ့ထုတ်ကုန်တွေကို ဖြန့်ဝေသူနေရာအတွက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုလုပ်မယ်လို့ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ကြေညာချက်ကို ခေါင်းဆောင်လဲ သိပါတယ်၊ ဒါကြောင့် တိုင်းပြည်အမျိုးမျိုးမှ ကုမ္ပဏီတွေရဲ့ကိုယ်စားလှယ်တွေက ကြယ်တာရာမြို့ကို ရောက်လာကြတာ။ ဗီဒီယိုထဲက တိုက်ပွဲထဲမှာ ပါဝင်တဲ့ အဖွဲ့လေးခုလုံးက အမေရိကန်ကုမ္ပဏီလေးခုပဲ။ ပြီးတော့ ကျုပ်တို့က သူတို့ကို စုံစမ်းစစ်ဆေးပြီးပြီ၊ ဒုဓလီနဲ့ဟာဘိုအုပ်စုတို့ရဲ့နောက်ကွယ်ကအဖွဲ့က မဟူရာကလပ်ပဲ”
စာရွက်စာတမ်းများကို ဖတ်ပြီးနောက် သွမ်မုလင်၏အမူအရာက တင်းမာသွားသည်။ ထန်ရှုက ဘာရောင်းနေသည်ကို သူ မသိသလို ဤဗီဒီယိုရဲ့ရင်းမြစ်ကိုလဲ သူ မသိပေ။
“ငါတို့ ကြယ်တာရာမြို့ကို သွားကြမယ်”
****
မှောင်ရီပျိုးစအချိန်ဖြစ်သည်၊ ထန်ရှုက ခန်းရှနှင့်အတူ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ဌာနချုပ်သို့ ရောက်ရှိလာသည်၊ ကုမ္ပဏီ၏စည်းဝေးခန်းမထဲတွင် မီဒီယာဆယ်ခုကျော်က သူ့အား အသင့်စောင့်နေသည်။
“မီဒီယာက မိတ်ဆွေတွေအားလုံးကို ကြိုဆိုပါတယ်”
ယခုက မီဒီယာအရှေ့သို့ ထွက်ပေါ်လာသည့် သူ၏ပထမဆုံးအကြိမ်ဖြစ်၏။ သူ့အား ချိန်ထားသော ကင်မရာများအား တည့်တည့်ကြည့်ရင်း နက်ရှိုင်းသောအသံနှင့် သူက စပြော၏ “ကျုပ်က ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်ထန်ရှုပဲ၊ ကိစ္စရပ်တစ်ခုကို ထုတ်ပြန်ဖို့ ကျုပ်က ဒီသတင်းရှင်းလင်းပွဲကို ပြုလုပ်ရတာပါ။ ကျူးပစ်၊ ဒုဓလီနဲ့ ဆာဗာကုမ္ပဏီသုံးခုက ကြယ်တာရာမြို့မှာ တိုက်ခိုက်ပြီး ကျုပ်ကုမ္ပဏီရဲ့ယခင်ထုတ်ပြန်ချက်တွေကို ချိုးဖောက်ခဲ့တယ်၊ ဒါကြောင့် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ဒီကုမ္ပဏီသုံးခုနဲ့ အလုပ်မလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်”
“မစ္စတာထန်၊ ဒီကုမ္ပဏီသုံးခုက ဘယ်လိုတိုက်ခိုက်ခဲ့သလဲဆိုတာ မင်း ငါတို့ကို ပြောပြနိုင်မလား။ ဘာလို့ ငါတို့က အဲဒါနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရတာလဲ”
