ပင်လယ်သမုဒ္ဒရာထဲရှိ ဓားအက
Vol. 87 Ch. 1209
အင်မော်တယ်နတ်ဆိုးဆေးလုံးအား ညင်သာစွာ ပွတ်သပ်လျက် ထန်ရှုက ကူယန်အာအား အနည်းငယ်နောင်တရသောမျက်နှာနှင့် ကြည့်လိုက်သည်။ ဤဆေး၏အာနိသင်အား မြှင့်တင်ရန်အတွက် အခြေခံအကျဆုံးပါဝင်ပစ္စည်းက ဖော်စပ်သူ၏နှလုံးသားမှ သွေးအဆီအနှစ်ဖြစ်သောကြောင့် ဤဆေးကို သန့်စင်ရန် ဘယ်လောက်ခက်ခဲသည်ကို သူ သိ၏။
“အခြားသူတွေအတွက် အကျိုးရှိပေမယ့် မင်းကိုယ်မင်း ထိခိုက်စေတဲ့ ဘာတစ်ခုမှ နောက်ထပ်မလုပ်ရတော့ဘူး”
ဆေးလုံးယူပြီးနောက် ထန်ရှုက ကူယန်အာအား ညင်သာစွာ ပွေ့ဖက်ကာ အလေးအနက်ပြောလိုက်၏။
ပျော်ရွှင်မှုတစ်ခုက ကူယန်အာ၏မျက်လုံးများထဲ၌ လက်သွား၏။ သူမက ကတိပေးခဲ့သော်လည်း နှလုံးသားအထဲထိတော့ မမှတ်ယူခဲ့ပေ။ ထန်ရှုအား ကူညီနိုင်သရွေ့ ဘယ်လိုထိခိုက်မှုကိုမဆို သူမက ဆန္ဒရှိသည်။
တောင်တက်လမ်းပေါ်တွင် ထန်ရှုနှင့်ကူယန်အာတို့က ဘေးချင်ယှဉ်ကာ လျှောက်လျက် ဆန်းကြယ်စေတီတည်ရှိရာပင်လယ်နားသို့ ဉီးတည်လာသည်၊ သူတို့အနားပတ်လည်တွင် အေးစက်သောလေပြေများက အနှောင့်အယှက်ပေးနေလျက်ရှိ၏။
“ယန်အာ၊ အင်မော်တယ်နတ်ဆိုးဆေးလုံးက ရုပ်ပိုင်းဆိုင်ရာသန့်စင်မှုကို ကျင့်ကြံတဲ့နတ်ဆိုးကမ္ဘာက ထိပ်တန်းနတ်ဆိုးတွေမှာပဲ အမြဲလိုလိုရှိတဲ့ ဆေးလုံးတစ်ခုပဲ။ ၎င်းကို သန့်စင်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက အရမ်းတန်ဖိုးရှိတယ်၊ ငါ အင်မော်တယ်ကမ္ဘာမှာ နေခဲ့တုန်းက နတ်ဆိုးကမ္ဘာကို အကြိမ်ပေါင်းများစွာ ထိုးဖောက်ဝင်ရောက်ခဲ့တာတောင် ဒီဆေးလုံးကို သန့်စင်ဖို့အတွက် လိုအပ်တဲ့ ဆေးပင်းတွေကို ရဖို့ အရမ်းအားထုတ်ခဲ့ရတယ်။ မင်းက သူတို့ကို ဘယ်လိုရခဲ့တာလဲ”ထန်ရှုက မေး၏။
“ငါ အဲဒါတွေကို အင်မော်တယ်လိုင်ဆီအမ်ကနေ ရခဲ့တာ”ကူယန်အာက ပြုံးကာ ပြန်ဖြေသည်။
အင်မော်တယ်လိုင်ဆီအမ်လား။
ထန်ရှု၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ရှုပ်ထွေးသောအကြည့်တစ်ခုက သူ့မျက်လုံးများထဲ၌ ထွက်ပေါ်လာ၏။ အတိတ်တွင် သူက အင်မော်တယ်ကမ္ဘာတွင် အန္တိမအရှင်ဖြစ်ခဲ့တုန်းက မရေမတွက်နိုင်သောနတ်ဆိုးနှင့်အင်မော်တယ်များ၏နှောင့်ယှက်မှုအား ရင်ဆိုင်ခဲ့ရသည်၊ သို့သော် သူ့အား အမြဲတမ်းနောင်တရသလိုခံစားချက်ရရှိစေသည့် လူတစ်ယောက်ရှိ၏။ ထိုလူက ဤအင်မော်တယ်လိုင်ဆီအမ်၏သခင်၊ ပြိုင်ဘက်ကင်းပါရမီရှင်ရွှေရောင်အင်မော်တယ်အလှလေးဖန်ရီဂလီယာဖြစ်သည်။
