← Chapters

ကြိုးစားအလုပ်လုပ်ခြင်း

Vol. 87 Ch. 1208

ကြိုးစားအလုပ်လုပ်ခြင်း

Vol. 87 Ch. 1208

နောက်တစ်နေ့တွင်။

ထန်ရှုက ထန်အန်းနှင့်အတူ လေဆိပ်သို့ ကမန်းကတန်း သွားနေသည်။

လေဆိပ်သို့ ရောက်လာပြီးနောက် သူက ကျန်းရှင်းယာနှင့်ကျန်းရှင်းယွဲ့တို့အား အလွယ်တကူ တွေ့လိုက်ရ၏၊ သူတို့က သူ့အား စောင့်နေသည်မှာ ဘယ်လောက်ထိ ကြာမှန်းတော့ သူ မသိပေ။ အမျိုးသမီးနှစ်ယောက်နှစ်ယောက်လုံးက တူညီသောဝတ်စုံ၊ ဉီးထုပ်၊ နေကာမျက်မှန်နှင့် သူတို့ဘေးနားတွင် ကြီးမားသောလက်ဆွဲအိတ်တစ်ခုစီ ရှိနေ၏။

“မင်းတို့ ငါ့ကို စောင့်နေတာ ကြာပြီးလား”ထန်ရှုက မေးလိုက်သည်။

“မဟုတ်ပါဘူး၊ ငါတို့လဲ အခုမှ ရောက်လာတာ”ကျန်းရှင်းယာက ပြန်ဖြေ၏ “ဒါနဲ့ ငါတို့က စိုင်းဖန်ကို တိုက်ရိုက်သွားမှာမလား”

“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ငါတို့ စိုင်းဖန်ကို တိုက်ရိုက်သွားမယ်။ ဒါနဲ့ မင်းတို့တွေ အဲနေရာကို သွားတဲ့အကြောင်းရင်းကို ငါ မမေးရသေးဘူး။ မင်းတို့က အဲကို အပန်းဖြေဖို့ သွားမှာလား ဒါမှမဟုတ် အမြဲတမ်းနေဖို့အတွက်လား”

“ငါက အဲမှာ အမြဲတမ်းနေမှာ”ကျန်းရှင်းယာက ပြော၏။

“အာ။ မင်းက ဒီနေရာမှာ အလုပ်တွေ ရှိသေးတာမလား”ထန်ရှုက အံအားသင့်စွာ မေး၏ “မင်းကရော ဘယ်လိုလဲ၊ ရှင်းယွဲ့။ မင်းရဲ့အလှပြင်ဆိုင်ကို မဖွင့်တော့ဘူးလား”

“ဖျော်ဖြေရေးလောကနေ ထွက်ပြီး အနာဂတ်မှာ အများရှေ့မှာ မထွက်ပေါ်လာတော့ဘူးလို့ ငါ ကြေညာသွားပြီးပြီ”ကျန်းရှင်းယာက ပြန်ဖြေသည် “ရှင်းယွဲ့ကတော့ သူမရဲ့ဆိုင်ကို လွန်ခဲ့တဲ့နှစ်ပတ်က ရောင်းချပြီးပြီ၊ ဒါကြောင့် လက်ရှိအချိန်မှာ ငါတို့က ဘာမှ လုပ်စရာမရှိဘူး”

ထန်ရှုက တစ်ခုခုကို စဉ်းစားလိုက်ပြီးနောက် မေး၏ “မင်းတို့က ဒီနေရာမှာ နေချင်လား ဒါမှမဟုတ် နောက်ကျရင် ငါနဲ့အတူ ထွက်သွားမှာလား”

“ဟမ့်။ ထွက်သွားမှာလား။ ဘယ်ကိုလဲ”ကျန်းရှင်းယွဲ့က မေး၏။

ထန်ရှုက ကျန်းရှင်းယာဘက်လှည့်ကာ မေးလိုက်သည် “မင်း သူမကို မပြောခဲ့ဘူးလား”

