← Chapters

သူမက စိတ်ကယောင်ချောက်ချားဖြစ်နေတာလား

Vol. 22 Ch. 433

သူမက စိတ်ကယောင်ချောက်ချားဖြစ်နေတာလား

Vol. 22 Ch. 433

ပေထင်းဟွမ်သည် ရုတ်တရက်ခေါင်းမော့ပြီး မုဝမ်ယွဲ့အားကြည့်လိုက် သည်။ ဒီအရူးမတော့နော်.. ချုံချီက သူမကို ကြိုဖို့ဒီအထိလာရအောင် သူမက ဘာများအရေးပါနေလို့လဲ။ သူမက စိတ်ကယောင်ချောက်ချားဖြစ်နေတာလား။

ခြင်္သေ့လင်းယုန်စခန်းမှလူများသည် နားမလည်သဖြင့် မုဝမ်ယွဲ့ကို ညအရှင်အိမ်တော်နှင့် ဆက်စပ်မှုရှိလိမ့်မည်ဟု ထင်နေကြသည်။ သူတို့ မုဝမ်ယွဲ့ကိုကြည့်သောအကြည့်များသည် အရင်နှင့်မတူတော့ပေ။ သူတို့သည် ဂုဏ်ရှိန်မြင့်မားသည့် ဘုရင်မအားကြည့်နေသည့်အလား အားကျမှုနှင့် လေးစားမှုများပြည့်နေကြသည်။ ထို့အပြင် ညအရှင်သည် သူ့ဘဝတွင် အခြေခံသဘောတရားဖြစ်သည့် ကြင်ယာတော် မရွေးချယ်ရသေးပေ။ သူ့ကို မလေးစားတဲ့သူ ဒီကမ္ဘာမှာဘယ်သူရှိလို့လဲ။

သို့သော် မိန်းကလေးများကို မုန်းတီးသည့် ညအရှင်အိမ်တော်၏ ဒဏ္ဍာရီ သည် ဤတိုက်ကြီးတွင် အချိန်ပေါင်းကြာရှည်စွာတည်ရှိလာခ့သည်။ ထို့အပြင် သူသည် အညှာတာမဲ့သည်။ မည်သူကမှ အသက်ကိုဂရုမစိုက်ဘဲ သူ့အနား မကပ်ရဲကြပေ။ ထိုသို့ဆိုသော် ညအရှင်အိမ်တော်၏ ဝင်ပေါက်တွင် နေ့စဉ် နေ့တိုင်း မရေမတွက်နိုင်သော ရထားလုံးများ ဖြတ်သွားစမြဲဖြစ်သည်။ မရေမတွက်နိုင်သော အဆင့်အတန်းမြင့်အမျိုးသမီးလေးများသည် မြို့တော်သို့ အပြေးရောက်လာကာ ညအရှင်နှင့် လှပသောတွေ့ဆုံမှုဖြစ်ရန် အခွင့်အရေးကို အရယူချင်ကြသည်။

“သူက တကယ်ကြီး ဒီမိန်းကလေးကို လာကြိုတာပဲ”

“ညအရှင်သခင်က သူမကိုကြိုဖို့ လူလွှတ်လိုက်တာပဲ.. ဒါက ငါတို့ရဲ့ မင်းသမီးလောင်းလား”

“ဖြစ်နိုင်ဖို့များတယ်.. ညအရှင်သခင်က မိန်းကလေးတစ်ယောက်ကို ကောင်းကောင်းဆက်ဆံတာကို ငါတို့ဘယ်တုန်းက ကြားဖူးလို့လဲ”

“မိုးနတ်မင်းရေ ဒီကမ္ဘာပေါ်က မိန်းကလေးတွေတော့ ရူးလောက်အောင် အားကျကြမှာပဲ”

“မဟုတ်ဘူး ငါထင်တာတော့ သူတို့တွေပျော်လို့ရူးကြမှာပဲ.. ယောက်ျား တွေဆိုတာက တစ်ယောက်ကိုအရသာစမ်းကြည့်ပြီးရင် နောက်တစ်ယောက် သေချာပေါက်လိုချင်တာပဲ.. တခြားသူတွေက အခွင့်အရေးရလာမှာမဟုတ်ဘူး လား”

“ဟားဟား အစ်ကိုကြီး မင်းက မင်းအတွေ့အကြုံကိုပြောနေတာပဲ”

“မဖြစ်နိုင်ဘူးထင်တယ်နော်.. ညအရှင်သခင်က ဒီလိုသာဆိုရင် လွန်ခဲ့တဲ့ အနှစ် ၈၀၀ ကတည်းက လက်ထပ်ပြီးနေပြီ”

ချုံချီသည် သူ့ဆီသို့ ယိုင်နဲ့စွာလာနေသော မုဝမ်ယဲ့ကို ကြည့်ပြီး ထိတ်လန့်နေမိသည်။ သူ ဒီမိန်းကလေးကို သိတောင်မသိဘူးလေ။ ဟုတ်တယ် မလား။ ပြီးတော့ သခင်က ဒီလိုအရှက်မဲ့တဲ့မိန်းကလေးကို လာကြိုဖို့ ဘယ်တုန်းကခိုင်းလိုက်လို့လဲ။ လူအဖွဲ့အစည်းက မိန်းကလေးတွေအကုန်လုံး က အထိန်းအကွပ်မဲ့ကုန်ကြပြီလား။ သူတို့ သခင်က ဘယ်လိုလူမျိုးလဲဆိုတာ သူတို့မသိလို့လား။ သူက သူတို့လို အရူးတွေ ထိလို့ရမယ့်လူမျိုးလား။

