← Chapters

တစ်စုံတစ်ယောက်၏ပြဿနာမှ အခွင့်ကောင်းရယူခြင်း

Vol. 87 Ch. 1204

တစ်စုံတစ်ယောက်၏ပြဿနာမှ အခွင့်ကောင်းရယူခြင်း

Vol. 87 Ch. 1204

ထန်ရှုက စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်သည်၊ သို့သော် မျက်နှာပေါ်တွင် ဒေါသအား သိသိသာသာပြလျက် လေးလံသောအသံနှင့် ပြန်ပြော၏ “ဗီဒီယိုရိုက်ခဲ့တဲ့လူကို ရှာဖွေနိုင်ရင် ငါ စဉ်းစားပေးမယ်၊ ဂျီဇက်။ ငါတို့ကြား သဘောတူညီချက်ကို ထုတ်ဖော်ပြီး ငါ့ကုမ္ပဏီရဲ့ဂုဏ်သတင်းကို ဖျက်ဆီးတာက ငါ လက်မခံနိုင်တဲ့အရာတစ်ခုပဲ”

ဗီဒီယိုရိုက်ခဲ့သည့်အကောင်အား ရှာတွေ့နိုင်မည်ကို သေချာသောကြောင့် ဂျီဇက်က စိတ်အားတက်ကြွသွား၏။ ဗီဒီယိုရိုက်ကူးခြင်းက သဲလွန်စအချို့ ချန်ထားမည့်အရာဖြစ်သည်၊ ထို့ပြင် သမန်းဝံပုလွေများက ယခုကဲ့သို့သောအနေအထားတစ်ခုအား ရင်ဆိုင်ရာ၌ အလွန်တော်သည်မဟုတ်လော။ သမန်းဝံပုလွေ၏မွေးရာပါသဘာဝဖြစ်သည့်အကြားအာရုံနှင့်အနံ့ခံအာရုံကို အသုံးပြုခြင်းဖြင့် မမျှော်လင့်ထားသောရလဒ်များအား ထုတ်ဖော်နိုင်မည်ဟု သူက သေချာ၏။

သေချာသည်ကတော့ သူ့လက်ထဲတွင် နောက်ထပ်ဝှက်ဖဲတစ်ခုရှိသောကြောင့် သူက ဤဆုံးဖြတ်ချက်အား ကမူးရှုးထိုးမလုပ်ခဲ့ပေ။ ထိုတစ်ခုက အမှောင်လေအဖွဲ့အစည်းထံမှ သတင်းအချက်အလက်ဝယ်ယူခြင်းပင် ဖြစ်၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ဂျီဇက်က ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုဌာနချုပ်မှ ကျေနပ်အားရစွာ ထွက်ခွာသွား၏။ ထန်ရှုက နှာခေါင်းရှုံ့လျက် သူ ထွက်ခွာသည်အား ကြည့်ရှုနေသည်ကိုပင် သူက သတိမပြုမိခဲ့ပေ။

ညဆယ်နာရီ။

ထန်ရှုက တောင်ဘက်ဂိတ်မြို့သို့ ပြန်လာသည်၊ သူ့အဖေစုလင်းယွမ်က အန်ဒီလက်ကို ကိုင်လျက် စကားပြောနေသည်ကို မြင်လိုက်ရ၏။ စံအိမ်ရှိရာသို့ လမ်းလျှောက်ရင်း သူတို့က ပစ္စည်းအပြည့်နှင့် အိတ်အချို့ သယ်လာသည်၊ သူတို့က ဈေးဝယ်ထွက်ပြီး ပြန်လာပုံရ၏၊

ဟွန်း…ဟွန်း…

ထန်ရှုက ကားဟွန်းတီးလိုက်သည်၊ အမျိုးသမီးနှစ်ယောက်အနီးတွင် ကားရပ်ပြီးနောက် ကားတံခါးဖွင့်ကာ သူက ပြုံးလျက် ပြော၏ “အမေ ပေကျင်းကို သွားတယ်လို့ ငါ ကြားတယ်။ ဘယ်အချိန်တုန်းက ပြန်လာတာလဲ”

