ထန်အိမ်ရဲ့အဖွဲ့ဝင်တွေက တိုက်ခိုက်နိုင်ပါသေးတယ်
Vol. 87 Ch. 1218
အေးစက်စက်အလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားပြီး သူ၏သတ်ဖြတ်လိုစိတ်က ချက်ချင်းမြင့်တက်သွား၏။ သူ့ပုံရိပ်က ရွေ့လျားသွားကာ ထိုလူငယ်၏မျက်နှာအား ရိုက်ချလိုက်သည်၊ ထိုအကောင်က ကြမ်းပြင်ပေါ်သို့ ပုံလဲကျသွား၏။ ထို့နောက် ထန်ရှုက သူ့မျက်နှာအား ခြေထောက်နှင့် နှင်းကာ အေးစက်စွာ ပြောလိုက်သည် “ငါ့ကို ပြော၊ မင်းက ဘယ်မိသားစုကလဲ”
ရိုက်ချက်ကြောင့် လူငယ်က သွားအချို့ဆုံးရှုံးခဲ့သလို သူ့မျက်နှာတစ်ခြမ်းက နီရဲရောင်ကိုင်းနေသည်။ ထန်ရှုက သူ့ပါးအား နင်းထားချိန်တွင် လွတ်မြောက်ရန် ရုန်းကန်သော်လည်း သူက မထနိုင်ပေ။ သူ့ဒေါသက သူ့အသိစိတ်အား ပျောက်ရှုံးသွားစေပြီး သူက အော်ပြောလိုက်၏ “ငါက ဆုမိသားစုကပဲ၊ အမှိုက်ကောင်။ မင်းရဲ့ရွံစရာကောင်းတဲ့ခြေထောက်ကို ဖယ်လိုက်စမ်း။ ထန်ရှု၊ ခွေးကောင်…မင်းရဲ့ထန်မိသားစုက မရှိတော့ဘူး။ သူတို့အားလုံးသေသွားပြီဆိုတာ သေချာတယ်။ ငါ့ကို သွားခွင့်ပြု၊ မဟုတ်ရင် ငါ မင်းကို သတ်ရလိမ့်မယ်”
ထန်ရှုက လူငယ်၏ဝမ်းဗိုက်အား ကန်ထည့်လိုက်ရာ ထိုအကောင်က ချန်ဟောင်ရန်၏ခြေထောက်အောက်သို့ ရောက်သွား၏။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည် “အဲစကားတစ်ခုနဲ့တင် မင်းကို လူသေတစ်ယောက်ဖြစ်အောင် လုပ်ဖို့ လုံလောက်တယ်။ ဒါပေမယ့် ဒီလောက်နဲ့ ငါ သူ့ကို မသတ်ချင်ဘူး။ အခု ငါ သူ့ကို မင်းတို့အားလုံးကို ပေးလိုက်မယ်။ နောက်နှစ်ရက်အထိ သူ့ကို မင်းတို့နဲ့အတူ နေရာတိုင်းကို ခေါ်သွားပါ၊ မဟုတ်ရင် မင်းတို့ရဲ့မိသားစုက သူ့လိုပဲ အဆုံးသတ်ဖို့ မျှော်လင့်ထားနိုင်တယ်…”
ထိုသို့ ပြောပြီးနောက် သူက ပုထောင်နှင့်ချင်ရှောက်ယန်တို့ဘက်လှည့်ကာ ပြောလိုက်၏ “အသားနဲ့ဝိုင်အချို့ ပြင်ဆင်လိုက်။ ငါ မင်းတို့နှစ်ယောက်လုံးကို ဒီည ပြဇာတ်တစ်ခု ပြပေးမယ်။ ဟမ့်…ထန်အိမ်ရဲ့အဖွဲ့ဝင်တွေက အရေးကြီးတဲ့ကိစ္စတွေ လုပ်စရာရှိတယ်၊ ဒါကြောင့် သူတို့က တရုတ်ကနေ ယာယီ ထွက်ခွာသွားတာပဲ။ ဒါပေမယ့် မိသားစုမှာ တစ်ယောက်မှ မရှိတာကို သူတို့ ထင်ရင် ဒီလူတွေက အမှားကြီးတစ်ခုလုပ်ခဲ့တာပဲ။ ငါတစ်ယောက်တည်းနဲ့ ဘယ်မိသားစုကိုမဆို အလွယ်တကူဖျက်ဆီးနိုင်တယ်”
