အားနည်းလိုက်တဲ့ပြိုင်ဘက်ပဲ
Vol. 22 Ch. 423
တပ်မှူးနှစ်ယောက်သည် ကွင်းပြင်အလယ်တွင်ရပ်နေပြီဖြစ်သည်။
ငွေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော ချူဖုန်းတွင် ပိုတင့်တယ် သည့် မျက်နှာရှိသည်။ သူ၏မျက်ခုံးမျက်လုံးများသည် ချောမောကာ သန်မာ သောပုံရိပ်သည် သစ်ကြုတ်ကဲ့သို့ ခွန်အားဖြင့် ပြည့်နှက်နေသည်။ သူ ပေါ်လာ သည်နှင့် ရင်ပြင်တစ်ခုလုံးမှ မိန်းကလေးများအားလုံး၏ အော်ဟစ်သံများကို ဆွဲဆောင်ပြီးဖြစ်လေသည်။
သူနှင့်မျက်နှာချင်းဆိုင် ဓားဖြင့်ချိန်ရွယ်ထားသောဘက်တွင် နှင်းမုန်တိုင်း ၏ တပ်မှူးရပ်နေသည်။ သူသည် ထိုအဘိုးကြီးကို ဝိညာဉ်ခွဲတောင်တန်းနား တွင် တစ်ခေါက်တွေ့ဖူးသည်။ သူ့နာမည်သည် လျိုတန့်ဖြစ်ကာ ကြယ် ၇ ပွင့် ဝိညာဉ်သခင်ကြီးဖြစ်သည်။
“တပ်မှူးလျိုတန့် ခင်ဗျားရဲ့ဝိညာဉ်သားရဲကိုဆင့်ခေါ်လိုက်ပါ”
ဝိညာဉ်သားရဲဟုတ်လား.. လျို့တန့်၏နက်မှောင်သောမျက်လုံးများသည် ချူဖုန်းရှိရာဘက်သို့ ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်လုံး ဝိညာဉ်စွမ်းအင်ပေါ်လာပြီး သူ့ခြေထောက်အောက်တွင် ထောင့်လေးထောင့်ပါ သောကြယ်ပေါ်လာသည်။ ကြယ်ပုံစံအဖွဲ့အစည်း၏ ငွေရောင်အလင်းတန်းထဲ တွင် အဆင့် ၉ မှော်သားရဲဖြစ်သည့် တောရိုင်းဝက်ဝံပေါ်လာသည်။ ၎င်းသည် မာန်ဟိန်းသံနှင့်အတူ စွမ်းအင်အကာအရံကိုဖြတ်ကျော်ပြီး ပျော်ရွှင်မှုကို ထုတ်ပြလေသည်။
တခြားအချိန်မှာသာဆိုလျှင် အဆင့် ၇ ဝိညာဉ်ခင်ကြီးတွင် အဆင့် ၉ မှော်သားရဲရှိနေခြင်းသည် အားလုံးကို ထိတ်လန့်စေမည်ဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် မွန်မြတ်သောသားရဲနှင့် နတ်သားရဲကိုမြင်ပြီးဖြစ်သည့် ကြေးစားနှင့်စွန့်စားသူများသည် ဘာမှမခံစားရတော့ပေ။
ကွင်းတစ်ခုလုံးသည် တိတ်ဆိတ်နေသည်။
ချူဖုန်းသည် အနည်းငယ် မှင်တက်မိ၏။ သူ ဒီတိုက်ပွဲကို ဘယ်လို တိုက်ခိုက်သင့်သလဲ။ မှော်သားရဲဆင့်ခေါ်ရမှာလား မခေါ်ရဘူးလား။ သူ အားနည်းတဲ့သူကို အနိုင်ကျင့်တယ်ဆိုတဲ့ သက်သေကို ချန်ထားသင့်သလား။
“တပ်မှူးချူဖုန်း ကျုပ်ကိုအထင်သေးတာလား.. မင်းက မှော်သားရဲကို တောင်ဆင့်မခေါ်ဘူးလား” လျိုတန့်သည် သူ့အား ဒေါသတကြီး စိုက်ကြည့်လေ သည်။ သူသည် သေကံပါလျှင် သူ့အတွက်ဂုဏ်ရှိမည့်အရာအတွက်သာ တိုက်ခိုက်လိုသည်။
ချူဖုန်းသည် အသက်ကိုပြင်းပြင်းရှူကာ လျိုတန့်အားလက်သီးဆုပ်ဖြင့် နှုတ်ဆက်သည် “တောင်းပန်ပါတယ် တပ်မှူးလျိုုတန်.. ဒါက ခင်ဗျားနဲ့ ကျွန်တော်တို့ကြားကတိုက်ပွဲပါ.. ကြေးစားအဖွဲ့နှစ်ဖွဲ့ကြားက ရန်ငြိုးဆိုလည်း ဟုတ်တယ်.. ခုနက ကျွန်တော်ပေါ့ဆသွားပါတယ်”
သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အပြာနုရောင်ဒြပ်စင်စွမ်းအင် အလွှာ တစ်ခုထွက်ပေါ်လာသည်။ ပဉ္စဂံအဖွဲ့အစည်းထဲတွင် ကောင်းကင်နှင့်မြေကြီး သည် ငွေရောင်ဓားငယ်ငါးချောင်းကိုဆွဲကာ ချူဖုန်း၏ အားကောင်းသော ခွန်အားကိုပြသလေသည်။ ဓား ၅ လက်ကြယ်ဝိညာဉ်သခင်။
“မိုးနတ်မင်းရေ သံမဏိသွေးက သန်မာလိုက်တာ.. တပ်မှူးကတောင် ဓား ၅ လက်ဝိညာဉ်သခင်ကြီးပဲ”
“ငါ ဘာလို့ ဝိညာဉ်သခင်ကြီးမဖြစ်ရတာလဲ.. သံမဏိသွေးထဲကိုဝင်ချင်ရင် ဘယ်လိုလုပ်ရမလဲ..”
