← Chapters

မဟုတ်ဘူး စိတ်မပျက်စေရဘူး

Vol. 22 Ch. 427

မဟုတ်ဘူး စိတ်မပျက်စေရဘူး

Vol. 22 Ch. 427

နှင်းဝံပုလွေမှအပ သံမဏိသွေးသည် ပင်မတိုက်ကြီးတွင် တစ်ခုတည်း သော အက်စ်အဆင့်ကြေးစားအဖွဲ့ဖြစ်လာသည်။ မသိနိုင်သော စည်းမျဉ်းများကြောင့်လား သို့မဟုတ် ဥက္ကဌမာ့၏ ကိုယ်ရေးကိုယ်တာကြောင့် စည်းမျဉ်းကို ထပ်မံချိုးဖောက်၍လားမသိပေ.. သံမဏိသွေး၏ အခြေစိုက်စခန်း ကို ကြေးစားအစည်းအရုံးဂိုဏ်းခွဲ၏ အနီးဆုံးနေရာတွင်ထားရှိထားသည်။

ပေထင်းဟွမ်သည် သာမန်ကာလျှံကာပင်ကြည့်လိုက်သည်။ ၎င်းတွင် အခန်းတစ်ရာကျော်ပါရှိကာ တစ်ခန်းတွင် အိပ်ရာနှစ်ခုပါဝင်သည်။ အိပ်ရာများများစားစားလည်း မလိုအပ်ပေ။ ပေထင်းဟွမ်သည် အဖွဲ့နှင့် ဆွေးနွေးကာ တစ်ထပ်ကို နှင်းဝံပုလွေအား ပေးလိုက်သည်။

“မင်းငါ့ကိုပေးရင်တောင် ဒီလောက်အခန်းအများကြီးမလိုပါဘူး.. ၁၀ ခန်း ဆိုလောက်ပြီ” ချင်းယွိသည် တအံ့တဩပြောလေသည်။

“အစ်ကိုကြီးချင်းယွိက ဒီလိုပြောမှတော့ ပြောတဲ့အတိုင်းလုပ်ပါ့မယ်.. ဒါပေမဲ့ ကျွန်တော်ပေးမယ့်လက်ဆောင်ကိုတော့ မငြင်းရဘူး” ထိုသို့ပြောပြီးနောက် ပေထင်းဟွမ်သည် လက်ထဲမှလက်စွပ်ကို ချင်းယွိ၏ လက်စွပ်နှင့် ထိလိုက်လေသည်။

ချင်းယွိသည် သိုလှောင်လက်စွပ်ကိုထိလိုက်သည်နှင့် အထဲတွင် မှော်သားရဲရာချီပါနေသည်ကို သိလိုက်ရသည်။ သူတို့အားလုံးသည် မွန်မြတ် သောသားရဲနှင့် အထက်ရှိသူများဖြစ်ကြသည်။ ပေထင်းဟွမ်၏ ကောက်ကျစ် သောအပြုံးကိုမြင်သောအခါ ချင်းယွိသည် သူ၏မျက်လုံးများ တောက်လောင် နေသည်ကို ခံစားမိသည်။ သူသည် လက်မြှောက်ကာ ပေထင်းဟွမ်၏ခေါင်းကို ပုတ်လိုက်သည် “ရှောင်ကျို့ မင်းက အမြဲတမ်း အစ်ကိုကြီးကိုစောင့်ရှောက်မယ့် သူပဲ”

သူသည် ဓားဂိုဏ်းအဆောက်အအုံတွင် တစ်လကျော်ကြာအောင် လေ့ကျင့်လာခဲ့သည်။ ကောင်းကင်အဆင့်သို့တက်ပြီးနောက် အပြင်မထွက်နိုင် ပေ။ သူသည် ပေထင်းဟွမ်ကို အလွန်ပင်လွမ်းဆွတ်သည်။ သူသည် သူမကို စောင့်ရှောက်ရန် အစွမ်းအစရှိပြီဟု မူလကထင်ထားသော်လည်း နောက်ဆုံးတွင် သူမ၏စောင့်ရှောက်ခြင်းကိုခံရလိမ့်မည်ဟု ထင်မထားပေ။

သည်တစ်ခေါက်သည် သူ တွေဝေနေတော့မည်မဟုတ်ပေ။ သူသည် ဓားတံခါးမျှော်စင်တွင် လေ့ကျင့်ပြီး ထိပ်ဆုံးအထပ်သို့မရောက်လျှင် ထွက်မလာ တော့ပေ။ ထိုအချိန်ကျလျှင် ရှောင်ကျို့ကို စောင့်ရှောက်ရန် အစွမ်းအစပြည့်မှီ လောက်ပြီထင်၏။

