လူတိုင်းကို ပယ်ချခြင်း
Vol. 87 Ch. 1205
ညနက်တွင် သွမ်မုလင်က တောင်ဘက်ဂိတ်မြို့မှ ရှုပ်ထွေးသောခံစားချက်များနှင့်အတူ ထွက်ခွာသွား၏။ သူ့အား ထန်ရှုပြောပြခဲ့သည်အား သူက ချေဖျက်ရန် လိုအပ်သည်။ ကြယ်တာရာမြို့တွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ သူက ဂရုမစိုက်တော့ပေ၊ ထန်ရှုက ဘာပဲလုပ်လုပ် သူ၏အောက်စည်းရှိသည်ကို သူ သိ၏။ အနည်းဆုံး ထန်ရှုက တိုင်းပြည်အတွက် ထိခိုက်တာ ဘာတစ်ခုမှ လုပ်မည်မဟုတ်ပေ။
ဒါက…သူ့အတွက် လုံလောက်ပေပြီ…
****
နောက်တစ်နေ့မနက်တွင် ထန်ရှုက ကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံသို့ ကမန်းကတန်း ရောက်လာခဲ့၏။ လုံကျန်းယုက မနိုးသေးပေ၊ ထန်ရှုက သူ့အခြေအနေအား ထပ်စစ်ဆေးလိုက်သည်၊ သူ၏ခန္ဓာကိုယ်အဖွဲ့အစည်းလုပ်ဆောင်မှုများက တဖြည်းဖြည်း ပြန်ကောင်းလာနေပြီး သူ့ဒဏ်ရာများက ပိုမဆိုးလာပေ။ စစ်ဆေးမှုပြီးသောအခါတွင်မှ ထန်ရှုက နောက်ဆုံးတွင် စိတ်သက်သာရာရသွားတော့၏။
များမကြာမီ သူက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုသို့ ဉီးတည်လိုက်သည်၊ သူက အမိန့်များဆက်တိုက် ထုတ်ပြန်၏၊ တစ်ခုက ကြယ်တာရာမြို့သို့ ရောက်လာသည့် ကုမ္ပဏီများ၏နောက်ခံအား စုံစမ်းစစ်ဆေးရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိ တိုင်းပြည်အမျိုးမျိုးထံ လူအချို့အား ပို့လွှတ်ရန် ဖြစ်သည်။
နောက်ထပ်သုံးရက်ကြာပြီးနောက် သူက ဂျီဇက်အား ဆက်သွယ်ကာ ရှာဖွေမှုနှင့် ပတ်သက်၍ မေးမြန်းသည်။ ရှာမတွေ့သည်ဟုသာ ထိုလူက သူ့အား ပြန်ပြော၏။ ထန်ရှုက ဒေါသအား ချက်ချင်း ထုတ်ဖော်ပြပြီး သူ့စုံစမ်းမှုအား ရပ်ရန်နှင့် သူကိုယ်တိုင်စုံစမ်းမည်ဟု ဂျီဇက်အား ပြောလိုက်သည်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ဒုဓလီအုပ်စုနှင့် ဘယ်တော့မှ မပူးပေါင်းဘူးဟူ၍လည်း သူက ပြောလိုက်၏။
ချက်ချင်းပင် သူက ပူးပေါင်းမည့်ကုမ္ပဏီကိုယ်စားလှယ်ခေါင်းဆောင်အားလုံးအား ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရှိရာသို့ လာရန် ဖိတ်ခေါ်ပြီး စည်းဝေးပွဲတစ်ခု ကျင်းပ၏။
