← Chapters

မူလပထမလေလံအိမ်တည်ဆောက်ခြင်း

Vol. 87 Ch. 1206

မူလပထမလေလံအိမ်တည်ဆောက်ခြင်း

Vol. 87 Ch. 1206

ထန်ရှုကိုယ်တိုင်က ဘာမှလုပ်စရာမရှိပေ၊ ထို့ကြောင့် သူက တွေ့ဆုံရန် သဘောတူလိုက်သည်။ တွေ့ဆုံရန် နေရာတစ်ခု ရွေးချယ်ပြီးနောက် ထန်ရှုက နန်းကျင်လမ်းအနီးနားရှိ ဘားတစ်ခုသို့ လျင်မြန်စွာ မောင်းလာ၏။

နေ့လည်ခင်းသာ ရှိသေးသောကြောင် ဘားက အခုထိ မဖွင့်သေးပေ။ သူ ရောက်ရှိလာချိန်တွင် တစ်ယောက်မှ သူ့အား မကြိုဆိုပေ၊ ထို့ကြောင့် သူက အထဲသို့ ဝင်ကြည့်လိုက်သည်၊ ကျင်းရှင်းကွေ့က ထောင့်တွင် ထိုင်နေသည်ကို မြင်လိုက်ရ၏။

“မင်း ဒီနေ့ အတော်လေးအားနေပုံပေါက်နေတာဆိုတော့ တစ်ခုခုများ ဖြစ်ပျက်ခဲ့လို့လား၊ အကိုကျင်း”

ထန်ရှုက ပြုံးကာ လျှောက်လာပြီး သူ့မျက်နှာချင်းဆိုင်တွင် ထိုင်ပြီးနောက် မေးလိုက်သည်။

“ဟုတ်တယ်၊ ငါတို့ပရောဂျက်ရဲ့ပထမဆုံးအဆင့်က ပြီးသွားပြီ၊ အခု ငါတို့ ဒုတိယအဆင့်ကို ဝင်နေပြီ”ကျင်းရှင်းကွေ့က ပြုံးကာ ပြန်ဖြေသည် “ထပ်ပြောရရင် အရောင်းအဖွင့်ပွဲကို နောက်နှစ်ပတ်ကျရင် ကျင်းပလိမ့်မယ်၊ မင်း တက်ရောက်နိုင်ဖို့ ငါ မျှော်လင့်တယ်။ ဒါပေမယ့် ဟုတ်တာပေါ့၊ မင်းမှာ အချိန်ရှိမှပါ”

“ရက်အတိအကျက ဘယ်နေ့လဲ”ထန်ရှုက တည်ငြိမ်စွာ မေး၏။

“ဒီဇင်ဘာတစ်ရက်နေ့”ကျင်းရှင်းကွေ့က ပြန်ဖြေသည်။

“ဒီလိုဆိုမှတော့ ကျုပ် အရောင်းအဖွင့်ပွဲကို လာလို့လို့မရဘူးပဲ”ထန်ရှုက ပြုံးကာ ပြော၏ “ဒီဇင်ဘာတစ်ရက်နေ့ကျရင် ကျုပ်က လေလံပွဲကို တက်ရောက်ရမယ်လေ”

ကျင်းရှင်းကွေ့က သိလိုစိတ်နှင့်‌ မေးလိုက်သည် “ဒီရာစုနှစ်ရဲ့ပထမဆုံးလေလံပွဲကို ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းနဲ့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုတို့ ပူးပေါင်းကျင်းပတယ်လို့ ပြောတာ ငါ ကြားတယ်။ ဒါ အမှန်ပဲလား”

