← Chapters

တစ်စုံတစ်ယောက်၏အသက်ကို ပြန်လုယူခြင်း

Vol. 87 Ch. 1211

တစ်စုံတစ်ယောက်၏အသက်ကို ပြန်လုယူခြင်း

Vol. 87 Ch. 1211

“မဟုတ်ဘူး၊ သူမက လက်ကောက်ဝတ်ကို မတော်တဆ ဖြတ်မိခဲ့တာ မဟုတ်ဘူး၊ သူမရဲ့သွေးအဆီအနှစ်ကို သူမရဲ့အမေကို ကျွေးဖို့အတွက် ရည်ရွယ်ချက်ရှိရှိဖြတ်ခဲ့တာပဲ”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “မဟုတ်ရင် သူမအမေရဲ့ကုသမှုမြန်နှုန်းအရ အခုလို ပြန်ကောင်းလာဖို့ လအနည်းငယ်လောက်ကြာလိမ့်မယ်”

“မင်း ဘာပြောတာ”

ဟူရှောက်ခွင်း၏လက်က တုန်ယင်သွားပြီး ကားက လမ်းဘေးသို့ ထိုးမောင်းချမတတ်ဖြစ်သွား၏။ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းပြီးနောက် သူက ကမန်းကတန်း မေး၏ “ဘာလို့ သူမက အဲလိုလုပ်ရတာလဲ။ ဒီလိုလုပ်ရင် သေလိမ့်မယ်ဆိုတာ သူမ မသိတာလား”

“သူမက သူမရဲ့အမေကို အရမ်းချစ်တယ်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် သူမက နည်းလမ်းအမှားကို လုပ်ခဲ့တာပဲ”ထန်ရှုက အားတင်းပြုံး၏ “သူမရဲ့အမေကို သူမရဲ့သွေးအဆီအနှစ်ကျွေးတာက ကုသမှုကို ပိုမြန်ဆန်စေပေမယ့် သူမကိုယ်သူမလဲ ထိခိုက်စေတယ်၊ သူမရဲ့သက်တမ်းကို အကြီးအကျယ်လျော့ကျစေတယ်။ သူမရဲ့လက်ရှိအခြေအနေအရ သူမက အသက်ရှင်ဖို့ တစ်လပဲ ကျန်တော့မှာကို ငါ စိတ်ပူတယ်။ အချိန်မီမကုသရင် သူမက အသက်ရှင်ဖို့ ဆယ်ရက်ဆယ့်ငါးရက်လောက်ပဲ ကျန်တော့တယ်။ လက်ရှိမှာ သူမအမေက သက်သာလာပေမယ့် အဲဒါက ယာယီပဲ၊ လီချိုက်သေတာနဲ့ သူမလဲ သေမှာပဲ”

ဟူရှောက်ခွင်းက အကြောင်းပြချက်အား နားမလည်း လီချိုက်က သူမအမေအား သူမ၏သွေးအဆီအနှစ်အား ကျွေးခဲ့သည်ကို သူက ရှင်းလင်းသွား၏။ သူမက သူမအမေအား မြန်မြန်ပြန်ကောင်းလာစေချင်သည်၊ သို့သော် သူမ လုပ်ခဲ့သည်ကား သူမကိုယ်သူမ ပြန်ထိခိုက်စေရုံသာမက သူမ သေသွားလျှင် အန်တီကျွမ်းလည်း အသက်မရှင်နိုင်တော့ပေ။

“ဘယ်လိုတောင်မိုက်မဲတဲ့မိန်းကလေးတစ်ယောက်လဲ”ဟူရှောက်ခွင်းက ကိုယ့်ကိုယ်ကိုယ်အပြစ်တင်သောလေသံနှင့် ပြော၏။

“သူမက တကယ်ကို မိုက်မဲတဲ့မိန်းကလေးတစ်ယောက်ပဲ။ ငါက သူမလို မိဘကို ချစ်တဲ့မိန်းကလေးမရေမတွက်များစွာကို မြင်ဖူးပေမယ့် သူမလိုလူက အရမ်းရှားတယ်”ထန်ရှုက ခေါင်းညိတ်လိုက်၏ “ဒါနဲ့ မင်း ငါ့ကို မေးခွန်းတစ်ခု ဖြေပေးနိုင်မလား”

