စစ်မြေပြင်
Vol. 52 Ch. 728
“ငါတို့ ပျံနေတာလား...”
တိုက်တန် မိန်းကလေးမှာ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။ ထိုအခိုက်၌ ထူးဆန်းသော စွမ်းအင် တစ်ခုက သူမကို အပေါ်သို့ မတင်နေသလို ခံစားနေရသည်။ သူမက ကြောက်ကြောက်လန့်လန့်နှင့် ဝေ့ဝူယင်၏ လက်ဖျံကို ဖက်ထားလိုက်မိ၏။
“မြဲမြဲ ကိုင်ထား...”
ဝေ့ဝူယင်က သူမကို သတိပေးလိုက်၏။ ထို့နောက် သူက အတောင်ပံများကို ခပ်ရင်း အပေါ် တည့်တည့်ကို တဟုန်ထိုး မြင့်တက်သွားသည်။
တိုက်တန် မိန်းကလေး၏ ရင်အစုံကား ဗုံတစ်သောင်း တီးခတ်နေသလို တဒုန်းဒုန်း မြည်ဟည်း နေခဲ့ပြီ ဖြစ်လေသည်။ အပေါ်သို့ မော့ကြည့်လိုက်မိသော အခိုက်၌ အခြား ပုံရိပ် တစ်ခုမှာ ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် ကျဆင်းလာနေသည်ကို တွေ့မြင်လိုက်ရ၏။ ၎င်း၏ ကြောက်ရွံ့ ထိတ်လန့်နေသည့် မျက်နှာကို တွေ့မြင်လိုက်ရသော အခိုက်၌ သူမ၏ မျက်လုံးများက ပြူးကျယ် သွားခဲ့တော့သည်။
“ထိုင်ဟောက်...”
အထူးသဖြင့် နှစ်နှစ်ကျော်ကြာ အတူတူ လေ့ကျင့်ရေး ဆင်းပြီး နောက်တွင် သူက မည်သူ ဖြစ်ကြောင်း သူမ ကောင်းစွာ မှတ်မိပေသည်။ သူက တပ်စိတ် ၄၉ မှ အဖွဲ့ဝင် တစ်ယောက်ပင်။
သူမ အံကို တင်းတင်းကြိတ်လိုက်မိ၏။ အကယ်၍ မြေပြင်ကို ပြုတ်ကျသွားပါက ထိုက်ဟောက်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းစွာ ဇာတ်သိမ်း သွားရလိမ့်မည်။
တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည့် ဝေ့ဝူယင်ထံ အကူအညီတောင်းဖို့ သူမ ပြင်လိုက်စဥ်မှာပင် သူတို့မှာ ထိုပုံရိပ်ထံ အရှိန်အဟုန်နှင့် ချဥ်းကပ်နေသည်ကို သတိထားလိုက်မိသည်။
ဝှစ်...
ဝေ့ဝူယင်က လျှင်မြန်စွာပင် ပျံသန်းကာ ထိုက်ဟောက်၏ ခါးကို လှမ်းဆွဲလိုက်၏။ ထိုအရှိန်အဟုန်ဖြင့် သူတို့၏ ခန္ဓာကိုယ်များက အောက်သို့ အနည်းငယ် ပြန်လည် ကျဆင်းသွားသော်လည်း ဟင်းလင်းပြင် အတောင်ပံများမှာ ကြောက်မက်ဖွယ် ကောင်းအောင် သန်မာလွန်းလှပေသည်။
ဟူး... ဟူး...
စက္ကန့်ပိုင်းမျှ အတွင်းမှာပင် သူတို့ အပေါ်သို့ တည့်တည့် ပြန်တက်နေခဲ့ပြီ ဖြစ်သည်။ တိုက်တန် နှစ်ယောက်ကို သယ်ဆောင်ရင်း မကြာခင်မှာပင် ဝေ့ဝူယင်မှာ အပေါ် မြေပြင်ထက်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ဝိညာဥ်အာရုံဖြင့် ပတ်ဝန်းကျင် တစ်ကီလိုမီတာကို မြင်လိုက်ရသော အခိုက်၌ သူ၏ အမူအရာက မနှိုင်းယှဥ်နိုင်လောက်အောင် လေးနက် သွားတော့သည်။
“ဂါး...”
