စတန့်များ
Vol. 87 Ch. 1207
အတွေးပါသောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွား၏။ ဆေးနှစ်မျိုးလောက်နှင့် အသက်မဝင်လှဟု သူက ခံစားမိလာသည်။ တကယ်တော့ ဒါက ကမ္ဘာတစ်ဝှမ်းမှ စူပါသူဌေးကြီးများရောက်လာမည့် လေလံပွဲတစ်ခုဖြစ်ပြီး လက်ရှိအနေအထားအရ ဧည့်သည်အရေအတွက်က တစ်ထောင်ကို ကျော်လွန်ပေလိမ့်မည်။
ထို့ပြင် သူက ပျော်ရွှင်ခြင်းနန်းတော်မှ ရတနာများစွာ ရရှိခဲ့ပြီး အချို့က အတော်လေးတန်ဖိုးရှိသော်လည်း လူများစွာ၏မျက်လုံးထဲ၌ တန်ဖိုးမရှိလောက်ပေ။ ဒီနေ့ ကမ္ဘာတွင် ကြွယ်ဝမှုဖြန့်ဝေခြင်းအား ကျင့်ကြံခြင်းအဖွဲ့များမှလူများက ထိန်းချုပ်ထားသည်ဟု ပြောနိုင်သည်၊ ထိုစူပါသူဌေးကြီးများအား ဆွဲဆောင်နိုင်မည့်တစ်စုံတစ်ခုရှိရမည်ဟု ဆိုလိုသည်။
ကျင့်ကြံသူတွေက ဘာလိုအပ်လဲ။
တစ်ခုသေချာသည်ကား ဆေးလုံးများအပြင် အစီအရင်ချပ်ပြားများ၊ အဆောင်များ၊ မှော်လက်နက်များနှင့် အခြားအရာများပင်။ ထိုပစ္စည်းများအား ထည့်လိုက်သည်နှင့် ကမ္ဘာတစ်ဝှမ်းရှိအဖွဲ့များက သူတို့အား ရရှိရန် အုံ၍လာမည်မှာ သေချာသည်၊ ထိုအချိန်ကျလျှင် သူ့အိတ်ထဲသို့ ပိုက်ဆံများ အပြုံလိုက်ဝင်လာမည်ဟု ဆိုလို၏။
ခဏစဉ်းစားပြီးနောက် ထန်ရှုက ဟောင်လဲ့အား ခေါင်းမော့ကြည့်ကာ ပြောလိုက်သည် “ပစ္စည်းတွေအားလုံးကို လေလံတင်ရင် ပိုက်ဆံဘယ်လောက်ထိ ရနိုင်မယ်လို့ မင်း ထင်လဲ”
“ဒါနဲ့ ပတ်သက်ပြီး ကျွန်မ အရင်က ရတနာရာဖြတ်လေးယောက်နဲ့ စကားပြောပြီးပြီ၊ ကျွန်မတို့က ယွမ်နှစ်ရာဘီလီယံခန့် ရလောက်မယ်လို့ ခန့်မှန်းထားတယ်”ဟောင်လဲ့က ပြန်ဖြေ၏။
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ခေါင်းခါယမ်းလိုက်သည် “ယွမ်နှစ်ရာဘီလီယံက ကြီးမားတဲ့ပမာဏတစ်ခုမဟုတ်ပေမယ့် ထန်ဂိုဏ်းသားတွေရဲ့သုံးစွဲမှုနဲ့ နှိုင်းဆကြည့်ရင် ပြောဖို့တောင် မလိုဘူး။ ငါ့ခန့်မှန်းချက်က မှန်ရင် ယွမ်နှစ်ထရီလီယံက ဆယ်စုနှစ်အတွင်းမှာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ဖို့ လုံလောက်လိမ့်မှာ မဟုတ်ဘူး”
“နှစ်ထရီလီယံလား”
ဟောင်လဲ့က အနည်းငယ် တုန်လှုပ်သွား၏။ သူမက ပိုက်ဆံနှင့် ပတ်သက်၍ ဂရုမစိုက်ဘူးဆိုလျှင်တောင် ဤပမာဏကြာင့် သူမက အံ့အားသင့်သွားသေး၏။