အတိတ်တွင် သူ့အချစ်တစ်ခုလုံးအား ရွှယ်ချန်းချန်ထံတွင်သာ နစ်မြုပ်ထားခဲ့သည် သူ့ဘဝ၏အချစ်စစ်အား ရှာတွေ့ခဲ့သောကြောင့် သူ့အတွက် အမျိုးသမီးတစ်ယောက်သာ ရှိရန် လုံလောက်သည်ဟု တွေးခဲ့သည်။ ဤအကြောင်းပြချက်ကြောင့် သူက ဖန်ရီဂလီယာအား စိတ်ဝင်စားမှုမပြခဲ့ပေ၊ သူမသည်သာ သူ့အား နှစ်ထောင်ချီလိုက်နေမှုကြောင့် အင်မော်တယ်ကမ္ဘာရှိ ရယ်စရာဖြစ်ခဲ့ရ၏။
သို့သော် သူ၏ငြင်းပယ်မှုက မထိရောက်ဘဲ သူက သူမအား ရှောင်တိမ်းရုံသာ တတ်နိုင်ခဲ့သည်။
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ မေးလိုက်၏ “သူမ…အဆင်ပြေရဲ့လား”
သူက မည်သူအား မေးနေသည်ကို ကူယန်အာက သိ၏။ သူမမျက်လုံးထဲတွင် လေးစားမှုအနည်းငယ်ထွက်ပေါ်လာပြီး သူမက ခေါင်းညိတ်ကာ ပြန်ဖြေသည် “အဲတုန်းက ဆရာသခင် မတော်တဆဖြစ်ခဲ့ပြီးနောက် သူမက ဆရာသခင်ရဲ့တံခါးပိတ်ကျင့်ကြံနေရာဖြစ်တဲ့အင်မော်တယ်စက်လုံးကို ချိုးဖောက်ဖို့ နှစ်ရာချီကြာခဲ့တယ်၊ ပြီးနောက် ဆရာသခင်ရဲ့လျှို့ဝှက်ရတနာတိုက်ထဲမှာ စုဆောင်းထားတဲ့ရတနာတွေအားလုံးကို ယူလာခဲ့တယ်။ သူမက အဲဒါတွေကို အင်မော်တယ်လိုင်ဆီအမ်ဆီ ယူလာပြီး ဆရာသခင်ရဲ့တံခါးပိတ်ကျင့်ကြံရာဗိမာန်ကို ပုံတူကူးထားတဲ့ ဧရိယာတစ်ခုကို ဖန်တီးခဲ့တယ်။ သူမရဲ့အင်မော်တယ်လိုင်ဆီအမ်ဆီ ကျွန်မ ပထမဆုံးရောက်သွားတုန်းက သူမက ကြိုဆိုခဲ့ပါတယ်၊ အဲနေရာမှာ ဆရာသခင်ရဲ့စုဆောင်းမှုတွေကို ရာစုနှစ်တစ်ခုအထိ ဖတ်ရှုခဲ့တယ်။ ဒါပေမယ့်…”
ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ဒါပေမယ့် ဘာဖြစ်လဲ”
ကူယန်အာက အားတင်းပြုံးကာ ဆက်ပြော၏ “ဒါပေမယ့် သူမက ကြီးမားတဲ့လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ဖို့ ကျွန်မ ခံစားချက်တစ်ခု ရနေခဲ့တယ်။ အဲဒါက ဘာလဲဆိုတာတော့ ကျွန်မ မသိဘူး၊ ဒါပေမယ့် သူမက ငါ့ကို သူမနဲ့အတူ အလုပ်လုပ်ဖို့ ကြိုးစားခဲ့တယ်။ ကံမကောင်းစွာနဲ့ ဆရာသခင်ကို ရှာဖွေဖို့ အလျင်လိုနေတဲ့အတွက် ကျွန်မက ငြင်းပယ်ခဲ့တယ်”
