← Chapters

လက်ဆောင်

Vol. 52 Ch. 719

လက်ဆောင်

Vol. 52 Ch. 719

“ငါ ဘယ်နေရာကို ရောက်နေတာလဲ...”

ဝေ့ဝူယင်မှာ အနည်းငယ် မူးဝေဝေ ဖြစ်နေကာ လက်ရှိ တည်နေရာကို စူးစမ်းရန် ကြိုးပမ်းလိုက်၏။ ထို့နောက်... မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ်က မာကြောကြော မျက်နှာပြင်ထက်တွင် ဒူးတစ်ဖက် ထောက်လျှက် အနေအထားဖြင့် ရှိနေကြောင်း အတည်ပြုလိုက်နိုင်သည်။

မီးခိုးရောင် အလင်းတန်းများ တဖြည်းဖြည်း လွင့်ပါးသွားနှင့် အမျှ သူ၏ စိတ်များက ပြန်လည် ကြည်လင်လာ၏။ ပထမဆုံး သူ သတိထားမိလိုက်သည့် အရာက သူ့ ခန္ဓာကိုယ်ပေါ် သက်ရောက်နေသည့် အလွန် မြင့်မားလှသည့် မြေဆွဲအား စွမ်းအင်ပင် ဖြစ်သည်။ ၎င်းက သူ ကြုံတွေ့ဖူးသည့် သာမန် မြေဆွဲအားများထက် အဆပေါင်း တစ်သောင်းခန့် ပိုမို ကြီးမားလှပေသည်။ ၎င်းက သူ ကျော်လွန်ခဲ့သည့်ရသည့် ကြယ်တာရာ ကပ်ဘေးများကိုပင် ကျော်လွန်နေ၏။

“သန်မာလိုက်တဲ့ မြေဆွဲအား စွမ်းအင်...”

ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွားခဲ့၏။ ထိုအင်အားကို တွန်းလှန်ရန် မြေဆွဲအား ဗဟိုထုကို အသုံးပြုသင့် သလော၊ ရုပ်ခန္ဓာ စွမ်းအင်ကို သုံးသင့်သလော သူ တွေးလိုက်မိသည်။ ထို့နောက် သူ ဒုတိယမြောက် တစ်ခုကို ရွေးချယ်ကာ ထိုင်ရာမှ ထရပ်လိုက်သည်။

လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း ဝေ့ဝူယင်မှာ ခန္ဓာကိုယ်ကို အကန့်အသတ်ထိ ရောက်အောင် သန့်စင်ခဲ့ပြီး ဖြစ်လေရာ အလွန်ပင် အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် မြေဆွဲအားနှင့် ရင်ဆိုင် နေရသည့်တိုင် သူ့အတွက် အနည်းငယ်သာ အားစိုက်ထုတ်စရာ လိုအပ်ခဲ့သည်။ ဝေ့ဝူယင်မှာ ပတ်ဝန်းကျင်နှင့် ချိန်ညှိရန် စက္ကန့် အနည်းငယ်ခန့်သာ ယူလိုက်ရကာ ခြေလက်များကို ဆန့်ထုတ်၍ အကြောဆန့်လိုက်၏။

“တစ်ယောက်တည်းလား...”

ရုတ်တရက် အသံ တစ်ခု ထွက်ပေါ်လာကာ ဝေ့ဝူယင်၏ အာရုံကို ဖမ်းစား သွား၏။ သူက မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်ကာ ဝိညာဥ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်လိုက်သည်နှင့် အလွန်အမင်း ပြင်းထန်သည့် ခုခံမှုများနှင့် တွေ့ဆုံ လိုက်ရ၏။ ၎င်းက တောင်ကြီး တစ်တောင် သူ့လမ်းကြောင်းကို ပိတ်ပင် တားဆီးထားသလိုပင်။

ကြည့်ရသည်က ဤနေရာတွင် ဝိညာဥ် အာရုံကို ဖြန့်ကျက်ဖို့ အတွက် ပုံမှန်ထက် အဆပေါင်း သောင်းချီ ပိုမိုသည့် ဝိညာဥ်အင်အားကို လိုအပ်ပုံ ပေါ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူ၏ ဝိညာဥ်အာရုံသည်လည်း အစွမ်းထက်သည်ဟု ဆိုနိုင်လေရာ ချိန်ညှိမှု အနည်းငယ် ပြီးသည်နှင့် မီတာ တစ်ရာခန့်ကို ဖြန့်ကျက် လိုက်နိုင်၏။

“အိုး... ဝိညာဥ်သခင်လား...”