လူထောင်ချီဆန့်သောစည်းဝေးခန်းမထဲတွင် ကုမ္ပဏီအားလုံး၏ခေါင်းဆောင်ကိုယ်စားလှယ်များက တိတ်တဆိတ် ထိုင်လျက် ထန်ရှုရောက်လာသည်ကို စောင့်နေ၏။ တစ်ယောက်မှ စကားမပြောကြပေ။ ပတ်ဝန်းကျင်လေထုတစ်ခုလုံးက လေးလံကာ တိတ်ဆိတ်နေပေ၏။
ဖြောက်…
အပြင်ဘက်မှ စည်းဝေးခန်းတံခါးပွင့်သွားပြီး တောင့်တင်းသန်မာသောလူရှစ်ယောက်က ခန်းမထဲသို့ လျင်မြန်စွာ ဝင်လာကာ နှစ်တန်းစီ၏။ ထန်ရှုက ခန်းရှနှင့်အတူ စင်မြင့်ထက်သို့ တန်းကာ သွား၏။ သူ့မျက်လုံးများက ပရိသတ်များထံ ရိုက်ခတ်သွားပြီးနောက် သူက ဖြည်းဖြည်းချင်း စပြော၏ “ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ကြိုဆိုပါတယ်၊ အမျိုးသမီးများနဲ့လူကြီးမင်းများခင်ဗျာ”
ဖြောက်…ဖြောက်…ဖြောက်…
လက်ခုပ်တီးသံများ ပေါ်ထွက်လာပြီး ထန်ရှုက လက်မြှောက်ပြပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ထန်ရှုက ဆက်ပြော၏ “တရုတ်ကို လာတဲ့ လူတိုင်းရဲ့ရည်ရွယ်ချက်ကို ကျုပ် ကောင်းကောင်းသိတယ်၊ ခင်ဗျားတို့တစ်ယောက်ချင်းစီတိုင်းက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့ ပူးပေါင်းချင်တယ်ဆိုတာ ကျုပ် ရှင်းရှင်းလင်းလင်းနားလည်တယ်။ ဒီမတိုင်ခင်တုန်းက ဒီနေရာက ကုမ္ပဏီအချို့နဲ့ ပူးပေါင်းမှုစာချုပ်ချုပ်ဖို့ အသင့်ဖြစ်နေပြီ၊ ဘာလို့လဲဆိုတော့ ဒီကုမ္ပဏီတစ်ခုစီမှာ အသိအမှတ်ပြုလောက်တဲ့ငွေလုံးငွေရင်းရှိလို့ပဲ”
“ဒါပေမယ့် ကြယ်တရာမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို ခင်ဗျားတို့ ကြားရမှာပါ။ ကျုပ်ရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်တဲ့လုံကျန်းယု၊ လုံအုပ်စုရဲ့ဆက်ခံသူက သူ့ရဲ့နေရာမှာပဲ ဒဏ်ရာအပြင်းအထန်ရသွားတယ်။ သူ အခုထိ သတိလစ်နေသေးတယ်။ ဒါကို သိလိုက်တဲ့အချိန်မှာ ကျုပ် အရမ်း ဒေါသထွက်တယ်၊ ဒါပေမယ့် ကျုပ် ဒေါသကို ဖိနှိပ်ခဲ့တယ်၊ သူ့ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့သူတွေက ခင်ဗျားတို့လို ကျုပ်ကုမ္ပဏီအတွက် ဒီနေရာကိုလာတဲ့ ကျုပ်ကုမ္ပဏီရဲ့မိတ်ဆွေတွေမလို့ပဲ”
“ဟာဘိုအုပ်စုမှ လက်သည်တရားခံကို လွတ်မြောက်ဖို့ ကျုပ်လဲ ကူညီခဲ့ပါတယ်၊ အဲဒီကုမ္ပဏီမှ ဝီလီယံနဲ့အတူ လုံအိမ်ကိုတောင် သွားရောက်ခဲ့တယ်။ ကျုပ်က ဒီလူ လွတ်မြောက်အောင် ဝီလီယံကို ကူညီပေးနိုင်ခဲ့ပါတယ်”
