ဒီလူငယ်ကို ပြစ်မှားလို့မရဘူး
Vol. 22 Ch. 421
ထင်မထားသဖြင့် ပေထင်းဟွမ်၏နှုတ်ခမ်းထောင့်သည် အပြုံးအဖြစ် တဖြည်းဖြည်း ကွေးတက်သွားသည်။ သူမသည် သူ့အကြောင်းကို မတွေးဘဲ မနေနိုင်တော့ပေ။ ဟင်း.. ဒီလူက ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ ကောင်းကောင်းသိတာပဲ။ မဟာမိတ်မြို့တစ်မြို့လုံး၏ရှေ့၌ ပြောခြင်းမှာ ညအရှင်အိမ်တော်သည် သူမကို အရာရာပေးလိုက်သည်ဟု ပင်မတိုက်ကြီး တစ်ခုလုံးကို ကြေညာလိုက်ခြင်းဖြစ်သည်။
၎င်းသည် အလွန်ရှက်ဖွယ်ကောင်းလှသည်။ သူမ ဒီခံစားချက်ကို သဘော ကျရင် ဘာဖြစ်လဲ။
သူမသည် ခေါင်းကိုမြင့်မြင့်မော့ကာ ပေထင်းဟွမ်၏ ကြည်လင်သော ရယ်မောသံသည် စွမ်းအင်အကာအရံကိုဖြတ်ပြီး မဟာမိတ်မြို့ကိုပျံ့နှံ့သွားလေ သည် “ဟုတ်ပြီ အရှင့်ရဲ့စိတ်ရင်းကိုထည့်တွက်ပြီး သူ့ကိုကူရှင်းဖို့ စိတ်မရှိပါဘူး”
ထိုသို့ပြောပြီး သူမလက်ထဲမှ ဓားပျော့အားချလိုက်သည်။ သူမ၏အသံကို မြှင့်လိုက်သည် “အဂူး တိုက်ခိုက်တော့”
အဂူးသည် အထွတ်အမြတ်သားရဲပီသသည်။
ဝိညာဉ်ခွဲချောက်နက်ထဲတွင် ညအရှင်နှင့် တိုက်ခိုက်ဖူးသောအဂူးကို မြင်သောအခါ မြို့ဝန်သည် နှလုံးခုန်မြန်လာသည်။ ဤလူငယ်သည် အဆင့်မြင့် ကြယ်ဓားဝိညာဉ်သခင်သာဖြစ်သော်လည်း အဂူးကဲ့သို့ တစ်ယောက်တည်း အောင်နိုင်ရန်မလွယ်သည့် အထွတ်အမြတ်သားရဲကို ရယူခဲ့သည်။ တစ်ခုတည်း သောဖြစ်နိုင်ချေမှာ ဤအထွတ်အမြတ်သားရဲသည် သူမအတွက် ညအရှင်မှ အရှုံးပေးခဲ့ခြင်းဖြစ်မည်။
အလွန်နက်ရှိုင်းသောဆက်ဆံရေးမဟုတ်သရွေ့ အထွတ်အမြတ်သားရဲကို ဤကဲ့သို့ ဦးစားပေးရန်မဖြစ်နိုင်ပေ။
ညအရှင်မှ သူ့ကိုပြောခိုင်းလိုက်သည့် စကားလုံးများသည် သိသိသာသာ သနားစရာကောင်းပြီး ကြည်နူးမှုကိုယူဆောင်လာခဲ့သည်။ ညအရှင်နှင့်ဤ လူငယ်အကြားတွင် တစ်ခုခုများရှိနေသည်လား.. ထိုအကြောင်းကိုတွေးမိသည် နှင့် မြို့ဝန်သည် ကျောရိုးထဲမှ ကြက်သီးမွှေးညှင်းများထသွားလေသည်။ မိုးနတ် မင်းရေ ဒီလူငယ်က ပြစ်မှားသင့်တဲ့လူမဟုတ်ဘူးပဲ..