“ဘာ.. ဘာလုပ်မလို့လဲ” ချုံချီသည် အနောက်သို့ပြန်ဆုတ်လေသည်။ မျက်နှာချေအနံ့များကြောင့် သူ့ခေါင်းပင်မူးသွားလေသည်။

ယခုလိုဖြစ်မည်ဟု သူသိထားလျှင် ရွှမ်ဝူတို့နှင့် တိုက်ခိုက်ခဲ့မည်မဟုတ် ပေ။ မိန်းကလေးများ သူ့ကိုနှောင့်ယှက်ချိန်ကို သူ အမုန်းဆုံးဖြစ်သည်။ သူတို့ သည် ကယောင်ချောက်ချားဖြစ်လွန်းသည်။

“အစ်ကိုကြီး ကျွန်မက မုဝမ်ယွဲ့လေ.. လွန်ခဲ့တဲ့ ၃ နှစ်ခွဲက ကျွန်မ ညအရှင်သခင်နဲ့ မြို့တော်မှာတွေ့ဖူးတယ်.. လော့ပေမြို့မှာလည်း လွန်ခဲ့တဲ့ နှစ်တစ်ဝက်က တွေ့ဖူးတယ်လေ.. အရှင်က ကျွန်မကို လာကြိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”

“ဟားဟား”

မုဝမ်ယွဲ့စကားမဆုံးခင်မှာပင် ပေထင်းဟွမ်သည် ကြင်နာမဲ့စွာဖြင့် ရယ်မောလိုက်သည်။ သူမသည် မုချင်းလင်၏လက်ကိုကိုင်ပြီး ရှေ့သို့နှစ်လှမ်း တိုးလိုက်သည်။ သူမ၏အထင်သေးသောအကြည့်များသည် မုဝမ်ယဲ့ပေါ်သို့ ကျရောက်လာသည် “မုဝမ်ယွဲ့ မင်းက အရှက်မရှိတုန်းပါပဲလား.. ငါတို့တွေ မတွေ့တာ နှစ်တစ်ဝက်လောက်ကြာပြီးတာတောင် လုံးဝတိုးတက်မလာဘူး… ဒါနဲ့ ဝိညာဉ်နက်ဆေးရဲ့ အဆိပ်ဖြေဆေးကို ဘယ်လိုရှာတွေ့လိုက်တာလဲ”

ထိုစကားများကိုကြားသည်နှင့် မုဝမ်ယွဲ့သည် အမြီးတက်နင်းမိသည့် ကြောင်တစ်ကောင်အလား ထခုန်လေသည်။ သူမ၏ ကြောက်လန့်နေသော အကြည့်သည် နောက်ဆုံးတွင် ချုံချီဆီမှခွာသွားလေသည်။ ထိုနတ်ဆိုးနှင့်တူ သောယောက်ျားသည် သူမကို မဆွဲဆောင်နိုင်တော့ပေ။ သူမ၏မှတ်ဉာဏ်ထဲ တွင် သူသည် သူမကို အပိုင်းပေါင်းထောင်ချီ လှီးဖြတ်လိုသူထက်မပိုပေ။ ထိုအသံ နားထဲဝင်လာသည်နှင့် မုဝမ်ယွဲ့၏ တစ်ကိုယ်လုံးသည် တုန်ယင်လာ သည်။

“မင်း.. မင်း.. မင်းက အသုံးမကျတဲ့သခင်လေး ၉ ပဲ” မုဝမ်ယွဲ့သည် လက်မြှောက်ကာ ပေထင်းဟွမ်ဆီသို့ ခုန်သွားလေသည် “ကောင်စုတ် မင်းငါ့ကို သတ်လုနီးပါးဖြစ်သွားတာ.. အသက်ရှင်ရဲသေးတယ်ပေါ့”

ထိုစကားလုံးများသည် အဓိပ္ပာယ်မရှင်းသဖြင့် ပေထင်းဟွမ်သည် ပြုံးကာ မှင်တက်နေသော မုချင်းလင်ကို လက်တစ်ဖက်ဖြင့် ဖက်လိုက်သည်။ သူမသည် မုဝမ်ယွဲ့ဘေးသို့ လျင်မြန်စွာပင်ရောက်သွားကာ ပြောလိုက်လေသည် “သခင်မလေးမု ဘာတွေပြောနေတာလဲ.. ကျွန်တော်က ခင်ဗျားကို စော်ကားခဲ့ လို့လား.. ဘယ်လိုလုပ် သတ်ရမှာလဲ.. ခင်ဗျားဆီမှာ ကျွန်တော့်ကလေးရှိနေ တယ်လို့တော့မပြောနဲ့နော် ကျွန်တော် လက်မခံဘူး…”

All Chapters