ထန်ရှု၏အပြုအမူများကို မြင်ပြီး ချင်ရှောက်ယန်က စိတ်အေးသွား၏။ သူက နက်ရှိုင်းသောအသံနှင့် ပြန်ပြော၏ “အကောင်းဆုံးဟင်းနဲ့အကောင်းဆုံးဝိုင်ကို ပြင်ဆင်ဖို့ ငါ ပြောလိုက်မယ်။ ငါတို့တွေ ဆန္ဒရှိသလောက် သောက်ကြတာပေါ့”
ချန်ဟောင်ရန်က ထန်ရှုအား တစ်ချက်ကြည့်လိုက်ပြီး သူနှင့်ပတ်သက်သည့်ဒဏ္ဍာရီများအား ပြန်အမှတ်ရလိုက်သည်။ သူက တစ်ရာရာခိုင်နှုန်းမသေချာသော်လည်း သူ့မိသားစု၏အထောက်အပံ့မရှိလျှင်ပင် ထန်ရှုကိုယ်တိုင်က အားကောင်းသောလူတစ်ယောက်ဖြစ်သည်ကို သူက ကောင်းကောင်းသိ၏။
သို့သော် ထန်အိမ်က အမှန်တကယ် ပျက်ဆီးခဲ့လျှင် ထန်ရှုအနေနှင့် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုအား ထိန်းသိမ်းရန် ခက်ခဲပေလိမ့်မည်။ ဘယ်လောက်ချမ်းသာကြွယ်ဝသောစီးပွားသမားတစ်ယောက်ဖြစ်ပါစေ၊ သူတို့က စွမ်းအားရှိသည့်သူများအား ဘယ်တော့မှ မတိုက်ခိုက်နိုင်ပေ။
အခွင့်အရေးတစ်ခုရှိလျှင်…
လောဘက ချန်ဟောင်ရန်၏နှလုံးသားထဲ၌ မွေးဖွားလာသည်။ သူက ထန်ရှုအား အေးစက်စက်တစ်ချက်ကြည့်ပြီးနောက် အခြားသူများနှင့်အတူ သူ့အဖော်အား ချက်ချင်းတွဲထူကာ ဧကရာဇ်ကလပ်မှ လျင်မြန်စွာ ထွက်ခွာသွား၏။
ထန်ရှုက ဖုန်းထုတ်ကာ နံပါတ်တစ်ခုအား ခေါ်လိုက်သည်။ ထို့နောက် သူက ပြော၏ “စီနီယာသွမ်မုလင်၊ ငါတို့ရဲ့ယခင်သဘောတူညီချက်အတိုင်းပဲ၊ ကျန်တဲ့လူတွေအတွက် သတိပေးချက်အနေနဲ့ မိသားစုအချို့ကို ငါ ရွေးချယ်ပြီးပြီ။ ပထမက ပေကျင်းရဲ့ဆုမိသားစုပဲ၊ ဒုတိယက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကို တိုက်ခိုက်ဖို့ ထွက်ပေါ်လာမယ့်မိသားစုပဲ”
“ကောင်းပါပြီ”သွမ်မုလင်က ပြန်ဖြေလိုက်၏။
****
ညအချိန်အခါဖြစ်သည်။
မကြာသေးခင်က သူတို့၏ပင်မအဖွဲ့ဝင်တစ်ယောက်က မြင့်တက်လာသောကြောင့် ဆုမိသားစုအိမ်ရာက အလွန်သက်ဝင်လှုပ်ရှားနေသည်။ မိသားစုထဲရှိလူများစွာက သူ့အတွက် အောင်ပွဲခံနေကြ၏။
ဆုမိသားစုခေါင်းဆောင်က ဆုဖြစ်ပြီး ဒီနှစ်တွင် သူက အသက့်ရှစ်ဆယ်ပြည့်ပြီဖြစ်၏။ သူ့ဘဝ၏အချိန်အများစုအား ကြိုးစားရုန်းကန်ပြီးနောက် နောက်ဆုံးတွင် သူ့မိသားစုက မျိုးဆက်လေးခုထိ ရှိလာပြီဖြစ်၏။ သူ့တွင် သားသုံးယောက်နှင့် သမီးနှစ်ယောက်ရှိသည်၊ မကြာသေးခင်က ရာထူးမြင့်တက်သွားသည့်တစ်ယောက်က သူ၏အငယ်ဆုံးသားဆုသင်းကောပင်၊ ယခု သူက အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဒုမြို့တော်ဝန်ဖြစ်နေလေ၏။
