← Chapters

အကြွင်းမဲ့ ယင်နတ်မိမယ်

Vol. 52 Ch. 717

အကြွင်းမဲ့ ယင်နတ်မိမယ်

Vol. 52 Ch. 717

ယင်းကဲ့သို့ ရွှယ်ရီဖေးကြောင့် ဆောင်းဦးဂြိုဟ် တစ်ခုလုံး အပြောင်းအလဲများနှင့် ရင်ဆိုင်နေရချိန်တွင် တန်ခိုးရှင် နတ်မိမယ် သတ်မှတ်ချက် အဆင့်တစ်ဆယ်ရှိ အကြွင်းမဲ့ ယင်နတ်မိမယ်မှာလည်း ကိုယ်ပိုင် ကပ်ဘေးများနှင့် ကြုံတွေ့ နေခဲ့ရလေသည်။

ထာဝရ အသည်းအရုံး၏ ထာဝရ နယ်မြေအတွင်း၌ အလယ်အလတ်စား အရွယ် ဂြိုဟ်တစ်စင်း တည်ရှိကာ ၎င်းမှာ တန်ခိုးရှင်ယင်ဂြိုဟ်ဟု အမည်တွင်၏။ ထိုဂြိုဟ်ကြီးမှာ အန္တရာယ် များသည့် အေးစက်စက် ယင်အော်ရာ ထုတ်လွှတ်နေကာ ပတ်လည်တွင် မီးခိုးရောင် အလင်းကွင်းကြီး တစ်ကွင်းက ဝန်းရံထား၏။ တန်ခိုးရှင်ယင်ဂြိုဟ်မှာ ပြစ်မျိုးမှဲ့မထင် မိန်းမလှများကြောင့် ရွှေအဆင့် အင်အားစုများ ကြားတွင် အလွန်ပင် ကျော်ကြားလှကာ ၎င်းကို အမှောင်ယင် နန်းတော်ဟု ခေါ်သည့် ရွှေအဆင့် အင်အားစု တစ်ခုက အုပ်ချုပ်၏။

ဂြိုဟ်၏ အစွန်အဖျား တစ်နေရာတွင် ဟင်းလင်းပြင် သင်္ဘောတစ်စင်းနှာ အမှောင်ယင် နန်းတော် တည်ဆောက်ထားသည့် ဝင်ပေါက်အတိုင်း ဖြည်းညင်းစွာ ဆင်းသက် လာခဲ့၏။ ထိုသင်္ဘော၏ ပိုင်ရှင်ကတော့ အမှောင်ယင် နန်းတော် သခင်မ ကျွင်းပေ့ယင်ပင် ဖြစ်လေသည်။ သင်္ဘောထက်၌ ရှိသည့် သင်္ဘောသား အားလုံးမှာ သူ့နည်းသူ့ဟန်နှင့် လှပကာ ဆွဲဆောင်မှု ရှိသည့် မိန်းကလေးများပင် ဖြစ်လေသည်။

ကျွင်းပေ့ယွင်မှာ သူမ ထက်ပင် ပိုမို လှပကာ ငယ်ရွယ်သည့် ပုံရိပ် တစ်ခုနှင့် အတူ ကုန်းပတ်ထက်၌ မတ်တပ်ရပ် နေခဲ့၏။ သို့သော်လည်း မိန်းကလေး၏ လှပသော မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းနေကာ တစ်စုံတစ်ရာကို အလိုမကျ ဖြစ်နေဟန် ရ၏။

အဝေးကို လှမ်းကြည့်ရင်း ကျွင်းပေ့ယွင်၏ မျက်လုံးများမှာလည်း စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက် နေ၏။ ထိုမိန်းကလေးမှာ သူတို့ဂိုဏ်း၏ ရွေးချယ်ခံ ဖြစ်သလို မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၏ တန်ခိုးရှင် နတ်မိမယ် အဆင့် သတ်မှတ်ချက် တစ်ဆယ်လည်း ဖြစ်သည်။ ထို့အပြင်... ရွှေရောင် အသက်နန်းတော်မှ လျှို့ဝှက် ဝိညာဥ် အဆင့် မာ့ဆုကျင်း၏ တရားဝင် တပည့်လည်း ဖြစ်လေရာ သူမ၏ လွှမ်းမိုးမှုက အမှောင်ယင် နန်းတော်တွင် အလွန်ပင် ကြီးမားလှသည်။