“မပြောရသေးဘူး”ကျန်းရှင်းယာက ခေါင်းခါလိုက်သည်။

ထန်ရှု၏နှုတ်ခမ်းက လှုပ်ရှားသွားပြီး သူ့အသံအား ကျန်းရှင်းယာ၏နားထဲသို့ ပို့ဆောင်လိုက်သည်။ “ငါက ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါက ဘာဆိုလိုလဲဆိုတာ မင်းတို့ သေချာပေါက် သိမှာပါ။ ကျင့်ကြံသူတိုင်းရဲ့ရည်ရွယ်ချက်က ပိုမြင့်မားသောကျင့်ကြံခြင်းအဆင့်တစ်ခုကို ရောက်ရှိပြီး အဆုံးမှာ အင်မော်တယ်အဖြစ် တက်လှမ်းဖို့ပဲ။ မတော်တဆသာမရှိလာရင် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ငါ အင်မော်တယ်ကမ္ဘာကို တက်လှမ်းလိမ့်မယ်၊ ပြီးတော့ ငါနဲ့အတူ ငါ့နောက်လိုက်တွေကိုလဲ ခေါ်သွားမယ်။ ငါ ကမ္ဘာမြေကို နှစ်ထောင်ချီကြာတဲ့အထိ ပြန်လာမှာ မဟုတ်တော့ဘူး”

ကျန်းရှင်းယွဲ့က တုန်လှုပ်သွားပြီး မယုံကြည်နိုင်မှုက သူမမျက်လုံးများထဲ၌ ပြည့်သွား၏။ ကမ္ဘာမြေက လွဲပြီး ဒဏ္ဍာရီထဲရှိအင်မော်တယ်ကမ္ဘာက တည်ရှိလိမ့်မည်ဟု သူမက ဘယ်တော့မှ မတွေးခဲ့ပေ။ ဤနေရာက ရှန်းရှဝတ္ထုများတွင်သာ ရှိသည်ကိုသာ သူမက သိ၏။

****

ညဘက်တွင် သူတို့လေးယောက်က နဂါးကိုးကောင်ကျွန်းသို့ ရောက်ရှိလာသည်၊ ဤအချိန်အထိ ထန်ရှုပြောခဲ့သည့်အရာအားလုံးအား ကျန်းရှင်းယွဲ့က မခြေဖျက်နိုင်သေးပေ။ သူမတို့ညီအမနှစ်ယောက်နေထိုင်ရန်အတွက် မုချင်းဖျင်က အရာအားလုံးစီစဉ်ပေးပြီးနောက် သူမက ထန်ရှုအခန်းသို့ သွားကာ မေးလိုက်၏ “ရှင် ကျွန်မကိုရော ကျင့်ကြံခြင်းနည်းစနစ်တွေ သင်ကြာပေးနိုင်မလား။ တိမ်တွေအထက်မှာ ပျံသန်းရတာနဲ့ သဘာဝရဲ့စွမ်းအားကို ဆင့်ခေါ်ရတာကို ကျွန်မ တကယ် သဘောကျတယ်”

ထန်ရှုက မနေနိုင်ဘဲ ရယ်လျက် ရှင်းပြလိုက်သည် “ငါ မင်းကို ပြောပြမယ်၊ ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းတာက အရမ်းအန္တရာယ်များတယ်။ မင်းက သာမန်လူတွေမခံနိုင်တဲ့နာကျင်မှုကို သည်းခံရမှာဖြစ်ပြီး မင်းရင်ဆိုင်ရမယ့်အန္တရာယ်က စိတ်ကူးလို့မရနိုင်လောက်အောင်ပဲ။ ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ ရွေးချယ်လိုက်မယ်ဆိုရင် အနာဂတ်မှာ မင်းက အခြားသူတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ထိုအချိန်ကျရင် အင်မော်တယ်တွေအကြား တိုက်ပွဲကိုတောင် ရင်ဆိုင်ရလိမ့်မယ်”

“အဲအခါကျရင် ရှင် ကျွန်မကို ကာကွယ်မှာလား”ကျန်းရှင်းယွဲ့က မေးလိုက်သည်။

ထန်ရှုက ခေါင်းညိတ်လိုက်သည် “ငါ သေချာပေါက် ကာကွယ်မှာပါ။ ငါ အသတ်မခံရသေးသရွေ့ပေါ့”