ထန်ရှုက မျက်မှောင်ကြုတ်ကာ ခေါင်းခါယမ်းလိုက်သည် “မဟုတ်ဘူး။ သူမက အဲလိုပါးနပ်တဲ့လူစားမျိုးမဟုတ်ဘူး။ အစီအစဉ်ကြီးတစ်ခုကို ပြုလုပ်ဖို့က သူမရဲ့ပြင်းထန်ကြမ်းတမ်းတဲ့စရိုက်အရ မဖြစ်နိုင်ဘူး။ ကောင်းပြီလေ၊ သူမနဲ့ ပတ်သက်ပြီး ထားလိုက်ရအောင်။ ငါ နောက်ဆုံးအကြိမ် ဓားကစားခဲ့တာ အချိန်အတော်ကြာပြီပဲ။ ငါ သင်ကြားပေးခဲ့တဲ့ဓားအကကို မင်း မှတ်မိသေးလား”
ကူယန်အာ၏မျက်လုံးများက လင်းလက်သွားပြီး သူမက ပြုံးကာ ခေါင်းညိတ်လိုက်သည် “မှတ်မိတယ်၊ ကျွန်မ အဲဒါကို မှတ်မိပါသေးတယ်”
“ငါနဲ့အတူ ဓားကွက်အချို့ ကစားပါ”ထန်ရှုက ပြော၏ “မနက်ဖြန်ကျရင် လေလံပွဲကို တက်ရောက်ဖို့ နဂါးကိုးကောင်ကျွန်းကို ငါ ပြန်ရမယ်”
ကူယန်အာက သိချင်စိတ်ပြင်းစွာ မေးလိုက်၏ “ဆရာသခင်၊ ရှင်က ရှန်းဟိုင်မှာ တစ်မူထူးခြားတဲ့လေလံပွဲတစ်ခုကို ကျင်းပမယ်လို့ ရှောင်ရွှယ်ဆီကနေ ကျွန်မ ကြားခဲ့တယ်။ အဲဒါ အမှန်ပဲလား”
“ဟုတ်တယ်။ ထန်ဂိုဏ်းရဲ့ကျင့်ကြံသူအရေအတွက်က အဆက်မပြတ်တိုးလာနေပြီး သူတို့ရဲ့နှစ်စဉ်သုံးစွဲမှုအတွက် ကျင့်ကြံခြင်းအရင်းအမြစ်တွေ အမြောက်အများလိုအပ်နေတယ်။ ငါ ဒီတစ်ကြိမ် ပြုလုပ်ခဲ့တဲ့အစီအစဉ်က အချိန်အတိုအတွင်းမှာ ငွေလုံးငွေရင်းကြီးကြီးမားမားရဖို့ပဲ၊ ပြီးရင် ငါ ကျင့်ကြံခြင်းမှာ နစ်မြုပ်တော့မယ်”
“အဲအချိန်ကျရင် ဆရာသခင်လဲ ဆန်းကြယ်စေတီထဲမှာ ကျင့်ကြံမှာလား”ကူယန်အာက တောက်ပသောမျက်လုံးများနှင့် မေးလိုက်သည်။
“ဒါပေါ့”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
သူ့အဖြေကို ကြားပြီး ကူယန်အာက စိတ်လှုပ်ရှားသွားကာ ကမ်းခြေကို ရောက်သည်အထိ ခံစားချက်က သူမထံ၌ ရစ်ဝဲနေလေသည်။
အိပ်မက်လိပ်ပြာဓားအက…
၎င်းက အင်မော်တယ်ကမ္ဘာတွင် ထန်ရှုဖန်တီးခဲ့သောဓားပညာရပ်တစ်ခုဖြစ်သည်။ ၎င်းအား ကခုန်နေသောလိပ်ပြာများအား လေ့လာပြီးနောက် ဖန်တီးခဲ့ခြင်းပင်။
ရေလှိုင်းများပေါ်တွင် စက္ကန့်သုံးဆယ်ကြာ နင်းလျှောက်ပြီးနောက် ထန်ရှုနှင့်ကူယန်အာက တစ်ကီလိုမီတာအကွာရှိ ပင်လယ်မျက်နှာပြင်ပေါ်သို့ ရောက်ရှိလာသည်။ နှစ်ယောက်လုံးက သူတို့၏ဓားများအား ယူထုတ်လိုက်သည်၊ သူတို့၏ပုံရိပ်များက ဝေဝါးသွား၏။ နေရောင်အောက်တွင် သူတို့၏ဓားများအား ဝှေ့ယမ်းရင်း သူတို့က လေထဲတွင် ပျော်ရွှင်စွာ ကခုန်နေသော ကောင်းကင်ဘုံနတ်သားနတ်သမီးစုံတွဲတစ်တွဲကဲ့သို့ပင်။
“ရွှေရောင်လိပ်ပြာရဲ့အက”