“သေစမ်း... သေစမ်း... နေဦး... ရပ်လိုက်...”
“ငါ အိမ်ပြန်ချင်တယ်... ငါ့ကို အိမ်ပြန်ပို့ပေး...”
သတ္တုချင်း ရိုက်ခတ်မိသည့် အသံများနှင့် အသားထဲသို့ လက်နက် တိုးဝင်သွားသည့် အသံများများမှာ နေရာ အနှံ့ ပြန့်ကျဲနေကာ များစွာသော အသက်များမှာ အဆုံးသတ်ကို ရောက်ရှိနေကြ၏။ သွေးရနံ့များက ပတ်ဝန်းကျင်ကို ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် ရိုက်ခတ်နေကာ ချိုမြိန်မှုနှင့် ခါးသီမှုများက တစ်ပြိုင်နက်တည်း နေရာယူနေသည်။
ယခင်ကနှင့် ခြားနားစွာပင် ဝေ့ဝူယင်၏ ဝိညာဥ်အာရုံမှာ အဆများစွာ ပိုမို ရှင်းလင်း လာနေခဲ့၏။ သွေးများနှင့် စွန်းထင်းနေသည့် ပတ်ဝန်းကျင်ရှိ မှိန်ဖျော့ဖျော့ အလင်းကိုပင် သူ ခံစားနိုင်သည်။ လောက၌ စိမ့်ဝင်နေသည့် မန်နာများ အေးခဲမှုနှင့် အတူ လေထု အတွင်းရှိ မသန့်စင်မှု ပမာဏက အလွန်ပင် မြင့်မား လွန်းလှ၏။
တစ်ချိန်တည်း၌ များစွာသော လူသား အသက် အော်ရာများမှာ ကောင်းကင်တွင် အဆက်မပြတ် ပေါ်လာနေကာ လျှင်မြန်သော အရှိန်အဟုန်ဖြင့် အောက်သို့ ဆင်းသက်လာနေခဲ့သည်။ သို့သော်လည်း မြေပြင်ဆီ ရောက်ခါနီးသည်နှင့် အရှိန်ပြင်းစွာ ဝင်တိုက်မိမည် စိုးသည့် အလား သူတို့ ခန္ဓာကိုယ်များက အနည်းငယ် နှေးကွေးသွား၏။ ကြည့်ရသည်က သူတို့ထံ၌ မြေဆွဲအားကို အခိုက်အတန့် တစ်ခုမျှ ဆန့်ကျင်နိုင်သည့် ရတနာ တစ်ချို့ ပါရှိပုံ ရသည်။ မြေပြင်သို့ ရောက်သည်နှင့် သူတို့မှာ တိုက်ပွဲများ အတွင်း အဆက်မပြတ် ထိုးခုတ်ကာ သတ်ဖြတ်ကြတော့သည်။
ဝေ့ဝူယင်မှာ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း နားမလည်နိုင်တော့ချေ။ သူက ကောင်းကင်တွင်ပင် ပျံသန်းရင်း အခြေအနေကို စောင့်ကြည့်နေလိုက်၏။
သူ ပြုတ်ကျသည့် အရှိန်ကြောင့် ဖြစ်ပေါ်လာသည့် ချောက်နက်ကြီးကတော့ စစ်မြေပြင် အလယ်တွင်ပင် တည်ရှိနေသည်။ အချို့မှာ ထိုအားသာချက်ကို ယူ၍ ခြေကန်ချက်၊ လက်သီးချက်များဖြင့် ရန်သူများကို ထိုချောက်ထဲ ပြုတ်ကျအောင် တွန်းပို့နေကြ၏။
ထိုအခြေအနေ အတွက် မည်သူ့ကိုမှ ဝေ့ဝူယင် အပြစ်မတင်တော့ချေ။ ဤသည်က နောက်ကျမှပြီးမှ ရောက်ရှိလာခြင်း၏ ရလဒ် တစ်ခုလည်း ဖြစ်သည်။ ကပ္ပတိန်ကျွင်းက ဒုတိယ ဗိုလ်မှူးကြီး ကျွင်းတိုဂျားထံမှ စစ်ပွဲနှင့် ပတ်သက်သည့် အရေးကြီးသော အချက်အလက်များနှင့် အရေးပေါ် ရတနာ အချို့ကို ဝေ့ဝူယင် လက်ခံ ရရှိလိမ့်မည် မျှော်လင့်ထားခဲ့ချိန်တွင် ကျွင်းတိုဂျားကလည်း ဝေ့ဝူယင်ထံတွင် လိုအပ်သမျှ အားလုံး ရှိနေသည်ဟု ယူဆ ထားခဲ့ဟန် ရသည်။
“ဆရာ... သတိထား”
ရုတ်တရက် တိုက်တန် မိန်းကလေးက ဝေ့ဝူယင်ကို အော်ဟစ် သတိပေးလိုက်၏။ သူ အတောင်ပံကို ခတ်ကာ ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ အနည်းငယ် ယိမ်းလိုက်သည်။
ဝှစ်...
