ထန်အိမ်တွင်။
Vol. 87 Ch. 1215
လေလံခန်းမထဲရှိ ဧည့်သည်၄၈၀၀ကျော်၏အာရုံစိုက်မှုက လေလံစင်မြင့်ရှိ စားပွဲပေါ်ရှိ မှော်လှံဆီသို့ အပြည့်အဝအာရုံစိုက်လာကြသည်၊ ၎င်း၏ကြီးမားသောရုပ်ပုံက ပရိုဂျက်တာစခရင်ပေါ်တွင် ပြသလာ၏။ တစ်ချိန်တည်းတွင် ကျင့်ကြံသူထောင်ချီ၏အသက်ရှုသံက လေးလံသွားပြီး သူတို့၏လိုအင်ဆန္ဒက မြင့်တက်လာသည်။
ဤကမ္ဘာတွင် မှော်လက်နက်တစ်ခုက ဆန္ဒရှိသလို တွေ့နိုင်သောအရာတစ်ခုမဟုတ်ပေ၊ ကံကောင်းမှုများနှင့် ကြုံတွေ့မှသာ တွေ့နိုင်သောအရာတစ်ခုဖြစ်သည်။ ကျင့်ကြံသူက ကျွမ်းကျင်သောလှံသမားတစ်ယောက်ဖြစ်ပြီး ဤမှော်လှံအား ရရှိခဲ့လျှင် ထိုလူက သေချာပေါက် ပိုအားကောင်းပြီး သူ၏တိုက်ခိုက်ရေးစွမ်းအားက မြင့်တက်လာပေလိမ့်မည်။
“ဒေါ်လာ၂.၅ဘီလီယံ၊ ဒါက ငါ ထုတ်ပေးနိုင်တဲ့ပမာဏပဲ။ ဒါအတွက် တစ်ယောက်ယောက်က ငါနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် ငါ့ရဲ့ရက်စက်မှုအတွက် အပြစ်မတင်နဲ့ပေါ့။ မင်းတို့က မြေမြှုပ်စရာမရှိဘဲ သေရလိမ့်မယ်”အရပ်နှစ်မီတာမြင့်မားသောဧရာမလူတစ်ယောက်က သွေးနီရောင်မျက်လုံးများနှင့် ခြိမ်းခြောက်လိုက်သည်။
“ဒေါ်လာသုံးဘီလီယံ၊ ဟမ့်၊ ငါက မင်းကို ကြောက်နေမယ်လို့ မင်းထင်တာလား”
ထိပ်ပြောင်လူတစ်ယောက်က ရုတ်ချည်း ထရပ်ကာ အော်ပြောလိုက်သည်။
ဧရာမလူ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုက သူ့ထံမှ အရူးအမူးပေါက်ကွဲထွက်လာသည်၊ သူ့ပုံရိပ်က လေလံစင်မြင့်ပေါ်သို့ ရုတ်ချည်း ပြေးသွားကာ မှော်လက်နက်အား ဆုပ်ကိုင်ရန် ကြိုးစားလိုက်၏။
ရွှမ်း…
ဓားရောင်ခြည်တန်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ဧရာမလူ၏ခန္ဓာကိုယ်အား နှစ်ခြမ်းခွဲလိုက်သည်။ ထို့နောက် ချက်ချင်းလျှင်ပင် ကြီးမားသောပိုက်ကွန်တစ်ခုက ထွက်ပေါ်လာကာ ဧရာမလူ၏အကြွင်းအကျန်များအား ရစ်ပတ်သွားလျက် လေလံခန်းမဝင်ပေါက်အနီး၌ ပျောက်ကွယ်သွား၏။
ဟင်…
လေလံပွဲကို တက်ရောက်နေသော ဧည့်သည်အားလုံးက ရုတ်ချည်း ထရပ်လိုက်ကြပြီး တစ်ချိန်တည်း၌ ပင့်သက်ရှိုက်လိုက်ကြ၏။ ဧရာမလူအား သူတို့အများစုက သိကြသည်။ သူက ဘယ်လောက်အားကောင်းသလဲကို သူတို့က သိ၏၊ သို့သော် သူက ချက်ချင်းအသတ်ခံရပြီး လက်သည်အား သူတို့တစ်ယောက်မှ မမြင်နိုင်မည်ဟုတော့ သူတို့က မမျှော်လင့်ထားခဲ့ပေ။
