အရှုံးကိုဝန်ခံပြီလား.. သတ်
Vol. 22 Ch. 424
မှော်သားရဲတို့၏ ခွန်အားမှာလည်း အားသာချက် အားနည်းချက်များရှိ သည်မဟုတ်ပါလား။ ဤမှော်သားရဲသည် သူ၏ပြိုင်ဘက်ကို ရွေးနေသေးသည်။ ၎င်းသည် အားနည်းလွန်းသဖြင့် တိုက်ခိုက်လိုခြင်းမရှိပေ။ ဟူး.. အဲလိုဆိုရင် တောင် သူတို့ဘာလုပ်နိုင်ဦးမှာလဲ။ ကြယ် ၉ ပွင့်နတ်သားရဲဆိုသည်မှာ သူတို့ မျှော်လင့်ခဲ့ရသည့် လက်ဆောင်ဖြစ်သည်။ ရာထူးများပြောင်းပြန်ဖြစ်ပြီး နတ်သားရဲများသည် သခင်ပင်ဖြစ်ထိုက်သည်။
“ဇိကျီ ဒီအတွက်နဲ့ ငါ့ကိုအပြစ်တင်လို့မရဘူး.. ငါ့ပြိုင်ဘက်ကို လေးစား သမှုလေးတော့ ပြချင်တယ်လေ” ချူဖုန်းသည် တအံ့တဩဖြင့် ပြောမိသည်။ သူသည် စာချုပ်တည်ထောင်ပြီးနောက် ဇိကျီ၏စိတ်ကိုသိသည်။ သူသည် ထောင်လွှားသည်။
“အင်းပါ” ထိုအခါမှပင် ခရမ်းရောင်မီးတောင်ပံခြင်္သေ့သည် လျိုတန့်နှင့် သူ့ဘေးရှိ အားနည်းသောတောရိုင်းဝက်ဝံကို ကြည့်လေသည်။ ထိုအခိုက်အတန့်တွင် မြေကြီးပေါ်ဝပ်ကာ ခေါင်းပင်မထောင်နိုင်ပေ “တော်တော်ခက်တာပဲ သခင်.. မင်းက ဒီတောရိုင်းဝက်ဝံကို ရှင်းဖို့ နင်းချေခိုင်း နေတာ”
“မင်း မင်း.. မင်းက ကြယ် ၉ ပွင့်နတ်သားရဲဆိုလည်း ဘာအရေးလဲ.. မင်းသခင်လိုမျိုး သူများကို လေးစားတတ်ဖို့တော့ သင်ယူသင့်တယ်” လျိုတန့် ပြောလေသည်။
သို့သော် ကွင်းထဲရှိ ဝိညာဉ်သခင်များအားလုံး ငိုချင်မိသည်။ သူတို့သည် ပြိုင်ဘက်ကိုလေးစားသင့်သည်မှာ အမှန်ပင်။ သို့သော် ယခုလိုလုပ်ရန် လိုသလား။ တိုက်ခိုက်ရေးစတင်ကတည်းကပင် သူတို့ဘေးမှ မှော်သားရဲများ သည် မြေကြီးပေါ်တွင် လှဲလျောင်းကာ သူတို့၏ခေါင်းကို လက်ဖြင့်ကာပြီး မထ ကြတော့ပေ။
နတ်ားရဲ၏ဖိအားနှင့် သူတို့၏သွေးသားများ၏ ဖိနှိပ်မှုသည် သာမန်မှော်သားရဲများပိုင်ဆိုင်သည့် ကြေးစားများနှင့် စွန့်စားသူများအတွက် ဆိုးကျိုးဖြစ်စေသည်။ တချို့သောသူများတွင် လျိုတန့်ကဲ့သို့ မှော်သားရဲပင်မရှိ ပေ။ ဤကွင်းကြောင့်သာမဟုတ်လျှင် သူတို့သည် သူတို့ဘဝတွင် နတ်သားရဲနှင့် အထွတ်အမြတ်သားရဲများကို မြင်နိုင်သည့်အခွင့်အရေးပင်ရှိမည်မဟုတ်ပေ။
“ဟား” ပေထင်းဟွမ်သည် မရယ်ဘဲမနေနိုင်တော့ပေ။ သူမသည် ခေါင်းခါ လိုက်သည်။ ဝမ်းကွဲအစ်ကိုရေ.. ဒီမှော်သားရဲရဲ့ စိတ်က…. တကယ်ကို ထူးဆန်းတာပဲ။
ခရမ်းရောင်မီးတောင်ပံခြင်္သေ့သည် သခင်ဖြစ်သူဆီသို့ရှေ့တိုးသွားပြီး ချူဖုန်းကို အနောက်သို့ပို့လိုက်သည် “မင်းနဲ့ ဒီတီကောင်လေးတို့.. ငါ့သခင်က ဘာမှတောင်လုပ်ဖို့မလိုဘူး”