နောက်ထပ် နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။ ဝေ့ဝူယင်၏ ဝိညာဥ်အာရုံက သူ့ကို ထိတွေ့သွားကာ အရပ် အလွန် အရပ်ရှည်သည့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူ၏ အရပ်က အနည်းဆုံး ခုနစ် မီတာခန့် အထိပင် ရှည်ကာ ဝေ့ဝူယင် အတွက် လုံးဝ ဘီလူးကြီးသဖွယ် ဖြစ်သည်။ ရှည်ပါသည် ဆိုသည့် တရှန်း ပင်လျှင် သူနှင့် ယှဥ်ပါက လူပုလေး သဖွယ် ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ထိုဘီလူး၏ နံဘေးရှိ ပုဂ္ဂိုလ်ကတော့ အနည်းငယ် ပု၏။ သို့တိုင်အောင် သူက အရပ် ငါးမီတာခန့် မြင့်နေဆဲ ဖြစ်ကာ ဝေ့ဝူယင် အတွက် မော်ကြည့်စရာ ဖြစ်နေဆဲပင်။

“လူသားလား...”

ငါးမီတာမြင့်သည့် ဘီလူးမှာ ဝေ့ဝူယင်၏ အသွင်အပြင်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားဟန် ရ၏။ သူက ပိုရှည်သည့် ဘီလူးဘက်သို့ လှည့်လိုက်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“မှားယွင်းနေတာများလား... ဘယ်လိုလုပ်ပြီး သူ တစ်ယောက်တည်းလဲ... နောက်ပြီး လူသားလည်း ဖြစ်နေသေးတယ်”

အရပ် ခုနစ်မီတာ မြင့်သည့် ပုဂ္ဂိုလ်က သူ၏ ထူထဲသော မျက်ခုံးများကို မျက်ကြုတ်လိုက်သည်။

“အဲဒါက ကိစ္စ မရှိပါဘူး”

ပုံရိပ် နှစ်ခု အပြန်အလှန် စကားချင်း ဖလှယ် နေကြချိန်တွင် ဝေ့ဝူယင်မှာ တိတ်တဆိတ်ဖြင့် သူတို့ကို လေ့လာ နေခဲ့၏။

ထိုလူ့ဘီလူး သဖွယ် ပုဂ္ဂိုလ်ကြီးများမှာ အနန္တ ကုန်းမြေတိုက်ကြီး၏ ဒဏ္ဍာရီများတွင် ချယ်မှုန်းများသည့် သူရဲကောင်း များကဲ့သို့ လေးလံသည့် ချပ်ဝတ်ကြီးများကို ဝတ်ဆင်ထား၏။ ငယ်စဥ်အခါက ဝေ့ဝူယင်မှာ ထိုပန်းချီကားများကို စိတ်ဝင်စားကာ အမြဲတမ်း ဝယ်ယူ စုဆောင်းထားလေ့ ရှိသည်။ ထို့နောက်... သူ အားလပ်သည့် အချိန်တိုင်းတွင် ၎င်းတို့ကို ကြည့်ကာ အဘယ်ကြောင့် ပုံပြင်များမှာ လက်တွေ့ထက် ကျော်လွန်နေကြောင်း အံ့သြလေ့ ရှိသည်။

သို့သော်လည်း ယခုတွင်တော့... ထိုအရာများ လက်တွေ့ထက် ကျော်လွန်နေခြင်း မဟုတ်ပဲ ပိုမို ကြီးမားသည့် ကမ္ဘာ တစ်ခုသာ ဖြစ်ကြောင်း သူ သဘောပေါက်ခဲ့ပြီ ဖြစ်သည်။