“ဒါက အဆုံးသတ်လို့ ကျုပ် ထင်ခဲ့တယ်”
“ဒါပေမယ့် နောက်ဘာဖြစ်လာလဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကုမ္ပဏီလေးခုရဲ့ကိုယ်စားလှယ်တွေက သူတို့လက်အောက်က သိုင်းပညာရှင်တစ်ဖွဲ့ကို ဉီးဆောင်ပြီး တိုက်ပွဲအချို့မှာ ပါဝင်ခဲ့တယ်။ အလောင်းခြောက်လောင်းကို ‘လုံ’ထမင်းစားခန်းမလို ဟိုတယ်တစ်ခုမှာ တွေ့ခဲ့ရတယ်။ အခု ဒီနေရာမှာ ကျုပ် ခင်ဗျားတို့ကို တစ်ခုမေးချင်တယ်။ ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုက အဲဒီထုတ်ပြန်ချက်ကို ကြေညာခဲ့တာတောင် လူအချို့က ဂရုမစိုက်သလို ပြုမူခဲ့တယ်။ ကြယ်တာရာမြို့မှာ ဒီလိုကြီးမားတဲ့အဖြစ်အပျက်တစ်ခုကို ပြုလုပ်ရလောက်အောင် ကျုပ်ကုမ္ပဏီရဲ့ဂုဏ်သတင်းက ဒီလောက်ထိတန်ဖိုးမဲ့တာလား။ ထန်ရှုရဲ့စကားတွေက ဘောင်မဝင်ဘူးလို့ ခင်ဗျားတို့က ထင်ထားတာလား”
ဤအထိ ပြောလာရင်း ထန်ရှု၏မျက်လုံးထဲရှိ ဒေါသများက ပိုပြင်းထန်လာသည်။ သူက လက်သီးတင်းတင်းဆုပ်လျက် စားပွဲအား ရိုက်ကာ အော်လိုက်၏ “လက်ရှိမှာ တရုတ်အရာရှိတွေက ကျုပ်တို့ကို ဖိအားပေးနေတဲ့အတွက် ကျုပ် အရမ်းဒေါသထွက်တယ်၊ ကျုပ်တို့က ကြယ်တာရာမြို့ရဲ့တည်ငြိမ်မှုကို ဂရုစိုက်ပြီး ဒီလိုဂိုဏ်စတားတွေနဲ့ ဘယ်တော့မှ မပူးပေါင်းရဘူးလို့ ပြောနေတယ်”
“ဒါကြောင့် ဒီနေ့ လူတိုင်းရဲ့ရှေ့မှာ ကျုပ်ရဲ့ရပ်တည်ချက်ကို ကြေညာရလိမ့်မယ်။ လက်ရှိအချိန်မှာ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ဘယ်နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့မှ ပူးပေါင်းလိမ့်မှာ မဟုတ်ဘူး။ ခင်ဗျားတို့က ကျုပ်ရဲ့ရှေ့မှာ ရွှေတောင်တစ်လုံးထားရင်တောင် ကျုပ်ရဲ့ငြင်းပယ်မှုကို မျှော်လင့်ထားနိုင်တယ်”
သူ့အသံပျောက်ကွယ်သွားလျှင်ချင်း ခန်းမထဲရှိ ကိုယ်စားလှယ်အားလုံးက မယုံကြည်နိုင်သောမျက်လုံးများနှင့်အတူ ရုတ်ချည်း ထရပ်လိုက်ကြသည်။ အများစုက မခံမရပ်နိုင်သောအမူအရာများ ရှိနေကြ၏။