ကူယန်အာ၏လှပတင့်တယ်သောပုံရိပ်က နောက်သို့ ခြောက်ဆယ်ဒီဂရီကွေးသွား၏၊ သူမဓားက လှုပ်ရှားသွားပြီး ဓားဖျားလေးများနှင့်အတူ ဓားစီးကြောင်းပုံရိပ်များအား ဖန်တီး၏၊စွမ်းအင်စီးကြောင်းတစ်ခုက ရွှေရောင်အလင်းလိပ်ပြာတစ်ကောင်အဖြစ် ပြောင်းသွား၏။ သူမက ပင်လယ်အထက် ဆယ်မီတာသို့ မြင့်တက်လာပြီး ရွှေရောင်လိပ်ပြာထောင်ချီက သူမအနားတွင် တဖျပ်ဖျပ်ခတ်လျက် ပျော်ရွှင်စွာ ကခုန်နေကြ၏။
“ငွေလိပ်ပြာရဲ့ဆန္ဒ”
ထန်ရှု၏ပုံရိပ်က အရူးအမူး လည်ပတ်သွားပြီး ကူယန်အာ၏အမြင့်အတိုင်း တည်နေလိုက်၏။ ဓားဖျားလှုပ်ရှားမှုစီးကြောင်းနှင့်အတူ ငွေအလင်းလိပ်ပြာတစ်ကောင်က ကောင်းကင်တွင် ထွက်ပေါ်လာပြီး ရွှေလိပ်ပြာထောင်ချီနှင့်အတူ စုဝေးလာခဲ့၏။
မြင်ကွင်းမှ တစ်ကီလိုမီတာအကွာရှိ ကမ်းခြေတွင်။
ကျီချီမိန်းနှင့်ကူရှောင်ရွှယ်တို့က အံ့အားသင့်သောအမူအရာများနှင့်အတူ ဘေးချင်းယှဉ်ကာ ရပ်နေကြသည်။ ထန်ရှုနှင့်ကူယန်အာတို့၏ဓားအကက တကယ်ကို ဖမ်းစားနိုင်လွန်းသည်ဟု သူတို့က ခံစားမိ၏။
“ဘယ်လိုတောင် လှပတဲ့မြင်ကွင်းတစ်ခုလဲ”
ကူရင်၏ပုံရိပ်က အဝေးမှ ရွေ့လျားလာသည်။ သူမက ကူရှောင်ရွှယ်ဘေးနား၌ ဆင်းသက်ပြီးနောက် ရေရွတ်လိုက်သည် “ရင်ရင်လဲ ဒီဓားအကကို သင်ယူချင်တယ်။ အဲဒါက တကယ်ကို လှတယ်”
ကူရှောင်ရွှယ်က သူမဘက် လှည့်ကာ သူမအား ပြုံးကာ ကြည့်လိုက်သည် “သိုင်းသင်ဖက်အန်တီလေး၊ မင်းက ဒီဓားအကကို သင်ချင်တာက အနာဂတ်မှာ ယောကျ်ားကောင်းတစ်ယောက်ကို ရှာတွေ့ဖို့ မျှော်လင့်နေတာလား၊ ဒီလိုမှ မင်းက သူနဲ့အတူ ဒီဓားအကကို လေ့ကျင့်နိုင်မှာပေါ့”
“မဟုတ်ဘူး။ ရင်ရင်က ဘယ်လိုမင်းသားလေးကိုမှ မရှာချင်ဘူး”ကူရင်က ရှက်ရွံ့စွာ ပြန်ဖြေသည် “ဆရာက ငါ့အပေါ် အမြဲတမ်းကောင်းတယ်။ ငါက စီနီယာအမလို ဆရာနဲ့ ဒီလိုဓားကွက်ကို လေ့ကျင့်ချင်တယ်”
သူမအဖြေကို ကြားပြီးနောက် ကူရှောင်ရွှယ်က ချက်ချင်းပြုံးကာ သူမအာရုံအား ပင်လယ်ပြင်အထက်တွင် ဓားကစားနေသောလူနှစ်ယောက်ထံသို့ မနာလိုအားကျသောနှလုံးသားနှင့်အတူ ပြန်ပြောင်းလိုက်၏။ သူမလည်း ဤဓားကွက်အား သင်ယူကာ ဆရာအဘိုးထန်ရှုနှင့် လေ့ကျင့်ချင်သည်။ သို့သော် ၎င်းက ဘယ်တော့မှ အကောင်အထည်မပေါ်လာနိုင်မည့်အိပ်မက်တစ်ခုဖြစ်သည်ကို သူမက သေချာပေါက် သိ၏။
ဓားများ ဆင်းသက်လာကာ လိပ်ပြာများ သေဆုံးသွားသည်။
