← Chapters

နတ်သားရဲတပ်ဖွဲ့

Vol. 22 Ch. 428

နတ်သားရဲတပ်ဖွဲ့

Vol. 22 Ch. 428

“ခေါင်းဆောင် ရှင်ထွက်သွားတော့မလို့လား” ဆယ်လင်းသည် အနည်းငယ် ဝမ်းနည်းနေသည်။ သူမသည် သူနှင့်လမ်းမခွဲချင်သော်လည်း မကြာခင်ပြန်တွေ့လိမ့်မည်ကို သူမ သိနေသည်။ သို့သော် ယခုအချိန်ခွဲခွာ ပြီးနောက်မည်သည့်အချိန်မှပြန်တွေ့ရမည်ကို မသိပေ။ ဤအေးစက်သော လူငယ်သည် ပိန်ပါးသော်လည်း အားကောင်းသည့်ရောင်ဝါရှိသည်။ သူသည် သူတို့၏ခွန်အားအရင်းအမြစ်ဖြစ်လာပြီဖြစ်၏။ သူထွက်သွားမည့်အကြောင်းကို တွေးမိသည်နှင့် သူတို့အတွက် မသက်မသာဖြစ်စေသည်။

“ဟုတ်တယ် ခေါင်းဆောင် ကျုပ်တို့နဲ့ ခဏလောက်နေလို့မရဘူးလား” ခိုင်သည် ဝေဝါးနေသည်။ ဤအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ တွန့်ဆုတ်မှုသည် ခိုင်မာစွာရှိနေသည်။

အဖွဲ့ဝင်များနှင့် သူမကို တွန့်ဆုတ်စွာကြည့်နေသောချူဖုန်းကိုကြည့်ပြီး ပေထင်းဟွမ်သည် အသက်ကိုပြင်းပြင်းရှူလိုက်ရာ သူမ၏လည်ချောင်းတွင် အစိုင်အခဲကြီးတစ်ခုကို ခံစားမိလိုက်သည်။ သူမ လျှောက်သွားပြီး ချူဖုန်းကို တင်းကြပ်စွာပွေ့ဖက်ပြီးနောက် အဖွဲ့ခေါင်းဆောင်ငါးယောက်ကို တစ်ယောက် ချင်းစီ ပွေ့ဖက်ုလိက်သည် “ဝမ်းကွဲအစ်ကို၊ ဆယ်လင်း၊ ခိုင်၊ ဖုန်းဟိုင်၊ ဝေ့အာရှင်းနဲ့ ဖန်ဖင်.. အချိန်တစ်ခုလောက်တော့ သံမဏိသွေးကို ခင်ဗျားတို့နဲ့ အပ်ထားဦးမယ်.. ကျွန်တော်ပြန်လာပါ့မယ်”

ဝေ့အာရှင်းသည် ပေထင်းဟွမ်၏ ပခုံးကို နှစ်သိမ့်သလိုပုတ်ပြီး ခေါင်းလှည့်ကာ ချူဖုန်းနှင့်တခြားသူများကို ပြောလိုက်သည် “ဟုတ်ပြီ ငါတို့ ခေါင်းဆောင်ကို ဝမ်းနည်းအောင်မလုပ်နဲ့တော့.. ခေါင်းဆောင်ရဲ့ အရည်အချင်း နဲ့ဆိုရင် သူ့အရည်အချင်းကို မှော်သားရဲတောမှာ မြှုပ်ထားဖို့က နှမြောဖို့ ကောင်းတယ်.. ငါတို့ရှိနေရင် သံမဏိသွေးလည်း ကောင်းကောင်းတိုးတက်မှာ ပါ.. နောက်ဆိုရင် သံမဏိသွေးက ငါတို့ခေါင်းဆောင်ရဲ့ နောက်ခံဖြစ်လာမှာ.. အသန်မာဆုံးဖြစ်လိမ့်မယ်လို့ မပြောနိုင်ပေမဲ့ မင်းကို အရှက်ရအောင်တော့ မလုပ်ပါဘူး”

“ဟုတ်တယ်” ဆယ်လင်းသည် မျက်နှာမှ မျက်ရည်များကိုသုတ်ပစ်ကာ သူမ၏အတွေးများကို ဖော်ပြလေသည် “စစ်ဦးစီး ကျွန်မတို့ တပ်မှူးချူဖုန်းနဲ့ ပူးပေါင်းပြီး သံမဏိသွေးကို အမြင့်ကိုရောက်အောင် အတူလုပ်သွားမှာပါ.. စစ်ဦးစီးပြန်လာရင် ကျွန်မတို့လုပ်ခဲ့တယ်လို့ ဂုဏ်ယူပြီးပြောနိုင်မှာပါ”