ဤလူ့ဘီလူးကြီး နှစ်ယောက်၏ သံချပ်ကာများမှာ လက်ဆစ် ဆေခြစ်များမှ အစ ပန်းချီကားများထဲနှင့် လုံးဝ တူညီလု နီးပါး ဖြစ်သည်။ သူတို့ထံတွင် မျက်နှာကို ဖုံးကွယ်ပေးသည့် သံခမောက်များ မပါသည့်တိုင် ပခုံးထက်ရှိ သံထုကြီးများ အထိ တူညီသည်။ ဝေ့ဝူယင် အသိစိတ်ဖြင့် သူ ပုံဆောင်ခဲထားခဲ့သည့် လည်ပင်းရှိ ဆွဲသီးငယ်ကို ထိကြည့်လိုက်မိ၏။

ဘီလူးကြီး နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ဆွေးနွေး နေချိန်တွင် ဝေ့ဝူယင်က ဝိညာဥ်အာရုံကို ထပ်မံ၍ ဖြန့်ကျက်ကြည့်ရန် ကြိုးပမ်း နေခဲ့၏။ အကယ်၍ ထာဝရ ကြယ်တာရာ နယ်မြေတွင် ဆိုပါက သူ၏ ဝိညာဥ် စွမ်းအင်မှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကိုပင် ကောင်းကောင်း လွှမ်းခြုံမိရန် လုံလောက် နေခဲ့ပြီ ဖြစ်သည်။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင်ပင် ကြီးမားသော အစိတ်အပိုင်းကို လွှမ်းခြုံမိစေရန် သူ ယုံကြည်ချက် အပြည့်အဝ ရှိသည်။

ဟူး... ဟူး...

ဝေ့ဝူယင်၏ ဝိညာဥ်အာရုံမှာ မီတာ ငါးရာ လောက်ထိ ရောက်ရှိလာခဲ့၏။ သို့သော်လည်း မြေဆွဲအား များကြောင့် ဝိညာဥ်အင်အား ကုန်ဆုံးမှုက အလွန်ပင် များပြားလှရာ သူ ဆက်လက် မဖြန့်ကျက်တော့ဖို့ ဆုံးဖြတ် လိုက်သည်။ သို့သော်လည်း အကန့်အသတ်ကိုတော့ သူ အကြမ်းဖျဥ်း ခန့်မှန်းခဲ့ပြီး ဖြစ်သည်။ အကယ်၍ ရှိသမျှ ဝိညာဥ် အင်အား အားလုံးကို ထုတ်သုံးမည် ဆိုပါက မီတာပေါင်း တစ်သိန်းလောက် အထိ ရောက်နိုင်ချေ ရှိသည်။

“တစ်ယောက်တည်း နောက်ပြီးတော့ လူသား... ဝိညာဥ်သခင်... ကြယ်တာရာ ပို့ဆောင်ခြင်း အလင်းတန်းက ဒီနေရာကို ခေါ်လာတယ် ဆိုတော့ ကင်းထောက်က သူ့ကို ရွေးချယ်လိုက်တဲ့ပုံ ရတယ်”

အရပ်ရှည်ရှည် လူ့ဘီလူးက ခိုင်မာစွာ ပြောလိုက်၏။ ဤနေရာတွင် သိထားရမည့် အချက်တစ်ခုက သူတို့ နှစ်ယောက် ပြောနေသည့် စကားကို ဝေ့ဝူယင် လုံးဝ နားမလည်နိုင်ခြင်း ဖြစ်သည်။ သူတို့၏ ဘာသာစကားက ထာဝရ ကြယ်တာရာ နယ်မြေ၊ မဟာစက်ဝန်း ကြယ်ကွင်းပြင်တို့နှင့် လုံးဝ ခြားနားလှသည်။ သူတို့၏ စကားသံ အနိမ့်အမြင့်နှင့် အမူအရာများမှ တစ်ဆင့်သာ ဝေ့ဝူယင် ခန့်မှန်းနိုင်ပေသည်။ သေချာတာ တစ်ခုက သူတို့ သူ့ကို ကြည့်ကာ အံ့သြ စိတ်ရှုပ်ထွေး နေသည်။

အရပ်ရှည်ရှည် ဘီလူးက စင်မြင့်ဆီသို့ လျှောက်လာခဲ့၏။

“ကောင်းပြီလေ... လူသစ်လေး.. နားထောင်...”

