လေလံပွဲမစခင်
Vol. 87 Ch. 1213
ထန်ရှုက ကျီချီးမိန်နှင့်အတူ ရေလက်ဝါးပြာစံအိမ်မှ ထွက်လာ၏။ ကြယ်ပြာအိမ်ရာသို့ ရောက်သောအခါ ခန်းရှ၊ မုဝမ်ရင်နှင့် အိုးရန်လုလုတို့က စိုးရိမ်သောအမူအရာများနှင့် ဧည့်ခန်းထဲတွင် ရှိနေကြ၏။ သူ ပြန်ရောက်လာသည်ကို မြင်ပြီး သူမတို့က ချက်ချင်း ပြေးလာကြ၏။
“ရှင် အဆင်ပြေရဲ့လား”
“ဘာလို့ နှစ်ရက်တောင် ပျောက်သွားရတာလဲ။ ကျွန်မတို့တွေ ရေလက်ဝါးပြာအိမ်ရာကို သွားခဲ့ပေမယ့် ရှင့်ကို ဘယ်နေရာမှ မတွေ့ခဲ့ဘူး။ ဒီနှစ်ရက်တွေမှာ ရှင် ဘယ်သွားတာလဲ”
“ကျွန်မတို့က ရှင့်ကို တကယ်စိုးရိမ်နေတာ”
အမျိုးသမီးသုံးယောက်၏စစ်မှန်သောခံစားချက်နှင့် သူ့အပေါ် စိုးရိမ်မှုကို မြင်ပြီး ထန်ရှုက စိတ်ထဲ၌ နွေးထွေးသွားသည်။ သူက သူတို့အား နှစ်သိမ့်လျက် ပြောလိုက်၏ “တစ်ချိန်လုံး ငါက ရေလက်ဝါးပြာအိမ်ရာမှာပဲ ရှိနေတာ။ ငါက လူနာကို ကုပေးနေရတဲ့အတွက် အပြင်က အနှောင့်အယှက်တွေကို ခွင့်မပြုဘူး၊ ဒါကြောင့် ကျီချီးမိန်ကို စောင့်ကြပ်ဖို့ ပြောခဲ့တာ။ ကောင်းပြီလေ၊ ငါ ပြန်ရောက်လာပြီပဲ၊ ဒါကြောင့် ဒါကို ထပ်မပြောကြနဲ့တော့။ ရှန်းဟိုင်က လက်ရှိအနေအထားကိုပဲ ပြောကြရအောင်။ လေလံပွဲက နီးလာပြီဆိုတော့ ဒီနေရာကို စူပါသူဌေးကြီးတွေ အမြောက်အများ ရောက်လာမှာ သေချာတယ်၊ ဟုတ်တယ်မလား”
“သေချာတာပေါ့၊ အရေအတွက်က ကျွန်မကိုတောင် ကြောက်လန့်စေတယ်”အိုးရန်လုလုက ပထမဆုံးပြော၏ “လက်ရှိမှာ ရှန်းဟိုင်တစ်ခုလုံးရဲ့လုံခြုံရေးက အမြင့်ဆုံးကို ရောက်နေပြီ။ ဟန်နီ၊ ဒါကို ရှင်သိပြီးပြီလို့တော့ ကျွန်မ မထင်ဘူး။ ရှန်းဟိုင်တစ်မြို့လုံးမှာရှိတဲ့ကြယ်လေးလုံးနဲ့ကြယ်ငါးလုံးဟိုတယ်တွေက ကြိုတင်ဘိုကင်တွေနဲ့ ပြည့်နေပြီ။ ကျွန်မရဲ့သုခဘုံစံအိမ်တောင် နေရာတွေ ပြည့်နေတယ်”
“ပြီးခဲ့တဲ့နှစ်ရက်မှာ မူလပထမလေလံအိမ်မှာပဲ ကျွန်မ နေခဲ့တယ်”ခန်းရှက ပြော၏ “လေလံပွဲကို တက်ရောက်ဖို့အတွက် ဟောင်လဲ့ကို ဆက်သွယ်ခဲ့တဲ့လူတွေက ၁၆၀၀ကျော်နေပြီ။ ကန့်သတ်အချိန်ကို ရောက်ဖို့ တစ်ရက်ပဲ ကျန်တော့တယ်၊ ဒါကြောင့် မနက်ဖြန်ညနေမတိုင်ခင် တက်ရောက်လာမယ့်သူတွေရဲ့အရေအတွက်က ပေါက်ကွဲထွက်လာလိမ့်မယ်လို့ ကျွန်မ ယုံတယ်။ လေလံပွဲမှာ ပါဝင်မယ့် လူတွေရဲ့အရေအတွက်က အနည်းဆုံးနှစ်ထောင်ရှိမယ်လို့ ဟောင်လဲ့က ခန့်မှန်းထားတယ်”