“ဟုတ်ပါတယ်”ထန်ရှုက ခေါင်းညိတ်၏။

ကျင်းရှင်းကွေ့က စိတ်လှုပ်ရှားသွားလျက် ပြုံးဖြဲဖြဲနှင့် ပြော၏ “ညီအကိုထန်၊ ရာစုနှစ်ရဲ့ပထမဆုံးလေလံပွဲကို တက်ရောက်ဖို့ ကျုပ်က အရည်အချင်းပြည့်မှီတယ်ဆိုတဲ့ အကြောင်းပြန်လွှာကို လက်ခံရရှိပြီးပါပြီ၊ ဒါပေမယ့် ငါ့ရဲ့နေရာက အရမ်းဝေးလွန်းတယ်၊ ငါက ကမ္ဘာ့အချမ်းသာဆုံးလူစာရင်းမှာတောင် မဝင်နိုင်ဘူးလေ။ ဒါနဲ့ မင်းက ငါ့အတွက် နောက်တံခါးဖွင့်ပြီး ငါ့ကို နေရာကောင်းတစ်ခုပေးနိုင်မလား”

ထန်ရှုက မနေနိုင်ဘဲ ရယ်ကာ ပြော၏ “ကျုပ်က နေရာဆယ်နေရာကို ကြိုတင်ချန်ထားပြီးပါပြီ။ ခင်ဗျားတစ်ယောက်တည်းအတွက်ပဲ မဟုတ်ဘူး၊ အကိုကူချန်းမင်နဲ့ကျန်းယွဲ့မင်တို့လဲ နေရာကောင်းတွေ ရမှာပါ။ မစိုးရိမ်ပါနဲ့…”

ကျင်းရှင်းကွေ့က လက်မထောင်ကာ ချီးကျူးလိုက်သည် “အတွေးကောင်းပြီး သဘောထားပြည့်ဝလွန်းပါတယ်။ မင်းအတွက် ဂုဏ်ပြုပါတယ်၊ ညီအကိုထန်”

ထန်ရှုက အနည်းငယ်ပြုံးကာ တုံ့ပြန်လိုက်သည်။ သူက ဝိုင်ခွက်ချပြီးလျှင်ချင်း သူ့ဖုန်းက မြည်လာသည်။ သူက ယူထုတ်လိုက်ပြီး စခရင်ပေါ်ရှိ ခေါ်သူနာမည်အား မြင်ပြီးနောက် ချက်ချင်းဖြေလိုက်သည် “ဟယ်လို၊ အကြီးအကဲလီ။ ခင်ဗျားက ကျုပ်ကို အရင်ဖုန်းခေါ်တယ်ဆိုတာ အတော်လေးရှားပါးတဲ့ဖြစ်စဉ်တစ်ခုပဲ။ ကျုပ် ခင်ဗျားကို ကူညီနိုင်တာ တစ်ခုခုများ ရှိမလား”

လီကျွီရမ်၏ပျော်ရွှင်သောအသံက ကျယ်လောင်စွာ ပြန်ပြောသည် “လေလံပွဲမှာ လေလံတင်မယ့်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ငါ မင်းကို ကြိုတင်မေးလို့ရမလား။ ငါ့အတွက် အသုံးဝင်တာ တစ်ခုခု ရှိမလား”

ဤမေးခွန်းကို ကြားချင်းချင်း လီကျီရမ်၏စိတ်ထဲ၌ ဘာရှိနေသည်ကို ထန်ရှုက ချက်ချင်း သိသည်။ သူက ဆေးလုံးအကြောင်း တွေးနေခြင်းပင်။ ခဏစဉ်းစားပြီးနောက် ထန်ရှုက ပြောလိုက်၏ “ရှိတယ်။ ဒါပေမယ့် အရေအတွက်က နည်းလွန်းပြီး သူတို့က အတော်လေးဈေးကြီးတယ်”

လီကျီရမ်၏အသံက တက်ကြွစွာ ပြန်ထွက်ပေါ်လာ၏ “မင်း ငါ့အတွက် နေရာတစ်ခု ချန်ထားပေးနိုင်မလား၊ ထန်ရှု။ ဒီဇင်ဘာတစ်ရက်နေ့ကျရင် ငါ လေလံပွဲကို သေချာပေါက် တက်ရောက်ပါ့မယ်”

“ခင်ဗျားက ဟောင်လဲ့ကို တိုက်ရိုက်ဆက်သွယ်နိုင်တယ်၊ အကြီးအကဲလီ။ ဝင်ကြေးအနေနဲ့ မူလပထမလေလံအိမ်ကို ယွမ်တစ်သန်းလွှဲပေးဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်ပါ။ ကျုပ် ခင်ဗျားအတွက် နေရာတစ်ခု ချန်ထားပေးပါ့မယ်”ထန်ရှုက ပြော၏။

