← Chapters

မေးခွန်း

Vol. 52 Ch. 721

မေးခွန်း

Vol. 52 Ch. 721

ကမ္မ အခွင့်အရေးကို စတင် လက်ခံ ရရှိခဲ့သည့် အချိန်တုန်းက ဝေ့ဝူယင် ၎င်းကို မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ စမ်းသပ်မှု တစ်ခု အဖြစ် ယူဆ ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း.. ကြည့်ရသည်က ၎င်းမှာ သူ စိတ်ကူးနိုင်သည်ထက် များစွာ ကျော်လွန်နေပုံ ရသည်။

ပျက်သုဥ်းခြင်း နယ်မြေ၊ လျှို့ဝှက် အာဏာရှင် သုံးယောက် ကြယ်စင်စု...

သူ့တွင် ထပ်မံ ရှင်းလင်းအောင် မေးစရာ များစွာ ကျန်ရှိနေသေးသော်လည်း.. ကပ္ပတိန်ကျွင်း သတိပေးထားသည့် အတိုင်း ရှင်းလင်းမှု ပြီးဆုံးသည့် အချိန်အထိ စောင့်ရန် ဆုံးဖြတ်လိုက်၏။

သို့သော်လည်း သူ ကိုယ်တိုင် အတည်ပြုနိုင်သည့် အချက်တစ်ချို့တော့ ရှိနေဆဲ ဖြစ်သည်။

ပထမဆုံး အနေဖြင့် ဝေ့ဝူယင် ပတ်ဝန်းကျင်ရှိ အမတေများကို စတင် စုပ်ယူကြည့်လိုက်၏။ လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း ကျင့်ကြံခြင်း အတွက် လိုအပ်သည့် အမတေကို အဂ္ဂိရတ် ထုတ်ကုန်များမှသာ စုပ်ယူခဲ့လေရာ ပတ်ဝန်းကျင်မှ စုပ်ယူသည့် အကျင့်မျိုး သူ့တွင် ကင်းမဲ့နေတာ ကြာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ကြယ်တာရာ ဝိညာဥ်များကလည်း လိုအပ်သည့် အမတေကို ပတ်ဝန်းကျင်မှ စုပ်ယူရန် ငြင်းဆန်လေ့ ရှိသည်။ သူတို့၏ အဆိုအရ... ကမ္ဘာလောက၌ ပျံ့လွင့်နေသော အမတေများမှာ အလုံးစုံ သန့်စင်မှု မရှိလှပဲ သဘာဝ အညစ်အကြေးများ စွန်းထင်းနေသည်ဟု ဆိုသည်။ ထိုမသန့်စင်မှုက အရည်အသွေး အနိမ့်ဆုံး မသန့်စင်ခြင်း အဆင့်တွင် ရှိသည့် ဆေးလုံးများလောက် မများသည့်တိုင် အမျိုးအစားချင်းက အတူတူပင် ဖြစ်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် ပတ်ဝန်းကျင်၌ အမတေများ ပါးလွှားနေသည်ကို ရုတ်တရက် သတိမထားမိခြင်း ဖြစ်သည်။

သို့သော်လည်း တစ်ခဏမျှ စုပ်ယူပြီးသည်နှင့် ဤပတ်ဝန်းကျင်ရှိ အမတေများမှာ အလွန် ပါးလွှာသည့် အပြင် အရည်အသွေးပိုင်းလည်း နိမ့်ကျကြောင်း သူ သတိထားမိသွား၏။ ဤနယ်မြေက ကျင့်ကြံခြင်း အတွက်တော့ တကယ့် အန္တရာယ် နယ်မြေမျိုးပင်။ မြေဆွဲအား စွမ်းအင်ကို ကျော်လွန်၍ လှုပ်ရှားရန် တစ်ခုတည်းက ပင်လျှင် ရုပ်ပိုင်း ဆိုင်ရာ စွမ်းအင် များစွာ စားသုံးနေပြီ ဖြစ်သည်။