ဘယ်သူဖြစ်နိုင်မလဲ။ ဘယ်သူက ဒီလောက်ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုရှိတာလဲ။
ရုတ်တရက် လူတိုင်းက လည်ပင်းအေးစိမ့်သွားလျက် ကြောက်ရွံ့မှုက သူတို့၏နှလုံးသားထဲ၌ ထိုးထွက်လာသည်။ ကြောက်စရာကောင်းသောတိုက်ကွက်က သူတို့အား လုံးဝထိတ်လန့်စေခဲ့သည်။
ထန်ရှုက အခြားအခန်းမှ ဖြည်းဖြည်းချင်း ထွက်လာသည်။ သူက လေလံစင်မြင့်သို့ လျှောက်ကာ ဟစ်ဂတ်ဘေးနား၌ တည်ငြိမ်စွာ ရပ်နေလိုက်သည်၊ ထို့နောက် သူက ဟစ်ဂတ်၏ပခုံးအား ပုတ်ကာ ဘာမှစိုးရိမ်စရာမလိုကြောင်း အချက်ပေးလိုက်သည်။ ထို့နောက် သူက မိုက်ခရိုဖုန်းကို ကိုင်ကာ ပြောလိုက်၏ “ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား၊ ကျုပ်က စီးပွားရေးတစ်ခုလုပ်ဖို့ ဒီလေလံအိမ်ကို တည်ထောင်ခဲ့ပါတယ်။ ဒီနေရာမှာ ဘယ်သူမှ ပြဿနာရှာတာကို ကျုပ် မလိုချင်ဘူး။ ဘယ်ပစ္စည်းကိုမဆို လုယူဖို့ ကြိုးစားတဲ့သူတွေက သေဖို့ ပြင်ဆင်ထားရမယ်”
နောက်အခိုက်အတန့်တွင် သွမ်မုလင်က ပထမခုံတန်းမှ ထရပ်လိုက်သည်။ သူက လွင့်မျောလျက် ထန်ရှုဘေးနား၌ ဆင်းသက်၏။ ထန်ရှုထံ ခေါင်းညိတ်ပြပြီးနောက် သူက မိုက်ခရိုဖုန်းကို ကိုင်ကာ ပြောလိုက်၏ “ထန်ရှုပြောတာ မှန်တယ်။ ဒါက တရုတ်ပဲ။ မင်းတို့လိုချင်တာကို ရချင်ရင် မင်းတို့ရဲ့ပိုက်ဆံကို သုံးပါ။ ဒါပေမယ့် မင်းတို့က လေလံပစ္စည်းတွေကို လုယက်ချင်တယ်ဆိုရင်တော့ မင်းတို့က ဒီတိုင်းပြည်ရဲ့ဉပဒေကို ချိုးဖောက်ရုံသာမက တရုတ်အထူးစွမ်းရည်ဗျူရိုကိုလဲ မင်းတို့တွေ ရင်ဆိုင်ရလိမ့်မယ်”
မယုံကြည်နိုင်သောမျက်နှာများနှင့်အတူ ဧည့်သည်များက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထန်ရှုက မူလပထမလေလံအိမ်၏ပိုင်ရှင်ဖြစ်ပြီး သူက ထွက်လာသည်ကို နားလည်နိုင်သေးသည်။ ဒါပေမယ့် ဘာလို့ တရုတ်အထူးစွမ်းရည်ဗျူရိုမှ အရာရှိတစ်ယောက်ကပါ ထွက်လာရတာလဲ။
ဖြစ်နိုင်တာက…ဒီလေလံပွဲရဲ့နောက်ကွယ်က အဖွဲ့က တရုတ်အထူးစွမ်းရည်ဗျူရိုများလား။
သူတို့က ပစ္စည်းအား မဝယ်နိုင်လျှင် တိုက်ရိုက်လုယက်မည်ဟု ကျင့်ကြံသူများစွာက ရည်ရွယ်ချက်ရှိထားကြသည်။ သို့သော် ယခု အမှောင်ထဲတွင် စောင့်ကြပ်နေသော ဆန်းကြယ်သည့်ကျမ်းကျင်သူတစ်ယောက်ရှိရုံသာမက တရုတ်အထူးစွမ်းရည်ဗျူရိုလည်း ရှိနေပေ၏။ အနောက်တစ်ခုတည်းပင် သူတို့က အလွယ်တကူရန်စရန်မတတ်နိုင်သည့်အဖွဲ့တစ်ခုဖြစ်သည်၊ သို့မဟုတ်လျှင် သူတို့က ဤနေရာတွင် အဆုံးသတ်သွားပေလိမ့်မည်။