ဝင်ကြေးယွမ်တစ်သန်းကို ကြားချိန်၌ လီကျီရမ်က နည်းနည်းလေးတောင် ဂရုမစိုက်ပေ။ သူက ပျော်ရွှင်စွာ ပြန်ဖြေသည် “ငါ အဲဒါကို လုပ်ဖို့ ချက်ချင်း တာဝန်ပေးလိုက်ပါ့မယ်။ ဒါဆို ဒီဇင်ဘာတစ်ရက်နေ့ကျမှပဲ တွေ့ကြတာပေါ့၊ ထန်ရှု”

“ကောင်းပါပြီ…”

ထို့နောက် ထန်ရှုက ဖုန်းချကာ ကျင်းရှင်းကွေ့၏အရှေ့၌ ဟောင်လဲ့၏နံပါတ်အား ခေါ်လိုက်သည်။ ဟောင်လဲ့က ဖုန်းကိုင်ပြီးနောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ဒီဇင်ဘာတစ်ရက်နေ့လေလံပွဲကိုတက်ရောက်ချင်တဲ့ဘယ်သူမဆို ဝင်ကြေးအနေနဲ့ ယွမ်တစ်သန်းလွဲပေးရမယ်လို့ ချက်ချင်း ကြေညာလိုက်ပါ။ ငါတို့က စတင်ပြီးဆိုမှတော့ ဒီပွဲကို အမြင့်ဆုံးအဆင့်ထိ ရောက်အောင် လုပ်ရမယ်။ သတင်းတွေကို ချက်ချင်းကြေညာဖို့ ချန်နယ်တွေအားလုံးကို အသိပေးလိုက်ပါ”

“နားလည်ပါပြီ…”ဟောင်လဲ့က ပြန်ဖြေသည်။

“နောက်ဆုံးတစ်ခု။ လေလံပွဲရဲ့နောက်ဆုံးပစ္စည်းတွေကို ငါ ကိုယ်တိုင် စီစဉ်မယ်”ထန်ရှုက ပြော၏ “ညနေကျရင် မူလပထမလေလံအိမ်ကို ငါ လာမယ်၊ အဲတော့မှ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မင်းကို ငါ ပြောပြမယ်”

ထို့နောက် သူက ဖုန်းတန်းချကာ ကျင်းရှင်းကွေ့အား ကြည့်လျက် ပြော၏ “မင်းရဲ့ဝိုင်က ဝင်ကြေးယွမ်တစ်သန်းထိုက်တန်တယ်။ ဒါပေမယ့ ဒါကို မဖြန့်နဲ့အုံး။ လက်မှတ်တွေကနေ ပိုက်ဆံတွေကို ငါ ထပ်လိုချင်တယ်”

ဤသည်ကို ကြားပြီးနောက် ကျင်းရှင်းကွေ့က ချက်ချင်းဂုဏ်ယူမိသည်။ သူက ခွက်မြှောက်ကာ ပြောလိုက်၏ “ဒါတော့ မစိုးရိမ်နဲ့။ ငါ သေချာပေါက် ပါးစပ်ပိတ်ထားပေးပါ့မယ်၊ ညီအကိုထန်။ ဒါနဲ့ စောနက မင်းကို ဖုန်းခေါ်တဲ့ အကြီးအကဲလီဆိုတာ ဘယ်သူလဲ။ ဖုန်းတစ်ချက်ခေါ်ရုံနဲ့ မင်းကတောင် သူ့အတွက် နေရာတစ်ခု ချန်ထားပေးရတယ်မလား”

“သူက ဟောင်ကောင်မှ လီကျွီရမ်ပါ”ထန်ရှုက ပြန်ဖြေသည်။

လီကျွီရမ်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး လေးစားမှုက သူ့မျက်နှာပေါ်တွင် သိသိသာသာပေါ်လာလေ၏။ ထန်ရှုနှင့် သူ တွေ့သည့်ပထမဆုံးအကြိမ်တွင် ထန်ရှုက ဒီလောက်အားကောင်းလိမ့်မည်ဟု သူ ဘယ်တော့မှ မတွေးခဲ့မိပေ။ ယခု သူက အလွန်မြင့်မားသောအဆင့်အတန်းတစ်ခုရှိရုံသာမက ထူးချွန်သောစွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားသည်။ ထန်ရှု၏ကျယ်ပြန့်သောကွန်ရက်ကပင် သူ့အား အရှက်ရစေသည်။