ပင်လယ်ပြင်အထက် အင်မော်တယ်ဓားပေါ်တွင် စီးနင်းရင်းိ ထန်ရှုနှင့်ကူယန်အာတို့က တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်သည်။ ထို့နောက် ထန်ရှုက ပြောလိုက်၏ “ပြန်သွားပြီးတော့ မင်းရဲ့ဒဏ်ရာကို ဆက်ကုသနေပါ။ မင်းရဲ့ကုသမှုကို ပိုမြန်လေလေ၊ ထန်ဂိုဏ်းက ပိုသန်မာလာလေလေပဲ။ မင်း သက်သာလာရင် ငါက မင်းကို ထန်ဂိုဏ်းသားတွေရဲ့ကျင့်ကြံခြင်းကို ညွှန်ပြစေချင်တယ်”
“ယန်အာက အင်မော်တယ်တစ်ယောက်ရဲ့စွမ်းအားကို ထိန်းသိမ်းထားပါသေးတယ်၊ ဆရာသခင်။ ငါ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားအနည်းငယ်ကို သုံးရမယ်ဆိုရင်တောင် ငါက ထန်ဂိုဏ်းသားတွေရဲ့တိုးတက်မှုကို လျင်မြန်အောင် ကူညီနိုင်ပါသေးတယ်”
“မရဘူး”ထန်ရှုက ကမန်းကတန်း ပြောသည် “မင်းက လုံးဝမပျောက်သေးခင် အင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားကို အသုံးမပြုရဘူး။ ဒီဂြိုလ်က ဘအင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားမှ မရှိဘူး။ မင်းနည်းနည်းအသုံးပြုလိုက်တိုင်းမှာ မင်းရဲ့စွမ်းအားကို လျော့ကျစေတယ်။ ဒါ့အပြင် ငါတို့ အင်မော်တယ်ကမ္ဘာကို ပြန်ရောက်တဲ့အခါ မင်းရဲ့ကာကွယ်မှုကို ငါ လိုအပ်တယ်”
“စိတ်ချပါ၊ ဆရာသခင်။ ငါ သိပါတယ်”ကူယန်အာက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ထန်ရှုက ခေါင်းညိတ်ပြပြီးနောက် သူ့အာရုံအား ကမ်းစပ်သို့ ပြောင်းကာ ပြောလိုက်၏ “အချိန်အချို့ကြာပြီးရင် ထန်မိသားစုကို နဂါးကိုးကောင်ကျွန်းဆီ ခေါ်လာပြီး သူတို့ကို ကျင့်ကြံသူတွေ ဖြစ်အောင် လေ့ကျင့်ပေးရမယ်။ သူတို့က နေဖို့ ရွေးချယ်မယ်ဆိုရင် ကမ္ဘာမြေပေါ်မှာပဲ သူတို့ကို ချန်ထားမယ်၊ သူတို့က လိုက်ဖို့ ရွေးချယ်မယ်ဆိုရင် အင်မော်တယ်ကမ္ဘာကို ငါနဲ့အတူ ခေါ်သွားမယ်”
ကူယန်အာက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည် “ကောင်းပါပြီ၊ ထန်ဂိုဏ်းရဲ့ဂျူနီယာတွေ နေဖို့ နဂါးကိုးကောင်ကျွန်းပေါ်မှာ သီးသန့်ဧရိယာတစ်ခုကို ကျွန်မ တည်ဆောက်ပေးလိုက်ပါ့မယ်။ ဒါပေမယ့် သူတို့က ဂိုဏ်းထဲက ရှင့်ရဲ့အဆင့်အတန်းကို သိပြီး ဂိုဏ်းချုပ်ဆိုတဲ့ရာထူးကို အသုံးပြုပြီး ဒီနေရာမှာ ပြဿနာတွေ ရှာလာနိုင်တာကိုလဲ သတိထားရမယ်”