“သင်းကော…၊ ငါတို့မိသားစုဝင်အနည်းငယ်ကပဲ အစိုးရရာထူးတွေရှိတာ။ မင်းရဲ့ပထမအကိုက နေရာတစ်ခုရှိပေမယ့် သူက ဌာနအဆင့်ခေါင်းဆောင်တစ်ယောက်မျှပဲ၊ မင်းရဲ့ဒုတိယအကိုက အရာရှိတစ်ယောက်မဖြစ်ချင်ဘူး၊ သူက စီးပွားရေးပဲ လုပ်တယ်။ ဒါကြောင့် ငါ အသက်ရှင်နေသေးသရွေ့၊ မင်းရဲ့ဒုတိယအကိုက သူ့ရာထူးကို ထိန်းထားနိုင်သရွေ့ မင်းတို့မှာ ကြီးမားတဲ့နောက်ခံရှိနေတုန်းပဲ၊ ဒါကြောင့် အလုပ်ကြိုးစားပါ။ ငါတို့ရဲ့မိသားစုက ပေကျင်းမှာ အမြဲတမ်း ဒုတိယတန်းစားမိသားစုတစ်ခုပဲ၊ ဒါပေမယ့် ငါ့တစ်သက်မှာ ငါတို့မိသားစုက မြို့တော်ရဲ့ပထမအဆင့်မိသားစုထဲကို ဝင်နိုင်ဖို့ ငါ မျှော်လင့်တယ်”
“ငါ အကောင်းဆုံးကြိုးစားပါ့မယ်၊ အဖေ”ဆုသင်းကောက ခေါင်းညိတ်ကာ ပြော၏။
ထိုစဉ် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အခန်းထဲသို့ ဝင်လာသည်။ သူက ရပ်လိုက်ပြီး အသံနှိမ့်လျက် တင်ပြလိုက်၏ “တစ်ခုခုထူးခြားတာရှိပါတယ်၊ ခေါင်းဆောင်”
“ဘာဖြစ်လို့လဲ”မျက်မှောင်ကြုတ်လိုက်သည်။
“လွန်ခဲ့တဲ့တစ်နာရီလောက်က ငါတို့ရဲ့အိမ်ရာအနီးနားမှာ သူစိမ်းတွေ အများကြီး တွေ့နေရတယ်”သက်လတ်ပိုင်းလူက ပြော၏ “သူတို့က ငါတို့ဘက်ကို အဆက်မပြတ်ကြည့်နေကြတယ်။ အခြေအနေအတိအကျသိဖို့ ငါ ရှောင်လုံတို့ရဲ့အဖွဲ့ကို လွှတ်ခဲ့တယ်၊ ဒါပေမယ့် သူတို့က ပြန်မရောက်လာခဲ့ဘူး”
ဆုရှန်းသုံ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “မင်းကိုယ်တိုင် သွားစစ်ဆေးကြည့်လိုက်၊ သူတို့က ဘယ်သူလဲဆိုတာ မေးလိုက်။ သံသယဖြစ်စရာတစ်ခုခု တွေ့ရင် သူတို့ကို တိုက်ရိုက်ဖမ်းခေါ်လာခဲ့”
“နားလည်ပါပြီ…”သက်လတ်ပိုင်းလူက ပြန်ဖြေကာ အခန်းမှ ထွက်သွား၏။
မိနစ်အနည်းငယ်ကြာပြီးနောက်။
သက်လတ်ပိုင်းလူက တောင့်တင်းသန်မာသောလူလေးယောက်ကို ခေါ်ကာ လူနှစ်ယောက်ထံ လျှောက်သွား၏။ သူက ထိုလူနှစ်ယောက်အား ကြည့်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “မင်းတို့ကောင်တွေက ဘယ်သူတွေလဲ။ မင်းတို့က ဘာလို့ ငါတို့ဆုမိသားစုကို ထောက်လှမ်းနေရတာလဲ”