အမှောင်ယင် နန်းတော်မှာ သန့်စင်သော ယင်ကျင့်ကြံသူများစွာကို ပိုင်ဆိုင်ထားလေရာ မကြာခဏ ဆိုသလို မိစ္ဆာ ကျင့်ကြံသူများနှင့် အောက်လမ်း အဖွဲ့အစည်းများ၏ ပစ်မှတ် ဖြစ်လေ့ ရှိသည်။ နှစ်စဥ်နှစ်တိုင်း၌ ဂိုဏ်းအတွင်း မိန်းကလေး ပျောက်ဆုံးမှုများ ပင်လျှင် ခဏခဏ ဖြစ်ပေါ်လေ့ ရှိသည်။ အချို့ပြစ်မှုများ၌ တရားခံများကို ရှာဖွေ တွေ့ရှိခဲ့ခြင်းမျိုး ရှိသော်လည်း လူမသိ သူမသိ ပျောက်ဆုံးသွားခဲ့ခြင်းမျိုးလည်း မနည်းမနောလှချေ။

ထို့နောက်... လုံထျန်းယု ပျောက်ဆုံး သွားခဲ့သည်။ မည်သည့် ခြေရာလက်ရာမှ မကျန်ခဲ့ချေ။ နာ့ရှင်းရီနှင့် လုံထျန်းယုတို့မှာ ဖျက်ဆီးခံ ထာဝရ ကြယ်တာရာ နယ်မြေတစ်ခုတည်းမှ လာကြသူများ ဖြစ်သည်။ သူတို့တွင် ရှည်လျားနီး နီးစပ်သည့် ဆက်ဆံရေးမျိုး ရှိပုံ ရသည်။

နာ့ရှင်းရီမှာ လုံထျန်းယု ပျောက်ဆုံးမှုကို နက်နက်ရှိုင်းရှိုင်းပင် ရှာဖွေ စုံစမ်းခဲ့ကာ ကျွင်းပေ့ယင်မှာလည်း ပူးပေါင်း ပါဝင်ခဲ့သည်။ သူမက အရူးတစ်ယောက် မဟုတ်ချေ။ လျှို့ဝှက်ဝိညာဥ် အဆင့် နှစ်ယောက် ကိုယ်တိုင် ကိုယ်ကျ ပါဝင် လှုပ်ရှားခြင်းကို ကြည့်ပါက နာ့ရှင်းရီ၏ နောက်ခံက သာမန် မဟုတ်ကြောင်း သိသာလှသည်။

ထို့ထက် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်က တိုက်ပွဲ တစ်ခုအတွင်းတွင် ကြုံတွေ့ခဲ့သည့် အဖြစ်အပျက် ဖြစ်သည်။

ယင်းတိုက်ပွဲ အတွင်း၌... ရန်သူ့ ခေါင်းဆောင် လျှို့ဝှက်ကြယ်တာရာ အဆင့် ကျင့်ကြံသူ တစ်ယောက်မှာ သူမကို တားဆီးထားခဲ့ကာ အခြား တစ်ယောက်က နာ့ရှင်းရီကို တိုက်ရိုက် ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။ ထို့နောက်... သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ အဆုံးမဲ့ ကြယ်တာရာ ဖြစ်စဥ် တစ်ခု ပေါ်ပေါက်လာကာ ထိုလျှို့ဝှက် ကြယ်တာရာ အဆင့်ကို ပြာဖြစ်သည် အထိ အမှုန့်ချေ ပစ်လိုက်သည်။

ထိုအချက်က နာ့ရှင်းရီ၏ အနားတွင် လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူ တစ်ယောက် အနီးကပ် ရှိနေကြောင်း ထင်ရှားစေခဲ့သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... လုံထျန်းယုကတော့ အစအန မရှိအောင် ပျောက်နေဆဲပင်။ လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း၌ နာ့ရှင်းရီမှာ သူမကို ရှာဖွေရန် အတွက် နာမည်ရှိ မိစ္ဆာ ကျင့်ကြံသူများနှင့် တိုက်ပွဲများစွာ ဆင်နွှဲရင်း အကြွင်းမဲ့ယင် နတ်မိမယ် ဆိုသည့် နာမည် တစ်ခုကိုပင် ရရှိနေခဲ့ပြီ ဖြစ်သည်။