မျှားတစ်စင်းက အလွန် ပြင်းထန်သော အရှိန်အဟုန်ဖြင့် သူ့ ဦးခေါင်း နံဘေးမှ ဖြတ်ကျော်သွားသည်။ ထိုမျှားဖူးတွင် လျှို့ဝှက် အဆင့် စွမ်းအင် အချို့ ပါဝင်နေကြောင်း သတိပြုမိသော အခိုက်၌ ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ အကယ်၍ မိန်းကလေးသာ သတိမပေးခဲ့ပါက သူ၏ အသက်က မြှားဦးထိပ်၌ ပါသွားမှာ ကျိန်းသေသည်။
ဝေ့ဝူယင် မြှားလာရာသို့ လှမ်းကြည့်လိုက်ရာ လူသား ယောက်ျား တစ်ယောက်ကို တွေ့လိုက်ရ၏။ သူက ချပ်ဝတ်တန်ဆာ အစုံအလင်ကို ဝတ်ဆင်ထားကာ နောက်ထပ် မြှားတစ်စင်းဖြင့် သူ့ကို ထိန်းချိန်ထား၏။ သူ၏ မျက်လုံးများက သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် တောက်ပနေပေသည်။
ထိုလူသားမှာ သူနှင့် မီတာ နှစ်ရာခန့် အကွာအဝေး၌ ရှိနေပေသည်။ ထို့အပြင်... သူက ဝေ့ဝူယင် တွေ့မြင်ဖူးသည့် ပထမဆုံး ကြယ်တာရာ သခင် အဆင့် လေးသမား တစ်ယောက်လည်း ဖြစ်သည်။
လေးနှင့်မြှားမှာ ပြင်ပ ကမ္ဘာတွင် အသုံးမဝင်သလောက် ဖြစ်သော်လည်း... အဆုံးမဲ့ ပျက်သုဥ်းခြင်းများ ပြည့်နှက်နေသည့် ယခုလို စစ်မြေပြင်မျိုးတွင် ကြောက်မက်ဖွယ် အသက်နှုန် လက်နက် တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
လေးသမားမှာ ခန္ဓာကိုယ်ထံ တိုးဝင်လာသည့် ဝေ့ဝူယင်၏ ဝိညာဥ်အာရုံကို ခံစားမိရာ ပြင်းထန်စွာ တုန်လှုပ်သွား၏။
“ဝိညာဥ်သခင်...”
