← Chapters

ရန်ပုံငွေပြတ်လပ်ခြင်း

Vol. 22 Ch. 429

ရန်ပုံငွေပြတ်လပ်ခြင်း

Vol. 22 Ch. 429

မနက်ခင်းနေရောင်အောက်တွင် အဖွဲ့ခေါင်းဆောင်ငါးယောက်နှင့် ဝမ်ဝေ့ တို့သည် မြောက်ပိုင်းရှိ အထင်ရှားဆုံးမြို့ဖြစ်သည့် မဟာမိတ်မြို့တွင် တပ်ဖွဲ့ဝင် များကို စုဆောင်းခဲ့သည်။ သူမသည် ခြင်္သေ့လင်းယုန်နှင့်အတူ ထွက်သွားရန် ချူဖုန်းနှင့် ချင်းယွိတို့သည် ပေထင်းဟွမ်အား မဟာမိတ်မြို့ရှိ ခြင်္သေ့လင်းယုန် စခန်းသို့ ပို့ဆောင်ပေးကြသည်။

ကျယ်ပြန့်သောလူအုပ်ထဲတွင် ရှည်လျားသော လူတန်းကြီးရှိနေသည်။ ကြီးမားသောခြင်္သေ့လင်းယုန်သည် စခန်းတွင် သူတို့ကိုရွေးချယ်မည့်လူကို စောင့်ဆိုင်းနေသည်။

ပေထင်းဟွမ်သည် နှာခေါင်းကိုထိကာ ချင်းယွိအားပြောလိုက်သည် “အစ်ကိုကြီးချင်းယွိ ရှန်းယန်မြို့ကိုသွားတာ ခြင်္သေ့လင်းယုန်မစီးဘဲ ကိုယ့် မှော်သားရဲကိုယ်စီးသွားလို့မရဘူးလား”

“ဒါက..” ချင်းယွိသည် ဘာပြောရမှန်းမသိဖြစ်သွားသည် “ရှောင်ကျို့ မြို့တိုင်းက ရန်သူ ဒါမှမဟုတ် အားကောင်းတဲ့မှော်သားရဲတွေ တိုက်ခိုက်တာကို ကာကွယ်ဖို့ အားကောင်းတဲ့တပ်ဖွဲ့တွေနဲ့ စောင့်ကြပ်နေကြတာ.. ဒီကနေ ရှန်းယန်မြို့ကိုဆို မြို့တွေအများကြီးဖြတ်သွားရမှာလေ.. တကယ်လို့ အမျိုးအမည်မသိတဲ့ဟာတစ်ခုခု ပျံလာတယ်ဆိုရင် မြို့အစောင့်တွေက အောက်ကျအောင် မှော်ဖန်အမြောက်ကိုအသက်သွင်းကြလိမ့်မယ်.. အဲဒါဆို အန္တရာယ်များတယ်”

မှော်ဖန်အမြောက်သည် ရှေးခေတ်ဟောင်းမှ ဆင်းသက်လာခြင်းဖြစ် သည်။ ၎င်းတို့ကို အားကောင်းသောအဆင့်မြင့်မှော်သားရဲများ၏ မှော်အရိုးများကို မီးရှို့ရန်အသုံးပြုခဲ့သည်။ ၎င်းတို့သည် အဖိုးတန်သည်။ သို့သော် မပြောပနိုင် လောက်အောင် အားကောင်းသည်။

ပေထင်းဟွမ်သည် စဉ်းစားကြည့်သည်နှင့် ကြောက်လန့်မိသည်။ သို့သော် ခြင်္သေ့လင်းယုန်ငှားရမ်းခြင်းမှာ အခကြေးငွေ များစွာပေးရသည်။ ပေထင်းဟွမ် သည် သူမ၏အိတ်ကိုထိလိုက်သည်။ သူမသည် ငွေကြေးပြတ်လပ်နေပုံပင်။

ထိုအရာကိုထုတ်ပြောရန်မှာ ရှက်မိသည်။ သားရဲထိန်းသခင်ကြီးတွင် ခြင်္သေ့လင်းယုန်ကိုစီးရန် ပိုက်ဆံမရှိနေသည့် သတင်းထွက်သွားလျှင် ခေါင်းပြုတ်ထွက်အောင် ရယ်ကြလိမ့်မည်။

“ရှောင်ကျို့ မင်း..” ချင်းယွိသည် မတတ်သာစွာဖြင့် ပြုံးပြီး ခေါင်းခါလိုက် သည်။ ပေထင်းဟွမ် သူ့ကိုမှော်သားရဲပေးသလိုပင် သူသည် သူတို့၏လက်စွပ် ချင်းထိလိုက်သည်။ ပေထင်းဟွမ်၏လက်စွပ်ထဲသို့ များစွာသောပတ္တမြားများ ရောက်လာသည်။

“အာ..” ပေထင်းဟွမ်သည် အနည်းငယ်ရှက်ရွံ့မိသည်။ သူမ၏ ဖြူလျ သော မျက်နှာပေါ်တွင် ရှက်သွေးဖြာမှုများ ဖြတ်ပြေးသွားသည် “ဒါဆို အစ်ကိုကြီးချင်းယွိ ယဉ်ကျေးမနေတော့ဘူးနော်”

“ယဉ်ကျေးရဲရင်လည်း နောက်ဆို ငါ့ကိုအစ်ကြီးလို့ခေါ်ခွင့်မပေးတော့ဘူး” ချင်းယွိသည် စိတ်ဆိုးချင်ယောင်ဆောင်လေသည်။

“ဟူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ပေထင်းဟွမ်သည် ပြုံးပြီး ရှေ့နှစ်လှမ်း ပြေးသွားကာ သူတို့နှစ်ယောက်ကို လက်ပြနှုတ်ဆက်လိုက်သည် “ပိုက်ဆံရှိတဲ့ ခံစားချက်က အရမ်းကောင်းတာပဲ”

လူငယ်၏ပြုံးနေသောမျက်နှာသည် သူတို့မြင်ကွင်းမှ လူအုပ်ထဲသို့ ပျောက်ကွယ်သွားလေသည်။ သို့သော်ချူဖုန်းနှင့် ချင်းယွိတို့သည် အကြည့်ကို ပြန်မရုတ်သိမ်းပေ။ သူတို့၏စိတ်ထဲတွင် ခိုင်မာသောအတွေးတစ်ခုပေါ်လာ၏။ ရှောင်ကျို့သည် ဤခံစားချက်ကိုကြိုက်သည်။ သူတို့သည် ပိုက်ဆံပိုရှာပြီး နောင်တွင် ရှောင်ကျို့ပိုက်ဆံပြတ်သည့်အချိန်တွင် ပေးရမည်။

ရာယာအင်ပါယာသည် ပင်မတိုက်ကြီးတွင် အကြီးဆုံးနိုင်ငံဖြစ်သည်။ ၎င်းသည် ကျယ်ပြန့်ပြီး၊ မြေနေရာများပေါများသလို အားကောင်းသောတပ်ဖွဲ့ လည်းရှိသည်။ ၎င်းသည် ဝိညာဉ်သခင်မိသားစုကြီးလေးခု၏ နေရာဖြစ်သည်။ တိုက်ကြီးတွင် နာမည်အကျော်ကြားဆုံးကျောင်း အင်ပါယာကျောင်းတွင် ဤတိုင်းပြည်၏ မရေမတွက်နိုင်သော ကျွမ်းကျင်သူများရှိသည်။ အင်ပါယာ၏ နောက်ကွယ်တွင် အလွန်အားကောင်းသည့် ကျွမ်းကျင်သူများနှင့် အဖွဲ့အစည်း များစွာရှိသည်။ သူတို့သည် ဤတိုင်းပြည်တွင် နှစ်ပေါင်းတစ်သောင်းကြာ အောင် မကုန်ခမ်းနိုင်သောသမိုင်းကြောင်းကို ရေးသားခဲ့ကြသည်။

ထိုတိုင်းပြည်သည် ဤတိုက်ကြီးတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်း ကတည်းက အလှည့်အပြောင်းမရှိသည့် တစ်ခုတည်းသောတိုင်းပြည်ဖြစ်သည်။

ရာယာအင်ပါယာ၏ မြို့တော်ဖြစ်သည့် ရှန်းယန်မြို့ ရာယာအင်ပါယာ တစ်ခုလုံးတွင် အားအကောင်းဆုံးမြို့တော်ဖြစ်သလို တိုက်ကြီးတစ်ခုလုံးတွင် လည်း အားအကောင်းဆုံးဖြစ်သည်။ ထိပ်တန်းကုန်သည်ကြီးများအသင်း သုံးခု၏ ဌာနချုပ်နှင့် အဓိကဂိုဏ်းကြီးငါးခု၏ ဌာနချုပ်ကို အနေရာတွင် တည်ထောင်ခဲ့ပြီး တိုက်ကြီးတစ်ခုလုံး၏ စီးပွားရေးအသက်သွေးကြောနှင့် စီးပွားရေးစည်းမျဉ်းများကို ထိန်းချုပ်ထားသည်။

ခြင်္သေ့လင်းယုန်ပေါ်တွင်ရပ်ပြီး အောက်မှရှန်းယန်မြို့တစ်ခုလုံးကို ငုံ့ကြည့်မိသည်။ မြို့ထဲတွင် ပင်မပြည်နယ်လေးခုရှိသည်။ အလယ်တွင် လကို ကြယ်များဝန်းရံထားသကဲ့သို့ အင်ပါယာမြို့တော်သည် သဘာဝအတိုင်း ဗဟို ဝင်ရိုးပေါ်တွင် တည်ရှိသည်။ တခြားပြည်နယ်သုံးခုသည် ဝိညာဉ်သခင်မိသားစု ကြီးလေးခု၏ အဓိကမြို့တော်ဖြစ်ကာ အဓိကအစည်းအရုံးငါးခုနှင့် တိုက်ကြီး ပေါ်ရှိ နာမည်ကြီး အင်ပါယာကျောင်းတော်တည်ရှိသည်။

ဧကသန်းအနည်းငယ်ရှိသော ဧရိယာတွင် တိုက်ကြီးရှိ အချမ်းသာဆုံးမြို့ ဖြစ်သည့် ရှန်းယန်မြို့ကို တည်ဆောင်ထားသည်။ မြို့တံတိုင်းပေါ်တွင် ရှေးအခါများဆီက ဆင်းသက်လာည့် မှော်ဖန်အမြောက် ၈ ခုရှိသည်။ အမြောက် များ၏ အနက်ရောင်ကျည်များသည် အန္တရာယ်များသောအလင်းရောင်များ လက်နေသည့် ရက်စက်သောသားရဲများ၏ မျက်လုံးများကဲ့သို့ ရှေးခေတ်က ကျန်ခဲ့သည့် တစ်ခုတည်းသောမြို့တော်ကို ကာကွယ်ပေးနေသည်…

All Chapters