ခံစားချက်အား တည်ငြိမ်စေပြီးနောက် ဟူရှောက်ခွင်းက ပြန်ဖြေသည် “ထန်ရှု၊ မဟုတ်ဘူး…နတ်ဆေးဆရာထန်၊ မင်းရဲ့နာမည်ကို တိုက်ရိုက်ခေါ်မိတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပေးပါ။ ကျေးဇူးပြုပြီး ငါ့ကို မေးချင်တာမေးပါ၊ ငါ သိတာမှန်သမျှ ဖြေပေးပါ့မယ်”

သူ့အား ဘယ်လိုခေါ်သည်ကို ထန်ရှုက ဂရုစိုက်မနေဘဲ မေးလိုက်၏ “ငါ တစ်ခု သိချင်တယ်။ မင်းက လီချိုက်ကို မင်းရဲ့ညီမအဖြစ် သတ်မှတ်ထားတာလား ဒါမှမဟုတ် မင်း သူမကို တိတ်တခိုးချစ်နေတာလား”

“ဒါကတော့…”

ဟူရှောက်ခွင်းက တုံ့ဆိုင်းသွားပြီး အတွေးမရေအတွက်များစွာက သူ့စိတ်ထဲ၌ ပြည့်သွား၏။ သူက ဖြေရန် နှောင့်နှေးနေခဲ့ပြီး နောက်ဆုံးတွင် သူက အားတင်းပြုံးကာ ပြောလိုက်သည် “ငါ မင်းကို ဘာတစ်ခုမှ ဖုံးကွယ်မနေတော့ဘူး၊ နတ်ဆေးဆရာထန်။ အတိတ်မှာတော့ ငါ့ရဲ့ညီမလေးတစ်ယောက်လို သန့်သန့်စင်စင်နဲ့ ရှုမြင်ခဲ့ပေမယ့် အခုလိုကိစ္စတွေများစွာ ဖြစ်ပြီးနောက် ငါက သူမကို ကြိုက်နေတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ သူမရဲ့ခွန်အား၊ ကြင်နာမှု၊ အပြစ်ကင်းစင်မှု…”

“ဒါဆို သူမအတွက် မင်းရဲ့အသက်ကို ပေးဖို့ ဆန္ဒရှိလား”ထန်ရှုက ထပ်မေးလိုက်သည်။ “ကျေးဇူးပြုပြီး အမှန်အတိုင်းဖြေပါ။ အနာဂတ်မှာ သူမက ဘယ်လောက်ထိ အသက်ရှင်နိုင်မယ်ဆိုတာက မင်းရဲ့အဖြေအပေါ် မူတည်လိမ့်မယ်”

ဟူရှောက်ခွင်းက စိတ်ထဲ၌ တုန်လှုပ်သွားလျက် ပြန်ဖြေသည် “သူမက အသက်ရှင်နိုင်မယ်ဆိုရင် ငါ့ရဲ့အသက်ကို ပေးဖို့ ဆန္ဒရှိပါတယ်”

“ဒီလိုဆိုမှတော့ မင်းကိုယ်မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတော့”ထန်ရှုက ပြော၏ “သူမရဲ့အသက်အန္တရာယ်ကို ငါ ဖယ်ရှားနိုင်ပေမယ့် အလဲအလှယ်က မင်းရဲ့သက်တမ်းဖြစ်လိမ့်မယ်”

ထိုသို့ပြောပြီးနောက် ထန်ရှုက ကားအပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ချောမောခန့်ညားသောအမူအရာက အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သောအမူအရာနှင့် သူက တိုးတိုးလေး ရေရွတ်လိုက်၏ “ချီးပဲ…ငရဲဘုရင်ကနေ အသက်ကို ပြန်ယူတာက ငါ့ကို အနည်းဆုံးတစ်လလောက် အားနည်းစေလိမ့်မယ်”

ထန်ရှု၏ရေရွတ်သံကို ဟူရှောက်ခွင်းက ကြားသည်၊ ရှုပ်ထွေးသောအမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ ဒီမတိုင်ခင်တုန်းက ထန်ရှု၏သရုပ်မှန်၊ ဆန်းကြယ်သောဆေးအတတ်များ၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းပိုင်ရှင်၊ ပေကျင်းရှိထန်အိမ်၏မျိုးဆက်ဟူသောအဆင့်အတန်းတို့ကြောင့် သူက ထန်ရှုအား သတိထားခဲ့သည်။

သို့သော် ယခု သူ၏သတိထားမှုအားလုံးက ပျောက်ကွယ်သွား၏။ ထန်ရှုတွင် အခြားအတွေးများမရှိဘဲ လီချိုက်နှင့်အန်တီကျွမ်းတို့အား အမှန်တကယ်ကူညီပေးချင်သည်ကို သူ ပြောနိုင်၏။