ကျန်းရှင်းယွဲ့က ပြုံးလျက် ထန်ရှုအရှေ့သို့ လျှောက်သွား၏။ သူမက သူ့လည်ပင်းအား ဖက်အား မေးလိုက်သည် “ဒါဆို ရှင်က ကျွန်မကို ကာကွယ်မှတော့ ကျွန်မ ဘာကိုမှ မကြောက်ဘူး။ ရှင်က ကျင့်ကြံသူတစ်ယောက်၊ ကျွန်မအမလဲ အတူတူပဲ။ ဒါကြောင့် အနာဂတ်မှာ ရှင်ဘယ်ပဲသွားသွား ကျွန်မ လိုက်မယ်”

“ဒါ ငါ့ကို သတိပေးလိုက်တာပဲ၊ မင်းရဲ့အမက အခု ဘယ်မှာလဲ”ထန်ရှုက‌ မေး၏။

“သူမက ပင်ပန်းလို့ အခန်းထဲမှာ အိပ်ပျော်သွားပြီ”ကျန်းရှင်းယွဲ့က ပြန်ဖြေသည်။

ထန်ရှုက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် “ဒါဆိုလဲ ကောင်းပါပြီ။ ဒီည ငါ့အခန်းမှာ နေပေါ့၊ ငါ မင်းကို ကျင့်ကြံခြင်းနည်းစနစ်တစ်ခု သင်ကြားပေးမယ်၊ ကျင့်ကြံခြင်းလမ်းကြောင်းက ဘာလဲဆိုတာရောပေါ့။ ဒါပေမယ့် အနာဂတ်မှာ မင်း ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာတော့ ငါ အာမမခံနိုင်ဘူး။ အခု ငါ မင်းကို ပြောနိုင်တာကတော့ မင်းက အင်မော်တယ်ကမ္ဘာကို ငါနဲ့အတူ လိုက်သွားချင်တယ်ဆိုရင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိရမယ်ဆိုတာပဲ ငါ‌ ပြောပြနိုင်တယ်”

“ဒီစိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်က ဘာလဲ”ကျန်းရှင်းယာက သိလိုစိတ်နှင့် မေးလိုက်သည် “ဒီစိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိမယ်ဆိုရင် ငါက ပျံသန်းနိုင်တဲ့အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်လာမှာလား”

“အနာဂတ်မှာ မင်းက အခြားသူတွေဆီကနေ ကျင့်ကြံခြင်းအဆင့်နဲ့ ပတ်သက်ပြီး သိလာပါလိမ့်မယ်”ထန်ရှုက ပြော၏ “စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေအတွက်ကတော့ သူတို့က သေချာပေါက်ပျံသန်းနိုင်ပြီး အရမ်းအားကောင်းတယ်။ လက်ရှိ မင်းရဲ့ကျင့်ကြံခြင်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာ ရှိမယ်ဆိုရင် ငါကတောင် မင်းရဲ့ပြိုင်ဘက်မဟုတ်ဘူး”

“ကောင်းပြီလေ။ ငါ စတင်ကျင့်ကြံမယ်။ ငါ ကျင့်ကြံသူတစ်ယောက်ဖြစ်ရမယ်”ကျန်းရှင်းယွဲ့က လက်သီးတင်းတင်းဆုပ်လိုက်သည်။

လေးနာရီကြာသွားပြီး ခန္ဓာကိုယ်၏မရီဒျာန်လမ်းကြောင်းများနှင့်အရေးကြီးသွေးကြောဆုံမှတ်များအား ထန်ရှုက ကျန်းရှင်းယွဲ့အား သင်ကြားပေးခဲ့သည်။ ထန်ရှုက သူမအား အင်မော်တယ်ကမ္ဘာရှိ အလွန်အားကောင်းသောကျင့်ကြံခြင်းနည်းစနစ်တစ်စုံ သင်ကြားပေးခဲ့ပြီး သူ့သွေးအဆီအနှစ်တစ်စက်အား သူမ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ကာ သူမနှလုံးအား စုပ်ယူစေခဲ့၏။