ငွေရောင်အလင်းတန်း ပျောက်ကွယ်သွားပြီး ခရမ်းရောင်ကြေးခွံများနှင့် ကြီးမားသောမှော်သားရဲသည် ထွက်လာသည်။ ၎င်း၏ပန်းကန်လုံးအရွယ်အစား ရှိသည့် ကြေးခွံများသည် အေးစက်သောအလင်းဖြင့် တောက်ပနေကာ ၎င်း၏ ကြီးမားသောခြင်္သေ့ခေါင်းသည် သတ္တိရှိပြီး ရက်စက်သည်။ ၎င်း၏လည်ပင်းကို သံအပ်နှင့်တူသည့် လည်ဆံမွေးများဖြင့် ဖုံးအုပ်ထားသလို ၎င်း၏ခြေလေး ချောင်းကို ခရမ်းရောင်အငွေ့များဖြင့် လွှမ်းခြုံထားသည်။ ၎င်းသည် ပဉ္စဂံ အဖွဲ့အစည်းထဲကိုခြေချလိုက်ရာ လူနှင့်သားရဲများ မတားနိုင်လိုက်ကြပေ။
“ကြယ် ၉ ပွင့်နတ်သားရဲ ခရမ်းရောင်မီးတောင်ပံခြင်္သေ့”
ကွင်းထဲတွင် အမြင်ရှိသည့်လူတစ်ယောက်သည် အော်ဟစ်လိုက်သည်။ အားလုံး၏မျက်လုံးထဲတွင် ဂုဏ်သရေကြီးသောခြင်္သေ့ဘုရင်သည် တောင်ငယ် အရွယ်အစားထိ ကြီးမားလာသည်ကို မြင်နေရသည်။ ၎င်း၏ကြာပွတ်နှင့်တူ သည့် အမြီးသည် ညင်သာစွာယမ်းရာ နားစူးလောက်သည့်အသံထွက်ပေါ်လာ သည်။ ၎င်း၏အမြီးသည် လူတစ်ယောက်ကို ရိုက်မိသည်နှင့် ထိုလူ၏ အသားနှင့်အသွေးများ လွင့်ထွက်ပြီး သူတို့၏ဝိညာဉ်များလည်း ပျောက်ကွယ် သွားသည်မှာ သံသယဝင်ဖွယ်ရာမရှိပေ။
“ဝိုး”
ပင့်သက်ရှိုက်သံများ တညီတညွှတ်တည်းထွက်လာသည်။ ၎င်းသည် သံမဏိသွေးအတွက် ကျင်းပသည့် အခမ်းအနားနှင့်ပင်တူနေသည်။ ထိုကွင်း သည် သံမဏိသွေး၏အပိုင်ဖြစ်သည်။ ထိုကွင်းပေါ်တွင် သံမဏိသွေး၏ ခွန်အား ကို ပြသနေသည်။
“သခင် ဒီလိုအမှိုက်မျိုးကို တစ်ယောက်တည်းရှင်းနိုင်ရဲ့သားနဲ့ ဘာလို့ ငါ့ကို ခေါ်ထုတ်တာလဲ”
သူသည် ခေါင်းကို ထောင်လွှားစွာမော့ထားကာ ငုံ့ကြည့်လေသည်။ သူ၏ မျက်နှာအမူအရာမှာ အထင်သေးမှုများဖြင့်ပြည့်နေသည်။ အဆင့် ၃ ဝိညာဉ် သခင်နှင့် အဆင့် ၁ မှော်သားရဲများသည် ကြယ် ၉ ပွင့်နတ်သားရဲကို မလိုပေ။ သူ့ဉာဏ်တွေ ဝေဝါးသွားတာလား။
“သခင် အဆင့် ၁ မှော်သားရဲက ငါ့သွားကြားတောင်မညှပ်ဖူးဆိုတာ သိရမယ်လေ.. ငါပြန်သွားအိပ်တော့မယ်”
ကွင်းမှာ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ အားလုံး ကြက်သေသေသွားကြ၏။ ဒီမှော်သားရဲက ဘယ်သူ့ဟာလဲ။ အရမ်း ဂျီးများလွန်းတာမဟုတ်ဘူးလား။