“အသေးစိတ်နဲ့ ပတ်သက်ပြီး ရှင်းလင်းဖို့က ကျုုပ်နေရာမဟုတ်ဘူး”ထန်ရှုက ပြောသည် “ဒါပေမယ့် ကျုပ် ပြောနိုင်တာကတော့ ဒီကုမ္ပဏီသုံးခုက ဟာဘိုအုပ်စုနဲ့ တိုက်ခိုက်ခဲ့ပြီး သတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တယ်။ နောက်ကျရင် ပြည်သူ့လုံခြုံရေးဌာနတစ်ခုက ပါဝင်လာလိမ့်မယ်လို့ ကျုပ် ထင်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက အမြဲတမ်း တရားဉပဒေကို လိုက်နာတဲ့ကုမ္ပဏီတစ်ခုပဲ၊ ဒါကြောင့် ကျုပ်တို့က ဒီကုမ္ပဏီသုံးခုနဲ့ ဘယ်တော့မှ မပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီ”
များမကြာမီ သူက သတင်းရှင်းလင်းပွဲပြီးဆုံးကြောင်း တိုက်ရိုက်ကြေညာလိုက်သည်၊ ထို့နောက် သူက မန်နေဂျာရုံးခန်းအပေါ်ထပ်သို့ တိုက်ရိုက်ထွက်ခွာလာပြီး ကျန်ကိစ္စများအား ခန်းရှနှင့် ချန်ထားခဲ့၏။
ကရင်း…ကရင်း…ကရင်း…
စီးကရက်မီးညှိနေရင်း သူ့ဖုန်းက မြည်လာပြီး သူက နှစ်ဖွာရှိုက်လိုက်သည်။
“အခြေအနေဘယ်လိုလဲ”
“အဖွဲ့လေးဖွဲ့ကြားတိုက်ပွဲက အဆုံးသတ်သွားပြီ၊ ဂိုဏ်းချုပ်။ ဒဏ်ရာအပြင်းအထန်ရထားတဲ့ဝီလီယံကလွဲပြီး ဟာလိုအုပ်စုကလူတွေအားလုံး သေသွားပြီ၊ ဒုဓလီလဲ ဆုံးရှုံးမှုကြီးမားတယ်။ ဒါပေမယ့် သူတို့က ကျူးပစ်နဲ့ဆာဗာအုပ်စုကို အောင်မြင်စွာ သုတ်သင်နိုင်ခဲ့တယ်။ ကျုပ်တို့ရဲ့ထောက်လှမ်းရေးတွေက ဂျီဇက်နဲ့ဝီလီယံတို့ကို အနီးကပ်စောင့်ကြည့်နေတယ်၊ သူတို့က ခမ်းနားသောထန်စီးပွားရးလုပ်ငန်းစုရှိရာကို ဉီးတည်လာနေပုံပဲ”ကျင်းရှီက တင်ပြသည်။
“သူတို့က ဒီနေရာကို ချီးကျူးမှုကို လက်ခံဖို့ လာတာ ဖြစ်ရမယ်၊ ဒါပေမယ့် ဆိုးရွားပြင်းထန်တဲ့ဖိအားတစ်ခုက သူတို့ကို စောင့်နေတယ်ဆိုတာ သူတို့ မျှော်လင့်ထားမှာ မဟုတ်ဘူး” ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ဒါနဲ့ ကျင်းရှီ၊ ကျွမ်းကျင်တဲ့လူအချို့ကို ရွေးပြီး အမေရိကန်လွှတ်လိုက်။ သူတို့ရဲ့တာဝန်က အဲနေရာမှာ ခိုအောင်းပြီး အဲဒီကုမ္ပဏီလေးခုရဲ့နောက်ထပ်လှုပ်ရှားမှုတွေကို ဖော်ထုတ်ရမယ်။ ထပ်ပြောရရင် ဂျပန်မှာ ကိစ္စတွေ ဖြေရှင်းပြီးတာနဲ့ သတင်းအချက်ကွန်ရက်စတင်ဖို့အတွက် အမေရိကန်ကို သွားဖို့ မိုအားဝူတို့အဖွဲ့ကို ငါ အမိန့်ပေးပြီးပြီ။ နောက်ဆုံးအနေနဲ့ တရုတ်ပြည်ရဲ့သတင်းအချက်အလက်ကွန်ရက်တွေအားလုံးကို ပြီးစီးအောင်လုပ်ဖို့ ငါ မင်းကို အချိန်နှစ်လပေးမယ်၊ ပြီးရင် မင်း အမေရိကန်ကို ထွက်ခွာရမယ်”