လူငယ်နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်သည်၊ သူတို့ထဲကတစ်ယောက်က ပြော၏ “မင်း ဘာပြောနေသလဲဆိုတာ ငါ မသိဘူး။ ငါတို့က အခုပဲ ညစာစားပြီးလို့ အစာချေဖျက်ဖို့အတွက် လမ်းလျှောက်နေတာ”
“လိမ်နေတာ၊ ဟမ်”သက်လတ်ပိုင်းလူက အေးစက်စွာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည် “သူတို့ကို ဖမ်း၊ သူတို့က အမှန်အတိုင်းမပြောရင် သူတို့ကို သင်ခန်းစာတစ်ခုပေးရမယ်…”
“ကောင်းပါပြီ”
လူကြီးလေးယောက်က ပြန်ဖြေကာ လူငယ်နှစ်ယောက်အား ဖမ်းရန် လှုပ်ရှားလိုက်သည်။
“ဆုမိသားစုက ပုန်ကန်နေတာပဲ…”
“ဆုမိသားစုက နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်ခဲ့ပြီးပြီ။ သူတို့က သေသင့်တဲ့အကောင်တွေပဲ…”
လူငယ်နှစ်ယောက်က လျင်မြန်စွာ ပြန်ဆုတ်ကာ အော်လိုက်သည်။
သို့သော် တစ်ခဏအတွင်း ပုံရိပ်များစွာက အနီးဝန်းကျင်တွင် ထွက်ပေါ်လာပြီး သာမန်လူ၏အရှိန်ထက် အဆများစွာ ပိုမြန်သည်။ သူတို့က ထွက်ပေါ်လာလျှင်ချင်း သက်လတ်ပိုင်းလူနှင့်လူကြီးလေးယောက်အား တိုက်ခိုက်လိုက်ကြသည်။
ကျွီ…
အနက်ရောင်ကားလေးစီးက ဆုမိသားစုနေထိုင်ရာဂိတ်၌ ရပ်သွား၏။ တောင့်တင်းသန်မာသောလူတစ်ယောက်က ထွက်လာကာ ကားတံခါးဆွဲဖွင့်လိုက်သည်၊ သွမ်မုလင်နှင့်ထန်ရှုက ကားမှ ထွက်လာ၏။ စိတ်မဝင်စားသောမျက်နှာနှင့် သွမ်မုလင်က ဆုမိသားစုအိမ်ရာဂိတ်ရှိအစောင့်ခြောက်ယောက်အား ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ဆုမိသားစုက နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်ခဲ့ပြီး အထူးစွမ်းရည်ဗျူရိုမှလူတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်ပေးခံရမယ်။ သူတို့ရဲ့အိမ်ကို ဝင်မွှေပြီး သူတို့အားလုံးကို ဖမ်းဆီးကြ။ ပြန်တိုက်တဲ့လူရှိရင် နေရာမှာတင် ဖမ်းဆီးခွင့်ပြုတယ်”
“နားလည်ပါပြီ…”
အထူးစွမ်းရည်ဗျူရိုမှကျွမ်းကျင်သူဆယ်ယောက်ကျော်က ဂိတ်ပေါက်သို့ ပြေးတက်လာ၏။ ဂိတ်ပေါက်တွင် ရပ်နေသာ ဆုမိသားစုကျွမ်းကျင်သူခြောက်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့အား တားဆီးခဲ့သော်လည်း ဒင်းတို့သည်သာ အလွယ်တကူလွင့်ထွက်သွားခဲ့ရ၏။