“ဒီအတွက် မစိုးရိမ်ပါနဲ့။ ထန်မိသားစုရဲ့ပင်မအဖွဲ့ဝင်တွေရဲ့အရေအတွက်က လူသုံးဆယ်ထက် ကျော်မှာမဟုတ်ဘူး”ထန်ရှုက ပြောသည် “ငါ သူတို့ကို သတိပေးထားမှာပါ၊ ပြီးတော့ သူတို့ကို လေ့ကျင့်ရေးစခန်းကို ပို့ထားမယ်။ သူတို့က အဲဒါကို ခံနိုင်ရည်ရှိရင် နဂါးကိုးကောင်ကျွန်းမှာ ဆက်နေပေါ့၊ သူတို့က ကျဆုံးရင် တရုတ်ကို ပြန်ပို့ခံရလိမ့်မယ်”
“ကောင်းပါပြီ၊ ဆရာက အမြဲတမ်းဆရာပါပဲ။ ဆရာက အပြည့်စုံတွေးထားပြီးပြီပဲ”ကူယန်အာက ရယ်လိုက်သည်။
ထို့နောက် သူတို့က ဆန်းကြယ်စေတီထဲသို့ ဝင်လာခဲ့သည်၊ ထိုနေရာတွင် ထန်ရှုက နောက်တစ်နေ့မနက်အထိ နေခဲ့ပြီး သူမနှင့်အတူ မနက်စာစားခဲ့သည်။
“ကျွန်မ ရှင်နဲ့ အတူသွားချင်တယ်”
နဂါးကိုးကောင်ကျွန်းတွင် ကျင့်ကြံနေသော ရွှယ်ယုက ရုတ်တရက် ပြောလာ၏။
ထန်ရှုက တူချကာ မေးလိုက်၏ “မင်းရဲ့ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ပြီးပြီလား”
“ပြီးပြီ။ အခု ငါ ထုတ်လွှတ်နိုင်တဲ့စွမ်းအားက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းစဉီးအဆင့်မှာ ရှိတယ်။ ယန်အာက ငါ့ကို အများကြီးသင်ကြားပေးခဲ့တယ်၊ ဘာမတော်တဆမှ မဖြစ်လာရင် နောက်ခြောက်လအတွင်း ငါက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကို ချိုးဖြတ်နိုင်လောက်မယ်”
ထန်ရှုက စဉ်းစားပြီးနောက် ထပ်မေး၏ “တရုတ်မှာ မင်း လုပ်စရာတစ်ခုခုရှိလား”
ရွှယ်ယုက ခေါင်းခါယမ်းလိုက်သည် “စီးပွားရေးလုပ်ငန်းတွေကို စစ်ဆေးတာကလွဲပြီး အခြားဘာမှ မရှိဘူး”
“ရွှယ်ယု၊ အခု မင်းက အရမ်းသန်မာနေပြီ၊ ဒါပေမယ့် တိုက်ခိုက်ရေးအတွေ့အကြုံကင်းမဲ့နေတယ်”ထန်ရှုက ပြော၏ “ဒီတော့ မင်း တရုတ်ကို မပြန်ဘဲ အမေရိကန်ကို သွားဖို့ ငါ အကြုံပြုချင်တယ်။ လျှို့ဝှက်မစ်ရှင်တစ်ခုကို ထမ်းဆောင်ဖို့ မိုအားဝူတို့အဖွဲ့က အဲနေရာကို ရောက်ရှိနေပြီ။ မင်းက သူတို့ထက် အများကြီးပိုသန်မာတယ်၊ ဒါကြောင့် သူတို့ကို ကူညီရင်းနဲ့ မင်းကိုယ်မင်း လေ့ကျင့်နိုင်တာပေါ့”
ရွှယ်ယုက တစ်ချက်စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် “ပြဿနာမရှိဘူး။ ကျွန်မ အမေရိကန်ကို သွားမယ်”
မကြာသေးခင်က သူမက ကူယန်အာထံမှ အမြောက်အများ သိခဲ့ရသည်၊ အများစုက ထန်ရှုနှင့် ဆက်စပ်သည်။ နောက်ကျလျှင် သူမတို့က ကြောက်စရာကောင်းသောရန်သူများအား ရင်ဆိုင်ရမည်ကို သူမ သိသွား၏၊ ထို့ကြောင့် သူမက ထန်ရှုအား ကူညီချင်သည်။