သို့သော်လည်း... ထိုအရာက သန်မာသည့် ရုပ်ခန္ဓာ ပိုင်ရှင်များ အတွက်တော့ ပြဿနာ တစ်ခု ဖြစ်လိမ့်မည် မဟုတ်ချေ။ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင် ပိုမို သန်မာလေလေ ကျင့်ကြံသူများမှာ ပတ်ဝန်းကျင်နှင့် ပိုမို လိုက်လျော ညီထွေ နေနိုင်လေလေ ဖြစ်သည်။ ကြယ်တာရာ သခင်အချို့နှင့် လျှို့ဝှက် အာဏာရှင် အဆင့် အားလုံးမှာ သူတို့၏ ရုပ်ခန္ဓာကို အမြင့်ဆုံးထိ သန့်စင်ထားကြလေရာ ဤအကျိုး သက်ရောက်မှုက သူတို့ အတွက်တော့ အကျိုးသက်ရောက်မှု နည်းလိမ့်မည် ဖြစ်သည်။

အမတေ စွမ်းအင် ပါးလွှာခြင်းကို အတည်ပြုပြီးနောက် ဒုတိယမြောက် အနေဖြင့် ဝေ့ဝူယင် မန်နာနှင့် ချိတ်ဆက်ကြည့်ရန် ကြိုးပမ်းလိုက်၏။ အားလုံးကို သေချာစွာ အတည်ပြုလိုသောကြောင့် သူ မိုးကုပ်စက်ဝိုင်း မူလ အဆင့် ထိန်းချုပ်နိုင်စွမ်းအားကို အသုံးပြုထားခြင်း မရှိချေ။

မကြာခင်မှာပင် ကပ္ပတိန်ကျွင်း ပြောတာ မှန်ကန်ကြောင်း သူ တွေ့ရှိလာရ၏။ ဤနေရာ၌ မန်နာများ ရှိသော်လည်း အားလုံးက အေးခဲသည့် အခြေအနေတွင် ဖြစ်သည်။ ထို့ကြောင့်ပင် မန်နာကို ထိန်းချုပ်ပျံသန်းရန် မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။

နောက်ဆုံးအနေဖြင့် ပတ်ဝန်းကျင်ရှိ လေ၊ အလင်းနှင့် အပူချိန် ပေါင်းစပ်မှုကို သူ စစ်ဆေးဖို့ ပြင်လိုက်၏။ ကပ္ပတိန်ကျွင်းက ဤနေရာမှာ အသက်ရှင်ရန် အလွန် အန္တရာယ်များသည်ဟု ဆိုသည်။ အစစ်အမှန် နဂါး သွေးမျိုးဆက်နှင့် အမျိုးမျိုးသော ကျင့်ကြံခြင်း အခြေခံ အရည်အသွေးများကို ပိုင်ဆိုင်ထားသူ တစ်ယောက် အနေဖြင့် အသက်ရှင်သန်ရန် ဝေ့ဝူယင် ပတ်ဝန်းကျင်ကို ဘယ်တုန်းကမှ မှီခိုစရာ မလိုခဲ့ချေ။ လက်ရှိ သူ ရှူနေသည့် လေပင်လျှင် ကိုယ်ပိုင် လေစွမ်းအင်ဖြင့် ဖန်တီးထားသည့် လေထု ဖြစ်သည်။

အမှောင်ဟင်းလင်းပြင်ထဲတွင် ခြောက်နှစ်၊ ခုနစ်နှစ်ခန့် နေခဲ့ပြီး နောက်တွင် ထိုအရာက သူ့အတွက် အလေ့အထ တစ်ခုလိုပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ နွေးထွေးမှု အတွက် သူ ကိုယ်ပိုင် မီးစွမ်းအင်ကို မှီခိုသည်။ ရေအတွက် သူ့တွင် ကိုယ်ပိုင် ရင်းမြစ်ရှိသည်။ အစားအစာနှင့် အပင်များကို ထုတ်လုပ်ဖို့ အတွက်ပင် သူ့တွင် သစ်သား စွမ်းအင်နှင့် အလင်းစွမ်းအင်များ ရှိသည်။ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များ တည်ရှိနေသရွေ့ ကာလပတ်လုံး မည်သည့် နေရာတွင် မဆို သူ ရှင်သန်နိုင်ပေသည်။

ဝှစ်... ဝှစ်...