“နားလည်ပါပြီ”ကျင်းရှီက ရိုသေလေးစားစွာ ပြန်ဖြေသည်။
ကြယ်တာရာမြို့နှင့်မြို့ဟောင်းလမ်းဆုံတွင် ကားနှစ်စီးက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရှိရာသို့ အရှိန်တင်ကာ မောင်းလာသည်။ လူသားပုံစံသို့ ပြန်ပြောင်းထားသော ဂျီဇက်က ဘေးနားရှိ ဒဏ်ရာအပြင်းအထန်ရထားသောဝီလီယံအား ကြည့်လိုက်သည်။
သူက ဌာနချုပ်အား ဖုန်းခေါ်ပြီး ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်အား တင်ပြခဲ့ရာ ကျိန်ဆဲမှုများကိုသာ ရရှိခဲ့သည်။ အကြောင်းပြချက်က ရိုးရှင်းသည်- အချင်းချင်းတိုက်ခိုက်ခြင်းပင်။
ဟာဘိုအုပ်စုက သူတို့နှင့် တစ်ဖက်တည်းဖြစ်သည်ကို ဘယ်တော့မှ မသိခဲ့သောကြောင့် သူက မမှားသလို ခံစားမိသည်။ ကုမ္ပဏီနှစ်ခုကြား ပွတ်တိုက်မှုများက အစကတည်းက တည်ရှိသည်ကိုပင် ဖော်ပြစရာမလိုပေ။ သို့သော် သူ၏အထက်လူကြီးက သူပြောသမျှအားလုံးအား လစ်လျူရှုကာ ကျိန်ဆဲပြီးနောက် သေမိန့်တစ်ခုပေးခဲ့သည်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနှင့် ဖြန့်ဝေရေးမူပိုင်ခွင့်အား ရရှိအောင် လုပ်ခဲ့ရမည်ဟု သူ့အား အမိန့်ပေးခဲ့၏။
ဒါ ပြုလုပ်နိုင်သင့်တယ်…ပြဿနာတစ်ခုတော့ မရှိဘူးမလား။
အစောပိုင်းက ထန်ရှုနှင့် လျှို့ဝှက်ပြောဆိုခဲ့သည်ကို သတိရကာ ဂျီဇက်က အတော်လေးစိတ်သက်သာရာရသွား၏။ ဤပူးပေါင်းမှုက အောင်မြင်သရွေ့ ပြန်ရောက်ပြီးနောက် သူက သူရဲကောင်းတစ်ယောက်ဖြစ်လာလိမ့်မည်။ ထိုအချိန်ကျလျှင် သူက ဆုလာဘ်တစ်ခု သေချာပေါက် ရရှိပြီး ကုမ္ပဏီ၏ဌာနချုပ်၌ အရေးပါသောပုဂ္ဂိုလ်တစ်ဉီးဖြစ်လာနိုင်ပေမည်။
ကရင်း…ကရင်း…
အိတ်ကပ်ထဲရှိ ဖုန်းမှ အချက်ပေးသံအား ကြားလိုက်ရသည်။ ဗီဒီယိုတစ်ခုပို့သည့် သူ့မိတ်ဆွေတစ်ယောက်ဖြစ်ပြီး အောက်တွင် စာအနည်းငယ် ထည့်ထားသည်၊ သူ့အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။
