← Chapters

အလောင်းပေါ်တက်နင်းခြင်း၊ ပုလ္လင်ပေါ်တက်ခြင်း

Vol. 22 Ch. 425

အလောင်းပေါ်တက်နင်းခြင်း၊ ပုလ္လင်ပေါ်တက်ခြင်း

Vol. 22 Ch. 425

လျိုတန့်၏သေဆုံးမှုနှင့်အတူ စွမ်းအင်အကာအရံသည် လေထဲတွင် ပျောက်ကွယ်သွားပြီး ကွင်းထဲတွင် လူနှင့်သားရဲတို့သာ ကျန်ခဲ့တော့သည်။ လေအဝေ့တွင် လျိုတန့်သည် ခရမ်းရောင်ကောင်းကင်မီးတောက်ကြောင့် ပြာကျသွားပြီဖြစ်သည်။ ပျာများသည် လွင့်ပါပျောက်ကွယ်သွားပြီး အားလုံး၏ စိတ်ထဲတွင် ထိတ်လန့်မှုကို ချန်ထားခဲ့၏။

“နှင်းမုန်တိုင်းကြေးစားအဖွဲ့ ငါနဲ့ ဘယ်သူစိန်ခေါ်ရဲသေးလဲ” ချူဖုန်း၏ မူလက နူးညံ့သောမျက်နှာသည် နှစ်ပေါင်းတစ်သောင်းကြာအောင် အရည်မပျော်သည့် ရေခဲကဲ့သို့ဖြစ်နေသည်။ သူ၏လှပသောမျက်လုံးများသည် ရေခဲကဲ့သို့အေးစက်သောအကြည့်ဖြင့် နှင်းမုန်တိုင်းအား တိုက်ရိုက်ကြည့်လေ သည်။ “ဘယ်သူမှမရှိတော့ရင်လည်း သွားကြတော့”

အန်းခိုင်သည် ထမ်းစင်ပေါ်တွင် လှဲလျောင်းပြီး ချူဖုန်းအားလက်ညှိုးထိုး လေသည်။ သူသည် ဒေါသထွက်လွန်းသဖြင့် နဂိုကပင် မတည်ငြိမ်သည့် လက်များသည် တုန်ယင်နေသည် “မင်း မင်း.. ငါတို့မင်းကိုမသိဘူးလို့မထင်နဲ့.. မင်းက မင်းက ငွေလရောင်…”

ချူဖုန်း၏မျက်ခုံးများသည် ခက်ထန်စွာကျုံ့သွားသည်။ ၁၄ နှစ်ကြာပြီး သည့်နောက် သူ့ကိုမှတ်မိသေးသည့် လူများရှိနေလိမ့်ဦးမည်ဟု သူ ထင်မထား ပေ။ သူသည် မျက်နှာဖုံးမဝတ်မိသည့်အတွက် အနည်းငယ် နောင်တရမိသည်။

သူသည် လက်ထဲတွင် စွမ်းအင်လုံးကို တင်းကြပ်စွာဆုပ်ကိုင်ထားကာ ခိုင်ရှိရာဘက်သို့ ပစ်တော့မည်ပြုသည်။ သူသည် လူရှေ့သူရှေ့တွင် အကြမ်းဖက်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။ သူသည် အန္တရာယ်မှန်သမျှကို သတ်ပစ်ချင်မိသည်။ သံမဏိသွေးသည် တည်ထောင်ပြီးလေပြီ။ သူသည် သူ၏သရုပ်မှန်ကြောင့် သံမဏိသွေးကို အန္တရာယ်မရှိစေလိုပေ။

ပေထင်းဟွမ်သည် စိတ်ထဲမှ သက်ပြင်းချမိသည်။ သံမဏိသွေးသည် အားနည်းလွန်းသည်။ သူမ၏ဝမ်းကွဲအစ်ကိုသည် လုံခြုံသည်ဟု မခံစားရသေး ပေ။

သူမ ခြေဖျားဖြင့်မြေကြီးကိုထောက်ပြီး ကွင်းဆီသို့ ပျံသွားလိုက်သည်။ သူမသည် ချူဖုန်း၏လက်ကိုဆုပ်ကိုင်ကာ မြှောက်လိုက်သည် “ဟုတ်တယ်.. သံမဏိသွေးရဲ့တပ်မှူးက ငွေလရောင်အင်ပါယာရဲ့ မင်းသား ၇ ပဲ.. အဲတော့ ဘာဖြစ်လဲ.. ကြေးစားတွေအကုန်လုံးရှိနေကြတယ်.. ငွေလရောင်အင်ပါယာရဲ့ လက်ရှိဘုရင်ကို သတင်းပို့ချင်တဲ့သူရှိရင် သံမဏိသွေးက လွန်ခဲ့တဲ့ ၁၄ နှစ်က ရန်ငြိုးအတွက် လက်စားချေမယ်လို့ သတင်းပေးလိုက်ပါ.. သူ စောင့်နေရုံပဲ.. သံမဏိသွေးက သူ့တော်ဝင်မြို့တော်ကို ပြားအောင်လုပ်ပေးမယ်.. မင်းသား ချူဖုန်းက သူ့အလောင်းကိုတက်နင်းပြီး ပုလ္လင်ပေါ်ပြန်တက်မယ်”