ညနက်တွင် ထန်ရှုက နဂါးကိုးကောင်းကျွန်းရှိ အဂ္ဂိရတ်ခန်းမသို့ ရောက်ရှိလာသည်။ သူက ခန်းမထဲသို့ ဝင်မည့်ပြင်စဉ် အတွင်းမှ အပူလှိုင်းများအား ခံစားလိုက်ရ၏။ ဝင်ရောက်ပြီးနောက် အထဲရှိ အပူချိန်က အပြင်ဘက်ထက် အနည်းဆုံးဒီဂရီနှစ်ဆယ်ပိုမြင့်သည်ကို တွေ့လိုက်ရ၏။

“ကျီချီးမိန်”

ထန်ရှုအား မြင်တွေ့ပြီးနောက် ရိုသေလေးစားသောအမူအရာက ကျီချီးမိန်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သူမက ချက်ချင်းနှုတ်ဆက်ကာ အရိုအသေပေးလိုက်သည် “ဘယ်အချိန်တုန်းက ရောက်လာတာလဲ၊ အရှင်”

“ငါ ဆေးလုံးအချို့ ဖော်စပ်မလို့၊ လေးရက်ခန့်လောက် ကြာမယ်လို့တော့ ငါ ခန့်မှန်းထားတယ်”

“ဒါပေမယ့် မီးပြင်းဖိုထဲမှာ ငါ ဖော်စပ်နေတဲ့ဆေးတစ်လုံးရှိသေးတယ်၊ အဲဒါ အောင်မြင်စွာ သန့်စင်နိုင်ဖို့ ရက်အနည်းငယ် ကြာအုံးမယ်၊ အရှင်”ကျီချီးမိန်က တုံ့ဆိုင်းပြီးနောက် ဆက်ပြော၏ “ဒီလျှို့ဝှက်ခန်းထဲမှာ မီးပြင်းဖိုနှစ်ခုပဲ ရှိတယ်၊ ဒါပေမယ့် အခြားတစ်ခုရဲ့အရေအတွက်က အတော်လေးသာမန်ဖြစ်ပြီး ဆေးအလုပ်သင်တွေကပဲ အသုံးပြုတယ်။ ဒီမီးပြင်းဖိုထဲက ဆေးလုံးကို ဖယ်ရှားစေချင်လား။ ဒါမှမဟုတ်…”

ထန်ရှုက ရယ်ကာ ပြော၏ “ငါ့မှာ ကိုယ်ပိုင်ဆေးမီးပြင်းဖိုရှိပါတယ်”

ထိုသို့ ပြောပြီးနောက် သူက နတ်ဆိုးနတ်ဘုရားစိတ်ဝိညာဉ်ဝါးမျိုဒယ်စောက်အား သိုလှောင်လက်စွပ်မှ ယူထုတ်ကာ အခန်းထဲတွင် ချထားလိုက်သည်။ ထို့နောက် ဒယ်စောက်အောက်တွင် အစီအရင်အချို့ ခင်းကျင်းလိုက်သည်။ ပြီးမှ သူက ကျီချီးမိန်ဘက် လှည့်ကာ မေးလိုက်သည် “ဒါနဲ့ ငါ့ရဲ့ဒီပစ္စည်းကို ဘယ်လိုထင်လဲ၊ အရမ်းကောင်းလွန်းတယ်မလား”

ကျီချီးမိန်က အလွန်အမြင်စူးရှသည်၊ နတ်ဆိုးနတ်ဘုရားစိတ်ဝိညာဉ်ဝါးမျိုသူဒယ်စောက်ကို မြင်ပြီးနောက် သူမနှလုံးသားက ခုန်ပေါက်သွား၏။ သူမက ဒယ်စောက်အား အကြိမ်အနည်းငယ် လှည့်ပတ်ကာ ကြည့်ပြီးနောက် ချီးကျူးလိုက်သည် “ဒီပစ္စည်းက ထိပ်တန်းအင်မော်တယ်ပစ္စည်းတွေနဲ့ ယှဉ်နိုင်တာပဲ၊ အရှင်။ ဒါပေမယ့် ဒီဟာက ဆေးလုံးတွေ ဖော်စပ်ဖို့အတွက်သာမက လက်နက်နဲ့ပစ္စည်းကိရိယာတွေပါ ထုတ်လုပ်နိုင်တယ်လို့ ငါ့ရဲ့အမြင်အာရုံက ပြောပြနေတယ်။ ငါ‌ ပြောတာ မှန်လား၊ အရှင်”