ကွင်းတစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။ သူတို့သည် ခရမ်းရောင်မီး တောင်ပံခြင်္သေ့၏ ထောင်လွှားမှုကြောင့် မှင်တက်နေသည်။ ဒါ.. ဒါ.. ဒါက နတ်သားရဲလား။ သေစမ်း.. ဒီဒေါသက တော်တော်ခံရခက်မှာပဲ။
ဒါပေမဲ့ သူတို့တွေ အဲလောက်သဘောကျမိနေတာ ဘယ်တတ်နိုင်မလဲ။
လျိုတန့်သည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ “ငါးကို စဥ့်တီတုံးပေါ်တင်ပြီးသွားပြီ.. ခရမ်းရောင်မီးတောင်ပံခြင်္သေ့က လုပ်ချင် တာကို အကုန်လုပ်နိုင်တယ်” ၎င်းသည် ချပ်ဝတ်တန်ဆာဖြစ်ပင် ပြောင်းရန် မလိုပေ။ ကြယ် ၉ ပွင့်နတ်သားရဲကို ရင်ဆိုင်ရန် ဘာကြောင့်များ ရုန်းကန်နေရ သနည်း။
ချူဖုန်းသည် ကူကယ်ရာမဲ့သွားသည်။ သူသည် ဤကဲ့သို့ အားနည်းသော ပြိုင်ဘက်ကို တိုက်ခိုက်လိုစိတ်မရှပေ။ သူ ခေါင်းညိတ်ပြီး လျိုတန့်ကို ပြောလိုက်သည် “အရှုံးပေးလိုက်ပါ.. ဒီတိုက်ပွဲကို တိုက်ဖို့နည်းလမ်းမရှိတော့ ဘူး”
“ဟင်း.. ဒီအဘိုးကြီးကို မတိုက်ခိုက်ဘဲ အရှုံးပေးစေချင်တာလား၊ အိပ်မက်မက်နေလိုက်” လျိုတန့်သည် ချူဖုန်းအား ခက်ထန်စွာကြည့်ကာ ရုတ်တရက် တစ်ခုသတိရသွားသည် “မင်းက ငွေလရောင်…”
ဘုန်း
ချူဖုန်း၏မျက်ခုံးများသည် အေးစက်စွာကျုံ့သွားကာ ခက်ထက်သော မျက်နှာထားသည် သူ့မျက်လုံးများတွင်ပေါ်ပေါက်လာသည်။ ခရမ်းရောင် မီးတောင်ပံခြင်္သေ့၏ ကြီးမားသောသဏ္ဍာန်သည် လွင့်ပျံလာပြီး ခရမ်းရောင် မျက်လုံးများမှ လခြမ်းနှင့်တူသော မီးနှစ်ချောင်းသည် လင်းလက်သွားလေ သည်။ သူတို့သည် လေထဲတွင် တိုက်မိသွားပြီး ချက်ချင်းဆိုသလိုပင် ၎င်း၏ စွမ်းအားပျံတက်သွားလေသည်။ ၎င်း၏ရောင်ဝါသည် ကျယ်ပြန့်လာကာ စူးရှ သော လူသတ်မည့်အကြည့်နှင့် လျိုတန့်ဆီသို့ ဦးတည်လေသည်။
“ဇိကျီ.. လေဟာပြင်ခွဲခုတ်ချက်”
ချူဖုန်း၏အေးစက်တင်းမာသည့်အသံထွက်ပေါ်လာပြီးနောက် ညာဘက်တွင် မြေကြီးကိုတုန်ခါစေလောက်သည့် ကျယ်လောင်သောအသံ ထွက်ပေါ်လာ၏။ ခရမ်းရောင်နှင့်အနီရောင်မီးတောက်များရောယှက်နေသည့် စွမ်းအင်သည် မီးရှူးမီးပန်းများသဖွယ် စွမ်းအင်အကာအရံတစ်ခုလုံးတွင် ပြည့်နှက်သွားကာ ကွင်းပြင်တစ်ခုလုံးကို ခရမ်းရောင်အလင်းလွှာဖြင့် အုပ်ထား သကဲ့သို့ လင်းထိန်သွား၏။
ကျယ်လောင်သောအသံထွက်လာပြီးနောက် အားလုံးသည် ထုံသွားပြီဖြစ် သည်။ တစ်ချိန်တည်းမှာပင် သူတို့စိတ်ထဲတွင် အတွေးတစ်ခုထွက်ပေါ်လာ သည်.. သံမဏိသွေးသည် အားကောင်းလွန်းသည်။