ဝေ့ဝူယင် ခန္ဓာကိုယ် ပတ်လည်ရှိ ကိုယ်ပိုင် ဂေဟစနစ် လည်ပတ်မှု ပုံစံကို ဖယ်ထုတ်လိုက်၏။ ထို့နောက် သူ ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ ခံစားလာနိုင်တော့သည်။

သူ လက်ရှိ ရှူနေသည့် လေမှာ အဆိပ်အတောက်များဖြင့် ပြည့်နှက်နေကာ မသန့်စင်မှု ပမာဏက အရမ်းကို မြင့်မားလွန်းလှသည်။ လေထုထဲ၌ အစိုဓာတ်က လုံးဝ ကင်းမဲ့နေလေရာ အပူချိန်က သက်တောင့်သက်သာ တစ်စက်ပင် မရှိလှချေ။ ထို့အပြင်... နေကြယ်တစ်စင်း၏ မည်သည့် သွင်ပြင်လက္ခဏာကိုမှ သူ မမြင်ရချေ။ သို့သော်လည်း... လေထုထဲတွင် ထူးဆန်းသော စွမ်းအင် အရည်အသွေး တစ်ခု ရှိနေကြာင်း သူ ခံစားနိုင်ပေသည်။

၎င်းကို စုပ်ယူကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်က ယားယံလာသလို ခံစားလိုက်ရ၏။ ဝေ့ဝူယင် မျက်လုံးမှိတ်ထားရက်ကပင် မျက်မှောင်ကြုတ်လိုက်မိသည်။

ကပ္ပတိန်ကျွင်းက ထိုအရာကို သတိထားမိရာ ရယ်မောလိုက်၏။

“မင်းလိုပဲ ဒီနေရာမှာ ကျင့်ကြံသူ အများစုက ခန္ဓာကိုယ် စနစ်ကို ထိန်းသိမ်းဖို့ ကိုယ်ပိုင် စွမ်းအင်တွေကိုပဲ သုံးကြတာ များတယ်... အဆိပ်အတောက်တွေ ပြည့်နေတဲ့ လေထု၊ ညစ်ညမ်းတဲ့ နေရောင်ခြည်၊ အစိုဓာတ် လုံးဝ ကင်းမဲ့တာ၊ နောက်ပြီး မြင့်မားတဲ့ မြေဆွဲအားနဲ့ အေးခဲနေတဲ့ မန်နာ... ဘယ်နှယ်လဲ အသက်ရှင်ဖို့ အန္တာရာယ် များတယ်လို့ ငါပြောတာ ယုံပြီလား”

ဝေ့ဝူယင်က လျှင်မြန်စွာပင် ကိုယ်ပိုင် ထိန်းသိမ်းမှု စနစ်ကို ပြန်လည် အသက်သွင်းလိုက်ကာ ကိုယ်ပိုင် စွမ်းအင်များကို ပြန်လည် အသုံးပြုလိုက်၏။ ထိုအခါမှသာ အနည်းငယ် သက်တောင့်သက်သာ ရှိသွားသလို သူ ခံစားလိုက်ရသည်။ ဤနေရာက အမှောင် ဟင်းလင်းပြင်လောက် မဆိုးရွားသည့်တိုင် အတော်လေး နီးစပ်လှပေသည်။ ကြယ်တာရာ အမြုတေ ထိပ်တန်း အဆင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ဤနေရာတွင် အချိန် အတန်ကြာ နေပါက ကျန်းမာရေး အခြေအနေ ဆိုးရွားလာလိမ့်မည် ဖြစ်သည်။

အဘယ်ကြောင့် ပတ်ဝန်းကျင်က ယခုလိုမျိုး ဖြစ်နေကြောင်း မေးချင်သည့်တိုင် ဝေ့ဝူယင် စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်၏။ ကပ္ပတိန်ကျွင်း ရှင်းပြ၍ မပြီးမချင်း သူ နှောက်ယှက်၍ မရချေ။ သူက မျက်လုံးများ မှိတ်ထားရက်ကပင် ကပ္ပတိန်ကျွင်းဘက်ကို လှည့်၍ ကြည့်လိုက်၏။