သူမက ရည်မှန်းချက်ကို တစိုက်မတ်မတ် လျှောက်လှမ်းတတ်သည့် မိန်းကလေး တစ်ယောက် ဖြစ်ကာ ရွှေအဆင့် အင်အားစု များစွာမှာ သူမ ရောက်ရှိလာမှာကိုပင် ကြောက်လန့် နေကြသည်။ ထိုအရာက သူမ၏ နောက်ခံကြောင့် ပါသလို တန်ခိုးရှင် နတ်မိမယ် အဆင့် တစ်ဆယ် ဆိုသည့် သတ်မှတ်ချက်ကလည်း လူအများ အတွက် ဖိန့်လောက်စရာ ဖြစ်နေခဲ့သည်။ လက်ရှိ၌ ထာဝရ ကြယ်တာရာ နယ်မြေတွင် “နာ့ရှင်းရီ” ဆိုသည့် နာမည်ကို မသိသည့်လူ လက်ချိုး ရေတွက်၍ ရနေပြီ ဖြစ်သည်.

“ရှင်းရီ... ငါ့ အထင် ပြောရရင် လုံထျန်းယု ပျောက်သွားကာ သာမန် မိစ္ဆာဂိုဏ်း တစ်ဂိုဏ်းရဲ့ လက်ချက် မဟုတ်တန်ရာဘူး... အရမ်းကို အစွမ်းထက်တဲ့ ပညာရှင် တစ်ယောက်က ခေါ်သွားတာမျိုး ဖြစ်နိုင်တယ်... အဆုံးမဲ့ ကောင်းကင် တစ်ခုလုံးကို ဖြန့်ကျက်ထားတဲ့ ငါတို့ အမှောင်ယင် နန်းတော်ရဲ့ အဆက်အသွယ်တွေတောင် ဘာသတင်း အစအနမှ မရဘူး ဆိုတော့လေ”

ကျွင့်ပေ့ယွင်က ပြောလိုက်၏။ သူမတို့၏ အမှောင်ယင် နန်းတော်မှာ မရေမတွက်နိုင်သည့် မိန်းမလှလေးများကို မွေးထုတ်ပေးခဲ့ကာ များစွာမှာ ရွှေအဆင့်၊ တန်ခိုးရှင် အဆင့် ထိပ်တန်းအဆင့် ဂိုဏ်းများစွာထဲတွင် မိဖုရား၊ ကိုယ်လုပ်တော်များ အဖြစ် နေရာ ယူခဲ့ကြပြီး ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူတို့က အမှောင်ယင် နန်းတော်၏ တပည့်များ ဖြစ်နေဆဲ ဖြစ်ကာ လိုအပ်သည့် အချိန်၌ ကူညီရန် သစ္စာဆိုခဲ့ကြပြီး ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း ကျွင်းပေ့ယွင် သူတို့ကို ဆက်သွယ်ကာ လုံထျန်းယုနှင့် ပတ်သက်၍ ရသမျှ သတင်းများ ပေးပို့ရန် ညွှန်ကြားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဘာအစအနမှ မရခဲ့။ ထိုမိန်းကလေး၏ ပျောက်ဆုံးမှုက ထူးဆန်းစွာ လျှို့ဝှက်နေဆဲပင်။

“ကျွန်မ သိပါတယ်...”

နာ့ရှင်းရီက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက ပင့်သက် တစ်ချက် ရှိုက်ရင်း အဝေးမှ ကြယ်တာရာများကို လှမ်းကြည့်လိုက်သည်။

“ရှင် ကျွန်မ တစ်ယောက်တည်းကို ကွက်ပြီး ကာကွယ်ပေးခဲ့မှာတော့ မဟုတ်ဘူး မလား...”