ထန်ရှုကို မြင်ပြီး ကျေနပ်အံ့အားသင့်သောအမူအရာတစ်ခုက စုလင်းယွမ်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သူမက ပြုံးကာ ပြန်ဖြေသည် “မင်း ကြယ်တာရာမြို့ကို ပြန်လာတယ်လို့ ငါ ကြားတယ်၊ ဒါကြောင့် ငါ အမြန်ပြန်လာတာ။ ငါ ဒီမနက်မှ ရောက်တာ၊ မင်းကို ဖုန်းခေါ်မလို့။ ဒါပေမယ့် ငါ အန်ဒီနဲ့ တွေ့ပြီး မင်းက ကုမ္ပဏီကို သွားတယ်၊ မင်းက အရေးတကြီးတစ်ခုခုလုပ်စရာရှိတယ်လို့ သူမက ပြောတယ်။ ဒါကြောင့် ငါ မင်းကို ဖုန်းမခေါ်ခဲ့တာ။ ဒါနဲ့၊ ရွှယ်အာ၊ ဒီတစ်ကြိမ် မင်း ကြယ်တာရာမြို့မှာ အချိန်အကြာကြီး နေမှာမလား”

“ဟုတ်တယ်၊ ဘာတစ်ခုမှ မဖြစ်ရင် ဒီတစ်ခါ အကြာကြီး နေဖြစ်မယ်လို့ ငါ ထင်တယ်၊ အမေ”ထန်ရှုက ပြုံးကာ ပြန်ဖြေသည် “ဒါနဲ့၊ ကားထဲကို ဝင်ပါ၊ အမေနဲ့အန်ဒီ…”

“ကောင်းပါပြီ…”

စုလင်းယွမ်နှင့်အန်ဒီတို့ တက်ပြီးနောက် သူတို့က အိမ်သို့ လျင်မြန်စွာ ဉီးတည်လာသည်။ သို့သော် သူတို့က ရောက်ရှိလျှင်ချင်း အမေနှင့်သားက စကားမပြောရသေးခင် စုလင်းယွမ်အား ကာကွယ်ရန်အတွက် တောင်ဘက်ဂိတ်မြို့တွင် နေရန် တာဝန်ပေးထားသော အမျိုးသမီးတစ်ယောက်က ဧည့်ခန်းထဲသို့ ကမန်းကတန်း ဝင်လာသည်။

“မင်း ဘာပြောတာလဲ။ သွမ်မုလင်လား”

ထန်ရှုက အနည်းငယ်အံ့အားသင့်လျက် မေးငေါ့လိုက်သည်။ သွမ်မုလင်က သူ့အတွက် လာလိမ့်မည်ဟု သူက ခန့်မှန်းပြီးသားဖြစ်၏၊ သို့သော် ဒီလောက်အမြန်ရောက်လာမည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။ ဗီဒီယိုပျံ့နှံ့ပြီးနောက် မိနစ်အနည်းငယ်သာ ကြာသေးသည်မဟုတ်လား။ သွမ်မုလင်က ကြယ်တာရာမြို့မှာ ဒါမှမဟုတ် အနီးနားက မြို့တစ်ခုမှာ ရှိတာ ဖြစ်နိုင်မလား။

ထို့နောက် ချက်ချင်းလျှင်ပင် ထန်ရှုက သွမ်မုလင်အား ကိုယ်တိုင်နှုတ်ဆက်သည်။ လူအိုကြီးက နတ်ဘုရားဝတ်ရည်ဝိုင်နှစ်ပုလင်းယူလာသည်ကို မြင်ပြီး သူက ရှုံ့မဲ့ပြုံးလျက် ပြောလိုက်၏ “မင်းက ဘာအတွက် ဝိုင်သယ်လာတာလဲ၊ စီနီယာသွမ်မု။ ကျုပ်က ဒီနေရာမှာ ပစ္စည်းအများကြီးမရှိပေမယ့် ကျုပ်မှာ လူတိုင်းသောက်ဖို့အတွက် နတ်ဘုရားဝတ်ရည်ဝိုင်အလုံအလောက်ရှိတာကိုတော့ အာမခံနိုင်ပါတယ်”

