Chapters

ညအရှင်သခင်က ကျွန်မကိုလာကြိုခိုင်းတာလား

Vol. 22 Ch. 432

ညအရှင်သခင်က ကျွန်မကိုလာကြိုခိုင်းတာလား

Vol. 22 Ch. 432

မုဝမ်ယွဲ့သည် အားကောင်းသော ရထားလုံး၏ သက်ရောက်မှုကြောင့် လွင့်သွားလေသည်။ ၎င်းရထားလုံးသည် မုချင်းလင်ကို တိုက်မိမည်အပြုတွင် သူမ၏လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်မှ ဖျစ်ညှစ်လိုက်သည်ကို မုချင်းလင် ခံစားမိလိုက်သည်။ ပေါ့ပါးသောအင်အားတစ်ခုသည် အားကောင်းသော သက်ရောက်မှုမှ သူမကို ဆွဲဖယ်ပစ်လိုက်သည်။

“အာ…”

နာကျင်သဖြင့် စူးရှစွာပေါ်ထွက်လာသောအသံသည် တိမ်တိုက်များကို ဖြတ်သွားလေသည်။ အားလုံးကြည့်လိုက်ကြရာ မြေပေါ်တွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော မောက်မာသောမိန်းကလေးကို မြင်လိုက်ရ၏။ သူမ၏ မူလကလှပသောမျက်နှာတွင် ရှည်လျားသောဒဏ်ရာကြီးဖြစ်သွားပြီး လွန်စွာ ကြောက်စရာကောင်းနေ၏။

“ယွဲ့အာ”

နန်ကုန်းကျိယင်နှင့် မုလီဖုန်းတို့သည် ရထားလုံးပေါ်မှခုန်ဆင်းလိုက်ကြ သည်။ မုလီဖုန်းသည် သမီးဖြစ်သူ၏ခန္ဓာကိုယ်ပေါ်မှ ရထားလုံးကို ဖယ်ရှား လိုက်သည်။ နန်ကုန်းကျိယင်သည် မုဝမ်ယွဲ့ကို အလျင်အမြန်ထူကာ စိုးရိမ်တကြီးမေးလေသည် “ယွဲ့အာ ဘာဖြစ်သွားသေးလဲ နာသွားလား”

ထိုမတော်တဆမှုဖြစ်သွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။ နန်ကုန်းမိသားစု၏ ဘဏ္ဍာထိန်းသည် ဒေါသတကြီးပျံသွားမည်ပြုသည်။ သို့သော် ရထားလုံးပျံပေါ်မှ ကြီးမားသော သွေးလကိုမြင်သောအခါ သူ့မျက်လုံး ထောင့်များ တွန့်သွာပြီး ပါးစပ်ပိတ်သွားလေသည်။

“မိုးနတ်မင်းရေ ဒီ.. ဒီရထားလုံးက…”

မထိန်းချုပ်နိုင်သော ညိုညင်သံများ လူအုပ်ထဲမှထွက်လသည်။ မည်သူက မှ သူတို့၏ခံစားချက်ကို မထိန်းချုပ်နိုင်ကြပေ။ သူတို့ ဘာမြင်လိုက်တာလဲ။ လေကိုထိုးထွင်းနိုင်တဲ့ ဝိညာဉ်ပစ္စည်းပဲ။ ဒီရထားလုံးက သာမန်မဟုတ်ဘူး။ လေပေါ်ကိုပျံနိုင်တယ်။ လေကိုထွင်းနိုင်တဲ့ ပစ္စည်းဆိုတာသေချာတယ်။

တည်ဆောက်ရသည့် လေထုခွင်းဝိညာဉ်ပစ္စည်းများသည် အလွန်ရှားပါး သည်။ ဘယ်လူကြီးမင်းက ဒီလောက်တောင် မိုက်နေတာလဲ။ ဒီလို လေထိုခွင်း ဝိညာဉ်ပစ္စည်းကိုမောင်းတဲ့သူကလည်း အဆင့်နိမ့်မှာမဟုတ်ဘူး။ ဒီလောက် ကောင်းတဲ့ဝိညာဉ်ပစ္စည်းပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ။

အလွန်ဆိုးယုတ်ပုံပေါက်သည့် လူတစ်ယောက် ရထားလုံးပေါ်မှ ဆင်းလာ သည်။ သူသည် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ အင်္ကျီလက်ပေါ်တွင် နီရဲသောပင့်ကူနှင်းပန်းတစ်ပွင့်တည်းကို ထိုးထားသည်။ သူသည် အလွန်ပင် နှိမ့်ချကာ အဆင့်အတန်းမြင့်ပုံပေါ်သည်။ ထိုလူထွက်လာသည်နှင့် သူသည် မြေပြင်ကို သာမန်ကာလျှံကာကြည့်ပြီး ထိုမတော်တဆမှုကို အရေးတယူရှိပုံ မပေါ်ပေ။