လျှို့ဝှက်ကြယ်တာရာ အဆင့် ကျင့်ကြံသူ တစ်ယောက် သူမကို ဖမ်းဆီးရန် ကြိုးစားခဲ့စဥ် အခါက ထူးဆန်သည့် ဖြစ်စဥ် တစ်ခု ပေါ်လာကာ ရန်သူကို သတ်ဖြတ် ပစ်ခဲ့ဖူးသည်။ သူမ ယခင်က ထိုကဲ့သို့ ဖြစ်စဥ်မျိုးကို မြင်ခဲ့ဖူးကာ တိုက်ပွဲတစ်ခုတွင် လုံချန်၏ အနက်ရောင် လက်စွပ်ထဲမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယခုတွင်တော့ ထိုလက်စွပ်မှာ ဝေ့ဝူယင်ထံသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက် ကြယ်တာရာ အဆင့်ကို သတ်ဖြတ်ပစ်လိုက်ည့် တိုက်ခိုက်မှုမှာ ဝေ့ဝူယင် ချန်ရစ်ထားသည့် အမှတ်အသား မဖြစ်နိုင်သည့်တိုင် သူနှင့် တိုက်ရိုက် ပတ်သက်နေမှာတော့ သေချာသည်။ ထို့အပြင်... ဝေ့ဝူယင်မှာ လုံထျန်းယုကို မည်သည့် အကာအကွယ်မှ မရှိပဲ ထားခဲ့လိမ့်မည်ဟု သူမ မယုံကြည်ချေ။

လုံထျန်းယုမှာ ဝေ့ဝူယင်ထံမှ လက်စွပ်ကို တိုက်ရိုက် လက်ခံ မရခဲ့သည့်တိုင်အောင် ရှန်းလင်ထံမှ သူမ၏ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အဂ္ဂိရတ် ထုတ်ကုန်များကို သွယ်ဝိုက် ရရှိခဲ့သည်။ ထိုအချက်က ဝေ့ဝူယင် လုံထျန်းယုကို လုံးလုံး လျစ်လျူ မထားကြောင်း သေချာလှသည်။

အကယ်၍ ဝေ့ဝူယင်က သူမကဲ့သို့ အမှတ်အသား တစ်ခုကို လုံထျန်းယု၏ ကိုယ်ပေါ်၌ ချန်ရစ် ထားစေခဲ့သည် ဆိုလျှင် သူမကို ခေါ်ဆောင်သွားသူက အလွန် အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်မှာ သေချာသည်။ နာ့ရှင်းရီ လက်သီးကို ခပ်ဖွဖွ ဆုပ်ရင်း လုံထျန်းယု အဆင်ပြေစေဖို့ ဆုတောင်းပေးလိုက်မိ၏။

လုံထျန်းယုက နာ့ရှင်းရီ အတွက်တော့ ညီမလေး တစ်ယောက်လိုပင် ဖြစ်ကာ နက်ရှိုင်းသော သံယောဇဥ်များ ရှိသူ ဖြစ်သည်။ ထိုကလေးမ အမှောင်ယင် နန်းတော်ကို လိုက်ဝင်ခဲ့သည်မှာလည်း သူမ ကြောင့်ပင် ဖြစ်သည်။

နာ့ရှင်းရီ အမှောင် ဟင်းလင်းပြင်ကို ကျောခိုင်းလိုက်ရင်း ကိုယ်ပိုင် အခန်း ရှိရာကို ဦးတည်လိုက်၏။ သူမ၏ အညိုရောင် မျက်ဝန်းများကတော့ မယိုင်းမယိုင်သော ဆုံးဖြတ်ချက်များနှင့် ပြည့်နှက်နေဆဲ ဖြစ်ပေသည်။

“တကယ်လို့ ညီမလေး အဖမ်းခံထားရတာ ဆိုရင် ရေမြေဆုံးတဲ့ အထိ မမ ရအောင် လိုက်ရှာမယ်... တကယ်လို့ သူက ညီမလေးရဲ့ ဆံပင် တစ်ချောင်းကို ထိရဲခဲ့ရင်...”

...

ဟူး... ဟူး...