ရေလက်ဝါးပြာအိမ်ရာတွင်။

ထန်ရှုက ဟူရှောက်ခန်းနောက်မှ လိုက်သွား၏။ လီချိုက်က ကိုမာဖြစ်လျက် အိပ်ရာပေါ်တွင် လဲနေသည်ကို မြင်၏၊ သူမအမေက အိပ်ရာဘေးတွင် ထိုင်လျက် မျက်လုံးများက မျက်ရည်တို့ စွတ်ဆိုနေသည်။ ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလျက် သူမထံ လျှောက်လာကာ ပြော၏ “ကျေးဇူးပြုပြီး ခင်ဗျားရဲ့လက်ကို ဆန့်ထုတ်လိုက်ပါ”

အန်တီကျန်းက ခဏမှင်တက်သွားပြီး မျက်ရည်များ သုတ်လိုက်၏။ သူမက ဟူရှောက်ခွင်းအား အရင်ကြည့်ကာ မေးလိုက်သည် “ဒီလူက…”

“သူက နတ်ဆေးဆရာထန်ရှုပါ၊ အန်တီကျွမ်း”ဟူရှောက်ခန်းက ကမန်းကတန်း ပြန်ဖြေသည်။

အဖြေကို ကြားပြီးနောက် အမျိုးသမီးက ချက်ချင်း ဒူးထောက်ကာ ထန်ရှုအား တောင်းပန်သည် “မင်းရဲ့နာမည်ကို ကြားဖူးတာ ကြာပါပြီ၊ နတ်ဆေးဆရာထန်။ ငါ့ကို ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ့ရဲ့သမီးက အခု နေမကောင်းဖြစ်နေပြီ၊ မင်းက သူမကိုလဲ ကယ်တင်ပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်။ မင်း သူမကို ကယ်ပေးနိုင်သေရွေ့ ဘာမဆို ငါ လုပ်ပေးမှာပါ”

ထန်ရှုက ပြန်မဖြေဘဲ သူမ၏လက်ကောက်ဝတ်အား သွေးကြောအား စစ်ဆေးလိုက်သည်။ ထို့နောက် သူက သူမအား ကြမ်းပြင်မှ ဆွဲထူကာ ပြောလိုက်၏ “လူနာတစ်ယောက်ကို ကုသပေးတာက ကျုပ်ရဲ့တာဝန်ပါပဲ။ ခင်ဗျားရဲ့ခန္ဓာကိုယ်က အဆင်ပြေပါတယ်၊ ဒါပေမယ့် ခင်ဗျား တစ်ခုကို မှတ်မိဖို့ လိုအပ်တယ်။ ဒီနေ့ကစပြီး ခင်ဗျား၊ ခင်ဗျားသမီးနဲ့ဟူရှောက်ခွင်းတို့ရဲ့အသက်က အတူတကွချည်နှောင်နေလိမ့်မယ်။ခင်ဗျားတို့သုံးယောက်ထဲကတစ်ယောက်ယောက်သေတာနဲ့ အခြားနှစ်ယောက်လဲ သေလိမ့်မယ်”

မျက်လုံးတို့ ပြူးကျယ်သွားလျက် အန်တီကျွမ်းက မယုံကြည်နိုင်စွာ မေးလိုက်၏ “မင်းက ဒါ ဘာဆိုလိုတာလဲ၊ နတ်ဆေးဆရာထန်”

“အစကတော့ ခင်ဗျားကို ကျုပ် မကုသချင်ဘူး၊ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ရောဂါက သာမန်ရောဂါတစ်ခုမဟုတ်ဘဲ ကောင်းကင်ရဲ့အပြစ်ပေးခြင်းဖြစ်နေလို့ပဲ”ထန်ရှုက ခပ်ဖျော့ဖျော့ပြော၏ “ဘာလို့ ခင်ဗျားက ဒီနေရာမှာ ပြန်မွေးဖွားရသလဲဆိုတာ ကျုပ် မသိဘူး၊ ဒါပေမယ့် ခင်ဗျားကြောင့်မဟုတ်ရင် ခင်ဗျားရဲ့သမီးက ဒီလောက်ထိ အဖြစ်ဆိုးနေမှာ မဟုတ်ဘူး”