“မင်းက ဒါကို ထုတ်လုပ်တဲ့သူဆိုမှတော့ မင်းမှာ နတ်ဘုရားဝတ်ရည်ဝိုင်အများကြီးရှိတယ်ဆိုတာ ငါ သိတယ်”သွမ်မုလင်က ပြုံးကာ ပြန်ပြောသည် “ဒါပေမယ့် ဝိုင်မရှိရင် ငါ ညစာစားလို့မရဘူးဆိုတာ မင်း သိပါတယ်”

ထန်ရှုက မရယ်ဘဲ မနေနိုင်ပေ။ ထို့နောက် သူက သွမ်မုလင်အား အထဲသို့ ဖိတ်ခေါ်သည်။ သူ့အမေနှင့်သွမ်မုလင်က အာလာပသလ္လာပအချို့ ပြောပြီးနောက် သူမက မီးဖိုချောင်သို့ သွား၏၊ သူနှင့်သွမ်မုလင်က ဒုတိယထပ်ရှိ စာကြည့်ခန်းထဲသို့ ဉီးတည်လိုက်၏။

“ငါ့ကို ပြော၊ မင်း ဘာလုပ်ခဲ့တာလဲ၊ ကောင်လေး”ဆိုဖာပေါ်တွင် ထိုင်ပြီးနောက် သွမ်မုလင်က ခပ်ဖျော့ဖျော့ပြုံးလျက် ထန်ရှုအား မေးသည်။

သွမ်မုလင်က သူ့လက်အား ပွတ်ကာ ပြုံးဖြဲဖြဲနှင့် ပြော၏ “ကောင်းပါပြီ၊ ကျုပ် ဘာပဲလုပ်လုပ်၊ ခင်ဗျားရဲ့မျက်လုံးတွေကနေ မလွတ်မြောက်နိုင်ဘူးပဲ၊ စီနီယာသွမ်မုလင်။ အဓိကအဖြစ်အပျက်တွေမရှိတာကြောင့် ခင်ဗျား စိုးရိမ်ဖို့ ထိုက်တန်တာ ဘာမှ မရှိပါဘူး။ ကျုပ်မိတ်ဆွေလုံကျန်းယုကို အမေရိကန်ကုမ္ပဏီဟာဘိုအုပ်စုရဲ့လူတွေက ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ ကျုပ်က အလယ်မှာ ကြိုးအချို့ ဆွဲထုတ်ပေးလိုက်ရုံပါပဲ။ အတိုချုပ်ပြောရရင် သူတို့အချင်းချင်းတိုက်ခိုက်အောင် ကျုပ် လုပ်ခဲ့တာပါ။ အဲဒီဟာဘိုအုပ်စုကအကောင်တွေက ဆုံးရှုံးမှုကြီးမားခဲ့ပြီး အခြားသူတွေလဲ ဆိုးဆိုးဝါးဝါးအဆုံးသတ်ခဲ့တယ်။ ကြယ်တာရာမြို့မှာ ဘာဖြစ်ခဲ့သလဲဆိုတာ ခင်ဗျားလဲ ရှင်းရှင်းလင်းလင်းသိမယ်လို့ ကျုပ် သေချာတယ်၊ စီနီယာသွမ်မုလင်”

“ငါ အနည်းငယ် သိပါတယ်၊ နောက်ထပ် ဘာလာမလဲဆိုတာတော့ ငါ မသိဘူး”သွမ်မုလင်က ပြုံးလျက် ပြန်ပြောသည်။