နောက်အခိုက်အတန့်တွင် ဆုမိသားစုနေထိုင်ရာတစ်ခုလုံးက ကပြောင်းကပြန်ဖြစ်လာခဲ့သည်။
နေထိုင်ရာ၏အနက်ဆုံးဧရိယာတွင် စုရှန်းသုံနှင့် စုသင်းကောတို့က ထွက်လာသည်၊ အထဲသို့ ဝင်လာသော အထူးစွမ်းရည်ဗျူရိုမှကျွမ်းကျင်သူများကို မြင်ပြီး သူတို့၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။ စုသင်းကောက အော်ဟစ်အမိန့််ပေးလိုက်သည်၊ ဆုမိသားစုမှ အစောင့်အားလုံးက ထွက်ပေါ်လာပြီး ထိုကျွမ်းကျင်သူများထံ လျင်မြန်စွာ တိုက်ခိုက်လိုက်ကြ၏။
တိုက်ပွဲစတင်ပြီးနောက် သတ်ဖြတ်မှုက စတင်လာခဲ့သည်၊ ဆုမိသားစုနေထိုင်ရာထဲရှိအနေအထားက ပိုဖရိုဖရဲဖြစ်လာပြီး သွေးရနံ့က ပိုသန်မာလာ၏။ သို့သော် အထူးစွမ်းရည်ဗျူရိုမှကျွမ်းကျင်သူများအတွက် စုမိသားစုမှအစောင့်ဆယ်ယောက်ကျော်အား သတ်ဖြတ်ရန် မိနစ်အနည်းငယ်သာ ကြာခဲ့သည်။
“ရပ်တော့၊ မင်းတို့ အားလုံး ရပ်လိုက်ကြ…”
ဆုရှန်းသုံ၏အမူအရာက သနားစရာကောင်းသွားသည်။ သူ့မိသားစုအား တိုက်ခိုက်ခဲ့သည့်ရန်သူများက အလွန်သန်မာသည်ကို သူက မြင်နိုင်၏။ သူတို့က အားကောင်းလွန်းသောကြောင့် သူက ကြောက်လန့်မိသည်။ သူ့အား ခံစားချက်ပိုဆိုးစေသည်ကား ထိုရန်သူများထုတ်လွှတ်သောအထူးစွမ်းရည်များပင်။
မှန်သည်၊ ထိုလူများက အထူးစွမ်းရည်များကို အသုံးပြုနေကြသည်၊ တရုတ်ရှိ စွမ်းရည်အသုံးပြုသူတွေအားလုံးနီးပါးက အထူးစွမ်းရည်ဗျူရိုလက်အောက်တွင် ရှိသည်ကို သူ သိ၏။ သူ့မိသားစုအား တိုက်ခိုက်နေသောဤလူများက ထိုအေဂျင်စီကဖြစ်သည်ကို သူက ရေးရေးခန့်မှန်းမိသည်။
သွမ်မုလင်နှင့်ထန်ရှုက နောက်ဖေးကွက်လပ်သို့ လျှောက်လာသည်။ နှစ်ဖက်လုံးက တိုက်ခိုက်မှုရပ်တန့်သွားသည်ကို မြင်ပြီး ထန်ရှုက နှာခေါင်းရှုံ့လိုက်၏။
“ခင်ဗျားက ခေါင်းဆောင်ဆုလား”ထန်ရှုက မေးလိုက်သည်။
ထန်ရှုကို မြင်ပြီးနောက် ဆုရှန်းသုံ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်၊ သို့သော် သွမ်မုလင်ကို မြင်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ သူက ကြောက်ရွံ့သွားလေသည်။ သွမ်မလုလင်အား သူ သိပြီး သူ့ခန့်မှန်းချက်က မှန်းသည်ကိုလည်း သဘောပေါက်လိုက်၏။
“ဒါရိုက်တာသွမ်မု”