ထန်ရှု၏ရှင်းပြချက်ကို ကြားပြီးနောက် အမျိုးသမီးက သူမ၏စိတ်ဝိညာဉ်အား ဆုံးရှုံးသွားသည့်ပမာ ရေရွတ်လိုက်သည် “အပြစ်ပေးခြင်းလား။ ဒါက ငါ့ကို ကောင်းကင်က ပေးတဲ့အပြစ်ပေးခြင်းလား။ ဆိုလိုတာက…ငါ့အိပ်မက်ထဲမှာ မြင်သမျှအားလုံးက…အမှန်တွေပဲပေါ့…”

“ဟုတ်ပါတယ်။ သူတို့အားလုံးက အမှန်တွေပဲ”ထန်ရှုက အတည်ပြုပေးလိုက်သည်။

ဘန်း…

အန်တီကျွမ်းက ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။ သူမက ထန်ရှုအား စိုက်ကြည့်ကာ ရုတ်တရက် ပြော၏ “ဒါဆို…ငါက အတိတ်ဘဝမှာ နတ်ဆိုးတစ်ယောက်ဖြစ်ခဲ့တာလား။ လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးနတ်ဆိုးတစ်ယောက်လား”

“ဟုတ်ပါတယ်”ထန်ရှုက ထပ်မံခေါင်းညိတ်လိုက်သည်။

သူမက ရုတ်ချည်း ထရပ်ကာ လက်ဖဝါးလှန်လိုက်သည်။ အနက်ရောင်မြူတိမ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး သူမ၏လက်ချောင်းများမှ ပြည့်လျှံလာသည်၊ ထို့နောက် သူမ၏အခြားလက်တစ်ဖက်က သူမ၏ရင်ဘက်အား အားပြင်းပြင်းရိုက်ထည့်လိုက်၏။ သူမက သွေးမြူတစ်ပွက်ထွေးထုတ်လိုက်ပြီးနောက် ပြင်းထန်စွာ အော်လိုက်သည် “အပြစ်တွေအားလုံးကို ငါတစ်ယောက်ပဲ ခံပါ့မယ်၊ ငါ့သမီးက ငါလုပ်ခဲ့တာတွေနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ နတ်ဘုရားတွေက ငါ့အသက်ကို ယူချင်တယ်ဆိုရင် အခုပဲ ငါ့ရဲ့…”

ဤအမျိုးသမီးက မှော်စွမ်းအားအား ထုတ်လွှတ်နိုင်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ထန်ရှု၏အမူအရာက အပြင်းအထန် ပြောင်းလဲသွား၏။ သူမထုတ်လွှတ်ခဲ့သည့်မှော်စွမ်းအားက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်၏စွမ်းအားထက် ပိုအားနည်းနိုင်သော်လည်း ၎င်းအား အသုံးပြုခွင့်ပြုလိုက်လျှင် သူမက ဤနေရာတွင် အဆုံးသတ်သွားနိုင်သည်။

ထန်ရှုက သူမလည်ပင်နောက်ဘက်အား ရိုက်ကာ သူမအား အနီးနားရှိ ဆိုဖာပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်၏ “အမေရော၊ သမီးရော အတူတူပါပဲလား။ ခင်ဗျားတို့နှစ်ယောက်က အတော်လေးသနားစရာကောင်းတာပဲ”

ဟူရှောက်ခွင်းက စိတ်ထဲ၌ တုန်လှုပ်သွားသည်။ အန်တီကျွမ်းက အနက်ရောင်မြူအား ထုတ်လွှတ်ကာ သွေးတစ်ပွက်အန်ထုတ်သည်ကို သူက အကူအညီမဲ့လျက် ကြည့်နေရုံသာ တတ်နိုင်သည်။ မြင်ကွင်းကို တွေ့မြင်ပြီးနောက် မယုံကြည်နိုင်မှုက သူ့မျက်နှာပေါ်တွင် ဖုံးလွှမ်းသွား၏။ အင်မော်တယ်သို့မဟုတ်နတ်ဆိုးများ၏တည်ရှိမှုအား သူက ယခင်က မယုံကြည်ခဲ့ပေ၊ သို့သော် ယခုမြင်တွေ့လိုက်ရခြင်းက သူ့အား ယုံကြည်ရန် ဖိအားပေးလာသည်။

“ဟူရှောက်ခွင်း၊ ကြက်ဖတစ်ကောင်၊ ခွေးနက်တစ်ကောင်၊ ကြောင်တစ်ကောင်နဲ့ လိပ်တစ်ကောင်ကို ရှာဖို့ တစ်ယောက်ယောက်ကို ချက်ချင်း အမိန့်ပေးလိုက်ပါ…”ထန်ရှုက ပြော၏ “ပြီးတော့ အမွှေးအကြိုင်တွေ ဝယ်ဖို့ကိုရော အမိန့်ပေးလိုက်။ မိုးမခသားနဲ့လုပ်ထားတဲ့ဓားတစ်လက်ကိုပါ ဝယ်လာရင် အကောင်းဆုံးပေါ့…”