“မင်းက ဒဏ္ဍာရီလာသမန်းဝံပုလွေတစ်ယောက်ဖြစ်လိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး၊ ဂျီဇက်။ မင်းရဲ့ဒုဓလီကုမ္ပဏီကို မဟူရာကလပ်မှတစ်ယောက်ယောက်ပိုင်ဆိုင်ထားတာ ဖြစ်ရမယ်၊ ဟမ့်။ ငါ့ရဲ့သမီးက အဲဒီမဟူရာကလပ်ခွေးကောင်တွေလက်ထဲမှာ သေသွားခဲ့တယ်။ မင်း အမေရိကန်ကို ပြန်လာတဲ့အခါကျရင် ငါ မင်းရဲ့ခေါင်းကို ထုခွဲပစ်မယ်”
ဂျီဇက်က video attachmentအား ကမန်းကတန်း ဖွင့်လိုက်သည်၊ သူ့အမူအရာက မယုံကြည်နိုင်မှုနှင့်အတူ ပြောင်းလဲသွားတော့၏။
ဒါ…ဘာဖြစ်နေတာလဲ။ ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်က တိုက်ခိုက်မှုကို လျှို့ဝှက်မှတ်တမ်းတင်ခဲ့တာလဲ။ အဲနေရာက ချောင်ကျပြီး အလုပ်သမားတစ်ယောက်တောင် ရှိမနေဘူး။ ဒီဗီဒီယိုကို လျှို့ဝှက်ရိုက်ကူးခဲ့တဲ့သူက ဘယ်သူလဲ။
ကရင်း…ကရင်း…
နောက်ထပ်ဝင်စာတစ်ခု။
ဗီဒီယိုအသစ်ကို ကြည့်ရှုပြီးနောက် ခွန်အားက သူ့တစ်ကိုယ်လုံးမှ ထွက်ခွာသွားသလို ဂျီဇက်၏အမူအရာက ချက်ချင်း ဖြူရော်သွားသည်။ ဤစာနှစ်စောင်နှင့်ဗီဒီယိုနှစ်ခုက သူ့အား ရိုးတွင်းချင်ဆီထိတိုင် တုန်လှုပ်သွားစေသည်၊ အထူးသဖြင့် ထန်ရှု၏ထုတ်ပြန်ကြေညာချက်ဗီဒီယိုက သူ့နှလုံးသားအား လှံနှင့် ထိုးစိုက်လိုက်သလိုပင်။
ဒါ ဘယ်လိုဖြစ်တာလဲ။
ဂျီဇက်က သက်ပြင်းတစ်ချက်ရှိုကာ ထန်ရှု၏နံပါတ်အား ချက်ချင်း ခေါ်လိုက်သည်။
“မစ္စတာထန်”
“ဂျီဇက်လား”ထန်ရှုက လေးလံသောအသံနှင့် ပြန်ပြောသည် “မင်းက ငါ့ကို အရမ်းစိတ်ပျက်ဒေါသထွက်အောင် လုပ်ခဲ့တာပဲ။ မင်း လုပ်တဲ့အခါကျရင် ဂရုစိုက်သတိထားဖို့ ငါ မင်းကို ကြိုတင်သတိပေးခဲ့တယ်၊ ဒါပေမယ့် မင်းရဲ့တိုက်ခိုက်မှုကို တစ်ယောက်ယောက်က ဖမ်းယူမှတ်တမ်းတင်ခဲ့တာလား။ ဒါပေမယ့် အရေးကြီးဆုံးအရာက မင်းက အတိအကျဘယ်သူလဲ။ ဘယ်လိုလုပ်ပြီး မင်းက အနောက်ကမ္ဘာက သမန်းဝံပုလွေတစ်ကောင်လို့ ပြောင်းသွားရတာလဲ။ မင်းနဲ့ဝီလီယံက ရုပ်ရှင်တွေထဲကလို သမန်းဝံပုလွေတွေပဲ”
“ငါ…”ဂျီဇက်၏အဖြေက လည်ချောင်းတွင်သာ တစ်သွားခဲ့၏။