“မင်း သူတို့ကို စုံစမ်းစစ်ဆေးပြီးပြီလား။ အထူးသဖြင့် သူတို့ရဲ့အထောက်အထားနဲ့ကြွယ်ဝမှုတွေကိုပေါ့”ထန်ရှုက မေးလိုက်သည်။
“စုံစမ်းစစ်ဆေးပြီးပြီ”ခန်းရှက ခေါင်းညိတ်လိုက်သည် “ဒါ့အပြင် ပါဝင်သူတစ်ယောက်ချင်းစီရဲ့ငွေကိုလဲ ငါတို့တွေ စစ်ဆေးပြီးပြီ။ သူတို့အားလုံးက ငါတို့ရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတယ်။ ပြီးတော့ သူတို့တစ်ယောက်ချင်းစီက ဝင်ကြေးတစ်သန်းပေးပြီး အခုဆိုရင် ငါတို့က ယွမ်သန်း၁၆၀ကျော် စုဆောင်းထားပြီးပြီ”
“ကောင်းပြီလေ၊ ဒါက ငါ အနည်းငယ်မမျှော်လင့်ထားခဲ့တာပဲ၊ ဒါပေမယ့် ဒီသူဌေးကြီးတွေက ငါတို့ရဲ့လေလံပွဲကို တက်ရောက်လာလေလေ၊ ငါတို့လေလံပွဲက ကမ္ဘာတစ်ဝှမ်းမှာ အုတ်သော်သောင်းတင်းဖြစ်နေတယ်ဆိုတာ သက်သေပြလေလေပဲ”ထန်ရှုက ရယ်၏ “ပြီးတော့ ငါတို့က အကျိုးအမြတ်တွေ အများကြီးရခဲ့ရုံသာမက မူလပထမလေလံအိမ်ရဲ့ဂုဏ်သတင်းကိုလဲ မြှင့်တင်နိုင်ခဲ့တယ်၊ အနာဂတ်ကျရင် အဲဒါက ပိုက်ဆံထုတ်စက်နောက်တစ်ခုဖြစ်လာမှာကို ငါတို့တွေ မျှော်လင့်နိုင်တယ်”
နောက်တစ်နေ့တွင်။
ထန်ရှုက ကျီချီးမိန်နှင့်အတူ မူလပထမလေလံအိမ်သို့ သွား၏။ သူက ဝင်ပေါက်သို့ ရောက်လာသောအခါ အမျိုးသားနှင့်အမျိုးသမီးလေးယောက်တစ်ဖွဲ့က သူ့ဘေးနားမှ တိုးဝှေ့ဝင်လာသည်။ သူတို့ထဲမှ တစ်ယောက်က သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် ဝင်ခွင့်မှတ်တမ်းတင်ဝန်ထမ်းထံ ပြောလိုက်၏ “ငါတို့တွေ ဒီလေလံပွဲကို တက်ရောက်မယ်။ ဒါက ဝင်ကြေးလေးသန်းပဲ။ ငါတို့ရဲ့နာမည်တွေကို မြန်မြန်စာရင်းသွင်းပေး…”
‘ကောင်းပါပြီ၊ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ”ဝန်ထမ်းက ယဉ်ကျေးစွာ ပြန်ပြောသည်။
ထန်ရှုက လူလေးယောက်နောက်တွင် ရပ်ကာ သူ့မျက်လုံးများက သူတို့၏နောက်ကျောထံ ရိုက်ခတ်သွား၏။ ထို့နောက် သူ့အသံအား ကျီချီးမိန်ထံ ပို့ဆောင်ပေးလိုက်သည် “လေလံပွဲက ဒီလိုမွန်းစတားတွေကိုတောင် ဆွဲဆောင်ခဲ့တာပဲ။ ဒါက စိတ်ဝင်စားစရာကောင်းတယ်”
“တကယ်ပဲ။ သူတို့ဆီကနေ သားရဲအနံ့ကို အာရုံခံမိတယ်၊ သူတို့က မတူကွဲပြားတဲ့မျိုးနွယ်တွေထဲကဖြစ်ရမယ်”ကျီချီးမိန်က ပြန်ဖြေသည်။