“ဒါပေမယ့် ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ကျုပ်တို့က ဘာမှမလုပ်ခဲ့ပါဘူး၊ မစ္စတာထန်။ ကျုပ်တို့က ဒီတိုင်းပြည်ရဲ့ဉပဒေကို အမြဲတမ်း လေးစားခဲ့ပါတယ်၊ ကျုပ်တို့က ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
“မစ္စတာထန်၊ ဒီအမေရိကန်ကုမ္ပဏီလေးခုက တကယ်ကို အကျိုးအကြောင်းမညီညွတ်တာပဲ။ သူတို့က ခင်ဗျားရဲ့စကားတွေကို ဘေးဖယ်ခဲ့တယ်။ ခင်ဗျားရဲ့ကုမ္ပဏီက သူတို့နဲ့ မပူးပေါင်းတာ မှန်တယ်လို့ ကျုပ် ထင်တယ်။ ဒါပေမယ့် ကျုပ်တို့က ဘာအမှားအယွင်းတစ်ခုမှ မလုပ်ခဲ့ဘူး၊ ခင်ဗျားရဲ့ကုမ္ပဏီနဲ့ အပေးအယူလုပ်နိုင်ဖို့အတွက် ကျုပ်တို့ရဲ့စွမ်းအားတွေအားလုံးကို ပုံအောခဲ့တယ်။ ဒါကြောင့် ခင်ဗျားရဲ့အဆိုကို ပြန်ရုတ်သိမ်းပြီး ကျုပ်တို့ကို အခွင့်အရေးတစ်ခုပေးပါ။”
“ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါမလုပ်ပါနဲ့၊ မစ္စတာထန်။ ကျုပ်တို့အားလုံးက စီးပွားရေးသမားတွေပဲ၊ စပ်တူပူးပေါင်းခြင်းက ကံကြမ္မာတစ်ခုကောင်းတစ်ခုကို ကျုပ်တို့တွေ အတူတကွ ဖန်တီးတာပဲ။ သူတို့လို ဥပဒေကို မလိုက်နာတဲ့ သူတွေကို လစ်လျူရှုဖို့ပဲ လိုတယ်”
“ကျေးဇူးပြုပြီး ခင်ဗျားပြောတာတွေကို ပြန်ရုတ်သိမ်းပေးပါ၊ သူဌေးထန်။ ကျုပ်တို့က တကယ်ကို ရိုးသားမှုနဲ့ လာတာပါ”
“မစ္စတာထန်…”
ကိုယ်စားလှယ်များက မျှော်လင့်နေသောမျက်နှာများနှင့် ပြောလာကြ၏။
သူတို့ ပြောပြီးသည်အထိ ထန်ရှုက တိတ်တဆိတ် နားထောင်နေခဲ့သည်။ ထို့နောက် သူက ပြော၏ “ဒါဆို ကျုပ်က ခင်ဗျားတို့ကို ဘယ်လို ယုံကြည်နိုင်မှာလဲ။ ခင်ဗျားတို့ထဲကတစ်ယောက်ယောက်ကို ကျုပ် ယုံကြည်လို့ရသေးလား၊ အခု ကျုပ်က တိုင်းပြည်ရဲ့ဖိအားပေးမှုအောက်ကို ကျရောက်နေတယ်၊ ဒါကြောင့် ခင်ဗျားတို့က အခြေအနေကို နားလည်ပေးဖို့ ကျုပ် မျှော်လင့်တယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ဘယ်ကုမ္ပဏီနဲ့အဆို ပူးပေါင်းဆောင်ရွက်မှုကို ပိတ်ထားပါ့မယ်။ ကျုပ်တို့က အစီအစဉ်အသစ်တစ်ခုကို ပြန်စတင်ဖို့ လိုတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ပြန်ပြီး ကျုပ်တို့ရဲ့ဆုံးဖြတ်ချက်ကို စောင့်နေပါ။ ကျုပ်တို့ ဆုံးဖြတ်ပြီးရင် ခင်ဗျားတို့ထဲက အသိအမှတ်ပြုမယ့်ကုမ္ပဏီတွေကို ရွေးချယ်မယ်ဆိုတာ ခင်ဗျားတို့ သေချာပေါက် မျှော်လင့်ထားလို့ရပါတယ်။ နောက်ကျရင် အသိအမှတ်ပြုကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့အတွက် ညှိနှိုင်းဖို့ ကျုပ်တို့ရဲ့ကိုယ်စားလှယ်တွေကို စေလွှတ်လိုက်ပါ့မယ်”