ဆုရှန်းသုံက လက်သီးဆုပ်လိုက်သည်။ ခါးသီးစွာ ပြုံးလျက် သူက ပြောလိုက်၏ “ဒါရိုက်တာသွမ်မု၊ မင်းလာလည်တဲ့အတွက် ငါ ဂုဏ်ယူပါတယ်၊ ဒါပေမယ့် ဒီလိုမျိုး တိုက်ခိုက်ဖို့တော့ မလိုဘူးမလား။ ငါ့မိသားစုထဲမှာ မင်းကို ဆန့်ကျင်ခဲ့တဲ့သူရှိရင် မင်းတစ်ယောက်တည်း ဒီကို လာလို့ရပါတယ်၊ ငါ့မိသားစုထဲကတစ်ယောက်ကမှ မင်းကို မဆန့်ကျင်ရဲပါဘူး”
“ဆုရှန်းသုံ၊ မင်းရဲ့မိသားစုက ပြည်ပအဖွဲ့အချို့နဲ့ ပူးပေါင်းနေပြီး မင်းတို့က တိုင်းပြည်ရဲ့လုံခြုံရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်လာခဲ့ပြီ”သွမ်မုလင်က စိတ်မဝင်စားစွာ ပြောလိုက်၏ “မင်း၊ ဆုရှန်းသုံနဲ့ ပတ်သက်ပြီး တင်ပြချက်တစ်ခုကို ငါတို့ ရခဲ့တယ်၊ မင်းက တိုင်းပြည်သစ္စာဖောက်မှုကို ကျူးလွန်ခဲ့တယ်တဲ့။ အစကတော့ ငါ မယုံခဲ့ပါဘူး၊ ဒါပေမယ့် မင်းရဲ့လူတွေက အထူးစွမ်းရည်ဗျူရိုရဲ့လူတွေကို တိုက်ခိုက်ခဲ့တယ်။ ဒီတော့ သတင်းက မှန်ပုံပဲ၊ ဒါကြောင့် မင်းမိသားစုထဲကလူတိုင်း သေရမယ်…”
နိုင်ငံတော်သစ္စာဖောက်မှုလား။
မယုံကြည်နိုင်သောမျက်နှာနှင့် ဆုရှန်းသုံက ကျယ်လောင်စွာ ပြောလိုက်၏ “ဒါရိုက်တာသွမ်မု၊ ငါ့မိသားစုက ငါတို့ရဲ့နေရာကို သိပါတယ်၊ ဒါကြောင့် ဘယ်လိုလုပ်ပြီး ငါတို့က သစ္စာဖောက်တွေ ဖြစ်နိုင်မှာလဲ၊ ဘာလို့ ငါတို့ရဲ့တိုင်းပြည်ကို ငါတို့က ရောင်းချရမှာလဲ။ ဒီကစ္စမှာ လွဲချော်မှုတစ်ခုရှိရမယ်”
သွမ်မုလင်က ထန်ရှုအား ကြည့်ကာ ပြောလိုက်သည် “မင်း ကိုင်တွယ်လိုက်”
ထန်ရှုက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့က နှာခေါင်းရှုံ့လိုက်၏။ “ဟမ့်၊ ခေါင်းဆောင်ဆု၊ မင်းရဲ့မိသားစုက တိုင်းပြည်ကို သစ္စာမဖောက်ခဲ့ဘူးလို့ မင်း ပြောတယ်။ ဒါပေမယ့် မင်း ငါ့ရှေ့မှာ အာမခံရဲလား”
ဆုရှန်းသုံ၏အမူအရာက ထပ်ပြောင်းလဲသွား၏။ သူက ထန်ရှုအား စိုက်ကြည့်ကာ သူ့အမူအရာအား ဂရုတစိုက်လေ့လာလိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြော၏ “မင်းက ထန်အိမ်က ထန်ရှုမလား”
“ကြည့်ရတာ ခင်ဗျားက အသက်ကြီးပေမယ့် အမြင်အာရုံမမှုန်ဝါးသေးဘူးပဲ၊ ကျုပ်လို အညတရကိုတောင် မှတ်မိနေသေးတယ်”ထန်ရှုက ရယ်၏ “ခင်ဗျားပြောတာ မှန်တယ်။ ကျုပ်က ထန်မိသားစုကထန်ရှုပဲ”
“ငါ့မိသားစုနဲ့မင်းကြားမှာ ရန်ငြိုးတစ်ခုခုများရှိလို့လား”ဆုရှန်းသုံက မေးလိုက်သည်။