ထန်ရှုက အားတင်းပြုံးကာ ပြော၏ “မင်းရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်က နိမ့်သေးတယ်၊ ဒါကြောင့် ကျင့်ကြံခြင်းရဲ့နှောင်းပိုင်းအဆင့်တွေအတွက် အရင်းအမြစ်တွေ ဘယ်လောက်ထိ လိုအပ်သလဲဆိုတာ မင်း မသိဘူး။ ဒါပေမယ့် နောက်ကျရင် သုံးစွဲမှုကို လျော့ချမယ့် အရေးကြီးတဲ့ဆုံးဖြတ်ချက်အချို့ကို ငါ ပြုလုပ်မယ်၊ ဒါပေမယ့် ယွမ်နှစ်ထရီလီယံက ဒီရည်ရွယ်ချက်အတွက် လိုအပ်တဲ့ သေချာတဲ့အရေအတွက်တစ်ခုပဲ။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ပိုက်ဆံလုပ်စက်တစ်ခုဖြစ်ပြီး ကြီးမားတဲ့ကြွယ်ဝမှုပမာဏတစ်ခုကို ရနိုင်ဖို့ များတယ်။ အနာဂတ်မှာ ဘီလီယံရာချီဒါမှမဟုတ် ထရီလီယံအနည်းငယ်ကို ရရှိဖို့က လွယ်ကူမှာပါ။ ပြီးတော့ ဒီလေလံပွဲမှာ အနည်းဆုံးတစ်ထရီလီယံကျော် ရသင့်တယ်”
ဂတ်…
ထန်ရှုက ယခုကဲ့သို့ကြီးမားသောအလိုရမ္မက်တစ်ခုရှိမည်ဟု ဟောင်လဲ့က မမျှော်လင့်ထားခဲ့ပေ။ သို့သော် လေလံပွဲအတွက် လက်ရှိရှိသည့်ပစ္စည်းအရေအတွက်က မလုံလောက်ပေ။ ပျော်ရွှင်ခြင်းနန်းတော်နှင့်မျိုးရိုးဗီဇစခန်းမှ ရရှိခဲ့သော ရတနာများ၏စုစုပေါင်းတန်ဖိုးက ယွမ်နှစ်ရာဘီလီယံထိသာ ရှိပေမည်။
ထန်ရှုက ထရပ်ကာ ဖြည်းဖြည်းချင်း ပြော၏ “ဟောင်လဲ့၊ ဒီလေလံပွဲမှာ ကျင့်ကြံသူတွေအတွက် တန်ဖိုးရှိတဲ့ ဆေးဝါးတွေ၊ အားကောင်းတဲ့အဆောင်အမျိုးမျိုးတွေ၊ မှော်လက်နက်တွေနဲ့ ကျင့်ကြံခြင်းကျမ်းစာအုပ်တွေကိုတောင် လေလံတင်မယ်လို့ ကြေညာလိုက်ပါ”
ဟောင်လဲ့က ထိတ်လန့်တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာ မေး၏ “ဂိုဏ်းချုပ်၊ မင်းက သူတို့ကို ရောင်းချချင်တာ သေချာရဲ့လား…ကျင့်ကြံခြင်းစာအုပ်တွေကိုတောင်မှလေ”
“ဟုတ်တယ်။ ငါ ကျင့်ကြံခြင်းစာအုပ်တွေကိုလဲ ရောင်းမယ်”ထန်ရှုက လေးနက်စွာ ပြောသည် “ဒါပေမယ့် ဒီကျင့်ကြံခြင်းနည်းစနစ်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ထိသာ လေ့ကျင့်နိုင်ပြီး ရုပ်ပိုင်းဆိုင်ရာသန့်စင်မှုကို အဓိကအလေးထားတယ်။ ယနေ့ခေတ်မှာ ကမ္ဘာမြေပေါ်က လူသားတွေရဲ့ရုပ်ပိုင်းဆိုင်ရာအရည်အသွေးက ပိုဆိုးလာနေတယ်၊ ဒါကြောင့် ဒီကျင့်ကြံခြင်းပညာရပ်ကို အခု ရောင်းချပြီး ၎င်း ပျံ့နှံ့သွားတဲ့အခါ ကမ္ဘာမြေပေါ်က လူသားတွေရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ သိုင်းပညာတွေရဲ့စံသတ်မှတ်ချက်က အကြီးအကျယ်တိုးလာလိမ့်မယ်”
“သူဌေးက လူသားတွေအားလုံးကို ပိုသန်မာလာစေချင်တာလား”ဟောင်လဲ့က ထပ်မေး၏။