“ဟုတ်တယ်၊ ဒီနေရာကို လာတဲ့ဘယ်သူမဆို ငါတို့ရဲ့ဧည့်သည်ပဲ”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်သည် “သူတို့က မတူကွဲပြားတဲ့မျိုးနွယ်တွေဟုတ်မဟုတ် ငါတို့က သူတို့ရဲ့ပိုက်ဆံတွေကို လက်ခံရလိမ့်မယ်။ ငါတို့လေလံအိမ်ရဲ့ပစ္စည်းတွေကို လုယူရဲတဲ့ဘယ်သူကိုမဆို မညှာတာနဲ့။ သူတို့ကို အရင်ဖမ်းပြီးရင် သူတို့ရဲ့နောက်ခံကို ရှာဖွေ။ အချုပ်မခံတဲ့သူတွေကို တန်းသာသတ်ပစ်လိုက်”
“နားလည်ပါပြီ’ကျီချီးမိန်က ခေါင်းညိတ်လိုက်သည်။
သူမအား စတင်လှုပ်ရှားရန် ထန်ရှုက လက်ဝှေ့ယမ်းပြလိုက်သည်၊ ထို့နောက် သူက လေလံအိမ်သို့ တန်းသွား၏။ သူက ဓာတ်လှေကားမှတစ်ဆင့် တတိယထပ်သို့ တက်သွား၏။ ဓာတ်လှေကားတံခါးပွင့်သွားပြီးနောက် အပြင်ဘက်တွင် စောင့်နေသောဟောင်လဲ့အား မြင်လိုက်ရသည်။
“ဂိုဏ်းချုပ်”ဟောင်လဲ့က ရိုသေလေးစားစွာ နှုတ်ဆက်၏။
“ပြီးခဲ့တဲ့နှစ်ရက်အတွင်း တစ်ခုခုဖြစ်ပျက်ခဲ့တာ ရှိလား”ထန်ရှုက မေးလိုက်သည်။
“မရှိဘူး”ဟောင်လဲ့က ခေါင်းခါယမ်းလိုက်သည် “အရာအားလုံးက အဆင်ပြေပါတယ်”
ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါ ဒီနေရာကို ကျီချီးမိန်ကို ခေါ်ထားပြီးပြီ၊ ဒါကြောင့် အနှောင့်အယှက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုတော့ဘူး။ ပြီးတော့ လေလံပွဲအတွက် လိုအပ်တဲ့အရာမှန်သမျှကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ဘာတွေပြင်ဆင်ရမလဲဆိုတာ မသိရင် ကမ္ဘာရဲ့အကျော်ကြားဆုံးလေလံအိမ်ရဲ့အဖွဲ့ဝင်အချို့ကို ဖိတ်ခေါ်ပါ၊ မင်းက ပိုက်ဆံအချို့သုံးရမယ်ဆိုရင်တောင် ထူးချွန်တဲ့အစီအစဉ်မှူးတစ်ယောက်ကို သေချာပေါက် ရှာရမယ်”
“မနေ့က လက်ဗီဂက်မှာရှိတဲ့ပင့်ကူနီလေလံအိမ်ရဲ့အကျော်ကြားဆုံးအစီအစဉ်မှူးကို အိုးရန်လုလုက ဖိတ်ခေါ်ခဲ့ပြီးပြီ။ ဒီအစီအစဉ်မှူးက အရမ်းတော်ပြီး သူပါဝင်တဲ့လေလံပွဲတွေကို ငါ ကြည့်ပြီးပြီ။ သူပါတဲ့လေလံပွဲတိုင်းက ကြီးမားတဲ့အကျိုးအမြတ်တွေကို အမြဲတမ်း ရိတ်သိမ်းခဲ့တယ်”
“အိုးရန်လုလုလား”ထန်ရှုက အံအားသင့်သွားကာ မေးလိုက်သည် “သူမက ဘယ်လိုလုပ်ပြီး ဒီထူးချွန်တဲ့အစီအစဉ်မှူးနဲ့ သိကျွမ်းခဲ့တာလဲ”