လေတိုက်သံများက နေရာအနှံ့ ပျံ့လွင့်နေကာ ရောင်စုံစွမ်းအင်များမှာ ကွန်မြူးနေ၏။ တစ်မိုင်ခန့် ထုထည်ရှိသည့် အလင်းတိုင်ကြီး တစ်ခုမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အလင်းထက်ပင် မြန်သောနှုန်းဖြင့် ပျံသန်းနေသည်။

ရောင်စုံအလင်းတန်းများ အကြားတွင်တော့ မျက်လုံးများကို မှိတ်၍ ထိုင်နေခဲ့သည့် ချောမောသော လူငယ် တစ်ယောက် ရှိနေခဲ့၏။ သူက တစ်ခါတစ်ရံ၌ ထူးဆန်းသော လက်ဟန်များကို ဖန်တီးကာ ဟင်းလင်းပြင် စွမ်းအင် အချို့ကို ထုတ်လွှတ်နေသည်။

“ရှည်လိုက်တဲ့ ဟင်းလင်းပြင် ရွှေ့ပြောင်းမှုပဲကွာ...”

သူ၏ မျက်နှာထက်တွင်တော့ အနည်းငယ် စိတ်ပျက်သည့် အရိပ်အယောင် တစ်ခု ရှိနေခဲ့၏။ ဟင်းလင်းပြင် ရွှေ့ပြောင်းမှုမှာ ဟင်းလင်းပြင် ပေါ်တယ်များနှင့် ခြားနားကာ တစ်ဆင့်နိမ့်သည့် ခရီး သွားလာမှု ပုံစံ တစ်မျိုး အဖြစ် သတ်မှတ်နိုင်သည်။ ၎င်းက ပစ်မှတ်ကို ဟင်းလင်းပြင် စွမ်းအင်ဖြင့် ရစ်ပတ်၍ အမှောင် ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်စေကာ ကြိုတင် သတ်မှတ်ထားသည့် လမ်းကြောင်း အတိုင်း အလွန် မြင့်မားသည့် အမြန်နှုန်းဖြင့် ရွှေ့လျားစေခြင်းမျိုး ဖြစ်သည်။

ကျင့်ကြံခြင်း လောကတွင် ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းက လျှို့ဝှက် ဆန်းကြယ်သည့်တိုင် ချို့ယွင်းချက် များစွာ ရှိသည့် နည်းလမ်း တစ်မျိုး ဖြစ်သည်။ အသိသာဆုံး ချို့ယွင်းချက်က ဟင်းလင်းပြင်ကို မတည်ငြိမ်အောင် လုပ်နိုင်သည့် တည်ရှိမှုတိုင်း ရွှေ့ပြောင်းမှုကို အကျိုးသက်ရောက်နိုင်ခြင်း ဖြစ်သည်။

ခရီးစဥ် တစ်လျှောက်လုံး၌ ရောင်စုံ အလင်းတိုင်မှာ မကြာခဏ ဆိုသလို ထိုကဲ့သို့ စွမ်းအင်များနှင့် တွေ့ရကာ ယိုပေါက်များ ဖြစ်ပေါ်လာသည်။ ထိုအတွက် ဝေ့ဝူယင်မှာ ကိုယ်ပိုင် ဟင်းလင်းပြင် စွမ်းအင်ကို သုံးကာ ပြန်လည် ဖာထေး ပေးနေရသည်။ သူ့အဖြစ်က လှေကြုံစီးရင်း ရေပက်ပေးနေရသည့် အဖြစ်မျိုးပင်။

“တကယ် စိတ်ပျက်စရာပဲ...”

ခရာတိုက စိတ်ပျက်လက်ပျက်ဖြင့် ငြီးငြူလိုက်၏။ ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းထက် စာလျှင် ဟင်းလင်းပြင် ပေါ်တယ်များမှာ ပိုမို ထိရောက်ကာ အချိန်ကုန်လည်း သက်သာလှသည်။ ဤကမ္မ အခွင့်အရေးကို ဖန်တီးခဲ့သူများမှာ တကယ် ဗဟုသုတ နည်းလွန်းလှသည်။

ဝေ့ဝူယင်က ခရာတို၏ အတွေးကို သတိထားမိရာ အသာအယာ ပြုံးလိုက်၏။ သူ ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းကို အထင်မသေးဝံ့ချေ။ ပညာရပ်တိုင်းမှာ သူ့နေရာနှင့်သူ အသုံးဝင်ကြသည်ချည်း ဖြစ်သည်။