ကိုယ်စားလှယ်အားလုံး မခံမရပ်နိုင်ဖြစ်သွားသည်နှင့်အူ အစည်းအဝေးက လျင်မြန်စွာ ပြီးဆုံးသွား၏။ သို့သော် ထန်ရှု၏အကြောင်းပြချက်များက မငြင်းနိုင်ပေ၊ ထို့ကြောင့် တစ်ယောက်မှ ရှေ့ထွက်လာပြီး သူတို့၏မကျေမနပ်ဖြစ်မှုအား မထုတ်ဖော်ရဲပေ။ ထိုလူများက ဉာဏ်ရှိရှိနှင့် သူတို့၏ပါးစပ်များအား ပိတ်ထားကြ၏။
ထို့နောက် ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီများ၏ကိုယ်စားလှယ်များက သူတို့အဖွဲ့ကို ဉီးဆောင်ကာ ထွက်ခွာသွား၏။ ရုတ်တရက် ကြယ်တာရာမြို့က ခဏတာ အေးချမ်းသွား၏။
သို့သော် သူတို့ ထွက်သွားပြီးနောက် ချက်ချင်းပင် ထန်ရှုက လူအချို့အား အမိန့်ပေးကာ သူတို့ကုမ္ပဏီများ၏နောက်ခံအား စုံစမ်းခိုင်းခဲ့သည်ကို ထိုကိုယ်စားလှယ်များက မသိခဲ့ပေ။
တရုတ်ရှိအနေအထားက တည်ငြိမ်အေးချမ်းနေသော်လည်း အမေရိကန်ရှိ မိုင်ထောင်ချီအကွာတွင် ဟာဘို၊ ဓုဒလီတို့၏လူများ သို့မဟုတ် အခြားကုမ္ပဏီများမှ လူများသာမက သူတို့နောက်ရှိ ထိတ်ထိတ်ကြဲပုဂ္ဂိုလ်များပင်ဖြစ်စေ၊ သူတို့အားလုံးက ရန်သူများအား အမှောင်ထဲသို့မဟုတ်အလင်းထဲတွင်ဖြစ်စေ တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။
ဤသို့နှင့် ကြမ်းတမ်းရက်စက်သောတိုက်ပွဲများက စတင်လာ၏။
ထန်ရှုက သတင်းများ ရရှိခဲ့ပြီး တစ်လအတွင်း မဟူရာကလပ်နှင့်ပိရမစ်တို့က တိုက်ပွဲငယ်ဒါဇင်အနည်းဆုံး ဖြစ်ပွားခဲ့သည်ကို သိလိုက်ရသည်။ ထို့ပြင် တိုက်ပွဲထဲ၌ ပေါင်းကူးခရူးဆိတ်ဟာမိတ်အသင်းလည်းပါဝင်လာလိမ့်မည်ဟု ထန်ရှုက မမျှော်လင့်ထားခဲ့ပေ။ သူတို့က ပိရမစ်နှင့် ပူးပေါင်းခဲ့ပြီး မဟူရာကလပ်က ဆုံးရှုံးမှု ပြင်းထန်ခဲ့လေ၏။
“စစ်ဆင်ရေးစတင်မယ်…”
ကြယ်တာရာမြို့တွင် နေရင်း ထန်ရှုက အမေရိကန်တွင် ခိုအောင်းနေသော ထန်ဂိုဏ်းသားများအား အမိန့်ပေးခဲ့သည်။ ထို့နောက် အမိန့်ရပြီးနောက် ထန်ဂိုဏ်းတစ်ရာနီးပါးက အစီအစဉ်များအား ချက်ချင်းလုပ်ဆောင်ခဲ့ကြ၏။