ထူးဆန်းသောအမူအရာတစ်ခုက ဟောင်လဲ့၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ပါးစပ်အုပ်ကာ ပြော၏ “အာ၊ ကောင်းပါပြီ။ ဒါနဲ့ ပတ်သက်ပြီး ငါ သူမကို မေးခဲ့တယ်။ သူမက ဒီလူနဲ့ တိုက်ခိုက်ခဲ့ပြီး ဘယ်သူမှ အနိုင်မရခဲ့ဘူးလို့ ပြောတယ်။ အဲ့နောက် သူတို့က မိတ်ဆွေတွေ ဖြစ်လာခဲ့တယ်။ တစ်ခါက ဒီအစီအစဉ်မှူးက အိုးရန်ကျွန်းကို အပန်းဖြေခရီးထွက်လာပြီး ထိုနေရာမှာ ပြဿနာအချို့ ကြုံတွေ့ခဲ့တယ်၊ ပြီးနောက် အိုးရန်လုလုက သူ့အတွက် ရပ်တည်ပေးခဲ့ပြီး သူ့ပြဿနာတွေကို ဖြေရှင်းပေးခဲ့တယ်”
ထန်ရှုက လျင်မြန်စွာ နားလည်လိုက်ပြီး ပြုံးကာ ပြောလိုက်သည် “သူမကတော့ တကယ်ပါပဲ။ သူမက ဒီလိုစတန့်တစ်ခုကို ဆွဲထုတ်နိုင်လာတာပဲ။ မင်းရဲ့ရုံးခန်းကို သွားကြတာပေါ့။ ငါ မင်းကို ပြောဖို့လိုအပ်တာ ရှိတယ်”
ဟောင်လဲ့က ခေါင်းညိတ်လိုက်သည်၊ ထိုစဉ် သူမဖုန်းက ရုတ်တရက် မြည်လာသည်။ စက္ကန့်အနည်းငယ်ကြာ စကားပြောပြီးနောက် သူမမျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။ သူမက ထန်ရှုအား ကမန်းကတန်း ကြည့်ကာ ပြောလိုက်၏ “လူအချို့က အောက်ထပ်မှာ ပြဿနာရှာနေတယ်၊ ဂိုဏ်းချုပ်။ သူတို့က တိုက်ခိုက်တော့မယ်လို့ ငါ ကြားတယ်”
“သူတို့က ဘယ်သူတွေလဲ”ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“အောက်ထပ်က ငါတို့ရဲ့လူတွေက သူတို့ရဲ့အထောက်အထားကို မသိသေးဘူး”ဟောင်လဲ့က ပြန်ပြောသည်။
“ငါတို့ ဒီနေရာမှာ ရှိနေမှတော့ အောက်ထပ်ကို တစ်ချက်သွားကြည့်ရတာပေါ့”ထန်ရှုက ပြောလိုက်သည် “အဲဒါက ဘယ်သူပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ကောင်းကင်ဘုံအင်ပါယာဆိုရင်တောင် ငါတို့လေလံအိမ်ရဲ့စည်းမျဉ်းကို လိုက်နာရမှာပဲ”
ပထမထပ်တွင်။
အမျိုးသားနှင့်အမျိုးသမီးလေးယောက်က စာရင်းလက်ခံသည့်စားပွဲရှေ့တွင် ရပ်ကာ အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့အား စိုက်ကြည့်လိုက်ကြသည်။ အထင်သေးသောအကြည့်တစ်ခုက တောင့်တင်းသန်မာသောလူသုံးယောက်၏မျက်လုံးများထဲတွင် လက်သွားပြီး သူက သူ့အရှေ့ရှိ လူအား ပြောပြလိုက်၏ “ဟမ့်၊ မင်းက အမျိုးသမီးတစ်ယောက်ရဲ့နောက်မှာပဲ ပုန်းနေတဲ့ တကယ်ကို သတ္တိမရှိတဲ့လူတစ်ယောက်ပဲ၊ အန်ခီအန်ယူ…သူမက ကာကွယ်နေတာကြောင့် မဟုတ်ရင် ငါ မင်းရဲ့လည်ပင်းကို လိမ်ချိုးပြီး မင်းရဲ့ဉီးခေါင်းခွံကို ဝိုင်ခွက်တစ်ခုလုပ်လိုက်ပြီ”