ဥပမာ ပေးရလျှင် ဟင်းလင်းပြင် ရွှေ့ပြောင်းမှုမှာ အနီးကပ် တိုက်ပွဲများတွင် ဟင်းလင်းပြင် ပေါ်တယ်များထက် ပိုမို အန္တရာယ် များလှသည်။ ၎င်းက ရန်သူ ထင်မှတ်မထားသည့် ဘက်မှ လျှပ်တစ်ပြက် တိုးဝင်ကာ ဇီဝိန်ခြွေနိုင်သည့် လက်နက်တစ်မျိုးလည်း ဖြစ်သည်။

အခြားတစ်ဖက်၌ မည်မျှပင် လျှင်မြန်သည် ဆိုစေ... ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ဖန်တီးရန် အနည်းငယ် တစ်စက္ကန့်စာလောက် အချိန်ယူရနိုင်ပေသည်။ ၎င်းက အဆင့်မြင့် တိုက်ပွဲများ၌ ခေါင်းတစ်လုံး ပြတ်သွားရန် လုံလောက်သည်ထက် ပိုသော အချိန် ဖြစ်ပေသည်။

“ဒါနဲ့ ဒီအလင်းတန်းက ငါ့ကိုတော့ ပြန်ပို့ကောင်းပါရဲ့နော်...”

ဝေ့ဝူယင်က ရောင်စုံအလင်း နံရံကို ဝိညာဥ်အာရုံဖြင့် စစ်ဆေးရင်း ရေရွတ်လိုက်၏။ သူနှင့် ပိုင်လင်မှာ အလင်းပြာဂြိုဟ်၏ လေထုအလွှာကို အတင်းအကြပ် ချိုးဖျက်ကာ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုအရာက ဂြိုဟ်ပေါ်ရှိ များစွာသော အင်အားစုများကို သတိပေးချက် တစ်ရပ်လို ဖြစ်စေခဲ့ကာ မကြာခင် ထိပ်သီး ကျင့်ကြံသူများ ရောက်ရှိကောင်း ရောက်ရှိလာနိုင်ပေသည်။ ပိုင်လင် ထိုနေရာတွင် ဆက်မနေဖို့ သူ စိတ်ထဲမှ မျှော်လင့် လိုက်မိ၏။ မဟုတ်လျှင်လည်း လုံခြုံအောင် ပုန်းနေသင့်သည်။

ဝိညာဥ်ခန်းမက ပိုင်လင်အတွက် ခြိမ်းခြောက်မှု တစ်ခု မဟုတ်သည့်တိုင် အရှင်သခင် ခန်းမနှင့် ရှန့်ထို ခန်းမများ ပါဝင်လာပါက အခြေအနေက ပိုမို ရှုပ်ထွေး သွားလိမ့်မည် ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ထိုအခြေအနေက လှမ်း၍ ပြောင်းလဲ မရလေရာ လက်ရှိကိုသာ အာရုံစိုက်ရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။ လက်ရှိ၌ သူက ဟင်းလင်းပြင် ရွှေ့ပြောင်းမှုကို ခံနေရကာ ဘယ်ဆီဘယ်ဝယ်ကိုလည်း ဦးတည် နေမှန်း မသိရချေ။ ရုတ်တရက် ထူးဆန်းသော ခံစားချက် တစ်ခုကြောင့် ဝေ့ဝူယင် နဖူးကို ပြန်လည် စမ်းကြည့်လိုက်၏။

“ဟမ်...”

သူ့ မျက်ခုံးများမှာ တွန့်ကွေးသွား၏။ ထိုနေရာ၌ ထူးဆန်းသည့် သင်္ကေတ တစ်ခု စွဲထင်နေပေသည်။ ပုံသဏ္ဌာန် အရဆိုလျှင် ၎င်းမှာ “စစ်သည်” ဆိုသည့် စကားလုံးပင် ဖြစ်သည်။ လက်ဝါးထက်ရှိ စစ် ဆိုသော သင်္ကေကို ငုံ့ကြည့်ကာ ဆက်စပ်လိုက်ရင်း ဝေ့ဝူယင်၏ စိတ်ထဲတွင် ထူးဆန်းသည့် အတွေးတစ်ခု ပေါ်လာခဲ့၏။

“ငါ စစ်ပွဲထဲကို ဝင်ရတော့မှာလား...”

All Chapters