← Chapters

ဆေးတွေလား အများကြီးရှိတာပဲ

Vol. 22 Ch. 422

ဆေးတွေလား အများကြီးရှိတာပဲ

Vol. 22 Ch. 422

အန်းပိုစီး၏ အသားနှင့်သွေးများ ပြန့်ကျဲသွားပြီးနောက် စွမ်းအင်အကာ အရံသည် ပျောက်ပြယ်သွားပြီး အထဲမှ လူတစ်ယောက်နှင့် သားရဲတစ်ကောင် တို့ ထွက်ပေါ်လာသည်။ ထိုမှော်သားရဲ၏ ပုံစံအစစ်အမှန်ကိုမမြင်ရခင်မှာတွင် ကြီးမားသောမှော်သားရဲသည် အလင်းတန်းအဖြစ်ပြောင်းကာ ပုံစံငယ်အဖြစ် ပြောင်းသွားလေသည်။ သေးငယ်သည့် ရှေးဟောင်းရောင်ဝါနှင့် သွေးနီရောင် လက်ပတ်သည် ပေထင်းဟွမ်၏ လက်ကောက်ဝတ်ကို ရစ်ပတ်လေသည်။

ပြောင်မြောက်သောအနက်ရောင်တိုက်ခိုက်ရေးဝတ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ရင်ပြင်အလယ်တွင်ရပ်နေသည်။ ရင်ပြင်သည် မြေကြီး ထက် သုံးမီတာခန့်သနာက်သော်လည်း အားလုံးသည် လူငယ်ကို ငုံ့ကြည့်နေရ သည်။ သူ၏ အနည်းငယ်ပိန်ပါးသည့်ပုံရိပ်သည် မြင့်မားကာ ရှေးခတ်များဆီမှ မွေးဖွားလာသည့် စစ်နတ်ဘုရားနှင့်တူသည်။

“ခေါင်းဆောင်အန်းပိုစီး သေသွားပြီ”

တိတ်ဆိတ်နေသောလူအုပ်ထဲတွင် လူတစ်ယောက်အော်လိုက်ရာ ကွင်း တစ်ခုလုံးသည် စတင်အုတ်အော်သောင်းတင်းဖြစ်လာသည်။

အသံမျိုးစုံထွက်လာသော်လည်း မည်သူကမှ အသံမကျယ်ရဲကြပေ။ အားလုံးသည် ပေထင်းဟွမ်အား ကြောက်လန့်တကြားကြည့်ကြသည်။

ဓား ၇ လက်ကြယ်ဝိညာဉ်သခင်တွင် ကောင်းကင်အဆင့်ဝိညာဉ်သခင်နှင့် နတ်သားရဲကို သတ်နိုင်လောက်သည့် ခွန်အားရှိနေသည်။ ဤကဲ့သို့လူမျိုးသည် ပင်မတိုက်ကြီးတွင် ရှားပါးလွန်းသည်။

“ဟုတ်တယ် စစ်ဦးစီးအန်းပိုစီးသေသွားပြီ.. နှင်းမုန်တိုင်းနဲ့ သံမဏိသွေး တို့ကြားက တိုက်ပွဲကဆက်ရှိနေမယ်.. စစ်ဦးစီးအန်းပိုစီးမရှိပေမဲ့ နှင်းမုန်တိုင်း သာ နောက်နှစ်ပွဲကိုနိုင်ရင် ငါ့ကတိအတိုင်း ငါ့သိုလှောင်လက်စွပ်ထဲက မှော် သားရဲတွေကို နှင်းမုန်တိုင်းကိုပေးမယ်”

ပေထင်းဟွမ်သည် ညာဘက်လက်ကိုမြှောက်လိုက်သည်။ သူမ၏ လက်ချောင်းတွင် ရှေးဟောင်းနွယ်ပင်နှင့်တူသော အနက်ရောင်လက်စွပ်သည် တောက်ပနေသည်။ ၎င်းသည် ယန်ယဲ့သန့်စင်ထားသော အဆင့်မြင့်ဝိညာဉ် ပစ္စည်းဖြစ်သည်။ နေရာထဲတွင် မှော်သားရဲရာချီရှိသည်။ သို့သော် မည်သူကများယူနိုင်မည်နည်း။

နှင်းမုန်တိုင်းရှိနေသည့်နေရာသည် တိတ်ဆိတ်နေသည်။ အားလုံးသည် ထိုဘက်သို့ လှည့်ကြည့်ကြသည်။ ထမ်းစင်ပေါ်ရှိခိုင်သည် ရုန်းကန်ထပြီး သူ့ဘေးရှိအဘိုးကြီးဘက်ရှိရာသို့ အင်္ကျီလက်ကိုခါလိုက်သည် “ဘိုးတော် ခင်ဗျားက ဒုစစ်ဦးစီးပဲ.. အခုကျုပ်အဖေသေသွားပြီ ခင်ဗျားက တာဝန်ယူရမှာ မဟုတ်ဘူးလား”