“မင်းမှာ အမြင်ကောင်းတွေ ရှိတာပဲ”ထန်ရှုက ပြုံးကာ ပြော၏ “ဒီပစ္စည်းကို ဆေးရောလက်နက်ကိရိယာသန့်စင်ဖို့အတွက် အသုံးပြုနိုင်တယ်။ ချီးမိန်၊ မင်းရဲ့လက်ရှိခွန်အားက ငါ့ထက် ပိုသန်မာကောင်းသန်မာနိုင်ပေမယ့် ဆေးလုံးနဲ့လက်နက်ကိရိယာတွေ သန့်စင်တဲ့အခါမှာ ငါ့ထက် အနည်းငယ် နောက်ကျကျန်နေတုန်းပဲ။ ဒီနေရာမှာ ဆယ်ရက်နေပြီး မင်းကို သန့်စင်ခြင်းလျှို့ဝှက်ချက်အချို့ကို ငါ သင်ကြားပေးမယ်။ မင်း အဲဒါကို ကောင်းကောင်းသင်ယူရမယ်”

ကျီချီးမိန်၏မျက်လုံးများက တောက်ပသွားပြီး သူက ကျေးဇူးတင်စွာ ပြန်ပြောသည် “ဒီနောက်လိုက်က ကြိုးစားပါ့မယ်”

ဆယ်ရက်က တိုတောင်းလွန်းသည်ဟု ထင်ရသည်၊ ဤရက်များအတွင်း ထန်ရှုက အခန်းထဲတွင်သာ တစ်ချိန်လုံး နေခဲ့သည်။ ပထမလေးရက်အတွင်း သူက ဆေးလုံးအမြောက်အများအား ဖော်စပ်ခဲ့သည်။ အာနိသင်က အခြေတည်စိတ်ဝိညာဉ်အဆင့်များအတွက် ကင်းမဲ့လျှင်ပင် ဤဆေးလုံးများက ရွှေအမြုတေအဆင့်ကျင့်ကြံသူများအတွက် အလွန်တန်ဖိုးရှိသည်။

ငါးရက်မြောက်နေ့မှ ရှစ်ရက်မြောက်နေ့အထိ ထန်ရှုက မှော်ပစ္စည်းများအား အဆက်မပြတ် ထုတ်လုပ်ခဲ့သည်။ ဤပစ္စည်းများနှင့်လက်နက်များအား အင်မော်တယ်စွမ်းအားကို အသုံးပြုလျက် မသန့်စင်ထားပေ၊ ထို့ကြောင့် သူတို့အားလုံးက ထိပ်တန်းမှော်လက်နက်များအဖြစ်သတ်မှတ်နိုင်သော်ငြား အင်မော်တယ်ကမ္ဘာရှိ စံအရည်အသွေးအဆင့်ကိုတော့ မရောက်ရှိခဲ့ပေ။ ဤလက်နက်တစ်ခုစီက လူပေါင်းများစွာ၏အလိုဆန္ဒအား အလွယ်တကူ စုဆောင်းနိုင်ပြီး သွေးထန်သောမုန်တိုင်းတစ်ခု ပေါ်ပေါက်စေနိုင်သည်။

နောက်ဆုံးနှစ်ရက်အား အစီအရင်ချပ်ပြားဆယ်စုံသန့်စင်ရန် အသုံးပြုသည်၊ သူတို့အားလုံးအား ကူရှောင်ရွှယ်ထံ ပေးလိုက်ပြီး သူကိုယ်တိုင်က အဆင့်နိမ့်အစီအရင်ချပ်ပြားနှစ်စုံကို ပြုလုပ်ခဲ့သည်။ ထို့ပြင် သူက နောက်ဆုံးနှစ်ရက်အတွင်း အဆောင်စုစုပေါင်းတစ်ရာအား ပြုလုပ်ခဲ့ပြီး သူတို့အားလုံးအား ကူရှောင်ရွှယ်ထံ လွှဲပေးခဲ့သည်။ ထို့နောက် သူက လေလံပွဲအတွက် စွမ်းအားပိုနည်းသည့်အဆောင်တစ်ရာအား ထပ်မံပြုလုပ်ခဲ့သည်။