နောက်လာမည့်ပွဲများက ချောမွေ့စွာ ပြီးဆုံးသွားသည်။ မြင့်မားသောဈေးနှုန်းဖြင့် ရောင်းချခဲ့သည့် ပထမပစ္စည်းနှစ်ခုက လွဲပြီး နောက်ပိုင်းလေလံပစ္စည်းများက သာမန်အသုံးအဆောင်များနှင့်ရတနာများဖြစ်ကြသည်၊ တန်ဖိုးကလည်း မျှတ၏။ ပစ္စည်းရှစ်ဆယ်ကျော်လေလံတင်ပြီးချိန်တွင် နေ့လည်သို့ ရောက်ရှိလာပြီဖြစ်သည်။
နေ့လယ်စာစားချိန်တွင်။
မူလပထမလေလံပွဲက ဧည့်သည်များအား နေ့လည်စာအတွက် အခမဲ့ပေးသည်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုဂိုဒေါင်မှ နတ်ဘုရားဝတ်ရည်ဝိုင်သေတ္တာနှစ်ရာအား ပို့ဆောင်ရန် ထန်ရှုက အမိန့်ပေးခဲ့သည်။
နေ့လည်နှစ်ချက်တီးချိန်တွင် လေလံပွဲက ပြန်စတင်လာသည်။ နေ့လည်ပိုင်းတွင် လေလံတင်သော ပထမဆုံးပစ္စည်းလေးခုက ကြီးမားသောဈေးပြိုင်ပေးမှုများရှိပြီး ကောင်းကင်ပမာ မြင့်မားသောဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့သည်။ လေလံပွဲ၏ပထမဆုံးနေ့က ညနေရှစ်နာရီတွင် ပြီးဆုံးသွား၏။
ညဆယ့်နှစ်နာရီတွင်။
မူလပထမလေးလံအိမ်၏တတိယထပ်ရှိ မန်နေဂျာရုံးခန်းတွင် အန်ဒီက ရောက်ရှိလာပြီး ငွေမှတ်တမ်းများအား တင်ပြ၏၊ ထန်ရှု၊ ဟောင်လဲ့၊ ခန်းရှတို့နှင့် ကျီချီးမိန်ပင် သူမအား မျှော်လင့်စောင့်စားမှုအပြည့်မျက်လုံးများနှင့် ကြည့်လိုက်ကြသည်။
အန်ဒီက အနည်းငယ်ပြုံးကာ သူမလက်ထဲရှိ ရငွေစာရင်းအား မြှောက်လိုက်သည်။ ထို့နောက် သူမက ပြောလိုက်၏ “ဒေတာကို ငါ စစ်ဆေးပြီးပြီ။ ဒီနေ့ လေလံပစ္စည်းစုစုပေါင်း၁၈၀ကို ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်းရငွေက အမေရိကန်ဒေါ်လာ၄၆.၈၃၂ဘီလီယံပဲ”
ထန်ရှုက ဖြည်းဖြည်းချင်း အသက်ရှုထုတ်လိုက်သည်။ ယနေ့ရမည့်ပမာဏက ကိန်းဂဏန်းကြီးမားမည်ကို သိသော်လည်း အရေအတွက်အတိအကျအား ကြားလိုက်ပြီးနောက် သူက အနည်းငယ်စိတ်လှုပ်ရှားသွားရသေး၏။
“မနက်ဖြန်ရနိုင်မယ့်ပမာဏက ဒီလောက်မြင့်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်၊ ဒါပေမယ့် လေလံပွဲရဲ့နောက်ဆုံးနေ့ကျရင်တော့ သေချာပေါက် ငါတို့ကို အံ့အားသင့်စေလိမ့်မယ်။ ဒီလေလံပွဲသုံးရက်ပြီးရင် ရလာမယ့်ပမာဏကို ငါ ကြည့်ချင်လှပြီ”