ချင်းယွိထွက်သွားပြီးနောက် ပေထင်းဟွမ်သည် အားလုံးကိုစုဝေးကာ အဖွဲ့၏စစ်ကူများကို ပြောင်းလဲပစ်သည်။ ဝိညာဉ်သခင်များအားလုံးသည် အနည်းဆုံး မှော်သားရဲနှစ်ကောင်၊ မွန်မြတ်သောသားရဲ သို့မဟုတ် နတ်သားရဲ တစ်ကောင်စီရကြသည်။ မှော်သားရဲများနှင့် စာချုပ်မတည်ထောင်နိုင်သော အဖွဲ့ထဲမှ ဓားသခင်များအားလုံးကို ဝိညာဉ်သစ်သီးနက်ပေးသည်။

“သဘာဝအရင်းအမြစ်ပဲဖြစ်ဖြစ် အဆင့်မြင့်မှော်သားရဲဖြစ်ဖြစ် ကျွန်တော့်မှာ အများကြီးပဲရှိတယ်.. မင်းတို့ရော.. မင်းတို့ဘာလုပ်ရမယ်ဆိုတာ သိတယ်မလား” ပေထင်းဟွမ်သည် ငွေလရောင်အင်ပါယာရှိရာဘက်သို့ ညွှန်ပြလေသည် “ကျွန်တော်တို့ ရန်သူကို မင်းတို့လည်းကောင်းကောင်း သိထားပြီးဖြစ်မှာပါ.. ပြောကြ၊ ယုံကြည်ချက်အပြည့်ပဲလား”

“ရှိတယ်”

နတ်သားရဲများနှင့် စာချုပ်တည်ထောင်ပြီးနောက် ဝိညာဉ်သခင်များ၏ အဆင့်များသည် ကြယ်အဆင့်များစွာတက်လာခဲ့သည်။ အဖွဲ့သည် အနည်းဆုံး ဝိညာဉ်သခင်ကြီးအဆင့်သို့ ရောက်သွားသည်။ အဖွဲ့ခေါင်းဆောင်ငါးယောက် သည် အဆင့်မြင့်နတ်သားရဲတစ်ကောင်စီနှင့် စာချုပ်တည်ထောင်ပြီးနောက် ကောင်းကင်အဆင့်သို့တက်သွားကြသည်။ အဆင့်နိမ့်ဓားကြယ်ဝိညာဉ်သခင် ကသာလျှင် ဤပြည်မကြီးတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။

‘ရှိတယ်’ ဆိုသည့်စကားနှင့်အတူ အားလုံးသည် စခန်းခေါင်မိုးကို ပေါက်သွားမတတ် သူရဲကောင်းပီသသော စိတ်ဓာတ်တက်ကြွများဖြင့် ရွှင်မြူး နေကြသည်။

ဒီလိုခေါင်းဆောင်၊ ဒီလိုငယ်တဲ့သူရဲကောင်းနဲ့ဆိုရင် ဘယ်လိုလုပ် ယုံကြည်ချက်အပြည့်မရှိဘဲနေမလဲ။

“အရမ်းကောင်းတယ်” ပေထင်းဟွမ်သည် လက်သီးကိုကျစ်ကျစ်ပါ အောင်ဆုပ်ကာ မြင့်သထက်မြင့်အောင် မြှောက်လိုက်သည်။ “ဒါဆို ကျွန်တော့်ကို ပြပေးကြ.. အဖွဲ့ရဲ့ခွန်အားကိုမြှင့်တင်ကြ.. ဒီကိစ္စကို အားလုံးကိုပဲ အပ်လိုက်ပြီ.. ကျွန်တော့်ကို စိတ်ပျက်အောင်လုပ်မှာလား”

“မလုပ်ဘူး” အားလုံးသည် တညီတညာတည်းပြန်ဖြေကြပြန်သည်။ အားလုံး၏မျက်နှာပေါ်တွင် ယုံကြည်ချက်ရှိသော အပြုံးများရှိနေကြသည်။ အားလုံးသည် စိတ်ထဲတွင် ခိုင်မာသောယုံကြည်ချက်ရှိနေသည်။ သူတို့သည် အနာဂတ်တွင် သံမဏိသွေးကို တိုက်ကြီးတစ်ခုလုံးကို ဖြတ်ကျော်နိုင်သည့် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲပစ်မည်။

မှော်သားရဲများနှင့် သစ်သီးနက်များကို ခွဲဝေပြီးနောက် ဓားသခင်များ သည် ခွန်အားတိုးစေရန်အတွက် သစ်သီးနက်များကိုသန့်စင်ရန် စုဝေးလိုက်ကြ သည်။ ထိုအချိန်တွင် ဝိညာဉ်သခင်များသည် ရုတ်တရက်တိုးတက်လာသော ၎င်းတို့၏နယ်ပယ်ကို စုစည်းရန် အတူတကွ စုရုံးခဲ့ကြသည်။ သူတို့ခေါင်းဆောင် ကိုပေးထားသည့် ကတိကိုမည်သူမှမမေ့ကြပေ။

အားလုံးသည် သူတို့၏အားထုတ်မှုကို ပေထင်းဟွမ်မြင်ရန် မျှော်လင့်ကြ သည်….

All Chapters