အန်ခီအန်ယူ၏မျက်နှာက အနည်းငယ် ဖြူရော်သွားပြီး သူ့ဘေးနားရှိ အလှလေးအား လှည့်ကြည့်လိုက်သည်၊ ထို့နောက် သူက ခေါင်းသာ ငုံ့လျက် ပြန်မတုံ့ပြန်ခဲ့ပေ။
သို့သော် သူ့ဘေးနားရှိအလှလေးက ဒေါသထွက်သွားပြီး သူ့အား စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမက အရှေ့ရှိ လူလေးယောက်ထံ အကြည့်ပြောင်းကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “ဟမ်။ နင်တို့တွေ နောက်ထပ် အိပ်ရာထဲမှာ လှဲမနေချင်ရင် နင်တို့ရဲ့အပေါက်တွေကို ပိတ်ထားလိုက်။ ငါက ဒီနေ့ စိတ်ကောင်းဝင်နေတဲ့အတွက် နင်တို့ကို ဘာမှမလုပ်ချင်ဘူး”
ဉရောပနွယ်ဖွားလူက အလှလေးအား အနည်းငယ် ကြောက်ရွံ့နေမှန်း သိသာသည်။ သူက နှစ်ကြိမ် ပြောလိုက်၏ “အိန်ဂျယ်လို၊ ဒီကြက်မလေးက မင်းကို ဒဏ်ရာအပြင်းအထန်ရအောင်လုပ်ခဲ့တဲ့သူပဲမလား။ ငါတို့တွေ ပူးပေါင်းပြီး သူမကို တိုက်ရိုက်အဆုံးသတ်ကြလိုက်ရအောင်။ မဟာအကြီးအကဲက ငါတို့ကို အပြစ်တင်ရင်လဲ ငါတို့လေးယောက်လုံး အတူတူ ခံကြတာပေါ့။ ငါတို့ရဲ့အဆင့်အတန်းအရ မဟာအကြီးအကဲက ငါတို့ကို အပြင်းအထန်အပြစ်ပေးမှာ မဟုတ်လောက်ဘူး”
အိန်ဂျယ်လိုဟုခေါ်သောလူက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငါက ဒီတစ်ကြိမ် ဆေးလုံးနဲ့လက်နက်တွေအတွက် လာတာ၊ ပြဿနာရှာဖို့မဟုတ်ဘူး။ မင်းက သူတို့ကို မင်းကိုယ်တိုင် သွားသတ်နိုင်တယ်။ ဒါပေမယ့် ငါ မင်းကို ကြိုတင်သတိပေးမယ်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ဒီမူလပထမလေလံပွဲရဲ့ရှယ်ယာရှင်ပဲ၊ သူတို့က ပြဿနာရှာတဲ့နိုင်ငံခြားသားတွေကို မကြိုက်ဘူး။ လွန်ခဲ့တဲ့တစ်လက ကြယ်တာရာမြို့မှာ ဘာဖြစ်ပျက်ခဲ့သလဲဆိုတာ မင်း ကြားပြီးပြီဖြစ်မယ်ဆိုတာ သေချာတယ်။ မင်းက လေလံပွဲကို မတက်ချင်တော့ရင် လုပ်ပေါ့လေ”
ဤသည်ကို ကြားပြီးနောက် ထိုလူက အလှလေးအား ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည် “ငါ ဒီနေ့ မင်းတို့ကို လွှတ်ထားပေးလိုက်မယ်။ လေလံပွဲပြီးတဲ့အထိ စောင့်နေ။ ငါတို့လေးယောက်က မင်းတို့ကို သင်ခန်းစာတစ်ခုပေးမယ်။ ကမ္ဘာပေါ်က ဘယ်ယောကျ်ားမဆို မင်းရဲ့အရိုးမရှိတဲ့အဖော်ထက် ပိုကောင်းတယ်ဆိုတာ မင်း သိစေရမယ်”