ဟူရှောက်ခွင်းက တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်ကာ လျင်မြန်စွာ ထွက်ခွာသွားသည်။ တစ်နာရီကြာပြီးနောက် ထန်ရှုတောင်းဆိုသမျှအရာအားလုံးအား သူက ထောက်ပံ့ပေးခဲ့သည်။

ထို့နောက် သတ္တဝါများအား ခေါင်းဖြတ်ကာ ထန်ရှုက စိတ်ဝိညာဉ်သားရဲလေးကောင်အစီအရင်အား ခင်းကျင်းလိုက်သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “မင်းမြင်သမျှဒါမှမဟုတ်ကြားသမျှအားလုံးကို ဘာပဲဖြစ်ဖြစ် လစ်လျူရှုထားပါ။ ဘာတစ်ခုမှ၊ တစ္ဆေတွေတောင်မှ မင်းကို မနာကျင်စေနိုင်ဘူး။ ငရဲဘုရင်ရဲ့လက်ထဲကနေ အသက်ကို ပြန်လုယူမယ်၊ မင်း၊ လီချိုက်နဲ့သူမအမေရဲ့ကံကြမ္မာကိုလဲ ဖြတ်တောက်ရလိမ့်မယ်၊ ဒါကြောင့် မင်းတို့အားလုံးက ကံကြမ္မာမရှိတဲ့လူတွေ ဖြစ်လာလိမ့်မယ်”

ဟူရှောက်ခွင်းက ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီးနောက် ခေါင်းမော့ကာ ထန်ရှုအား မေး၏ “ကံကြမ္မာမရှိတဲ့လူတစ်ယောက်က ဘာဆိုလိုတာလဲ”

“ကံကြမ္မာမရှိတဲ့လူတစ်ယောက်ဆိုတာက မင်းရဲ့ကံကြမ္မာက ဒီကမ္ဘာကနေ ပျောက်ကွယ်သွားပြီး ဒီဂြိုလ်ရဲ့သံသရာလမ်းကြောင်းခြောက်ခုက မထိန်းချုပ်ထားတော့ဘူးလို့ ဆိုလိုတာပဲ”ထန်ရှုက ရှင်းပြ၏ “မင်းက ယုန်တစ်ကောင်လို နှိမ့်ချပြီး အသက်ရှင်သန်ရလိမ့်မယ်၊ ကောင်းကင်တာအိုရဲ့အပြစ်ပေးခြင်းကို ရှောင်ရှားခြင်းဖြင့် မင်းရဲ့အသက်ကို ကယ်တင်ဖို့ အခြားသူတွေနဲ့ ဆက်သွယ်တာကို လျော့ချရလိမ့်မယ်”

“ငါ နားမလည်ဘူး”ဟူရှောက်ခွင်းက ခေါင်းခါယမ်းလိုက်သည်။

“အတိုချုပ်ပြောရရင် မင်းက ပုံမှန်အားဖြင့် ဒီနေရာမှာပဲ မွေးပြီး ဒီနေရာမှာပဲ သေရလိမ့်မယ်၊ ဒါပေမယ့် မင်းရဲ့ကံကြမ္မာက ဒီကမ္ဘာမှာ မရှိတော့ဘူး၊ ဆိုလိုတာက မင်းက သေရင် အမှန်တကယ်ပျောက်ကွယ်သွားပြီး ဘယ်တော့မှ ထပ်မွေးဖွားနိုင်မှာ မဟုတ်တော့ဘူး”ထန်ရှုက ပြော၏ “ထပ်ပြောရရင် မင်းက အခြားသူတွေနဲ့ ထိတွေ့တာ များလွန်းရင် ကံကြမ္မာတုံ့ပြန်ခြင်းကို ခံစားရလိမ့်မယ်။ ကောင်းကင်တာအိုက မင်းကို ရှာဖွေပြီး မင်းက ရက်ရက်စက်စက်သုတ်သင်ခံရလိမ့်မယ်”