လီကျွီရမ်က တရုတ်ရှိ အချမ်းသားဆုံးလုပ်ငန်းရှင်သူဌေးကြီးဖြစ်ခဲ့ပြီး တရုတ်လူမျိုးများစွာ၏စိတ်ထဲတွင် အသက်ရှင်နေသောဒဏ္ဍာရီပုဂ္ဂိုလ်တစ်ပါးပင်။ သို့သော် ထန်ရှုက သူနှင့် ဒီလိုထူးခြားသောခင်မင်ရှင်းနှီးမှုရှိနေခဲ့သည်။ ဒါက ကျင်းရှင်းကွေ့အား ထန်ရှုက ရာစုနှစ်ချီအသက်ရှင်လာသောခွေးတစ်ကောင်ပမာ ခံစားမိစေသည်။

ထန်ရှုက ကျင်းရှင်းကွေ့နှင့်အတူ ညနေအထိ ဝိုင်သောက်နေခဲ့သည်။

မှောင်ရီပျိုးစအချိန်သို့ ရောက်လာသောအခါ ထန်ရှုက ကျင်းရှင်းကွေ့နှင့် ခွဲထွက်လာလျက် မူလပထမလေလံအိမ်သို့ ဉီးတည်လာလိုက်သည်။

“ဟယ်လို၊ ကျုပ်တို့က ဒီနေရာကို မဖွင့်သေးပါဘူး။ မိတ်ဆွေလာလည်ရတဲ့ရည်ရွယ်ချက်ကို မေးလို့ရနိုင်မလား”

ထန်ရှုက လေလံအိမ်ဝင်ပေါက်သို့ ရောက်ရှိလာသောအခါ သူ့အား အနက်ဝတ်လုံခြုံရေးအစောင့်လေးယောက်က တားဆီးလိုက်သည်။ သူတို့၏အပြုအမူက အပေါ်ယံတွင် အလွန်ယဉ်ကျေးသော်လည်း သူတို့၏မျက်လုံးများက သတိအပြည့်ရှိနေသည်၊ ထန်ရှုက ဆိုးဝါးသောအရာတစ်ခုခုအား ကျူးလွန်မည့်အမှတ်အသားတစ်ခု ပြလာပါက သူတို့က သူ့အား အချိန်မရွေ့ ရိုက်နှက်ရန် အသင့်ရှိနေပုံရ၏။

“ငါ ဟောင်လဲ့ကို လာရှာတာ”

သူ့ကုမ္ပဏီ၏အပြင်ဘက်၌ လုံခြုံရေးအစောင့်များက သူ့အား တားဆီးသည်မှာ ဒါက ပထမဆုံးအကြိမ်မဟုတ်ပေ၊ ထို့ကြောင့် သူက အစောင့်များအား ပြုံးလျက်သာ ပြန်ဖြေလိုက်သည်။

ထိုလုံခြုံရေးအစောင့်များ၏ခေါင်းဆောင်က မေးလိုက်သည် “ခင်ဗျားက အကြီးအကဲဟောင်နဲ့ ကြိုတင်ချိန်းဆိုထားတာ ရှိလား၊ ဆရာ။ ကျုပ်တို့က ခင်ဗျားရဲ့စကားကို သူမဆီ ပို့ဆောင်ပေးပါ့မယ်။ သူမမှာ အချိန်ရှိရင် အကြီးအကဲဟောင်က ခင်ဗျားကို တွေ့ပါလိမ့်မယ်”