“ပြီးတော့ အဲနောက်ကျရင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုပဲဖြစ်ဖြစ်ဒါမှမဟုတ်ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းပဲဖြစ်ဖြစ်၊ နှစ်ခုလုံးက သိုသိုသိမ့်သိမ့်နေဖို့ လိုအပ်တယ်။ ဒါပေမယ့် ထန်ဂိုဏ်းရဲ့တပည့်အားလုံးက နေရာတိုင်းကို သွားပြီး ကမ္ဘာတစ်ဝှမ်းက ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ဝယ်ယူရမယ်”
တတိယမြောက်နေ့က ကုန်ဆုံးသွားသည်။
မူလပထမလေလံပွဲက နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့ပြီး လေလံပွဲသို့ တက်ရောက်လာသည့် ဧည့်သည်အားလုံးက ပြန်သွားကြ၏။
စုစုပေါင်းရငွေက အမေရိကန်ဒေါ်လာ၁၈၀ဘီလီယံ၊ ယွမ်တစ်ထရီလီယံနှင့် ညီမျှသည်။
လေလံပွဲက ထန်ရှုအား ကြီးမားသောငွေပမဏရှိလာစေပြီး ရန်ပုံငွေပြတ်နေသောနေ့ရက်များက နောက်ဆုံးတွင် အဆုံးသတ်တစ်ခုသို့ ရောက်လာခဲ့၏။
****
ပေကျင်း၊ ထန်အိမ်တွင်။
သူတို့၏ဘိုးဘေးအိမ်သို့ ပြန်လာရန် ထန်ကောရှန့်က ထန်မိသားစုဝင်အားလုံးကို အမိန့်ထုတ်ခဲ့သည်။ ထန်အိမ်အဖွဲ့ဝင်အားလုံးက တစ်ယောက်ပြီးတစ်ယောက် ပြန်လာနေကြပြီး အပြင်ကမ္ဘာတွင် အရေးကြီးကိစ္စများလုပ်ဆောင်နေသော ထန်ယွင်ဖမ်းပင် ကမန်းကတန်း ပြန်လာခဲ့သည်။
“အတိအကျဘာများဖြစ်လို့လဲ”
ထန်ယွင်ဖမ်းက ထန်မင်အား မေးလိုက်သည်။ ထန်မင်းက ခေါင်းသာ ခါယမ်းပြလိုက်ပြီး သူမလဲ မသိဟု ပြောလိုက်သည်။
ရုတ်တရက် ထန်မင်က ပြော၏ “ဒါနဲ့၊ ထန်ရှုက လွန်ခဲ့တဲနှစ်နာရီလောက်က ရောက်ရှိလာပုံပဲ။ ငါ ထင်တာမှန်ရင် အခု သူက အဖေနဲ့ ကိစ္စအချို့ ဆွေးနွေးနေတာဖြစ်မယ်”
ထန်ယွင်ဖမ်းက အနည်းငယ် အံ့အားသင့်သွားသည်။ ထန်မင်နှင့်အတူ အခန်းထဲသို့ သူ ဝင်လာပြီးနောက် သူ့အဖေထန်ကောရှန့်က ဆိုဖာပေါ်တွင် ထိုင်လျက် ကစ္စတစ်ခုအား စဉ်းစားနေပုံရသည်၊ သူ၏ဒုတိယဉီးလေးထန်ကောရှင်းနှင့်တတိယဉီးလေးထန်ကောရှို့တို့က စိတ်လှုပ်ရှားနေကြပြီး စီးကရက်ကိုင်ထားသောသူတို့လက်ချောင်းများကပင် အနည်းငယ် တုန်ယင်နေလေသည်။
“ပထမဉီးလေး”ထန်ရှုက ထရပ်ကာ ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