ရင်ပြင်ထဲတွင် အယောက် တစ်သိန်းကျော်သော ကြေးစားများ၊ လှည့်လည်သွားလာသူများ၊ စွန့်စားသူများသည် ထိတ်လန့်ကုန်သည်။ ဒီလူငယ် ကဘယ်သူလဲ။ ဘယ်သူဖြစ်မလဲ။ ညအရှင်တောင် သူ့ကိုအရှုံးပေးရလောက် အောင်လုပ်နိုင်တဲ့ ဒီလူငယ်က ဘယ်လိုအင်အားနဲ့ မိသားစုက ဆင်းသက်လာ တာလဲ။
ညအရှင်တောင်မှ သူမကိုအလျှော့ပေးနေရတဲ့အချိန်မှာ ဘယ်သူကများ မနာခံဝံ့သလဲ။
“ဟုတ်ကဲ့ပါ လူကြီးမင်း” လူငယ်၏အသံသည် စွမ်းအင်အကာအရံထဲမှ မိုးကြိုးသဖွယ်ထွက်လာရာ အားလုံးကို ထိတ်လန့်သွားစေသည်။
“လော့ယင်း သတ်”
တစ်ချိန်တည်းမှာပင် သေဆုံးမည်ကိုထိုင်မစောင့်နိုင်သည့် အန်းပိုစီးသည် ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအင်အားလုံးကို စုစည်းပြီး အားကောင်းသော ကြယ် ဝိညာဉ်ပညာအဖြစ်ပြောင်းလိုက်ပြီဖြစ်သည်။ သစ်တတ်ကျား၏ အသက်ကို လောင်ကျွမ်းစေသည့် ထိုတိုက်ကွက်သည် အနက်ရောင်မှော်ဖန်လုံးနှင့်တူ၏။ ဤသည် အဂူးဆီသို့ရောက်မသွားပေ။ ထိုအစား အဂူးကိုကျော်ဖြတ်ကာ ပေထင်းဟွမ်ဆီသို့ အညှာတာမဲ့စွာဖြင့် သွားလေ၏။
“ဟာသပဲ”
၎င်းသည် အဂူး၏အဓိကအချက်ကို နှိုးဆော်ခြင်းပင်။ သူရှိနေတာကို သခင့်ကို တစ်ခုခုဖြစ်ခံပါ့မလား။ ရန်သူမှာ မည်မျှပင်အားကောင်းစေကာမူ သူ့ သခင်ကို ထိခိုက်အောင်လုပ်လျှင် သူသည် ထိုရန်သူ၏အလောင်းကို နင်းပြီးမှ လျှောက်သွားမည်။ ခေါင်းသုံးလုံးသည် အနည်းငယ်လှုပ်ယမ်းကာ ကြီးမားသော မြွေအမြီးသည် နံရံကဲ့သို့ထောင်မတ်လိုက်ကာ ကြယ်ဝိညာဉ်သိုင်းကို ကာလေ သည်။ ကြီးမားသောစွမ်းအင်လုံးသည် လေထဲတွင် ဦးတည်ရာပြောင်းကာ အန်းပိုစီးဆီသို့ သွားလေသည်။
ကိုယ့်စွမ်းအားနှင့် သေဆုံးခြင်း… ဤကမ္ဘာတွင် အန်းပိုစီးကဲ့သို့ နစ်နာ သောနည်းလမ်းဖြင့် သေဆုံးရသူရှိပါဦးမည်လား။
ထိုအခိုက်အတန့်တွင် ကွင်းထဲမှ တခြားကြည့်ရှုသူများသည် ပို၍ပင် ထိတ်လန့်သွားကြသည်။ တစ်ချက်တည်း သတ်မှာပဲ။ မဟုတ်သေးဘူး.. ဒါကို ချက်ချင်းသတ်တယ်လို့တောင် ပြောလို့မရဘူး။ သူ့လက်ချောင်းလေးများကို ညင်သာစွာ ပွတ်သပ်လိုက်ရုံနှင့် သူသည် ကောင်းကင်အဆင့်နှင့် နတ်သားရဲတို့ ၏ အစွမ်းထက်သောခွန်အားကို ချေမှုန်းလိုက်သည်။
ဘုန်း..
နားအူစေလောက်သည့်အသံ ထွက်ပေါ်လာသည်။ ထိုးဖောက်မြင်ရသော စွမ်းအင်အကာအရံကို တစ်စုံတစ်ယောက်မှ ဆေးအိုးတစ်လုံး ဖြန်းလိုက်သလို ပင်။ အနီ၊ အဖြနှင့် အနက်ရောင်များ ရောစပ်သွားပြီး စွမ်းအင်အကာအရံ အတွင်းပိုင်းနံရံတွင် ပေကျံသွားလေသည်။ အန်းပိုစီးသည် အမှုန့်ဖြစ်သွားလေ ပြီ။ သူ၏အသားများသည် ကြေမွသွားပြီး နေရာအနှံ့ပျံ့သွားသည်မှာ အားလုံး ကို ထိတ်လန့်သွားစေသည်…