“ဟုတ်တယ်။ ကမ္ဘာမြေက ကျယ်ပြောတဲ့စကြာဝဠာမှာ သေးငယ်တဲ့တည်ရှိမှုတစ်ခုသာဖြစ်ပြီး ဖုန်မှုန့်တစ်စက်မျှလောက်လိုပဲ ပြောနိုင်တယ်”ထန်ရှုက ခေါင်းညိတ်၏ “အဆင့်မြင့်ပလိန်းတွေကို ဖော်ပြမယ့်အစား ငါတို့ရဲ့စကြာဝဠာတစ်ခုထဲမှာတင် ဂလက်ဇီတွေရဲ့အရေအတွက်က အဆုံးမရှိဘူး၊ အများစုမှာ နည်းပညာခေတ်ရှေ့ပြေးတဲ့မျိုးနွယ်တွေ၊ မှော်ကမ္ဘာတွေနဲ့ ကျင့်ကြံခြင်းကမ္ဘာတွေတောင် ရှိတယ်။ ကမ္ဘာမြေက အားနည်းလွန်းရင် အခြားဂလက်ဇီတွေက အားကောင်းတဲ့တည်ရှိမှုတွေ ဒီနေရာကို တစ်နေ့ရောက်လာတဲ့အခါ အဲဒါက ကမ္ဘာမြေက လူသားတွေရဲ့အဆုံးသတ်ဖြစ်သွားလိမ့်မယ်”
ထန်ရှုက ပြတင်းပေါက်သို့ လျှောက်သွား၏၊ ထိုနေရာတွင် လမ်းလျှောက်နေသောသက်ရှိများနှင့်အတူ အမှောင်ထုတို့ ဝန်းရံထားသောအပြင်ဘက်မြင်ကွင်းအား ကြည့်လိုက်သည်။ ထို့နောက် သူက ဆက်ပြော၏ “ကမ္ဘာမြေက သေးငယ်ပေမယ့် ၎င်းက ငါတို့ရဲ့အုတ်မြစ်ပဲ။ အနာဂတ်မှာ ငါတို့က ဒီနေရာက ထွက်သွားရလိမ့်မယ်၊ ထိုအချိန်ကျရင် ဒီနေရာမှာ ဘာပဲဖြစ်ဖြစ် ငါတို့ ဂရုစိုက်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး။ တစ်နေ့ ဒီနေရာကို ငါတို့ ပြန်ခြေချလာတဲ့အခါ လူသားတွေ မျိုးတုန်းပျောက်ကွယ်သွားနေတာကို ငါ မမြင်ချင်ဘူး”
ဤအချိန်တွင် သူက ဟောင်လဲ့ကိုသာမက သူ့ကိုယ်သူလည်း ပြောခဲ့သည်။ အိုင်ဒီယာတစ်ခုပင် သူ့စိတ်ထဲ၌ ထင်ဟပ်လာပြီး တစ်နေ့တွင် ၎င်းအား အကောင်းအထည်ဖော်သည်နှင့် သူက အလွန်အမင်းအလုပ်များနေလိမ့်မည်ကို သူ သိ၏။
ညနက်တွင်။
ထန်ရှုက ကြယ်ပြာအိမ်ရာရှိ သူ့အိမ်သို့ ပြန်လာ၏၊ မုဝမ်ရင်၊ အိုးရန်လုလုနှင့် အန်ဒီတို့က ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေသည်ကို သူ မြင်လိုက်ရသည်။ သို့သော် ထိုနေရာတွင် အခြားအမျိုးသမီးနှစ်ယောက်လည်း ရှိနေလိမ့်မည်ဟု သူ မထင်ထားပေ။ သူတို့က မတွေ့ရတာ အတော်ကြာပြီဖြစ်သည့် ကျန်းရှင်းယာနှင့်ကျန်းရှင်းယွဲ့တို့ပင်။
“မင်းတို့အားလုံးက…”
ထန်ရှု၏ပါးစပ်က ပွင့်ဟလာသော်လည်း သူ့ခေါင်းက ဤနေရာမှ ပြန်လှည့်ကာ ထွက်ပြေးမည့် အပြေးများနှင့်သာ ပြည့်လာလေ၏။
အန်ဒီက ပထမဆုံး ဆိုဖာမှ ထလာပြီး ထန်ရှုအရှေ့သို့ လျှောက်လာကာ ပြုံးလျက် ပြောသည် “ရှင် နောက်ဆုံးတော့ ပြန်လာပြီပေါ့၊ သူဌေး။ ရှင်သာ မပြန်လာရင် သူတို့က တိုက်ခိုက်ကြတော့မှာကို ကျွန်မ စိုးရိမ်တယ်”
