သခင်လေး ၉ ရဲ့လက်မထပ်ရသေးတဲ့ဇနီး
Vol. 22 Ch. 431
“ယွိအာ မရိုင်းနဲ့” သမီးဖြစ်သူမှ ထိုလူများကို ပြစ်မှားမိမည်ကို နန်ကုန်းကျိယင် ကြောက်သဖြင့် ရှေ့သို့အမြန်ရောက်လာကာ မုဝမ်ယွဲ့ကို ပြန်ဆွဲထားလေသည်။ သူမသည် ဂရုစိုက်တပင်တောင်းပန်ကာ နန်ကုန်း မိသားစု၏ဘဏ္ဍာထိန်းကိုပြောလိုက်သည် “ကျွန်မတို့ကို လာကြိုရအောင် ဒုက္ခ ပေးမိတဲ့အတွက် တောင်းပန်ပါတယ်”
ထိုတာဝန်ကျသူသည် မုဝမ်ယွဲ့ကို အလေးအနက်ကြည့်ပြီး မောက်မာ သောအပြုံးဖြင့် ခေါင်းဆတ်ပြလေသည်။ သူသည် နန်ကုန်းမိသားစု၏ အစေခံ သာဖြစ်သော်လည်း သူ၏အပြုအမူများသည် အလွန်ထူးခြားသည်။ သူသည် သူ့နောက်မှလိုက်လာသည့် လော့ပေမြို့၏မြို့ဝန်ကို ပြုံးပြကာ လက်ကို တသီးတသန့်ပင်မြှောက်လိုက်သည် “မြို့ဝန်မုနဲ့မြို့ဝန်ကတော် ကျုပ်က အကြီးအကဲ ၅ ရဲ့အမိန့်နဲ့ မြို့ဝန်၊ သခင်မနဲ့ ခင်မလေးကို လာကြိုတာပါ.. ရထားလုံးပေါ်တက်ပေးပါ”
လူတစ်စုသည် ပေထင်းဟွမ်ကိုဖြတ်သွားပြီး ဇိမ်ခံရထားလုံးငါးစင်းဆီသို့ သွားကြလေသည်။ ပေထင်းဟွမ်သည် ငဲ့စောင်းကြည့်လိုက်ရာ အနောက်မှ မိန်းကလေးသည် အလွန်နူးညံ့ဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမသည် ခေါင်းငုံ့ထားကာ အလွန်ပင် ဂရုတစိုက်ပြုမူနေသည်။ သူမ၏မှတ်ဉာဏ်ထဲတွင် သူမသည် အလွန်နူးညံ့သည်။ သူမသည် အနောက်မှလိုက်ပြီး ခေါ်လိုက်သည် “သခင်လေး ၉ သခင်လေး ၉” မည်သည့်ကိစ္စမျိုးဖြစ်စေခဲ့ကာမူ ထိုပိန်ပါးသော ခန္ဓာကိုယ်သည် သူမရှေ့တွင်ရပ်နေသည်။
ထိုမိန်းကလေးသည် သူမ၏ဇနီးလောင်း မုချင်းလင်ပင်ဖြစ်သည်။
ချင်းလင် ငါတို့ပြန်တွေ့ကြပြီပဲ။
ပေထင်းဟွမ်သည် သူမအား လေးနက်စွာစိုက်ကြည့်လိုက်သည်။ လော့ပေချန်း၏ အထီးကျန်ပြီးအကူအညီမဲ့သော နှစ်များတွင် သူမကိုနှစ်သိမ့် ပေးသူမှာ ဤမိန်းကလေးသာရှိခဲ့သည်။
သူတို့မတွေ့ခဲ့ရသည့် နှစ်တစ်ဝက်အတွင်းတွင် သူမ သတိအရဆုံးမှာ လော့ပေမြို့တွင် ကျန်ခဲ့သည့် မိန်းကလေးပင်ဖြစ်သည်။ လော့ပေမြို့တွင် သူမ အနိုင်ကျင့်ခံနေရမည်ကို ကြောက်ခဲ့သည်။
မုချင်းလင်သည် တစ်စုံတစ်ရာကို အာရုံခံမိသည့်အလား ပေထင်းဟွမ် ဘက်သို့ ခေါင်းဆောင်းငဲ့ကြည့်လေသည်။ သူမသည် ပေါ်လွင်သည့် မေးစေ့ကို သာထုတ်ဖော်ထားသည့် အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားလေးတစ်ယောက် ကိုသာ တွေ့ရလေသည်။ သူသည် ကျောက်စိမ်းနှင့်ထွင်းထုထားသည့် လခြမ်းကွေးနှင့်တူသည်။ သူမသည် စိတ်ထဲမှရေရွတ်မိသည် “အဲလူငယ်က ဘယ်သူမို့လို့ အဲလိုမျိုး တင့်တယ်နေတာလဲ”
“နေဦး”