ထန်ယွင်ဖမ်းက ပြုံးပြလိုက်သည်။ သူက ထန်ရှထံ လျှောက်ကာ သူ့ပခုံးအား ပုတ်ပြီးနောက် သက်ပြင်းချလိုက်သည် “ဘယ်အထိ မင်းရောက်နိုင်မလဲဆိုတာ ငါ အကြိမ်ပေါင်းများစွာ စိတ်ကူးခဲ့ပေမယ့် ငါ မင်းကို အထင်သေးခဲ့တယ်ဆိုတာ အခု နားလည်သွားပြီ။ မင်းက လေလံပွဲတစ်ခုကနေ ယွမ်တစ်ထရီလီယံကျော် ရရှိခဲ့တာပဲ။ တစ်နှစ်အတွင်း တရုတ်က ဘဏ်အားလုံးရဲ့ရငွေကတောင် ဒါကို ယှဉ်နိုင်လိမ့်မယ်လို့ ငါ မထင်ဘူး”
“ငါလဲ ဒီလေလံပွဲအတွက် အများကြီးပေးဆပ်ခဲ့ပါတယ်၊ ပထမဉီးလေး”ထန်ရှုက အားတင်းပြုံးလိုက်သည်။
“စွမ်းအားက ကလန်တစ်ခုရဲ့အခြေခံအုတ်မြစ်ပဲ၊ ဒါပေမယ့် ကြွယ်ဝမှုက မိသားစုရဲ့လက်နက်တစ်ခုပဲ”ထန်ယွင်ဖမ်းက ခေါင်းညိတ်ကာ ဆက်ပြောသည် “ထန်အိမ်က ပိုပိုအားကောင်းလာပြီး တရုတ်တစ်နိုင်လုံးမှာ အကြီးမားဆုံးမိသားစုတောင် ဖြစ်လာနေပြီ။ ဒါတွေအားလုံးက မင်းရဲ့အကျိုးဆောင်မှုတွေကြောင့် အဓိကပါပဲ”
“တရုတ်မှာ ထန်မိသားစုက သာမန်မိသားစုတစ်ခုအဖြစ် ကျဆင်းလာမှာကို ငါ ကြောက်တယ်လေ”ထန်ရှုက အားတင်းပြုံးလိုက်သည်။
ထန်ယွင်ဖမ်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “မင်း ဒါ ဘာဆိုလိုတာလဲ”
ထန်ကောရှန့်က သက်ပြင်းချကာ လက်ဝှေ့ယမ်းလျက် အားတင်းပြုံးကာ ပြောလိုက်သည် “ငါ မင်းကို နောက်ကျရင် ရှင်းပြမယ်၊ ယွင်ဖမ်း။ ငါ လူတိုင်းကို ဆင့်ခေါ်ရတဲ့အကြောင်းရင်းက အရေးကြီးကိစ္စအချို့ကို ကြေညာမလို့ပဲ”
ထန်ယွင်ဖမ်းက သံသယဖြစ်လျက် တုံ့ဆိုင်းသွားသည်၊ ထို့နောက် သူက တံခါးသို့ လျှောက်ကာ ထန်အိမ်၏ပင်မအဖွဲ့ဝင်အားလုံးအား အခန်းထဲသို့ ခေါ်လိုက်သည်။ ထို့နောက် မျက်လုံးအားလုံးက ထန်ရှုမှ ထန်ကောရှန့်အထိ အဆက်မပြတ် ပြောင်းနေကြ၏။
ထန်ကောရှန့်က သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ထန်အိမ်ရဲ့ပင်မအဖွဲ့ဝင်တွေအားလုံး ရောက်လာပြီးဆိုတော့ ကိစ္စတစ်ခုကို ငါ ကြေညာမယ်။ မင်းတို့အားလုံး နားထောင်ကြ။ ဒီနေ့က စပြီး ထန်ယွင်ဖမ်းက ထန်အိမ်ရဲ့ခေါင်းဆောင်နေရာကို လက်လွှဲယူလိမ့်မယ်၊ သူက မိသားစုထဲက အရေးကိစ္စတိုင်းအတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်”
“အဖေ…”
ထန်ယွင်ဖမ်း၏အမူအရာက ပြောင်းလဲသွားပြီး သူက ကမန်းကတန်း အော်လိုက်သည်။ သူက သူ၏ဒုတိယဉီးလေးထန်ကောရှင်းနှင့်တတိယဉီးလေးထန်ကောရှို့တို့အား ကြည့်လိုက်သည်၊ သူတို့က ဤကိစ္စအား ကြိုတင်သိထားပုံရသည်ကိုသာ သူက တွေ့လိုက်၏။