“ငါက ထန်ရှုပဲ”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

ထန်ရှုလား။

လုံခြုံရေးအစောင့်လေးယောက်က တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် လေးစက္ကန့်ကြာပြီးနောက် လုံခြုံရေးအစောင့်ခေါင်းဆောင်၏အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူက ဖုန်းထုတ်ကာ အင်တာနက်မှ တစ်ဆင့် ထန်ရှု၏အချက်အလက်များအား ရှာဖွေလိုက်သည်။ နှိုင်းယှဉ်မှုအချို့ ပြုပြီးနောက် သူ့အမူအရာက လေးစားကြောက်ရွံ့စွာနှင့် ဉီးညွှတ်ကာ ပြောလိုက်၏ “မင်း ဖြစ်နေမယ်လို့ ငါတို့ မသိခဲ့ဘူး၊ သူဌေး။ စောစောက ငါတို့ရဲ့သဘောထားအတွက် ငါ တကယ် တောင်းပန်ပါတယ်”

“ဒါက အလွန်တာဝန်သိတဲ့အမူအကျင့်တစ်ခုပဲ”ထန်ရှုက သူ့ပခုံးအား ပုတ်ကာ ပြောလိုက်သည်။ “မင်းတို့ရဲ့လုပ်ဆောင်ချက်က ငါ့ကို ကျေနပ်စေတယ်၊ ဒါကြောင့် မင်းတို့ရဲ့လစာကို သုံးဆယ်ရာခိုင်းနှုန်းတိုးဖို့ ငါ ဟောင်လဲ့ကို ပြောလိုက်မယ်။ ကောင်းပြီ၊ မင်းတို့ရဲ့တာဝန်ကို ဆက်လုပ်ပါ။ ငါ အပေါ်ထပ်ကို သွားလိုက်အုံးမယ်”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်၊ သူဌေး”လုံခြုံရေးအစောင့်ခေါင်းဆောင်က စိတ်လှုပ်ရှားသွားသည်။

ထန်ရှုထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် သူက လက်သီးအား အပေါ်သို့ မြှောက်ကာ လေထဲသို့ ထိုးသွင်းလျက် စိတ်လှုပ်ရှားစွာ ပြောလိုက်၏ “တောက်။ နောက်ဆုံးတော့ ငါ လူအစစ်ကို မြင်တွေ့လိုက်ရပြီ။ ဒါက သူဌေးထန်ပဲ၊ ပြီးတော့ သူက ငါတို့ကို ချီးကျူးခဲ့သေးတယ်…”

အခြားလုံခြုံရေးအစောင့်သုံးယောက်ကလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ ထို့နောက် သူတို့က သူတို့၏အဖော်များအား ထန်ရှုရောက်လာသည့်သတင်းသာမက ထန်ရှု၏ကတိကိုလည်း ဖြန့်ဝေပေးလိုက်၏။

ရုတ်တရက် မူလပထမလေလံအိမ်ထဲရှိ လုံခြုံရေးအစောင့်အားလုံးက အောင်ပွဲခံလိုက်ကြ၏။

မူလပထမလေလံအိမ်၏တတိယထပ်တွင် ဟောင်လဲ့က စာရွက်စာတမ်းများ ဖတ်နေသည်၊ သူ့ရှေ့တွင် နောက်လိုက်သုံးယောက်ရှိပြီး သူတို့က အခြားစာရွက်စာတမ်းများအား ကိုင်လျက် သူမလက်မှတ်ထိုးရန် စောင့်နေ၏။

အနေအထားက အလုပ်များလွန်းပြီး ဟောင်လဲ့က ယခုလောက် တစ်ခါမှ အလုပ်မရှုပ်ဘူးပေ။ ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်း၏မန်နေဂျာအဖြစ် ထမ်းဆောင်စဉ်တုန်းကတောင် ဒီတစ်ခုအား မယှဉ်နိုင်ပေ။ မနက်ကတည်းက ရေနှင့်ကော်ဖီသောက်ဖို့ရန်ပင် သူမက အချိန်မရခဲ့ပေ။

ဒေါက်…ဒေါက်…

တံခါးခေါက်သံက တံခါးမှ ထွက်လာပြီး ထန်ရှုက အပြင်ဘက်မှ ဝင်လာသည်။ သူက အခန်းထဲရှိ လူအနည်းငယ်အား ကြည့်ရင်း ပြုံးကာ မေးလိုက်သည် “မင်းတို့ အလုပ်များနေတာလား”