“နင်တို့ သေချင်နေတာပဲ…”
အလှလေးက ချက်ချင်း ရှေ့ပြေးထွက်သွား၏၊ ထက်ရှသောဓားမြှောင်တစ်လက်က လူဖြူ၏လည်ပင်းအား ရိုက်ခတ်သွားပြီး သွေးစီးကြောင်းတစ်ခုက ဒဏ်ရာမှ ဖြည်းဖြည်းချင်း စိမ့်ထွက်လာ၏။
သူမက သူ့အား တိုက်ရိုက်သတ်ဖြတ်လိမ့်မည်ဟု လူဖြူက မမျှော်လင့်ထားခဲ့ပေ။ အရှောင်သာ မမြန်ခဲ့လျှင် သူ့ခေါင်းက လိမ့်ကျသွားခဲ့လောက်ပြီ။
“ခွေးမ…”
လူဖြူက ကျိန်ဆဲလိုက်သည်။ ကြီးမားသောအရှိန်အဝါတစ်ခုက သူ့ထံမှ ပေါက်ကွဲထွက်လာပြီး သူက အလှလေးထံ ချက်ချင်း ပြေးသွား၏။ သူ့၏ရွှေလက်အိတ်စွပ်ညာလက်သီးက ရွေ့လျားသွားပြီး ရွှေရောင်လက်သီးထောင်ချီအား ချက်ချင်း ပို့လွှတ်လိုက်သည်။
ဘန်း..ဘန်း…
ဝေဝေဝါးဝါးပုံရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း လူကြီးနှင့်အလှလေးတို့က နောက်သို့ လွင့်ထွက်သွား၏။ ထို့နောက် ထန်ရှုက လက်ခုပ်တီးကာ ပြောလိုက်၏ “မင်းတို့က တခြားနေရာမှာ တိုက်ခိုက်မယ်ဆိုရင် ငါ ဂရုမစိုက်ဘူး။ ဒါပေမယ့် ငါ့ရဲ့မူလပထမလေလံအိမ်က မင်းတို့လိုဂိုဏ်းစတားတွေ ကစားရမယ့်နေရာမဟုတ်ဘူး၊ ဒီနေရာက ဝန်ထမ်းတွေ မင်းတို့ကို ရက်စက်တဲ့အတွက် အပြစ်မတင်ကြနဲ့။ အခုပဲ စာရင်းသွင်းရင်သွင်း ဒါမှမဟုတ်ရင် ထွက်သွားတော့…”
ထန်ရှုထုတ်ဖော်ခဲ့သည့်ကြောက်စရာကောင်းသောခွန်အားက လူဖြူအား ထိတ်လန့်စေခဲ့ပြီး သူက ။ သို့သော် လက်ရှိတွင် မျက်နှာအနည်းငယ်ဖြူရော်နေသောအလှလေးက ထန်ရှုအား စိုက်ကြည့်လိုက်သည်။ ဤလူက သေချာပေါက် အလွန်ငယ်သည်၊ သို့သော် သူက သူမနှင့်လူဖြူတို့နှစ်ယောက်လုံးအား ရိုက်နှက်နိုင်ခဲ့သည်၊ သူ့တွင် ကြောက်စရာကောင်းသောခွန်အားတစ်ခုရှိသည်ကို ပြသနေ၏။
ထန်ရှုက အလှလေးအား ပြန်စိုက်ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “မင်းက ဘာတွေ စိုက်ကြည့်နေတာလဲ။ စာရင်းသွင်းပြီးရင် ဒီနေရာကနေ မြန်မြန်ကြွတော့။ ပြီးရင် လေလံပွဲစတော့မှ ပြန်လာကြ”
“ရှင့်ရဲ့နာမည်က ဘာလဲ၊ အချောလေး”အလှလေးက မေးလိုက်သည်။
“ငါက ဒီမူလပထမလေလံအိမ်ရဲ့ပိုင်ရှင်ပဲ”ထန်ရှုက ပြန်ဖြေသည် “ငါ့ကို ထန်လို့ ခေါ်လို့ရတယ်”