“ယွင်ဖမ်း၊ ငါက အသက်ကြီးနေပြီ၊ အခုက မိသားစုတာဝန်ကို လွှဲပြောင်းပေးဖို့ အချိန်ပဲ၊ ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို ချတဲ့အတွက် မင်းရဲ့အဖေကို အပြစ်မတင်နဲ့”ထန်ကောရှန့်က ပြော၏ “ငါတို့မိသားစုက မင်းရဲ့ပခုံးကို လိုအပ်တယ်။ ဆယ်နှစ်တာဝန်ယူပြီးရင် ဆက်ခံသူတစ်ယောက်ကို ရွေးချယ်ပြီး မင်း အနားယူနိုင်တယ်”
“ဒါပေမယ့် ဒါက ငါ့ကို ဝေခွဲမရဖြစ်စေတယ်၊ အဖေ”ထန်ယွင်ဖမ်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ခေါင်းဆောင်နေရာကို လက်လွှဲယူရမယ်ဆိုရင်တောင် ငါ အဖေ့ကို အပြစ်မတင်ပါဘူး။ ဒါက ပျော်ရွှင်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပဲမဟုတ်လား”
ထန်ကောရှန့်က ခေါင်းခါယမ်းလျက် အားတင်းပြုံးကာ ထပ်ပြော၏ “ဒါဆို ထန်မိသားစုရဲ့ခေါင်းဆောင်အနေနဲ့ နောက်ဆုံးအမိန့်ကို ငါ ကြေညာမယ်။ ယွင်ဖမ်းက လွဲပြီး ထန်အိမ်ရဲ့ပင်မအဖွဲ့ဝင်တွေအားလုံးက အစိုးရမှာဖြစ်စေဒါမှမဟုတ်စီးပွားရေးလုပ်ငန်းတွေမှာပဲဖြစ်စေ သူတို့ရဲ့ရာထူးကို စွန့်လွှတ်ရမယ်။ ပြီးရင် စီးပွားရေးလုပ်ငန်းတွေကို ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၊ ခန်းရှရဲ့လက်အောက်ကို လွှဲပေးရမယ်”
“ဘာ…”
“ဘာဖြစ်နေတာလဲ”
“ဒါက…”
ထန်မိသားစုအဖွဲ့ဝင်တိုင်းက ထန်ကောရှန့်အား မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ ဤအမိန့်က သူတို့အား အများဆုံးထိတ်လန့်စေပုံရ၏။
သူတို့ရဲ့ရာထူးကို စွန့်လွှတ်၊ သူတို့ရဲ့လုပ်ငန်းတွေကို လွှဲပေးရမှာလား။
ထန်မိသားစုထဲမှာ ဘာကြီးမားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပျက်နေလို့လဲ။
“မင်းတို့ရဲ့ကိစ္စတွေအားလုံးကို ဖြေရှင်းဖို့ ငါ မင်းတို့ကို အချိန်ခုနှစ်ရက်ပေးမယ်”ထန်ကောရှန့်က နက်ရှိုင်းသောအသံနှင့် ပြော၏ “နောက်တစ်ပတ်ကျရင် ထန်အိမ်ရဲ့ပင်မအဖွဲ့ဝင်တွေအားလုံးက ပေကျင်းနဲ့တရုတ်ကနေ ထွက်သွားမယ်။ ရှုအာဝယ်ထားတဲ့နဂါးကိုးကောင်းကျွန်းကို မင်းတို့အားလုံး သိမယ်လို့ ငါ ယုံကြည်တယ်။ အဲတာက ငါတို့မိသားစုရဲ့ပင်မအဖွဲ့ဝင်တွေအားလုံး ပြောင်းရွှေ့မယ့်နေရာပဲ။ ယွင်ဖမ်းတစ်ယောက်ကလွဲပြီး ငါတို့မိသားစုက ဘာအရေးကိစ္စတွေမှ မပါဝင်တော့ဘူး။ မင်းတို့အားလုံးက သိုင်းပညာနဲ့ ကျင့်ကြံခြင်းကို လေ့ကျင့်အားထုတ်ရမယ်”