“ဘာပဲပြောပြော၊ ဗီဒီယိုထဲက သမန်းဝံပုလွေတွေက ခင်ဗျားကို ဒီနေရာလာအောင် လုပ်ခဲ့တာ ဖြစ်ရမယ်၊ စီနီယာသွမ်မုလင်”ထန်ရှုက ဆက်ပြော၏ “တကယ်တော့ ဟာဘိုအုပ်စုနဲ့ဒုဓလီအုပ်စုနောက်ကွယ်ကလူတွေက မဟူရာကလပ်ကပဲ၊ ပြီးနောက် အခြားကုမ္ပဏီနောက်ကွယ်မှာ ရှိတာက ပိရမစ်ပဲ။ ဒီမတိုင်ခင်တုန်းက ဒီနှစ်ဖွဲ့က ထိပ်တိုက်ရင်ဆိုင်မှုအချို့ ရှိခဲ့ပြီး ပဋိပက္ခထဲမှာ သုံးဖွဲ့ပါဝင်ခဲ့ပုံရတယ်၊ ဒါကြောင့် ပိုနက်ရှိုင်းတဲ့ပဋိပက္ခတွေ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ဖို့ ကျုပ်က လောင်စာထည့်ပေးလိုက်ရုံပါပဲ”

သွမ်မုလင်က စိတ်ထဲ၌ တုန်လှုပ်သွားကာ နက်ရှိုင်းသောအသံနှင့် မေး၏ “တရုတ်နဲ့ ပတ်သက်ပြီးတော့ရော ဘာလဲ။ ဒီနေရာမှာ ဘာဖြစ်လာမလဲဆိုတာ ငါ သိဖို့ လိုတယ်”

“ဘာမှ မဖြစ်ပါဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ဒီနေရာက ဇာတ်ကွက်က အဆုံးသတ်တစ်ခုကို ရောက်လာပါလိမ့်မယ်”

အဖြေက ကြားပြီး သွမ်မုလင်က ချက်ချင်း စိတ်သက်သာရာရသွား၏။ သို့သော် သူက သိလိုစိတ်နှင့် ထပ်မေး၏ “မင်းက မဟူရာကလပ်ကို ပိရမစ်နဲ့ တိုက်ခိုက်စေချင်တာလား။ ဘာအတွက်လဲ”

ဒီနှစ်ဖွဲ့တိုက်ခိုက်ပြီး သူတို့တွေ အားနည်းလာတာက ကျုပ်တို့တိုင်းပြည်အတွက် ကောင်းတာတွေပဲ ယူလာပေးမယ်လို့ ခင်ဗျား မထင်ဘူးလား၊ စီနီယာသွမ်မု”ထန်ရှုက ပြန်မေး၏ “ဒါနဲ့ မှားတာ ဘာမှ မရှိဘူးမလား”

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အကျိုးအမြတ်ရောဆိုးကျိုးရော ဘာမှ ငါ မမြင်နိုင်ဘူး။ နောက်ကွယ်ကနေ မင်းက ကြိုးဆွဲနေတယ်ဆိုတာကို ငါ မြင်နိုင်တယ်၊ ကောင်လေး”သွမ်မုလင်က ခပ်ဖျော့ဖျော့ပြုံးလျက် ပြော၏ “မင်းစိတ်ထဲမှာ ရည်ရွယ်ချက်အချို့ ရှိရမယ်။ ငါ့ရဲ့သိလိုစိတ်ကို ကျေနပ်စေဖို့အတွက် အချို့ကို ထုတ်ဖော်ပြောပါလား”

ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြော၏ “စီနီယာသွမ်မုလင်၊ မဟူရာကလပ်က ဆိုးရွားတဲ့ပြစ်မှုတွေ နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တယ်ဆိုတာ ခင်ဗျားလဲ သိပါတယ်။ ပိရမစ်လဲ သူတို့က ဘာမှမကောင်းပါဘူး။ ကျုပ်စိတ်ထဲမှာရှိတဲ့အခြားတစ်ခုက ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး ကျုပ်နဲ့ဒီဂိုဏ်းတွေကြား ယှဉ်ပြိုင်မှုကို ရှောင်လွှဲလို့မရဘူးဆိုတာပဲ။ ဒါကြောင့် နောက်ကွယ်ကနေ ကြိုးဆွဲပြီး သူတို့အချင်းချင်း တိုက်ခိုက်စေတာပဲ။ အဲဒီကနေ အကျိုးအမြတ်အချို့ရရင် အတော်လေးပျော်စရာကောင်းပါလိမ့်မယ်”