ကွင်းတစ်ခုလုံးတွင် လေးလံသောအသံရှူသံများ ထွက်ပေါ်လာသည်။ အယောက် ၁ သိန်းကျော်သည် သူတို့၏အသက်ကိုအောင့်ထားမိကြလေသည်။ လေထုသည် ပိုပိုပြီးလေးလံလာသည်။

သူသည် လက်ရှိဘုရင်ကြောင့် ငွေလရောင်အင်ပါယာမှ နှင်ထုတ်ခံရဖူး သည်။ လွန်ခဲ့သည့် ၁၄ နှစ်က သူတို့သည် ခွေးများသဖွယ် မှော်သားရဲတောသို့ ဝင်ခဲ့ရသည်။ ထိုအချိန်မှစပြီး သူတို့၏ကံကြမ္မာကို မသိခဲ့ရပေ။ ယခု သူတို့ထဲမှ တစ်ယောက်တွင် မွန်မြတ်သောသားရဲတပ်ကို ပိုင်ဆိုင်ရနေပြီဖြစ်၏။ ဤ အခိုက်တွင် အားလုံးသည် ငွေလရောင်အင်ပါယာကို စိတ်ပူရုံအပြင်မရှိတော့ ပေ။

“ဝိုး မင်းသားချူဖုန်းက သခင်ဟွမ်ကျို့ရဲ့ ဝမ်းကွဲလား” မြို့ဝန်သည် အသက်ကို ပြင်းပြင်းရှူမိသည်။ ဒီလူက အပျော်အော်နေတာလား.. တကယ် ကြီးလား။

သူသည် အတွေးမလွန်ရဲပေ။ သခင်ဟွမ်ကျို့သည် သန်မာလွန်းကာ ညအရှင်သည် သူမကို ဦးညွှတ်ရသည်။ ဒီလူမည်သည့်နေရာကလာသည်ကို မသိနိုင်ပေ။ သူတို့သာ သူမကို ပြစ်မှားမိလျှင် သူမနောက်မှ စွမ်းအားထွက်လာ ပြီး သူတို့ကို ချေမှုန်းပစ်နိုင်သည်။

ပေထင်းဟွမ်၏နောက်ကွယ်မှ စွမ်းအားကို ပေးထားသည်မှာ ညအရှင် ဖြစ်သည်ကို မည်သူမှ သံသယမဝင်ရဲကြပေ။ ထို့အပြင် ပေထင်းဟွမ်သည် အဆင့်မြင့် ကြယ်ဓားဝိညာဉ်သခင်ဖြစ်သော်လည်း ညအရှင်၏ခွန်အားသည် ပို၍ ခက်ခဲနက်နဲသည်။

“ရှောင်ကျို့…” ချူဖုန်းသည် ပေထင်းဟွမ်အား လှည့်ကြည့်လေသည်။ ဒီစကားက အင်ပါယာကို စစ်ကြေညာလိုက်တာနဲ့ အတူတူပဲဆိုတာရော သိရဲ့ လား။ သူသည် သူ့သရုပ်မှန်ကို မပေါ်ချင်သဖြင့် လျိုတန့်ကိုသတ်ခဲ့သည်။ သို့သော် ရှောင်ကျို့သည် တိုက်ကြီးတစ်ခုလုံးကိုကြေညာခဲ့သည်။

“ဝမ်းကွဲအစ်ကို.. မင်းကို တစ်သက်လုံး အမှောင်ထဲမှာ နေခွင့်မပေးနိုင်ဘူး၊ မင်းလည်းနေရောင်အောက်မှာနေခွင့်ရှိတယ်.. စစ်ပွဲတစ်ပွဲ ပဲမလား.. ဘာတွေကြောက်နေရမှဦလဲ.. ဒီအချိန်မှာ လူတွေက ငွေလရောင် အင်ပါယာကို ကြောက်နေမယ်လို့ယုံလား” ပေထင်းဟွမ်သည် ပြုံးပြီးပြောလိုက် သည်။

သေချာပေါ့ပင်.. မြို့ဝန်သည် ထိုစကားကိုကြားလိုက်ရသောအခါ ကျိန်ဆဲမိသည်။

သံမဏိသွေးအဖွဲ့ဝင်၏ရန်သူများသည် ပေထင်းဟွမ်၏ရန်သူဖြစ်သည်။ ဤကဲ့သို့ ကြီးမားသည့်ရန်သူကို ရင်ဆိုင်ရမည်ကို မည်သူမကြောက်ဘဲနေမည် နည်း။ သူသာဆိုလျှင် အေးအေးချမ်းချမ်းအိပ်နိုင်မည်မဟုတ်ပေ။

All Chapters