သူ၏ အသံက ပေါက်ကွဲ ထွက်ပေါ်လာကာ ဝေ့ဝူယင်၏ အရေပြားကို လှိုင်းများလိုပင် တွန့်ခေါက် သွားစေ၏။ ထိုလူ့ဘီလူးကြီး၏ အသံထဲတွင် လျှို့ဝှက် အဆင့် စွမ်းအင် အော်ရာ တစ်ခုကို သယ်ဆောင်ထားကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်သည်။ သူက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်ပေသည်။

ဝေ့ဝူယင် သူ၏ ဝိညာဥ်အာရုံ ကို ပြန်ရုတ်သိမ်းလိုက်ကာ ဘီလူးကြီး အပေါ်ကိုသာ အပြည့်အဝ အာရုံစိုက် လိုက်၏။ သူ၏ အော်ရာက ဝူယုထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လှပေသည်။

“မြေကြီးရှန့်ထိုလား...”

သူ၏ နှလုံးသားက အနည်းငယ် တောင့်တင်းသွား၏။ ဝေ့ဝူယင် လှုပ်ရှားနေသည့် စိတ်များကို ငြိမ်သက်အောင် ကြိုးစား ထိန်းလိုက်ရင်း လူ့ဘီလူးကြီးကို မော့ကြည့်လိုက်သည်။

"ခင်ဗျား ဘာတွေ ပြောနေတာလည်း ကျုပ် မသိဘူး...”

လူ့ဘီလူး နှစ်ကောင်မှာ ဝေ့ဝူယင်၏ အသံကြောင့် အနည်းငယ် အံ့အားသင့်သွားဟန် ရကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ငါးမီတာ ရှည်သည့် ဘီလူးက ရှေ့သို့ အနည်းငယ် တိုးလာကာ ဝေ့ဝူယင်ကို ငုံ့ကြည့် လိုက်သည်။

“မင်းက လျှို့ဝှက်စာ ကိုတောင် နားမလည်ဘူးလား...”

ယခုတစ်ကြိမ်တွင်တော့ သူက ဝေ့ဝူယင် နားလည် ရင်းနှီးသည့် ဘာသာစကားဖြင့် ပြောလိုက်ခြင်း ဖြစ်ပေသည်။

“လျှို့ဝှက်စာကို နားလည်ရမယ်... အဲဒါက ဘာလဲဗျ...”

ဝေ့ဝူယင်မှာ သူ့စကားကို နားမလည်ချေ။ ထိုအရာက ဘာသာစကား တစ်ခုခုကို ရည်ညွှန်းခြင်းလော။

“...”

ဘီလူးနှစ်ကောင်မှာ တိတ်ဆိတ်သွားကာ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ် လိုက်ကြပြန်၏။ ဝေ့ဝူယင်က ငြိမ်သက်စွာပင် စောင့်နေလိုက်သည်။

မကြာခင်မှာပင် ခပ်ပုပု ဘီလူးမှာ သူ့ဘက် ပြန်လှည့်လာကာ တုန့်ဆိုင်းဟန်ဖြင့် မေးလိုက်၏။

“မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က ဘာလဲ...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်၏။ ၎င်းက ထူးဆန်းသော ဘာသာစကား ဖြစ်လေရာ သူ နားမလည်ချေ။

“ကျုပ် နားမလည်ဘူး...”

ခပ်ပုပု ဘီလူးမှာ သူ့အမှားကို ချက်ချင်းပင် သတိပြုမိသွား၏။

“မင်းရဲ့ ကျင့်ကြံခြင်း အဆင့်...”

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ သူတို့က လျှို့ဝှက် အာဏာရှင် အဆင့်များ မဟုတ်လော။ သူတို့ထံမှ ကျင့်ကြံခြင်း အခြေခံကို လျှို့ဝှက် ထားနိုင်သည့် အစွမ်း သူ့တွင် ရှိနေ၍လော။ ထို့အပြင် အရပ်ရှည်ရှည် ဘီလူး၏ အော်ရာက ဝူယုထက်ပင် အဆပေါင်းများစွာ ပိုမို သန်မာသေးသည်။ သူက မြေကြီး ရှ့န်ထို တစ်ယောက် မဟုတ်၍လော။

မေးခွန်းများစွာ ရှိသည့်တိုင် ဝေ့ဝူယင် ရှည်ရှည်ဝေးဝေး မစဥ်းစားတော့ချေ။ သူက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကာ ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံကို ဖော်ထုတ်လိုက်တော့၏။

ဘီလူး နှစ်ကောင်မှာ ဝေ့ဝူယင်ကို ခေါင်းအစ ခြေအဆုံး ပြူးပြဲ ကြည့်လိုက်ကြသည်။

“ကြယ်တာရာ အမြုတေ... မြေဆွဲအား လွတ်မြောက်ခြင်း... သန်မာလိုက်တဲ့ ဝိညာဥ်အင်အား...”