“မင်းက ဒီစစ်မြေပြင်ကို တကယ့်ကို မသိတာပဲ... ဟမ်... ကောလဟလတွေက တကယ် မှန်နေတဲ့ပုံပဲ”

ကပ္ပတိန်ကျွင်းက အနည်းငယ် စဥ်းစားဟန်ဖြင် မေးစေ့ကို ပွတ်သပ်ရင်း မှတ်ချက်ချလိုက်၏။ တစ်ခဏမျှ တိတ်ဆိတ်ပြီးနောက် သူက ထပ်မံ၍ ပြောလိုက်သည်။

“စောစောတုန်းက ဒီစစ်မြေပြင်ဟာ ကျင့်ကြံသူတွေ အတွက် စမ်းသပ်မှု တစ်ခု၊ နောက်ပြီး လျှို့ဝှက် အာဏာရှင်တွေကြားက ပြိုင်ပွဲတစ်ခု လို့ ငါ မင်းကို ပြောခဲ့တယ် မလား... တကယ်တော့ အဲဒါတင် မဟုတ်ဘူးကွ... အရမ်းကို ထူးခြားတဲ့ အခွင့်အရေး တစ်ခုဆိုလည်း ဟုတ်တယ်... လူတိုင်း ဆုပ်ကိုင်သင့်တဲ့ ပြိုင်စံရှား အခွင့်အရေးမျိုးပေါ့လေ”

"ဒီနေရာမှာ စစ်ဝိညာဥ်တွေနဲ့ လဲပြီး ယူလို့ ရတဲ့ လက်နက်တွေ၊ ရတနာတွေ၊ ကျင့်စဥ်တွေ၊ အစီအရင်တွေ၊ ကျင့်ကြံခြင်း နည်းလမ်းတွေ၊ အဂ္ဂိရတ် ထုတ်ကုန်တွေ... ဝင်္ကပါနဲ့ အစီအရင် အတွက် ဒီဇိုင်းတွေ အများကြီး ရှိတယ်... တကယ်လို့ မင်း ဒီနေရာက ထွက်ခွာချင်တယ် ဆိုရင် လုံလောက်တဲ့ စစ်ဝိညာဥ်တွေကို စုစည်းဖို့ လိုအပ်တယ်.... အသေးစိတ် ရှင်းပြရရင် အများကြီးကွ... အချိန် နှစ်ချီ ကြာသွားလိမ့်မယ်... ဒီတော့ ငါ မင်းကို မေးခွန်း နှစ်ခုပဲ မေးခွင့်ပြုမယ်... ပြီးတာနဲ့ မင်းအတွက် ကိုယ်ရေး မှတ်ပုံတင် ပေးမယ်... မင်း သွားပြီး အစီရင်ခံလို့ ရပြီ”

ကပ္ပတိန်ကျွင်းက သူ၏ ရှင်းပြမှုကို အဆုံးသတ်ကာ ဝေ့ဝူယင်ကို အလှည့်ပေးလိုက်၏။ ပုံမှန်ဆိုလျှင် မေးခွန်းကို တစ်ခုသာ ကန့်သတ်ထားလေ့ ရှိသော်လည်း ထိုလူသားလေးမှာ စိတ်ဝင်စားစရာ ကောင်းသောကြောင့် အခွင့်အရေး နှစ်ကြိမ် မေးခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ မွေးခွန်း အရေအတွက် ကန်သတ်ထားသည့် အပေါ် သူ စောဓက တက်ခြင်း မရှိပါချေ။ အကယ်၍ သူ၏ မေးခွန်းအားလုံးသာ ဖြေရပါက ရက်ပေါင်းများစွာ ကြာမြင့်သွားပေလိမ့်မည် ဖြစ်သည်။ ပထမဆုံး မေးခွန်းကို သူ စဥ်းစားလိုက်၏။