သွမ်မုလင်က မျက်မှောင်ကြုတ်လျက် မေးသည် “ထန်ရှု၊ အနာဂတ်မှာ မင်းမှာ တိကျတဲ့ရည်မှန်းချက်တစ်ခုခုရှိလား”

မေးခွန်းကို ကြားပြီးနောက် ထန်ရှုက ဆိုဖာမှ တန်းထရပ်၏။ သူက သွမ်မုလင်ထံ လက်သီးဆုပ်ကာ ပြော၏ “စီနီယာသွမ်မုလင်၊ ခင်ဗျားရဲ့ခွန်အားအရ နှစ်ပေါင်း၁၈၀ထိ ရှင်သန်ဖို့က ခင်ဗျားအတွက် ပြဿနာတစ်ခုမဟုတ်ဘူးလို့ ကျုပ် ပြောနိုင်တယ်။ ကျုပ်ရဲ့ရည်မှန်းချက်က အင်မော်တယ်တစ်ယောက်ဖြစ်ပြီး အင်မော်တယ်ကမ္ဘာကို တက်လှမ်းဖို့လို့ ကျုပ် ပြောနိုင်တယ်။ ကျုပ် ဆိုလိုတာက…နောက်ဆယ်စုနှစ်အနည်းငယ်ကြာပြီးနေက် ကျုပ်နဲ့ထန်ဂိုဏ်းသားတွေ အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားပြီးတဲ့အခါ ကမ္ဘာမြေပေါ်မှာ ကျန်ရစ်တဲ့ကျုပ်မိတ်ဆွေတွေနဲ့သူငယ်ချင်းတွေကို ဂရုစိုက်ပေးဖို့ ခင်ဗျားရဲ့အကူအညီကို ကျုပ် လိုအပ်တယ်”

သွမ်မုလင်က မယုံကြည်နိုင်သောမျက်နှာနှင့် ရုတ်ချည်း ထရပ်၏ “အင်မော်တယ်တစ်ယောက်ဖြစ်ဖို့လား။ မင်း ငါ့ကို ကျီစားနေတာလား၊ ထန်ရှု။ မင်းရဲ့ကျင့်ကြံခြင်းအရှိန်က အရမ်းမြန်ရင်တောင် ဆယ်စုနှစ်အနည်းငယ်အတွင်း တက်လှမ်းဖို့က မဖြစ်နိုင်ဘူးပဲ။ မင်းက အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားနိုင်ရင်တောင် မင်းရဲ့ထန်ဂိုဏ်းကကျင့်ကြံသူတွေအားလုံးကို ခေါ်သွားဖို့က မဖြစ်နိုင်ဘူးမလား”

“ကျုပ် အဲဒါကို အောင်မြင်နိုင်တယ်”ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြန်ဖြေသည်။

သွမ်မုလင်က တုန်လှုပ်သွားသည်။ သူက ချက်ချင်းလက်သီးဆုပ်ကာ ကမန်းကတန်း ပြော၏ “ထန်ရှု၊ ငါက ကျင့်ကြံသူတစ်ယောက်မဟုတ်ပေမယ့် ငါ့မှာလဲ စွမ်းရည်အနည်းငယ်ရှိတယ်လို့ ငါ ထင်တယ်။ မင်းက ထန်ဂိုဏ်းက တပည့်တွေအားလုံးကို အင်မော်တယ်ကမ္ဘာကို ခေါ်သွားနိုင်တယ်ဆိုမှတော့ ငါ့ကိုရော ခေါ်သွားနိုင်မလား”