“ဟမ့်၊ ထားလိုက်တော့”ထန်ရှုက ထပ်မံနှာခေါင်းရှုံ့လိုက်သည် “မင်းတို့ဘာလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမယ့် မင်းလုပ်ခဲ့တာက ငါ့ရဲ့ဆန္ဒနဲ့ ဆန့်ကျင့်နေတယ်။ ကမ္ဘာတစ်ဝှမ်းက တိုင်းပြည်အမျိုးမျိုးက လူတိုင်းက အဲဒီဗီဒီယိုကို ရရှိသွားခဲ့ပြီလို့ ပြောနိုင်တယ်၊ ဒီတော့ ငါတို့ကြားပူးပေါင်းဆောင်ရွက်ဖို့က မဖြစ်နိုင်တော့ဘူးပဲ။ ဒါ့အပြင် ဘာလို့ မင်းက ကျန်တဲ့လူတွေကို သစ္စာဖောက်ပြီး ဝီလီယံနဲ့ ပူးပေါင်းခဲ့ရတာလဲ။ သူက ငါ့သူငယ်ချင်းကို ဒဏ်ရာရအောင်လုပ်တဲ့ကြိုးကိုင်သူပဲ”
“ဒါက…”
ဂျီဇက်က ပြောစရာစကားမဲ့သွားလေသည်။
“တုဏှိဘေနေရုံနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့ကို အရူးလုပ်နိုင်မယ်လို့ မင်း စဉ်းတောင် မစဉ်းစားနဲ့” ထန်ရှုက လေးလံသောအသံနှင့် ဆက်ပြော၏ “အဲဒီလျို့ဝှက်တွေ့ဆုံပြီးနောက် ငါ့ရဲ့မျှော်လင့်ချက်ကို ဖျက်ဆီးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ မင်းကို တစ်ခုမေးချင်တယ်။ မင်းက ငါ့ကို ရည်ရွယ်ချက်ရှိရှိကစားခဲ့တာလား”
“မင်းက ငါ့ကို နားလည်မှုလွဲနေတာပဲ၊ မစ္စတာထန်။ ငါက ဘယ်လိုလုပ်ပြီး မင်းကို ကစားရမှာလဲ”ဂျီဇက်က ကမန်းကတန်း ပြန်ဖြေသည် “တိုက်ခိုက်တော့မှ ဟာဘိုအုပ်စုက ငါ့ရဲ့ဒုဓလီအုပ်စုနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုရှိတယ်ဆိုတာ ငါ သိလိုက်ရတာ။ ကုမ္ပဏီနှစ်ခုရဲ့သူဌေးကြီးတွေက တူညီတဲ့အဖွဲ့တစ်ခုရဲ့အဖွဲ့ဝင်တွေလို့ ပြောလို့ရတယ်”
တူး…တူး…တူး…
ထန်ရှုက ဖုန်းတန်းချလိုက်သည်။
သူ ဘယ်လောက်ပင် ကြိုးစားပါစေ သူ့ဒုဓလီအုပ်စုနှင့်ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကြား ပူးပေါင်းမှုက မဖြစ်နိုင်တော့သည်ကို သူ သိ၏။ ထို့ပြင် မစ်ရှင်ကျရှုံးသွားသောကြောင့် ပြန်ရောက်ပြီးနောက် သူက ပြင်းပြင်းထန်ထန်အပြစ်ပေးခံရဖို့ မျှော်လင့်ထားနိုင်သည်။
မဟုတ်ဘူး…
ငါ ထန်ရှုကို သွားတွေ့ပြီး သူ့ကို ကိုယ်တိုင်ရှင်းပြရမယ်၊ ဘာပဲလုပ်ရလုပ်ရ အပေးအယူကို ငါ အောင်မြင်အောင် လုပ်ရမယ်။
များမကြာမီ သူက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရှိရာသို့ ရောက်ရှိလာသည်။ တွေ့ဆုံရန် ထန်ရှု၏လက်ခံမှုကို ရရှိပြီးနောက် သူက အပေါ်ထပ်သို့ လျင်မြန်စွာ ဉီးတည်လိုက်၏။
ထန်ရှုကို မြင်သောအခါ ဂျီဇက်က ကမန်းကတန်း ပြော၏ “ကျေးဇူးပြုပြီး ငါ ရှင်းပြတာကို နားထောင်ပေးပါ၊ မစ္စတာထန်”