“ဟူး…”

ထန်ရှုက အဂ္ဂိရတ်ခန်းမှ ထွက်လာသေအခါ ကူးယန်အာအား အပြင်ဘက်တွင် ရပ်လျက် စောင့်နေသည်ကို မြင်လိုက်ရ၏။

“ဆရာသခင်…”

ကူးယန်အာက ထန်ရှုဘေးနားသို့ လျင်မြန်စွာ လျှောက်လာကာ သူ့အား ပွေ့ဖက်လိုက်သည်။

“မင်းဘာလို့ စေတီကနေ ထွက်လာရတာလဲ”ထန်ရှုက ရယ်ကာ ပြော၏ “ဒီဆယ်ရက်ပြီးနောက် မင်းဆီ သွားဖို့ ငါ စီစဉ်ထားပြီးသားပါ”

“ငါ့ရဲ့ဒဏ်ရာတွေအားလုံးကို ဖိနှိပ်ပြီးပါပြီ၊ ငါ နေ့တိုင်း ပိုကောင်းလာနေပါတယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ ငါ အပြည့်အဝပြန်ကောင်းလာလိမ့်မယ်”ကူးယန်အာက ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်၏ “ဒါနဲ့ ပြီးခဲ့တဲ့နှစ်ရက်မှာ ဘာမှ လုပ်စရာမရှိတာကြောင့် ငါ ဆေးလုံးတွေ သန့်စင်ခဲ့တယ်။ အဲဒါက ဆရာသခင်အတွက် အကျိုးရှိမှာပါ”

“အင်မော်တယ်နတ်ဆိုးဆေးလုံးတွေမဟုတ်ရင် ဘယ်လိုအင်မော်တယ်အမျိုးအစားဆေးလုံးကမှ ငါ့အတွက် သက်ရောက်မှုအများကြီးရှိနိုင်မယ်လို့ ငါ မထင်ဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလျက် ပြောလိုက်သည်။

ကူးယန်အာက သူမလက်ဖဝါးအား လှန်လိုက်သည်၊ အနက်တစ်လုံး၊ အဝါတစ်လုံး၊ ဆေးနှစ်လုံးက ရုတ်တရက် ထွက်ပေါ်လာ၏။ အမည်းရောင်အလင်းစီးကြောင်းတစ်ခုက အနက်ရောင်ဆေးလုံးမှ လက်နေပြီး အဖြူရောင်တစ်ခုက လှိုင်းဂယက်များ ထုတ်လွှတ်နေပုံရ၏။

“အင်မော်တယ်နတ်ဆိုးဆေးလုံးလား”

ထန်ရှု၏မျက်ခုံးများက ကျုံ့သွားလျက် သူ့မျက်လုံးများက မယုံကြည်နိုင်မှုတို့နှင့် ပြည့်လျှံသွား၏။ ကူးယန်အာက အင်မော်တယ်နတ်ဆိုးဆေးလုံးအတွက် လိုအပ်သော ပါဝင်ပစ္စည်းအား ရရှိထားရုံသာမက သန့်စင်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။ ၎င်းအား ဖော်စပ်ရန် လိုအပ်သော ဆေးပင်များနှင့်ပါဝင်ပစ္စည်းများက အလွန်အမင်းရှားပါးသည်ကို မှတ်ထားရပေမည်။

“ဒါက အင်မော်တယ်နတ်ဆိုးဆေးလုံးအစစ်မဟုတ်ဘူး၊ ဆရာသခင်။ သက်ရောက်မှုက တူလုနီးပါးဆိုပေမယ့် အထဲမှာပါဝင်တဲ့ဆေးစွမ်းနဲ့စွမ်းအင်က အစစ်တွေထက် ဆယ်ဆဆိုးတယ်”

All Chapters