ထန်ရှုက ချောက်ကပ်ကပ်သာ ရယ်လိုက်သည်။ ဒါက သူ ဘယ်တော့မှ မမြင်ချင်၊ မရင်ဆိုင်ချင်သောမြင်ကွင်းတစ်ခုဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူက သူ့အား အန်ဒီကို ဆွဲခေါ်ခွင့်ပြုကာ ဆိုဖာသို့ လျှောက်သွား၏။
ဤအချိန်တွင် လှပသောမျက်လုံးငါးစုံက ထန်ရှုတစ်ယောက်ထံသာ အပြည့်အဝအာရုံစိုက်လာကြ၏။
သူက အမြဲတမ်း အကြောက်အလန့်ကင်းမဲ့သော်လည်း ယခုလိုမြင်ကွင်းအား ရင်ဆိုင်မည့်အစား နတ်ဘုရားများနှင့်နတ်ဆိုးများကိုသာ တိုက်ခိုက်ပါလိမ့်မည်။ သူက ချောင်းနှစ်ခါဟန့်လျက် ပြော၏ “အမ်၊ ဒါက အချစ်တွေများတဲ့အတွက် ငါ့ရဲ့ကံကြမ္မာပါပဲ။ မင်းတို့ ငါ့ကို ရိုက်နိုင်တယ်၊ ဆဲဆိုနိုင်တယ်၊ ဘာမဆိုလုပ်နိုင်တယ်။ ငါ လက်ခံပါတယ်။ မင်းတို့က ဒါကို လက်မခံနိုင်ဘဲ ငါ့ကို ချန်ထားခဲ့ချင်တယ်ဆိုရင်လဲ မင်းတို့ရဲ့ဆုံးဖြတ်ချက်ကို ငါ လေးစားမှာပါ”
“ကျွန်မ ရှင့်ကို ချန်ထားရင် ရှင် ဝမ်းနည်းမှာလား”မုဝမ်ရင်က ညင်သာစွာ မေး၏။
ထန်ရှုက စက္ကန့်အနည်းငယ်ကြာ နှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြန်ဖြေသည် “ဒါက ငါ့နှလုံးသားကို ဖျက်ဆီးသလိုပါပဲ၊ ငါ့အနေနဲ့ ခံနိုင်ရည်ရှိဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမယ့် ဒါက မင်းရဲ့ရွေးချယ်မှုဆိုရင် ငါ အဲဒါကို လက်ခံမှာပါ”
မုဝမ်ရင်က ထရပ်ပြီးနောက် ပြောလိုက်သည် “ကျွန်မ ဒီနေရာမှာ တစ်နေ့လည်လုံး အချိန်ဖြုန်းခဲ့တယ်၊ အခုထိ ညစာမစားရသေးဘူး။ ရှင်တို့တွေ စကားဆက်ပြောနေကြပေါ့။ ကျွန်မ အပေါ်ထပ်ကို သွားပြီး အိပ်တော့မယ်”
ထို့နောက် သူမက သူမအား စိုက်ကြည့်နေသည့်မျက်လုံးတစ်စုံကို လစ်လျူရှုကာ လှေကားသို့ တက်သွားပြီးနောက် လျင်မြန်စွာ ပျောက်သွား၏။
ထန်ရှုက သူ့အကြည့်အား ပြန်ရုတ်သိမ်းကာ ပြောမည့်ဆဲဆဲတွင် အိုးရန်လုလုက ထလာပြီး သူ့ထံ လျှောက်လာသည်။ သူမက ထန်ရှု၏ပါးပြင်အား ညင်သာစွာ ပွတ်သက်ကာ သူ့နဖူးအား နမ်းပြီးနောက် သူမအိတ်အား ယူရန် ပြန်လျှောက်သွား၏။ ထို့နောက် သူမက ရယ်ကာ ပြောလိုက်သည် “ကောင်းပြီလေ၊ ကျွန်မလဲ သုခဘုံစံအိမ်ကို အရင်သွားတော့မယ်။ မနက်ဖြန် ကျွန်မ အားတယ်၊ ဒါကြောင့် ကျွန်မကို လာတွေ့ဖို့ သေချာပေါက် မှတ်ထားပါ”
“ဒါပေမယ့် မနက်ဖြန် ငါ နဂါးကိုးကောင်ကျွန်းကို သွားရလိမ့်မယ်”ထန်ရှုက ကမန်းကတန်းပြော၏။
အိုးရန်လုလု၏မျက်လုံးများက တောက်ပသွား၏။ “ဒါဆို ကျွန်မ ရှင်နဲ့ လိုက်မယ်။ အခုတလော ကျွန်မလဲ ဘာမှလုပ်စရာမရှိဘူးလေ”