ဖုန်းဟိုင်နှင့် ဖန်ဖင်တို့လည်း ခိုင်မာစွာပင် ခေါင်းညိတ်ကြသည် “ဟုတ်တယ် စစ်ဦးစီး.. ကျွန်တော်တို့ပြိုင်ပြီး ဘယ်သူကအသန်မာဆုံးလဲဆိုတာ ဘာလို့မကြည့်မှာလဲ”

“ငရဲသွားလိုက်လေ.. မင်းက ခေါင်းဆောင်နဲ့ပြိုင်ရဲသေးတာလား.. ခေါင်းဆောင်ကိုကြည့်လိုက်.. သူက ငါတို့နဲ့ခွဲတာမှ ရက်ပိုင်းပဲရှိသေးတာ အဆင့်မြင့် ဓားကြယ်ဝိညာဉ်သခင်ဖြစ်နေပြီ” ဆယ်လင်းသည် ရန်ထောင်လိုက် ရာ တင်းမာနေသော လေထုသည် ချက်ချင်းပြန်ကောင်းသွားသည်။

“ဟား ဟား ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းဆောင်နောက်ကိုတော့ ကျန်မနေနိုင်ဘူးလေ”

“ဟုတ်တယ်.. ငါတို့အဖွဲ့က အနည်းဆုံး ငွေလရောင်အင်ပါယာထက် သာရမယ်.. ဟီးဟီး အဲအချိန်ကျရင် ငွေလရောင်အင်ပါယာရဲ့ မြင်းပျံတပ်က ပို အားကောင်းလား ငါတို့နတ်သားရဲတပ်က ပိုအားကောင်းလားဆိုတာ ကြည့်ရ မယ်”

နတ်သားရဲတပ်.. နတ်သားရဲတပ်ကိုပြောလိုက်လျှင် တပ်ခွဲမှူးများ၏ မျက်နှာထားများသည် ချက်ချင်းပင် စစ်တိုက်ရန် စိတ်ခွန်အားအပြည့်ဖြစ်သွား သည်။ သူတို့သည် ငွေလရောင်မြို့ကို သွားပြီး ရှင်းထုတ်ချင်မိသည်။

ဖြစ်နိုင်သည်မှာ အပြင်မှလူများသည် သံမဏိသွေးကြေးစားအဖွဲ့၏ မွန်မြတ်သောသားရဲတပ်ဖွဲ့အကြောင်း ပြောနေချိန်တွင် သူတို့တွင်တကယ်ရှိနေ သည်မှာ နတ်သားရဲတပ်ဖြစ်လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ အနာဂတ် တွင် သူတို့၏တပ်ဖွဲ့သည် အထွတ်အမြတ်တပ်ဖွဲ့လည်းဖြစ်လာနိုင်သည်။ ထိုအရာကိုမည်သူတွေးမိမည်နည်း။

“ရှောင်ကျို့” ချူဖုန်းသည် ပေထင်းဟွမ်အား သိုင်းဖက်လိုက်သည် “မင်းက ငါ့အတွက်ပဲ အမြဲတွေးပေးတာ.. စိတ်မပူနဲ့ ငါရှိနေရင် မင်းကို စိတ်မပျက်စေရဘူး”

“မဟုတ်ဘူး” ပေထင်းဟွမ်သည် ချူဖုန်း၏ပခုံးကိုပုတ်လိုက်သည်။ “ငါ့အတွက် ခွန်အားက အရေးအကြီးဆုံးမဟုတ်ဘူး.. မင်းနဲ့ သံမဏိသွေးတို့ ဘေးကင်းဖို့က အခုချိန်မှာအရေးကြီးဆုံးပဲ.. ငါ မင်းကိုမဆုံးရှုံးချင်ဘူး.. ငါ ဘာပဲလုပ်လုပ် မင်းရဲ့လုံခြုံရေးက အရေးကြီးဆုံးပဲ”

မသိလိုက်ခင်မှာပင် ပထမအရုဏ်ဦး၏ အလင်းရောင်ခြည်သည် တစ်ပြည်လုံးကို ဖြည်းညှင်းစွာ ထွန်းညှိလိုက်၏။ လူငယ်၏မျက်နှာပေါ်တွင် အလင်းတန်းတစ်ခု တောက်ပလာကာ မှောင်နက်သော သူ၏မျက်လုံးများသည် ကောင်းကင်မှကြယ်များကဲ့သို့ တလက်လက်တောက်နေသည်။ ထိုအခိုက်အတန့်တွင် အားလုံး၏စိတ်ထဲတွင် အတွေးတစ်ခုသာရှိသည်။ သံမဏိသွေးကို ခေါင်းဆောင်၏ အသန်မာဆုံးနောက်ခံဖြစ်အောင်လုပ်မည်။ သူတို့သည် သူမ၏လက်ထဲမှ အထက်ဆုံးဓားဖြစ်လာကာ သူမအတွက် အနှေဦင့်အယှက်များအားလုံးကို ရှင်းထုတ်ပေးနိုင်သည့် အထက်ဆုံးဓားရှည် ဖြစ်လာရမည်။

All Chapters