ထိုကဲ့သို့ ပြောပြီးနောက် သူ့အသက်က ထိုအပေါ်တွင် မူတည်နေသည့် အလား ချက်ချင်းပင် နောက်သို့ လှည့်ကာ ထွက်ပြေးသွားတော့သည်။
“...”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ထိုလေးသမားမှာ သာမန် ကြယ်တာရာ သခင် တစ်ယောက် မဟုတ်ချေ။ လျှို့ဝှက်အဆင့် လေးနှင့် မြှားကို ပိုင်ဆိုင်ထားသည့် အပြင် သူ၏ သံချပ်ကာမှာလည်း အခြားလူများနှင့် ခြားနားလှသည်။ သို့တိုင်အောင်... သူက လျှင်မြန်စွာ နောက်ဆုတ်ဖို့ ဆုံးဖြတ်ခဲ့သည်။
ဝေ့ဝူယင် နားမလည်နိုင်စွာပင် အောက်ရှိ စစ်မြေပြင်ကို အကဲခတ် လိုက်၏။ မျိုးနွယ်အရ ခွဲခြားရလျှင် စစ်မြေပြင်၌ မတူကွဲပြားသည့် အင်အားစု သုံးခု တိုက်ခိုက် နေကြကြောင်း သူ အကြမ်းဖျဥ်း မှတ်ချက် ချလိုက်နိုင်သည်။
ပထမဆုံး တစ်ဖွဲ့က တိုက်တန်များပင် ဖြစ်သည်။ ထိုအထဲတွင် သူနှင့် အတူ ဟင်းလင်းပြင် ဂိတ်တံခါးကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့သည့် ခရုပတ် တိုက်တန် တပ်ရင်းမှ တိုက်တန် အချို့ ပါဝင်နေသည်။ ထို့အပြင်... သွေးရောင် ဦးခေါင်းခွံတွင် ဓားနှစ်လက် ယှက်သည့် သင်္ကေတနှင့် ခရမ်းရောင် သွေးစက် သင်္ကေတများကို သံချပ်ကာများတွင် ရေးထိုးထားသည့် အခြား တိုက်တန် မျိုးနွယ်ဝင်များကိုလည်း တွေ့ရသည်။ ကြည့်ရသည်က သူတို့မှာ ခရုပတ် တိုက်တန် တပ်ရင်းလိုပင် အခြား တပ်ရင်းများမှ လူများ ဖြစ်နိုင်ပေသည်။
သူတို့ထဲ၌ ခရမ်းရောင် သွေးတိုက်တန်များမှာ သတိထားမိလွယ်ကာ သူတို့၏ အော်ရာများတွင် နတ်ဆိုး စွမ်းအင် ခပ်ဖျော့ဖျော့ ပါဝင်နေသည်။ ထို့အပြင် သူတို့၏ အသားအရောင်နှင့် ခန္ဓာကိုယ် ပုံပန်း သဏ္ဌာန်များကလည်း အနည်းငယ် ခြားနားလှ၏။ သူတို့က နတ်ဆိုးစပ် တိုက်တန်များ ဖြစ်နိုင်ပေသည်။
တိုက်တန်များ ပြီးလျှင် နောက်ထပ် တစ်ဖွဲ့က လူသားများ ဖြစ်သည်။ သူတို့က တူညီသည့် ဝတ်စုံများ၊ သံချပ်ကာများ သို့မဟုတ် တာအို ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့က အရေအတွက်ကို အသာစီးယူ၍ နှစ်ယောက် သုံးယောက် စသည်ဖြင့် ပူးပေါင်းကာ ကြီးမးသော တိုက်တန်ကြီးများကိုပင် သေပျောက်သည် အထိ ထိုးနှက် တိုက်ခိုက်နေကြသည်။
အကယ်၍ အဖွဲ့ဝင် တစ်ယောက် ကျဆုံးသွားလျှင်ပင် သူတို့က ချက်ချင်း နောက်ပြန်ဆုတ်ကာ အခြားလူများနှင့် ပူးပေါင်းပြီးမှ ပြန်လည် ချီတက်သည်။ တစ်ယောက်ချင်း တိုက်ပွဲများကို ဘယ်တော့မှ စွန့်စား တိုက်ခိုက်ခြင်း မပြုချေ။ တိုက်တန်များ တကွဲတပြား တိုက်ခိုက်နေကြချိန်တွင် လူသားများ၏ တိကျ မြန်ဆန် စည်းလုံးပုံကို ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသားမှာ လှုပ်ခါသွား၏။