“ဒါပေမယ့် မင်း ပျင်းနေမှာ။ ငါ အရေးတကြီးလုပ်စရာတွေရှိတယ်၊ မင်းကို အဖော်ပြုပေးဖို့ အချိန်ရှိမှာမဟုတ်ဘူး”ထန်ရှုက ပြော၏ “ပြီးတော့ မူလပထမလေလံပွဲအတွက် ပြင်ဆင်ဖို့ ရှန်းဟိုင်ကို ပြန်လာရမှာ ဖြစ်တဲ့အတွက် ငါ အဲမှာ ဆယ်ရက်လောက်ပဲ နေမှာ”
ဤသည်ကို ကြာပြီးနောက် အိုးရန်လုလုက ချက်ချင်း ခေါင်းခါယမ်းလိုက်သည် “ဒါဆိုလဲ ထားလိုက်ပါတော့။ သုခဘုံစံအိမ်မှာပဲ နေပြီး ပိုက်ဆံရှာတော့မယ်။ ကျွန်မရဲ့သုခဘုံစံအိမ်ရဲ့စီးပွားရေးလုပ်ငန်းက မကြာသေးခင်က အရမ်းအဆင်ပြေလာတယ်၊ အထူးသဖြင့် နိုင်ငံခြားခရီးသွားတွေရဲ့အရေအတွက်က သိသိသာသာတိုးလာနေတယ်။ ဒါ ဟုတ်တယ်၊ လေလံပွဲမှာ ကျွန်မအတွက် နေရာတစ်ခု ချန်ထားပေးနော်”
“ကောင်းပါပြီ”ထန်ရှုက အနည်းငယ်စိတ်သက်သာရာရသွားလျက် ခေါင်းညိတ်လိုက်သည်။
အိုးရန်လုလုက ဘာမှ ထပ်မပြောတော့ပေ။ သူမက အိတ်ကောက်ယူကာ အပြင်ဘက်သို့ တန်းသွား၏။ သူမက ကျန်းရှင်းယာနှင့်ကျန်းရှင်းယွဲ့တို့ကိုပင် တစ်ချက်မကြည့်ခဲ့ပေ။
အန်ဒီက ကျန်းညီအစ်မတို့အား ကြည့်ကာ ကြားဖြတ်ပြော၏ “သူဌေး၊ ကျွန်မ ဧည့်ခန်းမှာပဲ အိပ်တော့မယ်။ တံခါးကို သော့မခတ်ထားဘူး”
ထိုသို့ပြောပြီးနောက် သူမက လှေကားဆီသို့ ပြေးသွား၏။
ခေါင်းကိုက်သလိုဖြစ်လျက် ထန်ရှုက ကျန်းရှင်းယာနှင့်ကျန်းရှင်းယွဲ့တို့ဘက် လှည့်လိုက်သည်။
“ထန်ရှု၊ ကျွန်မ နဂါးကိုးကောင်ကျွန်းကို သွားချင်တယ်”ကျန်းရှင်းယာက ရုတ်တရက် ပြော၏။
ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါ ပြဿနာမရှိဘူး။ မနက်ဖြန်ကျရင် မင်း ငါနဲ့လိုက်ခဲ့လေ”
“ကျွန်မလဲ အဲကို သွားချင်တယ်”ကျန်းရှင်းယွဲ့က ပြောလိုက်သည်။
ထန်ရှု၏ပါးစပ်က ပွင့်ဟသွားပြီး တုံ့ဆိုင်းစွာ ပြော၏ “ဒါပေမယ့် မင်းတို့…”
ကျင်းရှင်းယာက ထရပ်ပြီး သူ့ညီမအား ဆွဲကာ ပြောလိုက်သည် “ကျွန်မတို့နှစ်ယောက်လုံး လိုက်မယ်။ ကောင်းပြီလေ၊ မနက်ဖြန်လေဆိပ်မှာ ကျွန်မတို့ ရှင့်ကို စောင့်နေမယ်”
ထို့နောက် ညီအမနှစ်ယောက် ထွက်သွား၏။
ထန်ရှုက ဗလာဖြစ်သွားသောဧည့်ခန်းအား လှည့်ပတ်ကာ ကြည့်လိုက်သည်။ ယောကျ်ားနှင့်မိန်းမကြားအချစ်ရေးကိစ္စများက သူ့အား အမြဲတမ်း ခေါင်းကိုက်စေသောအရာတစ်ခုပင်။
အချိန်အတော်ကြာသွား၏။
