← Chapters

ခရုပတ် တိုက်တန် တပ်ရင်း

Vol. 52 Ch. 722

ခရုပတ် တိုက်တန် တပ်ရင်း

Vol. 52 Ch. 722

ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိသည်။ ထာဝရ ဧကရာဇ်မှာ ဘယ်တုန်းကမှ သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူသိသည်။ သူ့လို လူတစ်ယောက်က မည်ကဲ့သို့ လွယ်လွယ် သေနိုင်ပါမည်နည်း။

“တစ်ဆက်တည်း ထာဝရ ဧကရာဇ်ရဲ့ လက်ရှိ တည်နေရာ၊ အဆင့်အတန်း အဲ့တာတွေကိုပါ ရှင်းပြလို့ ရမလား... ကျုပ် နောက်ထပ် မေးခွန်းကို အဲဒီ အပေါ်မှာ မသုံးချင်တော့လို့”

“အိုး... မင်း မသိဘူးလား...”

ကပ္ပတိန်ကျွင်းမှာ အနည်းငယ် အံ့သြသွား၏။ ထိုလူသားလေး၏ မေးခွန်းများက တကယ် ဆန်းကြယ်လွန်းလှသည်။ ပထမ... သူက ကျော်ကြား ထင်ရှားသည့် ပုဂ္ဂိုလ်ကြီး တစ်ယောက် အသက်ရှင်၊ မရှင် မေးသည်။ ထို့နောက် သူ၏ တည်နေရာ၊ အဆင့်အတန်းတို့ကိုပါ ထပ်မေးသည်။ ပြောရလျှင် ထာဝရ ဧကရာဇ် အကြောင်း အချက်အလက်များမှာ ကျင့်ကြံသူ အများစု သိထားသည့် အကြောင်းအရာများ ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်၏ အမူအရာ အလွန် လေးနက်နေသည်ကို ကြည့်ကာ သူက ဖြေပေးဖို့ ဆုံးဖြတ်လိုက်၏။

“ထာဝရ ဧကရာဇ်က သူ့ရဲ့ ကိုယ်ပိုင် ထာဝရ ကြယ်ကွင်းပြင်မှာပဲ ရှိနေမှာပေါ့... သူ့ရဲ့ အဆင့်အတန်းကတော့ ငါတို့ အဇူရာမူလ ကြယ်စင်စုရဲ့ ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင် အဖြစ် ဆက်ရှိနေတုန်းပဲလေ... ထာဝရ ဧကရာဇ် လတ်တလော အဆင့်တက် မတက် ဆိုတာတော့ ငါလည်း မသိဘူးကွ... ဒါပေမဲ့ သူ ဆေးလုံး အသစ် တစ်ခု ဖော်စပ်ဖို့ သူ သုတေသန လုပ်နေတယ်လို့တော့ ကြားဖူးတယ်”

ဝေ့ဝူယင်မှာ အလွန်အမင်း တည်ငြိမ်နေသည့်တိုင် သူ့နှလုံးသားတော့ တစ်မိနစ်ကို အကြိမ် တစ်ထောင်နှုန်းဖြင့် ခုန်နေခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ လူမှန်း သိတတ်ခါစ အရွယ်တည်းက ထာဝရ ဧကရာဇ်၏ ဒဏ္ဍာရီများကို အနန္တ ကုန်းမြေတိုက်ကြီးတွင် မကြားချင် အဆုံး သူ ကြားခဲ့ရသည်။ ထို့နောက် လျှောက်ခဲ့ရာ လမ်းကြောင်း တစ်လျှောက်လုံးတွင် ထိုပုဂ္ဂိုလ်ကြီး၏ ခြေရာလက်ရာများကို ရှာဖွေ တွေ့ရှိခဲ့သည်။

အနန္တ ဧကရာဇ်ဂိုဏ်း...

ထာဝရ ကြယ်တာရာ နယ်မြေ...

မဟာစက်ဝန်း ကြယ်ကွင်းပြင်...

မည်သည့် နေရာတွင် မဆို ထာဝရ ဧကရာဇ်မှာ တောက်ပထွန်းလင်းသည့် ဒဏ္ဍာရီ တစ်ခု ရေးထိုး နိုင်ခဲ့သည်ချည်းသာ ဖြစ်သည်။

ယခုတစ်ဖန်... ကပ္ပတိန်ကျွင်း၏ အမူအရာနှင့် စကားလုံးများ အရဆိုလျှင် သူက အဇူရာမူလ ကြယ်စင်စု ဆိုသည့် နေရာတွင်ပင် မဟာစက်ဝန်း ကြယ်ကွင်းပြင်ထက် မနိမ့်ကျသည့် အဆင့်အတန်း တစ်ခုကို ဆုပ်ကိုင်ခဲ့ပြီး ဖြစ်ပုံ ပေါ်သည်။

ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်...

လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များတွင် အဆင့်များ ရှိသည်ဟု ဆိုလျှင် ထာဝရ ဧကရာဇ်မှာ လျှို့ဝှက်လောက အဆင့်ထက် ကျော်လွန်နေသည့် လျှို့ဝှက်ကောင်းကင် အဆင့် ထုတ်ကုန်များကို ဖော်စပ်နိုင်သည့်ဟု ယုံကြည်၍ ရသည်။

ပင့်သက်တစ်ချက် ရှိုက်ရင်း ဝေ့ဝူယင် အတွင်းများကို ဖယ်ထုတ်ကာ ရင်ခုန်သံကို တည်ငြိမ်အောင် ကြိုးစား လိုက်၏။ ဒုတိယမြောက် မေးခွန်း အနေဖြင့် လျှို့ဝှက်စာ ဆိုသည် ဘသာစကားကို မေးသင့်သလော သို့မဟုတ် ၎င်း၏ ရည်ရွယ်ချက်ကို မေးသင့်သလော သူ တွေးလိုက်မိသည်။ ထို့အပြင် ဝမ်ယုထျန်းနှင့် ဝူယု ကဲ့သို့သော အခြား လျှို့ဝှက် အာဏာရှင်များ အဘယ်ကြောင့် မပြောသည်ကို သိချင်မိသည်။ သို့သော်လည်း သူ မေးခွန်း မမေးရသေးခင်မှာပင် ကပ္ပတိန်ကျွင်း၏ လက်ထဲရှိ အလင်း မျက်နှာပြင်မှာ ထူးဆန်းသော အချက်ပေးသံ တစ်ခုနှင့် အတူ ဝိညာဥ် အလင်းများဖြင့် တောက်ပလာခဲ့၏။

“အားယိုး... ငါတို့မှာ အချိန် မရှိတော့ဘူး... တပ်ဖွဲ့ ၄၉ က တပ်ဖြန့်နေပြီ”

ကပ္ပတိန်ကျွင်းက အလင်း မျက်နှာပြင်ကို ကြည့်လိုက်ရင်း အလောတကြီး အော်ဟစ်လိုက်၏။ ထို့နောက် သူက အနည်းငယ် ဟိုတို့ဒီတို့ လုပ်လိုက်ရာ ဝိညာဥ်အလင်း အားလုံး ပျောက်ကွယ်သွားကာ လက်တစ်ချောင်း အရွယ် လက်စွပ်ကလေး တစ်ကွင်းသာ ကျန်ရစ်ခဲ့သည်။

“ဒီမှာ မင်းရဲ့ ကိုယ်ရေး မှတ်ပုံတင်... အချိန်ရတဲ့ အခါကျမှ ဝိညာဥ် အင်အားနဲ့ သန့်စင်လိုက်... အဲဒါက မင်းရတဲ့ စစ်ဝိညာဥ်တွေနဲ့ အသက် မင်းရဲ့ ဆုံးရှုံးမှုကို မှတ်တမ်းတင်ထားပေးလိမ့်မယ်”

ကပ္ပတိန်ကျွင်းက လက်စွပ်ကလေးကို ဝေ့ဝူယင်ထံ ကမ်းပေးလိုက်၏။ ထိုအရာကို ဖမ်းလိုက်ရင်း ဝေ့ဝူယင်က ခပ်မြန်မြန်ပင် စစ်ဆေးကြည့်လိုက်သည်။ လက်စွပ်က အနက်ရောင် ဖြစ်ကာ မျက်နှာပြင်ထက်တွင် အဖြူရောင် သင်္ကေတများ ပါဝင်နေပေသည်။ ၎င်းတို့က သူ့လောကပင်လယ် အတွင်းရှိ လျှို့ဝှက် ရည်ရွယ်ချက် မျိုးစေ့များနှင့် တည်ဆောက်ပုံချင်း မတိမ်းမယိမ်းပင် ဖြစ်သည်။

သို့ဖြစ်လေရာ ဝေ့ဝူယင် နားမလည်နိုင်ပြန်ချေ။ သို့သော်လည်း ထိုသင်္ကေတများမှာ သူနှင့် ပတ်သက်သည့် အချက်အလက်များ ဖြစ်ကြောင်းတော့ ခန့်မှန်းနိုင်ပေသည်။

“ဒါက လျှို့ဝှက်စာ ဆိုတဲ့ ဘာသာစကားနဲ့ ရေးထားတာလားဗျ”

သို့သော်လည်း အဖြေတစ်ခု မရခင်မှာပင် လျှို့ဝှက် စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် အလင်းတန်း တစ်ခုမှာ သူ့ကို ဝန်းရံသွား၏။ ကပ္ပတိန်ကျွင်းက တောင်းပန်ဟန်ဖြင့် သူ့ကို ပြုံးပြလိုက်သည်။

“နည်းနည်းတော့ နာလိမ့်မယ်... ကံကောင်းထောက်မပြီး အရိုးတွေ အများကြီးတော့ မကျိုးလောက်ပါဘူး”

ထိုအခိုက်၌ ကပ္ပတိန်ကျွင်းက လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးနေကြောင်း ဝေ့ဝူယင် ခံစားမိပေသည်။

ဝှစ်... ဝှစ်...

တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်မှာ ထူထဲသော အကြည်ရောင် ပူပေါင်းတစ်ခု၏ ဝန်းရံမှုဖြင့် ဒုံးကျည် တစ်ခုလို ကောင်းကင်ကို ပျံတက် သွားတော့၏။

နောက်ဆုံး၌ ဖန်သားရောင် စင်မြင့်နားတွင်တော့ ကပ္ပတိန်ကျွင်း တစ်ယောက်သာလျှင် ကျန်ရစ်ခဲ့တော့သည်။ သူက မျက်မှောင်ကြုတ်ရင်း အုံ့စိုင်းနေသည့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ တိမ်တိုက်များက အဆုပ်လိုက် အခိုင်လိုက် လိမ့်ဆင်း နေကြကာ လျှပ်စီးတန်းများက ဟိုမှသည် လင်းလက် နေကြသည်။ မြေပြင်ကတော့ သွေးမိုးများ ရွာသွန်းထားသလို အရောင်ရင့်ရင့်ဖြင့် စိုစိစိ ဖြစ်နေ၏။

ပတ်ဝန်းကျင် တစ်ခုလုံးကား ခြောက်ချားဖွယ်ရာ စာပေများတွင် မကြာခဏ ဆိုသလို ဖော်ကြူးလေ့ ရှိသည့် ဂန္တဝင်မြောက် လက်ရာ တစ်ခုလိုပင် ဖြစ်သည်။ အလွန် ဝေးကွာသည့် နေရာအထိ မည်သည့် သက်ရှိမှ တည်ရှိမနေခဲ့။ အရာရာတိုင်းက တောင်တန်းကြီးများနှင့် အစိတ်စိတ် မွကြေနေသည့် ကျောက်တုံးများသာ ဖြစ်သည်။

ကျင့်ကြံသူ အများစုမှာ ဤနေရာသို့ ရောက်သည်နှင့် သွေးစွန်းသော ရနံ့များနှင့် မြင်ကွင်းများကြောင့် ထိတ်လန့် တုန်လှုပ်ကာ သွေးပျက် သွားကြစမြဲ ဖြစ်သည်။ နှစ်ပေါင်း ထောင်ချီ ကျင့်ကြံထားသည့် လျှို့ဝှက် အာဏာရှင် အဆင့်များ ပင်လျှင် တောင့်ခံနိုင်ရန် ခက်ခဲလှသည်။

“သူက ကံကောင်းပါတယ်...”

ကပ္ပတိန်ကျွင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ အတန်ကြာပြီးနောက် သူက ထပ်မံ၍ ပေါင်းထည့်လိုက်သည်။

“ဒါမှမဟုတ် ကံဆိုးတယ်လို့လည်း ပြောလို့ ရတယ်”

မျှော်လင့်ချက် မရှိခြင်းက အသက် ဆုံးရှုံးခြင်းကို ဦးတည် သွားစေနိုင်စွမ်း ရှိသည်။ သို့သော်လည်း ဝေ့ဝူယင်၏ မျက်လုံးများက မှိတ်ထားကာ ဝိညာဥ်အာရုံမှာ ပြင်းထန်စွာ တားဆီးခံထားရသည်။

တစ်ခဏကြာပြီးနောက် ကပ္ပတိန်ကျွင်း၏ မျက်လုံးများက အရောင် ပြောင်းလဲ သွားကာ ထိတ်လန့် တုန်လှုပ်မှုများ ဖြစ်ပေါ်လာ၏။

“သူက ထာဝရ ဧကရာဇ် ဧကရာဇ် အကြောင်း မေးတယ်... သူ ကိုယ်တိုင်ကရော အဂ္ဂိရတ် ပညာရှင် တစ်ယောက်လား”