သို့သော် ထိုမတော်တဆမှုသည် ရည်ရွယ်ချက်ရှိရှိလုပ်ခြင်းပင်။

“မင်းက ဘယ်သူလဲ လူအုပ်ထဲမှာ ရထားလုံးကို ဘယ်လိုထိန်းချုုပ်ရမလဲ ဆိုတာမသိတာလား.. မင်း ငါ့သမီးကို ထိခိုက်အောင်လုပ်လိုက်ပြီ.. မင်း တာဝန်ယူရမယ်” မုလီဖုန်းသည် ဒေါကန်နေသည်။ မည်သို့ပင်ဖြစ်စေကာမူ သူသည် နန်ကုန်းမိသားစု၏ ယုံကြည်စိတ်ချရသူဖြစ်သည်။ သူ အရှက်ကွဲသည် ကအရေးမကြီးပေ။ သူသည် နန်ကုန်းမိသားစု၏ မျက်နှာကို ကာကွယ်ရမည် ဖြစ်သည်။

“မင်းက ဘယ်သူလဲ” ဆွဲဆောင်မှုရှိသော အမျိုးသားကလျှင် အမှန်တကယ် မောက်မာသူဖြစ်သည်။ သူသည် မျက်လွှာချကာ မုလီဖုန်းအား အကဲခတ်လေသည် “ဒီမှာ သခင်လေး ၉ ကို မကောင်းပြောတဲ့သူရှိလို့ ရထားလုံးကို သေချာမထိန်းချုပ်လိုက်တာလေ.. သခင်လေး ၉ က ငါ့ရဲ့ညအရှင် အိမ်တော်က လူဆိုတာကိုမသိဘူးလား”

“ညအရှင်အိမ်တော်လား” မုလီဖုန်းသည် မြို့တော်ကိုမရောက်သည်မှာ အချိန်ကြာပြီဖြစ်သောကြောင့် ညအရှင်အိမ်တော်၏ရထားလုံးကိုမသိပေ။ ညအရှင်အိမ်တော်ဟု ကြားပြီးသည့်နောက် သူ စကားပင်မပြောနိုင်တော့ပေ။

“ဒီကိစ္စကိုမေ့လိုက်ပါတော့.. အခုက ညအရှင်သခင်ရဲ့အမိန့်နဲ့ သူ့ကိုလာ ကြိုတာ.. မဆိုင်တဲ့သူတွေ ဖယ်နေ” ဆွဲဆောင်မှုရှိသောလူသည် အထင်သေးစွာ ဖြင့် လက်ကိုဝေ့ယမ်းလိုက်သည်။ မုလီဖုန်းသည် စကိတ်စီးထားသည့်အတိုင်း မီတာအနည်းငယ်ဆုတ်လေ၏။

“သူ့ကို လာကြိုတာဟုတ်လား.. ညအရှင်သခင်က ကျွန်မကိုလာကြိုခိုင်း လိုက်တာလား” မုဝမ်ယဲ့၏ခန္ဓာကိုယ်သည် လဲကျတော့မလိုခံစားရလေသည်။ သူမ ထိုစကားကိုကြးသောအခါ ရုန်းထပြီး ဆွဲဆောင်မှုရှိသောလူကို ဝေ့ယမ်းပြ လေသည် “အစ်ကိုကြီး ညအရှင်သခင်က ကျွန်မကိုလာကြိုခိုင်းလိုက်တာလား.. ကျွန်မသိနေတယ်.. ညအရှင်သခင်က ကျွန်မကိုမေ့မှာမဟုတ်ဘူး.. သူ ကျွန်မကို မှတ်မိတုန်းပဲ”

မုဝမ်ယွဲ့သည် ရူးသွပ်သွားသည့်အလား နန်ကုန်းကျိယင်ကို လှုပ်ယမ်း လေသည် “အမေ အမေ သမီးကို မြန်မြန်ကူညီပါဦး.. ညအရှင်သခင်က လေထု ခွင်းဝိညာဉ်ပစ္စည်းနဲ့ ကျွန်မကိုလာကြိုခိုင်းလိုက်တာ… အမေမြင်လား မြန်မြန်.. ဒီအစ်ကိုကြီးကို မစောင့်ရစေနဲ့”