ထို့နောက် သူတို့ နှစ်ယောက်မှာ တတိယ အကြိမ်မြောက် အကြည့်ချင်း ဖလှယ်လိုက်မိကြပြန်၏။ တစ်ယောက် မျက်လုံးထဲရှိ အံ့အားသင့်မှုကို တစ်ယောက် မြင်နိုင်စွမ်း ရှိပေသည်။

“တစ်ခုခု မှားနေလို့လား...”

သူတို့၏ အမူအရာများကို ကြည့်ကာ ဝေ့ဝူယင်က မေးလိုက်၏။ သို့သော်လည်း ဤသည်က ကောင်းကင်တာအို ဖန်တီးသည့် အခွင့်အရေး ဖြစ်လေရာ အကျိုးအမြတ်များ ရရှိဖို့ သိပ်မခက်ခဲဟု ယူဆ၍ ရပေသည်။ သူတို့ ပြောနေတာကို နားမလည်နိုင်ခြင်းကတော့ ကံဆိုးမှု တစ်ခုပင်။

“မင်း ဒီကို ဘယ်လို ရောက်တာလဲ... အမှတ်အသားကို ပိုင်ဆိုင်ဆို့ ဆိုရင် လူသစ်တွေဆီမှာ သင့်တော်တဲ့ လက်ဆောင် တစ်ခုတော့ ရှိရမယ်”

ဝေ့ဝူယင်က သူ့နဖူးရှိ စစ်သည် ဆိုသည့် သင်္ကေတကို ထိတွေ့လိုက်မိသည်။ သူ့လက်ဝါးထက်ရှိ စစ် ဆိုသော သင်္ကေတက ဆိတ်သုဥ်းခြင်း အဖြစ် ပြောင်းလဲသွားခဲ့သည့်တိုင် ၎င်းကတော့ မပြောင်းမလဲ ရှိနေဆဲပင်။

ဝေ့ဝူယင် မသိစိတ်ဖြင့် လက်ဝါးကို ငုံ့ကြည့်လိုက်ရာ “စစ်” ရော “ဆိတ်သုဥ်းခြင်း” ပါ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရ၏။

သူ လူ့ဘီလူးကြီး နှစ်ကောင်ကို ပြန်ကြည့်လိုက်သည်။

“လက်ဆောင်က ဘာလဲ...”

ယခုတစ်ကြိမ်တွင်တော့ အရပ်ရှည်ရှည် ဘီလူးက အဖြေပေးလိုက်၏။

“လက်ဆောင်က စစ်ရဲ့ မသန့်စင်ရသေးတဲ့ မျိုးစေ့... အဲဒါက ဘယ်မှာလဲ...”

သူ့အား ကြည့်ရသည်က အတော်လေး စိတ်မရှည် ဖြစ်နေပုံ ပေါ်သည်။ ဝေ့ဝူယင်ကို ကြည့်သည့် အကြည့်များ ပင်လျှင် အနည်းငယ် ရိုင်းစိုင်းလာ၏။

သို့သော်လည်း ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွားသည်။ ဟင်းလင်းပြင် လွှဲပြောင်းမှု မဖြစ်ပေါ်ခင် အချိန်တုန်းက လုံချန်၏ အလောင်းမှ ရရှိခဲ့သည့် ထူးဆန်းသော ပစ္စည်းလေးက တုန့်ပြန်ခဲ့ကြောင်း သူ အမှတ်ရလိုက်မိသည်။

ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သေတ္တာငယ်ကလေး တစ်ခု ပေါ်လာခဲ့၏။ မျှော်လင့်ထားခဲ့သည့် အတိုင်း ကောင်းချီးခံ တစ်ယောက်ထံမှ ပစ္စည်းက ဘယ်တော့မှ ပေါ့သေးသေး မဟုတ်ခဲ့ချေ။

All Chapters