သို့သော်လည်း ဝေ့ဝူယင်၏ ဝိညာဥ်အာရုံက မီတာ ရာဂဏန်းကိုပင် ဖြန့်ကျက်နိုင်ကြောင်း ပြန်လည် သတိရလိုက်မိသော အခိုက်၌ ကပ္ပတိန်ကျွင်း၏ အမူအရာက အနည်းငယ် ပြန်လည် ပြေလျော့ သွားသည်။ တပ်ရင်း ကွန်မန်ဒါမှာ ဝေ့ဝူယင်ကို ဝိညာဥ်သခင် တစ်ယောက် အဖြစ်သာ ယူဆခဲ့သည်။ အဂ္ဂိရတ် ပညာရှင် တစ်ယောက် အဖြစ် ထည့်သွင်း စဥ်းစားခြင်းပင် မပြုချေ။

သို့သော်လည်း တစ်ချိန်တည်း၌... ထိုကဲ့သို့ အစွမ်းထက်သော ဝိညာဥ်အင်အားက အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်နိုင်ကြောင်းလည်း ညွှန်းဆိုနေပေသည်။

မိနစ် အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် ကပ္ပတိန်ကျွင်းက သက်ပြင်းတစ်ချက် ချလိုက်၏။ ဝေ့ဝူယင်က အဂ္ဂိရတ် ပညာရှင် တစ်ယောက် မဟုတ်ပဲ အစွမ်းထက်သည့် ဝိညာဥ်သခင် တစ်ယောက် ဖြစ်ဖို့သာ မျှော်လင့်မိသည်။ ထိုကဲ့သို့ ဆိုပါက သူ့အတွက် အသက်ရှင်ရန် ရာနှုန်း များလိမ့်မည် ဖြစ်သည်။ မဟုတ်ပါက...။

ကပ္ပတိန်ကျွင်း ထိုကဲ့သို့ စဥ်းစားနေခဲ့ချိန်တွင် ဝေ့ဝူယင်ကတော့ သူ့ မူလ ကံကြမ္မာကို နည်းနည်းလေးမှပင် ရိပ်မိခဲ့ခြင်း မရှိခဲ့ပါချေ။

ထိုမျှ ငယ်ရွယ်သည့် အသက်၊ အားနည်းသည့် ကျင့်ကြံခြင်း အခြေခံဖြင့် ထိုအခွင့်အရေးကို ရခဲ့ခြင်းမှာ သူ အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်ခြင်းကြောင့်ဟုသာ ထင်နေခဲ့ခြင်း ဖြစ်သ်ည။

....

ဖန်သား ကျောက်ဖြာနှင့် အလွန် ဝေးကွာသည့် နေရာတစ်ခု၌ လေးပင်သော သံချပ်ကာများ ဝတ်ဆင်ထားသည့် တိုက်တန်မျိုးနွယ် တစ်ခုမှာ ရှေ့သို့ ချီတက်နေကြ၏။ လိုက်လျော ညီထွေ မရှိလှမှုနှင့် မကြာခဏ မှားယွင်း နေမှုတို့ကို ကြည့်ပါက ထိုအဖွဲ့မှာ မကြာသေးခင်ကမှ ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခု ဖြစ်ကြောင်း ထင်ရှားလှသည်။

သူတို့ထဲတွင် တိုက်တန် မျိုးနွယ်ဝင် ၁၂၅ ယောက် ပါဝင်နေ၏။ အကယ်၍ အနီးကပ် ကြည့်ပါက သူတို့က တူညီသည့် အဖွဲ့တစ်ခုတည်းမှ မဟုတ်ကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူတို့ ဝတ်ဆင်ထားသည့် သံချပ်ကာ ရင်ဘက်ထက်တွင် ခရုပတ် ပုံစံ သင်္ကေတများ တည်ရှိနေကာ ၎င်းတို့၏ အောက်တွင်တော့ ဂဏန်း နှစ်လုံး၊ စားလုံး နှစ်ခုကို တွေ့ရသည်။ ၎င်းတို့က ၄၀ မှ ၅၀ အထိ ရှိပေသည်။

ထိုအထဲတွင် ၄၉ ဆိုသည့် နံပတ်နှင့် အဖွဲ့တစ်ဖွဲ့လည်း ပါဝင်ပေသည်။ ထိုအဖွဲ့ကို ကျားမ အစုံ တိုက်တန် မျိုးနွယ်ဝင်များနှင့် ဖွဲ့စည်းထားသည်။ သူတို့ အားလုံးက အရပ်ချင်း မတိမ်းမယိမ်း ဖြစ်ကာ အကြမ်းဖျဥ်း လေးမီတာခန့် ရှည်လျားလိမ့်မည် ဖြစ်သည်။

သူတို့ကား ခရုပတ်တိုက်တန် တပ်ရင်း၊ တပ်ဖွဲ့ အမှတ် လေးဆယ့်ကိုး အဖွဲ့ဝင်များပင်။

All Chapters