“ခင်ဗျား သေချာရဲ့လား”ထန်ရှုက ထူးဆန်းသောအမူအရာနှင့် မေး၏။

“ငါ လုံးဝသေချာတယ်”သွမ်မုလင်က အခိုင်အမာ ခေါင်းညိတ်သည်။

“ခင်ဗျားက အထူးစွမ်းရည်ဗျူရိုရဲ့ဒါရိုက်တာ၊ တိုင်းပြည်ရဲ့အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ပဲ။ ကမ္ဘာမြေပေါ်မှာ ရှိတဲ့ ခင်ဗျားရဲ့အရာအားလုံးကို တကယ်ပဲ ချန်ထားနိုင်လား။ ပြီးတော့ အင်မော်တယ်ကမ္ဘာကို တက်လှမ်းချင်တယ်ဆိုရင် ခင်ဗျားက အနည်းဆုံးစိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိရမယ်။ ခင်ဗျားရဲ့လက်ရှိခွန်အားအရ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်အသာထား၊ ခင်ဗျားက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်ကိုတောင် ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်”

သွမ်မုလင်၏အမူအရာက တောင့်တင်းသွားပြီး ခါးသီးသောအမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ချက်ချင်း ဖုံးလွှမ်းလာ၏။ ထို့နောက် သူက အားတင်းပြုံးကာ ခေါင်းညိတ်လိုက်သည် “ကမ္ဘာမြေပေါ်မှာ ရှိသမျှ အရာအားလုံးကို ငါ ချန်ထားနိုင်ပါတယ်။ တကယ်တော့ ငါက အလွန်အသက်ကြီးနေပြီးပဲလေ၊ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ငါ့ရဲ့စိုးရိမ်မှုနဲ့ ထိုက်တန်တဲ့ အရာတွေ၊ လူတွေ ရှိလာတော့မှာ မဟုတ်ဘူး။ ကျင့်ကြံခြင်းအဆင့်လိုအပ်ချက်ကပဲ ငါ့ကို စိတ်ဓာတ်ကျစေတယ်”

ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “ဒါကြောင့် အဲဒီအိုင်ဒီယာကို လွှတ်ချဖို့ ခင်ဗျားကို ကျုပ် အကြံပြုရခြင်းပဲ”

“မဟုတ်ဘူး၊ တစ်ခုခု လိုနေတယ်”သွမ်မုလင်က ရုတ်ချည်း ထပ်ပြော၏ “မင်း ပြောတာကနေ တစ်ခုခုမလျော်ကန်တာ ရှိတယ်လို့ ငါ ထင်တယ်၊ ထန်ရှု။ ငါ သိသလောက်ဆိုရင် ထန်ဂိုဏ်းမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာပဲရှိသေးတဲ့တပည့်တွေအများကြီးရှိတယ်။ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းမြန်တယ်ဆိုတာ ငါ ယုံကြည်ပေမယ့် သူတို့က မင်းလောက် မြန်ဆန်စရာအကြောင်းရှိမှာမဟုတ်ဘူး။ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို မရောက်ရှိနိုင်တဲ့အခါမှာ သူတို့က မင်းနောက်လိုက်ပြီး အင်မော်တယ်ကမ္ဘာကို မသွားနိုင်ဘူးလို့ ဆိုလိုတာလား”

“ဒါက မဟူရာကလပ်နဲ့ပိရမစ်တို့တိုက်ခိုက်အောင် အမှောင်ထဲကနေ ကျုပ် အကွက်ချနေရတဲ့အကြောင်းပြချက်ပဲ”ထန်ရှုက ပြော၏ “နောက်ထပ်အရေးကြီးတဲ့အကြောင်းပြချက်က သူတို့ရဲ့အရင်းအမြစ်တွေကို ကျုပ် ခိုးယူချင်လို့ပဲ။ ကြီးမားတဲ့အရင်းအမြစ်တွေရှိမှသာ ကျုပ်ရဲ့လူတွေက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို တဖြည်းဖြည်းရောက်ရှိနိုင်မှာ။ ဒါပေမယ့် အဲအချိန်ကျရင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိဖို့ ကျရှုံးတဲ့သူတွေကတော့ ကျန်နေခဲ့ရလိမ့်မယ်”