အဘိုးကြီးသည် နှင်းမုန်တိုင်း၏ ဒုစစ်ဦးစီးဖြစ်သည်မှာ အမှန်ပင်။ ခိုင်၏ ငေါက်ငမ်းသံကိုကြားပြီးနောက် သူသည် များစွာတုန်လှုပ်မိသည်။ သူ သက်ပြင်းချပြီး ကွင်းဆီသို့ လျှောက်သွားလေသည်။

ပေထင်းဟွမ်သည် ထိုအရာကိုမြင်ရချိန်တွင် ကျေနပ်နေသ်ည။ သူမသည် မြေပြင်ကို ခြေဖျားထိပ်ဖြင့် တော့ကာ ပွဲကြည့်စင်ဆီသို့ ပျံသွားလိုက်သည်။ သူမသည် ချူဖုန်းဘေးသို့ ဆင်းသက်လိုက်ပြီး သူ့ပခုံးပေါ် လက်တင်လိုက်သည် “ဝမ်းကွဲအစ်ကို မင်းအလှည့်ပဲ”

နွေးထွေးသောခံစားချက် ပျံ့နှံ့လာသည်။ ချက်ချင်းဆိုသလိုပင် ချူဖုန်း သည် စိတ်ဓာတ်တက်ကြွလာသည်။ သူ့ကိုယ်ပေါ်မှ နှင်းဖြူရောင်ဝတ်ရုံသည် လျှောကျသွားပြီး သူ၏ငွေရောင်ချပ်ဝတ်တန်ဆာကို ထုတ်ဖော်ပြလေသည်။ ပေထင်းဟွမ်၏လက်သည် အောက်သို့လျှောကျသွားပြီး ချူဖုန်း၏လက်ထဲသို့ အားဖြည့်ဆေးတစ်ပုလင်းထည့်ပေးလိုက်သည်။ ချူဖုန်းသည် ခေတ္တမျှ မှင်တက်သွားပြီး အားဖြည့်ဆေးကို ဆုပ်ကိုင်လိုက်သည်။

ဆေးများသည် ပင်မတိုက်ကြီးတွင် အလွန်အဖိုးတန်သည်။ ဆေးတစ်လုံး သောက်လိုက်ခြင်းသည် အသက်ပိုတစ်ခုပိုရသွားသလိုပင်။ သူသည် ထိုဆေး များကို ပေထင်းဟွမ်အတွက် ချန်ထားမည်အပြုတွင် သူမပြောသည့်စကားများ ကို ကြားလိုက်ရသည် “ဝမ်းကွဲအစ်ကို နိုင်ကိုနိုင်ရမယ်.. ရှုံးလို့မဖြစ်ဘူး.. ငါ့မှာဆေးတွေအများကြီးပဲ.. နောက်ဆိုလည်းအများကြီးရှိလာမှာ”

ဆေးတွေ အများကြီးရှိတယ်ဟုတ်လား။

ပေထင်းဟွမ်၏ အောင်နိုင်မှုကြောင့် ဂုဏ်ပြုရန် ထတော့မည်ဟန်ပြင် နေသည့် မြို့စားသည် ခြေထောက်များ အားနည်းသွားသလိုခံစားလိုက်ရသည်။ ကံကေင်းစွာပင် စားပွဲကိုင်ပြီး သူ့ကိုယ်သူ အမြန်ထိန်းလိုက်သဖြင့် လဲကျမသွားပေ။ မှော်သားရဲနှင့်ဆေးများစွာရှိနေသည်။ သူ့မှာ မရှိတာဘာရှိလဲ။ နတ်လက်နက်လား။ သူ့မှာ တခြားနတ်လက်နက်ရှိရင်.. သူ့ပြိုင်ဘက်က ဘယ်လိုလုပ် အသက်ရှင်တော့မလဲ။

ညနေစောင်းသည်နှင့် မြို့ဝန်သည် အသက်ကြီးသောကြောင့် ရှင်းလင်းစွာ မမြင်ရတော့ပေ။ သူသည် ပေထင်းဟွမ်၏လက်ထဲမှ ဖွဲ့စည်းပုံငါးမျိုးပြောင်းနိုင် သည့် ဓားပျော့ကိုကောင်းစွာ မမြင်ရတော့ပေ။ သူသည် မြေပေါ်သို့လဲကျပြီး မေ့မတတ်ဖြစ်တော့မလားဟုပင် သိချင်လာသည်။

ပေထင်းဟွမ်အတွက် နတ်လက်နက်သည် ဘာမှမဟုတ်ပေ။ လူများသည် ဘဝမဆုံးခင်အထိ နတ်လက်နက်ကို တောင်းဆိုခဲ့ကြသည်။ သို့သော် သူမ၏ နတ်လက်နက်သည် သူမတံခါးဝသို့ရောက်လာခဲ့သည်.. ဟုတ်သည်.. ဤသည် နာမည်ကျော်ညအရှင်ကြောင့်မှလွဲပြီး တခြားမဖြစ်နိုင်ပေ…

All Chapters