“စစ်ဝိညာဥ်က အဘယ်နည်း” စသည့်ဖြင့် လွယ်ကူစွာ အဖြေရှာနိုင်သည့် အခြေခံ မေးခွန်းများကို သူ ပယ်လိုက်သည်။ ထို့အပြင်... လက်ရှိ အခြေအနေနှင့် သက်ဆိုင်ခြင်း သိပ်မရှိလှသည့် ကြယ်စင်စု၏ အကျယ်အဝန်း ကဲ့သို့ မေးခွန်းမျိုးကိုလည်း ပယ်လိုက်သည်။ ကပ္ပတိန်ကျွင်းမှာ ထိုအကြောင်းအရာများကို သိထားသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် မဖြစ်နိုင်ချေ။ ထိုကဲ့သို့ လွယ်ကူစွာ အဖြေရှာနိုင်သည့် အရာများ အတွက် သူ အခွင့်အရေးကို မဖြုန်းတီးလိုချေ။

ဝေ့ဝူယင်၏ စိတ်ထဲတွင် ထူးဆန်းသော မေးခွန်း တစ်ခု ဖြစ်ပေါ်လာ၏။ မေးသင့် မေးထိုက်သည့် မေးခွန်း တစ်ခုလား ဝေခွဲမရသည်တိုင် သူ ချက်ချင်းပင် ဆုံးဖြတ်လိုက်၏။

“ထာဝရ ဧကရာဇ် အသက်ရှင်နေသေးလား...”

“ထာဝရ ဧကရာဇ်...”

ကပ္ပတိန်ကျွင်း၏ မျက်လုံးများက ပြူးကျယ်သွား၏။ သူက ထိတ်လန့် တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုတို့ဖြင့် ဝေ့ဝူယင်ကို ငုံ့ကြည့် လိုက်သည်။ ထိုအခိုက်၌ သူ၏ စိတ်နှင့် ဝိညာဥ်က ခဏတာပင် ပျောက်ဆုံးသွားပုံ ရ၏။

ထိုဘီလူးကြီး၏ တုန့်ပြန်မှုမှ တစ်ဆင့် ထာဝရ ဧကရာဇ်က ဤနေရာတွင် နာမည်မဲ့ မဟုတ်ကြောင်း ဝေ့ဝူယင် မှတ်ချက်ချလိုက်နိုင်သည်။

ဝူယုထံမှ ရရှိခဲ့သည့် အချက်အလက်များ အရဆိုလျှင် ထာဝရ ဧကရာဇ်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်မှ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည် ဟု ဆိုသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ငါးထောင်ခန့် အတွင်း မည်သည့် ကောင်းကင် ပုရောဟိတ်မှ သူ သေသည်၊ ရှင်သည် သို့မဟုတ် မည်သည့် နေရာသို့ ထွက်ခွာသွားသည်ကို အတိအကျ မခန့်မှန်းနိုင်ခဲ့ကြချေ။

“မင်းက ဘာလို့ ထာဝရ ဧကရာဇ် အကြောင်းကို သိချင်ရတာလဲ...”

ကပ္ပတိန်ကျွင်းက ဝေ့ဝူယင်ကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်သည်။ ဝေ့ဝူယင်၏ ရင်အစုံမှာ တဒိတ်ဒိတ် ခုန်သွား၏။

‘ဒါဆိုရင် ထာဝရ ဧကရာဇ်က ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခု အတွက် မဟာစက်ဝန်း ကြယ်ကွင်းပြင်ကနေ ထွက်ခွာ သွားခဲ့တာပေါ့’

သူ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း ပြန်ဖြေလိုက်၏။

“ကျုပ် ဒီအတိုင်း သိချင်လို့ပါ”

အခြားတစ်ဖက်၌ ကပ္ပတိန်ကျွင်းမှာ စိတ်တည်ငြိမ်မှုကို ပြန်လည် ရရှိရန် အချိန် တစ်ချို့ ယူနေရသည့် ပုံပေါ်သည်။ တစ်ခဏကြာပြီးနောက်မှ သူက ခေါင်းညိတ်လိုက်၏။

“ဒါပေါ့... သူ အသက်ရှင်နေသေးတာပေါ့... သူက ဘာလို့ အသက်မရှင်ရမှာလဲ...”

All Chapters