ထန်ရှု၏ရှင်းပြချက်က သူ့အား မျှော်လင့်ချက်အနည်းငယ်ပေးသဖြင့် သွမ်မုလင်၏မျက်လုံးများက တောက်ပသွား၏။ သူက ကမန်းကတန်း ကြားဖြတ်ပြော၏ “ငါလဲ ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်လား၊ ထန်ရှု”

“ဒါ ပြဿနာတစ်ခုမဟုတ်ဘူး”ထန်ရှုက ခေါင်းညိတ်ကာ ဆက်ပြော၏ “ဒါပေမယ့် ခင်ဗျားအနေနဲ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိဖို့က ခက်ခဲလိမ့်မယ်။ မဟုတ်ရင်…”

“မဟုတ်ရင် ဘာဖြစ်လဲ”သွမ်မုလင်က ကမန်းကတန်း လိုက်ပြော၏။

“ကျင့်ကြံခြင်းအရင်းအမြစ်ကြီးမားတဲ့ပမာဏတစ်ခုကို မရနိုင်လျှင်၊ ပြီးတော့ အရင်းအမြစ်တွေကို အစုလိုက်အပုံလိုက်အသုံးမပြုနိုင်လျှင်”ထန်ရှုက ရှင်းပြသည်။ “ဒါပေမယ့် ခင်ဗျားအနေနဲ့ ထပ်မံချိုးဖြတ်ဖို့က မဖြစ်နိုင်လုနီးပါးဖြစ်တာကြောင့် ခင်ဗျားက အားနည်းချက်တွေကို ရင်ဆိုင်ရလိမ့်မယ်”

“ဒါက ဒဏ္ဍာရီလာအင်မော်တယ်ကမ္ဘာပဲ…”သွမ်မုလင်က အံကြိတ်ကာ ပြော၏ “ငါ တကယ်ပဲ အဲဒါကို မြင်ချင်တယ်။ ဒါက ငါ ဘယ်တော့မှ စိတ်ကူးမယဉ်ရဲတဲ့အရာတစ်ခုပဲ၊ ဒါပေမယ့် မင်း ငါ့ကို လှည့်စားမှာ မဟုတ်ဘူးလို့ ငါ ယုံတယ်။ ဒါကြောင့် ငါ အမြင့်ဆုံးချိုးဖြတ်နိုင်တာက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆိုရင်တောင် ငါ ကျေနပ်ပါလိမ့်မယ်။ ပြီးတော့ ငါက လက်ရှိမင်းထက် အဆမရေမတွက်များစွာ ပိုသန်မာပါသေးတယ်”

“ကျုပ် ခင်ဗျားကို ကျင့်ကြံခြင်းနည်းစနစ်တစ်စုံသင်ကြားပေးနိုင်တယ်၊ ဒါပေမယ့် အဲဒါကို ခင်ဗျားတစ်ယောက်ပဲ လေ့ကျင့်ပြီး အခြားသူတွေကို မဖြန့်ဝေရဘူးလို့ ကျုပ်ကို အာမခံချက်ပေးရမယ်”ထန်ရှုက ပြော၏။

“ငါ ကတိပေးတယ်”သွမ်မုလင်က ပြန်ဖြေသည်။

ထန်ရှုက ဖြည်းဖြည်းချင်း ခေါင်းညိတ်၏။ ဆိုဖာပေါ်တွင် ထိုင်ပြီးနောက် သူက စီးကရက်တစ်လိပ်မီးညှိကာ အရှိုက်အနည်းငယ်ဖွာလျက် ပြောသည် “ကောင်းပြီလေ၊ နောက်မှ ဒါကို ကျုပ်တို့ အသေးစိတ်ဆက်ဆွေးနွေးကြတာပေါ့”

All Chapters