မီးလျှံများထံ လောင်စာထပ်ထည့်ခြင်းပင်။
အပြင်းထန်ဆုံးတိုက်ပွဲဆိုလျှင် လူရာချီသေဆုံးခဲ့ပြီး လူထောင်ချီ ဒဏ်ရာရခဲ့သည်။
ဤအချိန်အတွင်း သတင်းတစ်ခုက ကမ္ဘာတစ်ဝှမ်း လျင်မြန်စွာ ထိုးဖောက်ပျံ့နှံ့လာ၏၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနှင့် ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းတို့ ပူးပေါင်းက လေလံအိမ်တစ်ခု တည်ဆောက်ပြီး ဒီဇင်ဘာတစ်ရက်နေ့တွင် ရှန်းဟိုင်၌ လေလံပွဲကြီးတစ်ခု ကျင်းပမည်ဟူ၍ပင်။ လေလံပွဲတက်ရောက်ရန်အတွက် မည်သူမဆို freeဖြစ်ပြီး တစ်ခုတည်းသောအခြေအနေက သူတို့က အနည်းငွေသားဆုံးဂဏန်းကိုးလုံးပြင်ဆင်လာရမည်ဖြစ်၏။
လေလံပွဲက မကြာခင် ကျင်းပတော့မည်ဖြစ်သောကြောင့် နိုဝင်ဘာနှစ်ဆယ်ရက်နေ့တွင် ထန်ရှုက ရှန်းဟိုင်သို့ ပြန်လာ၏။
ရှန်းဟိုင်။
ကြယ်ပြာအိမ်ရာရှိ တန်ဖိုးကြီးစံအိမ်ထဲတွင် ထန်ရှုက ခေါင်းကိုက်လွန်းသဖြင့် နဖူးအား ပွတ်ရင်း အန်ဒီအား ကြည့်နေသည်။ အန်ဒီ၏မျက်နှာချင်းဆိုင်ဆိုဖာပေါ်တွင် မုဝမ်ရင်ရှိပြီး အိုးရန်လုလုက အခြားတစ်ဖက်တွင် ထိုင်နေ၏။
“အာ၊ မင်းတို့ စကားပြောနေကြပေါ့။ ငါ လုပ်စရာလေးတွေ ရှိသေးလို့”
ဤနေရာတွင် နေရန် ထန်ရှုက တကယ်တွန့်ဆုတ်နေသည်။ ကြယ်ပြာအိမ်ရာမှ အမြန်ဆုံးထွက်လာပြီးမှ နောက်ဆုံးတွင် သူက စိတ်သက်သာရာရသွားလေ၏။
သူတို့က သူ့အိမ်ထဲတွင် ရှိသောကြောင့် ထိုဘုရင်မသုံးယောက်က တတိယကမ္ဘာစစ်အား မစတင်လောက်ဟုတော့ သူက ယုံကြည်သည်။
“ငါ ဘယ်ကို သွားရမလဲ…”
ကြယ်ပြာအိမ်ရာဝင်ပေါက်တွင် ရပ်ကာ ကားအဝင်အထွက်များအား ကြည့်ရင်း ထန်ရှုက အနည်းငယ်ထုံထိုင်းနေမိလေသည်။ ဤအခါတွင်မှ သူ့တွင် သွားစရာမရှိသည်ကို သိလိုက်၏။
ကရင်း…ကရင်း…ကရင်း…
သူ့ဖုန်းက မြည်လာသည်၊ သူက ချက်ချင်း ယူထုတ်ကာ ဖုန်းစခရင်အား ကြည့်၏။ ကျင်းရှင်းကွေ့ထံမှ ဖြစ်၏။
“ဘာဖြစ်လို့လဲ၊ အကိုကျင်း”ထန်ရှုက တိုက်ရိုက်မေးလိုက်သည်။
“ရှန်းဟိုင်ကို မင်း ပြန်ရောက်နေတယ်လို့ ငါ ကြားလို့၊ ညီအကိုထန်”ကျင်းရှင်းကွေ့က ပျော်ရွှင်စွာ ပြန်ပြောသည် “ဒါနဲ့ မင်း အချိန်ရရင် ငါတို့ သောက်ကြမလား”