မောက်မာသောအသံထွက်လာရာ ခြင်္သေ့လင်းယုန်စခန်းမှ လူများ အားလုံးသည် အသံလာရာသို့ကြည့်လိုက်ကြသည်။ နန်ကုန်းမိသားစု၏ ရထားလုံးဘေးတွင် နီနီရဲရဲဝတ်စုံကိုဝတ်ဆင်ထားသည့် မုဝမ်ယွဲ့သည် မုချင်းလင်ကိုတားလိုက်သည်။ သူမသည် မေးကိုမြင့်မြင့်မော့ထားကာ သူမ၏ အထင်သေးသောအကြည့်များကို ဖုံးကွယ်ထားခြင်းမရှိပေ။ သူမသည် မုချင်းလင်ကို မျက်လုံးထောင့်မှကြည့်ပြီး လှောင်ပြောင်သလိုကြည့်လေသည် “ဒါက နန်ကုန်းမိသားစုရဲ့ရထားလုံးပဲ.. နင်က ဘာအခွင့်အရေးနဲ့စီးမှာလဲ”
မုချင်းလင်သည် ထိတ်လန့်စွာဖြင့် ခေါင်းမော့လိုက်သည်။ သူမ၏ လက် တစ်ဖဝါးစာမျက်နှာလေးသည် စတင်စိုးရိမ်ပုံပေါက်လာသည်။ ဤအခိုက်အတန့်တွင် အားလုံးသည် သူမ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။
သူမသည် ကြယ်သီးများထိုးထားသည့် ပဒုမ္မာပါးအဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ အရည်အသွေးမြင့်အနီရောင်ဝတ်စုံဝတ်ဆင်ထားသည့် မုဝမ်ယွဲ့နှင့်ယှဉ်ကြည့်လျှင် တစ်ယောက်သည် မျိုးရိုးမြင့်မိန်းကလေးဖြစ်ကာ နောက်တစ်ယောက်မှာ အစေခံနှင့်တူနေသည်။
ပေထင်းဟွမ်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ မုဝမ်ယွဲ့ မင်းက တကယ်သေချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာ ပေါ့။
မုချင်းလင်သည် မုဝမ်ယွဲ့၏ မျက်နှာကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက် သည်။ မုဝမ်ယွဲ့သည် လူအများရှေ့တွင် သူမ ရထားလုံးပေါ်တက်မည်ကို တားမည်ဟုထင်မထားပေ။
သူမသည် အခက်တွေ့မိသည်။ သူမသည် ရထားလုံးပေါ်တက်နေသည့် ဖခင်ဖြစ်သူ မုလီဖုန်းကို လှည့်ပြောလိုက်သည် “အဖေ ကျွန်မ မြို့ထဲကို ဘယ်လို ဝင်ရမှာလဲ”
မုလီဖုန်းသည် အလွန်အခက်တွေ့သည့် အနေအထားသို့ရောက်နေသည်။ သူသည် ဘေးမှဇနီးဖြစ်သူကို ကြည့်လိုက်သည်။ နန်ကုန်းကျိယင်သည် သူ့ အကြည့်ကို လျစ်လျူရှုသည်ကို ကြည့်ပြီး သူပြောရုံသာတတ်နိုင်တော့သည် “ချင်းလင် အရင်ဆုံး မြို့ထဲကိုဘာလို့ လမ်းလျှောက်မသွားရမှာလဲ.. ရှန်းယန်း မြို့ကိုရောက်တာနဲ့ အဖေ မင်းကို လာရှာဖို့နည်းလမ်းစဉ်းစားကြည့်ပါမယ်”
“ဟင်း မင်းက ပေထင်းမိသားစုက သခင်လေး ၉ ရဲ့ လက်မထပ်ရသေးတဲ့ ဇနီးမလား.. ဟင်း ဟင်း အသုံးမကျတဲ့ သတို့သားလောင်းရှိတာ ဘယ်လိုခံစား ရလဲ.. ပေထင်းမိသားစုက ဘာလို့မင်းကို လာမကြိုတာလဲ..”
မုဝမ်ယွဲ့၏ ပါးစပ်သည် စက်သေနတ်သဖွယ် မရပ်မနားပြောလေသည်။ ထိုအချိန်တွင် မြို့ထဲမှဇိမ်ခံရထားလုံးပျံတစ်စင်းပျံလာကာ သူတို့ရှိရာသို့ ဆင်းသက်လိုက်သည်။ မုဝမ်ယွဲ့ စကားမဆုံးခင်မှာပင် ထိုဇိမ်ခံရထားလုံးသည် သူမရှေ့မှ ရထားလုံးကို ရုတ်တရက်တိုက်လိုက်သည်…