ထန်ရှုက ဆိုဖာပေါ်တွင် အေးစက်သောမျက်နှာထားနှင့် ထိုင်နေသည်။ သူက အလွန်မကျေနပ်ဖြစ်သောလေသံနှင့် ပြော၏ “မင်းက ဘာကို ရှင်းပြနိုင်မှာလဲ။ မင်းပဲ ငါ့ဆီ လာပြီး အဲဒီဟာဘိုအုပ်စုက လူတွေကို ပညာပေးဖို့ လျို့ဝှက်ညှိနှိုင်းခဲ့တယ်။ ပထမတော့ ငါက လက်မခံပေမယ့် မင်းက စိတ်အားထက်သန်လွန်းတယ်။ ငါက မင်းရဲ့ဓုဒလီအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်ရှိတာကြောင့် မင်းရဲ့သဘောတူညီချက်ကို အင်တင်တင်နဲ့ လက်ခံခဲ့တယ်။ နောက်တော့ ငါ ပြန်ရတာ ဘာလဲ။ မင်းတို့နဲ့ဟာဘိုအုပ်စုက တစ်ဖက်တည်းဖြစ်နေတာပဲ။ ဒါဆို ငါ့ကို ပြော၊ အခု ငါ မင်းကို ဘယ်လို မျက်နှာချင်းဆိုင်သင့်လဲ”
ဂျီဇက်က ငိုချင်လုနီးပါးဖြစ်စွာ ခေါင်းခါယမ်းလိုက်သည် “ဒါတွေအားလုံးက ငါ့အမှားပါ၊ မစ္စတာထန်။ ဝီလီယံက ငါတို့လူတွေထဲကတစ်ယောက်ဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဟာဘိုအုပ်စုနဲ့ဒုဓလီအုပ်စုက တူညီတဲ့ဘက်က ဖြစ်နေမယ်လို့ ငါ ဘယ်တော့မှ မသိခဲ့ပါဘူး။ မဟုတ်ရင် ဒီလိုကြီးမားတဲ့တန်ဖိုးတစ်ခုကို ပေးချေရဖို့အတွက်နဲ့ မင်းရဲ့အသိအမှတ်ပြုမှုကို ရဖို့ ငါ ဘယ်လာခဲ့ပါ့မလဲ”
“ကောင်းပါပြီ။ ဒါနဲ့ ပတ်သက်ပြီး မင်း မသိဘူးဆိုမှတော့ ငါ ငြင်းခုံမနေတော့ဘူး” ထန်ရှုက ပြော၏ “ဒါပေမယ့် အဲဒီဗီဒီယိုကရော။ ဘယ်သူက ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ ရှိနိုင်မလဲ၊ သူတို့ရဲ့အစီအစဉ်က ဘာဖြစ်နိုင်မလဲ။ ငါနဲ့ငါ့ကုမ္ပဏီက ပြဿနာတစ်ခုမှ ဖြစ်ပွားတာ ခွင့်မပြုဘူးလို့ ကြေညာပြီးနောက် ဘာလို့ သူတို့က ဒါကို ထုတ်ဖော်ရတာလဲ။ ဒီအကွက်က ငါ့ကုမ္ပဏီရဲ့ဂုဏ်သတင်းကို ကျဆင်းအောင် လုပ်ဖို့ ရည်ရွယ်တာ မင်း မမြင်ဘူးလား”
ဒါ ဘယ်လိုလုပ်ပြီး အဲလောက်ထိ ပြင်းထန်နိုင်မှာလဲ။
ဂျီဇက်က စိတ်ထဲ၌ ညည်းညူကာ ထစ်ထစ်ငေါ့ငေါ့နှင့် ပြော၏“ဘယ်သူက လျှို့ဝှက်ဗီဒီယိုရိုက်ခဲ့တယ်ဆိုတာ ငါ မသိဘူး၊ မစ္စတာထန်။ ဒါပေမယ့် ငါ့ကုမ္ပဏီရဲ့ပူးပေါင်းဖို့ကမ်းလှမ်းချက်ကို မင်း မငြင်းပယ်သရွေ့ ဗီဒီယိုရိုက်ခဲ့တဲ့သူတွေကို ရှာဖွေပြီး သူတို့ကို သင်ခန်းစာတစ်ခုပေးဖို့ ငါ အာမခံတယ်”