ဟောင်လဲ့က ကုလားထိုင်မှ ထရပ်ကာ နောက်လိုက်သုံးယောက်အား အမိန့်နှစ်ခုပေးလိုက်သည်။ သူတို့က စာရွက်စာတမ်းများအား ဆုပ်ကိုင်ကာ ထွက်သွားပြီးနောက် သူမက ပြောလိုက်၏ “ဒီနေရာမှာ ငါ့ကို ကူညီဖို့ တစ်ယောက်ယောက်ကို ရှာပေးနိုင်မလား၊ သူဌေး။ အလုပ်များလွန်းတာကြောင့် ငါ့ခြေထောက်က ကြမ်းပြင်ကိုတောင် မထိနိုင်တော့ဘူး။ ပြီးတော့ ဗိုက်ဆာလွန်းလို့ ငါ့အစာအိမ်က ပြားချပ်နေပြီဆိုတာ သူဌေး သိလား”

“အာ”ထန်ရှုက အံ့အားသင့်သွားသည် “မင်း အခုထိ ညစာမစားရသေးဘူးလား”

“ဘာညစာလဲ။ ငါ မနက်စာနဲ့နေ့လည်စာတောင် မစားရသေးဘူး”ဟောင်လဲ့က အားတင်းပြုံးလိုက်သည်။

ထန်ရှုက ဖုန်းထုတ်ကာ ရှန်းဟိုင်ရှိ ထာဝရခန်းမမန်နေဂျာအား ဖုန်းခေါ်ပြီး မူလပထမလေလံအိမ်သို့ ဟင်းပွဲများပို့ပေးရန် ပြောလိုက်၏ ။ ထို့နောက် သူက ဟောင်လဲ့ဘက်လှည့်ကာ မေး၏ “ဒါဆို မင်းကို ကူညီဖို့အတွက် မင်း အဆိုပြုချင်တဲ့သူတစ်ယောက်ယောက် ရှိလား”

“ချီနန်”ဟောင်လဲ့က ပြုံးကာ ပြောလိုက်သည်။

ထန်ရှုက မရယ်ဘဲ မနေနိုင်ပေ။ “မင်း တကယ့်လူကို ရွေးလိုက်တာပဲ။ ပြဿနာမရှိဘူး။ ဒီနေရာမှာ မင်းကို ကူညီဖို့ ငါ သူမကို ပြောလိုက်မယ်”

“အာ၊ ဒါပေမယ့် ဒါက ငါ့အိုင်ဒီယာလို့ သူမကို မပြောနဲ့နော်၊ ဂိုဏ်းချုပ်…”ဟောင်လဲ့က ကမန်းကတန်း ပြော၏။

“ဟီးဟီး၊ ငါ နားလည်ပါတယ်။ ဒါကို မစိုးရိမ်ပါနဲ့”ထန်ရှုက ရယ်လိုက်သည်။

“ဒါနဲ့ ကြော်ငြာပြီးနောက် ပြည်တွင်းနဲ့ ပြည်ပကရော ချမ်းသာတဲ့လူထောင်ချီဆီကနေ ဖုန်းတွေ ဆက်လာတယ်၊ ဂိုဏ်းချုပ်”ဟောင်လဲ့က ဆက်ပြောသည် “လေလံပွဲကို တက်ရောက်ဖို့ သူတို့ရဲ့ရည်ရွယ်ချက်ကို ဖော်ပြခဲ့ကြတယ်၊ ဒါပေမယ့် ကျွန်မတို့က လေလံပစ္စည်းတွေကို ကြိုတင်ကြေညာနိုင်မလားလို့ အများစုက မေးနေကြတယ်။ ကျွန်မလဲ သူတို့လို တွေးမိတယ်။ တကယ်တော့ ဒီပွဲကို အကောင်းဆုံးမာကတ်တင်းဆင်းထားရင်တောင် လေလံပစ္စည်းတွေနဲ့ မဆွဲဆောင်ဘူးဆိုရင် အကောင်းဆုံးရလဒ်ကို အောင်မြင်ဖို့က အတော်လေးခက်ခဲလိမ့်မယ်လေ”

All Chapters