“ဒါဆို ငါတို့က အခြားသူတွေနဲ့ မဆက်သွယ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ် နေထိုင်လို့ရတော့မှာလဲ”ဟူရှောက်ခန်းက ကြောက်လန့်တကြား မေး၏။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ခပ်ဖျော့ဖျော့ပြုံးလျက် သူ့အား မေး၏ “ဒီကံကြမ္မာကို ပြောင်းလဲဖို့ မင်းက ကျင့်ကြံသူတစ်ယောက်ဖြစ်ချင်လား။ ဒါမှမဟုတ် မင်းရဲ့ရွေးချယ်မှုအတွက် နောင်တရဖို့ အချိန်ရှိသေးတယ်၊ ဒါပေမယ့် မင်း နောင်တရလိုက်တာနဲ့ လီချိုက်နဲ့သူမရဲ့အမေကို ကယ်တင်နိုင်တော့မှာမဟုတ်ဘူး”

ဟူရှောက်ခွင်းက လေးနက်စွာ ပြန်ပြော၏ “မရဘူး။ လီချိုက်နဲ့အန်တီကျန်းတို့ရဲ့အသက်ကို ကယ်ဆယ်ရမယ်။ ဒီကံကြမ္မာကို ဘယ်လိုပြောင်းလဲလို့ရမလဲဆိုတာ မင်း ငါ့ကို ရှင်းပြနိုင်လား၊ မင်းပြောခဲ့တဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ဆိုတာကိုပေါ့”

ထန်ရှုက ခေါင်းညိတ်လိုက်သည် “ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိတာနဲ့ မင်းက ဒီဂြိုလ်ကနေ ထွက်ခွာသွားလို့ရလိမ့်မယ်။ ဒီကမ္ဘာက ထွက်သွားတာနဲ့ ဒီဂြိုလ်ရဲ့ဉပဒေသအောက်မှာ မင်းတို့တွေ ရှိစရာမလိုတော့ဘူး၊ ပြီးရင် နောက်ကမ္ဘာမှာ မင်းတို့သုံးယောက်လုံး လွတ်လွတ်လပ်လပ်နဲ့ ရှင်သန်နေထိုင်နိုင်လိမ့်မယ်”

“မင်း ငါ့ကို တကယ်ပဲ ကူညီနိုင်တာလား”ဟူရှောက်ခွင်းက ကမန်းကတန်းမေး၏။

“ငါ မင်းကို ကူညီနိုင်တယ်၊ ဒါပေမယ့် မင်းရဲ့မိသားစုနဲ့ ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ရမယ်၊ ဒီကမ္ဘာက မင်းရဲ့ကံကြမ္မာနှောင်ကြိုးတွေအားလုံးကို ချန်ထားရမယ်။ အဲလိုမှ မင်းက ဒီအခွင့်အရေးကို ရနိုင်မယ်”ထန်ရှုက ပြော၏ “မင်းက ဒီအခွင့်အရေးကို ရသရွေ့ ငါ့ဂိုဏ်းထဲ ဝင်ပြီး အစစ်အမှန်ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ်”

ဟူရှောက်ခွင်းက အိပ်ရာပေါ်တွင် လဲနေသော လီချိုက်အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဆိုဖာပေါ်ရှိ အန်တီကျွမ်းထံ ပြန်ပြောင်း၏။ အချိန်အတန်ကြာ တုံ့ဆိုင်းပြီးနောက် သူက ဆုံးဖြတ်ချက်ချကာ ခေါင်းညိတ်လိုက်သည် “နတ်ဆေးဆရာထန်၊ ငါ ဆုံးဖြတ်ပြီးပါပြီ။ ဒါပေမယ့် မင်း ငါ့အတွက် ပြကွက်တစ်ခုလုပ်ပေးဖို့တော့ လိုအပ်တယ်””

ဟူရှောက်ခွင်းအတွက် လှည့်စားသောပြကွက်တစ်ခုဖန်တီးရန်ကား ထန်ရှုအတွက် အဆင်ပြေသည်။ ထို့ကြောင့် သူက လျှို့ဝှက်ပညာရပ်အား ဖော်ထုတ်ရန် အစီအရင်အား ချက်ချင်းအသက်သွင်းလိုက်သည်။ ငရဲဘုရင်ထံမှ အသက်ကို လုယူခြင်းက အလွန်အန္တရာယ်များသောနည်းလမ်းတစ်ခုဖြစ်သည်၊ သို့သော် စိတ်ဝိညာဉ်သားရဲလေးခုအစီအရင်နှင့်အတူ သူ့စွမ်းအားပါ ထည့်ပေါင်းလိုက်လျှင် အတော်လေးဘေးကင်းပေ၏။

All Chapters