စီးကရက်နှစ်လိပ် သောက်ပြီးနောက် ထန်ရှုက ထကာ ဒုတိယထပ်သို့ လျှောက်သွား၏။ သူက အိပ်ခန်းတံခါးအား တွန်းဖွင့်လိုက်သည်၊ မုဝမ်ရင်က ညအိပ်ဝတ်စုံဝတ်လျက် အိပ်ရာဘေးတွင် ထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေသည်ကို မြင်လိုက်ရသည်။ အချိန်အတန်ကြာ တုံ့ဆိုင်းပြီးနောက် သူက ပြော၏ “ဒီနေရာမှာ ခဏလောက် စောင့်နေ၊ စားစရာတစ်ခုခုရှိလား ငါ သွားကြည့်လိုက်မယ်”
ထန်ရှုက ချက်ပြုတ်ရာ၌ ရင်းနှီးမှုရှိသည်။ နာရီဝက်ကြာပြီးနောက် သူက ခေါက်ဆွဲနှစ်ပန်းကန် ပြုလုပ်လိုက်၏။ သူက တစ်ပန်းကန်အား အန်ဒီ၏အခန်းသို့ ပို့ပေးလိုက်ပြီးနောက် မီးဖိုချောင်သို့ ပြန်လာသည်။ ထို့နောက် ကျန်ရှိသောတစ်ပန်းကန်အား ဒုတိယထပ်အိပ်ခန်းသို့ သယ်ကာ ပြောလိုက်သည် “နည်းနည်းလောက် စားလိုက်ပါ”
မုဝမ်ရင်က နဖူးရှေ့ရှိ ဆံပင်အား သပ်ကာ ပန်းကန်နှင့်တုတ်ချောင်းအား ယူလိုက်သည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ ပြုံးလိုက်သည် “အရသာ ကောင်းတယ်”
ထန်ရှုက အားတင်းပြုံးကာ ပြောလိုက်၏ “ဒီနေ့ရဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့…ဒါက တကယ်ပဲ…”
“ဒါ အဆင်ပြေပါတယ်”မုဝမ်ရင်က ခေါင်းခါယမ်းကာ ကြားဖြတ်ပြောလိုက်သည် “ဒီလိုနေ့မျိုး တစ်နေ့ ဖြစ်လာမယ်ဆိုတာ ကျွန်မ သိပြီးသားပါ။ ဒါပေမယ့် ရှင် ကျွန်မကို ဂရုစိုက်နိုင်သရွေ့ ကျွန်မအတွက် လုံလောက်ပါတယ်၊ ရှင့်မှာ မိန်းမဘယ်လောက်များများ ရှင့်ရဲ့ကိစ္စပဲ။ ထူးချွန်တဲ့ယောကျ်ားတွေမှာ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တဲ့ သဘာဝသံလိုက်လိုအရာတစ်ခုရှိတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်”
ချက်ပြုတ်နေစဉ် သူက ဘာပြန်ပြောရမည်ကို ထန်ရှုက စဉ်းစားခဲ့ပြီဖြစ်၏။ သို့သော် မုဝမ်ရင်က ယခုလိုတည်ငြိမ်သောအမူအရာနှင့် စားသောက်နေသည်ကို ကြည့်ရင်း သူက စိတ်ထဲ၌ သက်ပြင်းချမိသည်။ ထို့နောက် သူက ပြောလိုက်၏ “ဒါနဲ့ မင်း စားပြီးရင် ခွက်ကို အိပ်ရာဘေးက စားပွဲပေါ်မှာ တင်ထားလိုက်ပါ။ ငါ ရေအရင်ချိုးလိုက်အုံးမယ်”
ထိုညတွင် အမြဲတမ်းနူးညံ့ညင်သာသန့်စင်လေ့ရှိသောမုဝမ်ရင်က အလွန်အမင်း အရိုင်းဆန်လာပြီး ထန်ရှုအား နာရီအနည်းငယ်ကြာသည့်အထိ တောင်းဆိုနေခဲ့၏၊ နောက်ဆုံး ခွန်အားက သူမ၏ခန္ဓာကိုယ်မှ ထွက်သွားသည့်အထိပင်။ သူမက ရေပင် မချိုးတော့ဘဲ မောပန်းလျက် ထန်ရှုအား ပွေ့ဖက်ရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွား၏။