တတိယ အုပ်စုကတော့ သူ၏ ဝိညာဥ်အာရုံပင် အနည်းငယ် ရှုပ်ထွေး သွားစေခဲ့သည်။ ဝေ့ဝူယင် မျိုးစိတ်များ အပေါ် သူ၏ နားလည်နိုင်စွမ်းကိုပင် ပြန်လည် မေးခွန်းထုတ်လိုက်မိ၏။
သူတို့က အယ်ဗန်များကဲ့သို့ ပိန်သွယ်သည့် ခန္ဓာကိုယ်၊ ချွန်ထက်သည့် နားရွက်နှင့် တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားကြသည့်တိုင် တစ်ချိန်တည်း၌ ခွေးမျိုးစိတ် ရှို့ရန်များ ကဲ့သို့ မြီးကုပ်ရိုးနားတွင် ရောင်စုံ အမြီးတိုများကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း... သူတို့၏ အော်ရာများက ရှို့ရန်ရော၊ အယ်ဗန် မျိုးနွယ်ရော မဟုတ်ကြောင်း ညွှန်ပြနေသည်။
ထို့အပြင် သူတို့၏ မျက်ဆံများက စက်ဝိုင်း ပုံသဏ္ဌာန် မဟုတ်ချေ။ အမှတ်ငါးခုနှင့် အမှောင် ဟင်းလင်းပြင်ထဲမှ ကြယ်တစ်စင်း သဏ္ဌာန် ဖြစ်သည်။
၎င်းတို့က အယ်ဗန်၊ ရှို့ရန်၊ နတ်ဆိုး မျိုးနွယ်များကို ပေါင်းစပ်ထားဟု မျိုးနွယ် တစ်ခုဟုသာ ဝေ့ဝူယင် ခန့်မှန်းလိုက်၏။
လူသားများ၊ တိုက်တန်များနှင့် ခြားနားစွာပင် ထိုသတ္တဝါများမှာ ပိုသားကဲ့သို့ ပျော့ပျောင်းသည့် ဝတ်စုံများကိုသာ ဝတ်ဆင်ထားကြသည်။ သို့သော်လည်း ထိုဝတ်စုံများမှာ တိုက်တန်နှင့် လူသားများ၏ သံချပ်ကာများ လိုပင် ကြမ်းတမ်းကာ တာရှည်ခံပုံ ပေါ်သည်။ အချို့က ထိုဝတ်စုံများကို နှစ်ထပ် သုံးထပ်ပင် ထပ်၍ ဝတ်ဆင်ထားကြပေသည်။
“ဆရာ... ဆရာ...”
တိုက်တန် မိန်းကလေးက အဆက်မပြတ် အော်ဟစ်ကာ ဝေ့ဝူယင်ထံမှ အာရုံ စူးစိုက်မှု ရရှိအောင် ကြိုးစားလိုက်၏။
ဝေ့ဝူယင် အောက်ကို ငုံ့ကြည့်လိုက်တော့ သူမ၏ မျက်လုံးများမှာ တိုက်တန် မျိုးနွယ်ဝင်များနှင့် အတူ တိုက်ပွဲဝင်လိုသည့် မီးတောက်များဖြင့် လောင်ကြွမ်းနေကြောင်း ဝေ့ဝူယင် တွေ့လိုက်ရ၏။ တစ်ချိန်တည်း၌ ထိုက်ဟိုကတော့ ငြိမ်ကုပ်နေကာ စစ်မြေပြင်နှင့် ဝေးနေသည်ကိုပင် ကျေးဇူးတင်နေဟန် ရသည်။ သူတို့၏ သဘောထားများက လုံးဝ ခြားနားလှပေသည်။
ဟူး... ဟူး...
ဝေ့ဝူယင် ဟင်းလင်းပြင် အတောင်ပံများကို ခပ်ရင်း မြေပြင်ပေါ် ဆင်းသက်လိုက်၏။ အနီးအနားရှိ စစ်သည်များမှာ သတိထားမိသွားကြကာ လှည့်ကြည့်လိုက်ကြ၏။ သို့သော်လည်း ဝေ့ဝူယင်၏ ဝိညာဥ်အာရုံကို ခံစားမိသည်နှင့် သူတို့၏ အမူအရာများက တုန်လှုပ် ချောက်ချားစွာ ပြောင်းလဲသွားသည်။
“ဝိညာဥ်သခင်...”
တစ်ခဏ အတွင်းမှာပင် သူတို့အားလုံးမှာ လျှင်မြန်စွာပင် ပြန့်ကြဲကာ ဝေးဝေးရှာင် သွားကြတော့သည်။ တိုက်တန်၊ လူသား... မည်သည့် မျိုးနွယ်မှ ချွင်းချက် မရှိခဲ့ချေ။