Chapters

ဖိအားပေးတဲ့မင်္ဂလာပွဲကို စိတ်မဝင်စားဘူး

Vol. 22 Ch. 434

ဖိအားပေးတဲ့မင်္ဂလာပွဲကို စိတ်မဝင်စားဘူး

Vol. 22 Ch. 434

“အာ.. ကောင်စုတ် ဘယ်လိုလုပ် ဒီလိုစကားမျိုးပြောရဲရတာလဲ” သူမကို ရိုက်မရသဖြင့် မုဝမ်ချင်းသည် စိတ်လွတ်သွားကာ သူမကိုထိုးပြန်သည်။ ပေထင်းဟွမ်သည် သူမ၏ဒူးအောက်ကို သုံးခါကန်လိုက်ရာ သူမသည် ပုံရိပ်ကို ပင်ဂရုမစိုက်နိုင်တော့ဘဲ ဒူးထောက်လျက်သားကျသွားသည်။

ဘုတ်…

မြေကြီးပေါ်ဒူးထောက်လိုက်သည့် အသံထွက်ပေါ်လာသည်။ သတိလွတ် သွားသည်နှင့် မုဝမ်ယွဲ့သည် မာကြောသောကျောက်စိမ်းကြမ်းပြင်ပေါ်သို့ ဒူးနှစ်ဖက် ကြမ်းတမ်းစွာကျသွားလေသည်။ မုဝမ်ယွဲ့သည် နာလွန်းသဖြင့် မျက်ရည်များကျလာကာ အဆက်မပြတ် ကျိန်ဆဲလေတော့သည် “မုချင်းလင် နင် အသေဆိုးနဲ့သေမှာ.. နင်နဲ့ သခင်လေး ၉ က အသေဆိုးနဲ့သေမှာ”

ဘာတွေဖြစ်နေတာလဲ။ သခင်လေး မုဝမ်ယွဲ့က ညအရှင်နဲ့ပတ်သက်နေ တာမဟုတ်ဘူးလား။ ဘာလို့သခင်လေး ၉ ကိုအပြစ်တင်နေပြန်တာလဲ။ သူမကို သခင်လေး ၉ ကပစ်သွားလို့လား။ မဟုတ်သေးဘူး အဲဒါအရေးမကြီးသေးဘူး။ ပေထင်းမိသားစုရဲ့ သခင်လေး ၉ ဟုတ်လား။ သူက အမှိုက်မဟုတ်ဘူးလား။

“ဒုသခင်မလေးမု ကျွန်တော်လည်း ခင်ဗျားကို ဘာအမှားမှမလုပ်ဖူးပါဘူး မဟုတ်တာတွေ မပြောပါနဲ့” ပေထင်းဟွမ်သည် မုချင်းလင်၏ခါးကိုလက်တစ် ဖက်ဖြင့် ဖက်ကာ မိန်းကလေးများနှင့် ပရောပရည်လုပ်သည့်အလား ပြုံးလုက် သည်။ သူမခေါင်းမှ ဝတ်ရုံကိုဆွဲချပြီးဖြစ်ကာ သူမ၏ မျက်နှာကိုထုတ်ဖော်ပြသ ထားပြီဖြစ်သည်။ သူမ၏ပြစ်မျိုးမှဲ့မထင်ရုပ်ရည်သည် အားလုံးရှေ့တွင်ပေါ်လာ ပြီး လူအများကို ကောင်းကင်၏ လက်ရာကောင်းအဖြစ် အံ့အားသင့်စေသည်။ ကမ္ဘာပေါ်တွင် အလွန်ထူးခြားသည့်လူမျိုး အမှန်တကယ်ပင်ရှိနေသည်။

“ကျွန်တော့်ကိုချစ်တာက ခင်ဗျားအပိုင်းပါ.. ကျွန်တော်က ခင်ဗျား အစ်မမုချင်းလင်နဲ့ စေ့စပ်ပြီးသွားပြီ.. ကျွန်တော်ကသစ္စာရှိတာကို ပင်မတိုက်က လူတွေအကုန်သိကြတယ်.. ခင်ဗျားက မနာလိုစိတ်နဲ့ ခင်ဗျားအမေကို အနိုင်ကျင့်ခိုင်းရင်တောင် ကျွန်တော်အလျှော့ပေးမှာမဟုတ်ဘူး.. တခြား မိန်းကလေးတွေက ကျွန်တော့်အတွက်ဘာမှမဟုတ်ပေမဲ့ ခင်ဗျားအစ်မ ကျွန်တော့်အပေါ်ထားတဲ့ခံစားချက် အဖိုးဖြတ်လို့မရဘူး.. ကျွန်တော်က ဘယ်လိုလုပ် အသည်းမဲ့ရမလဲ”

ပေထင်းဟွမ် စကားဆုံးသည်နှင့် နောင်တရသည့်မျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။ သူသည် ခေါင်းငုံ့ကာ ရင်ခွင်ထဲမှမိန်းကလေးကိုကြည့်ရာ သူ့အကြည့်သည် နွေးထွေးပြီး နူးညံ့မှုများပြည့်နေသည်။ ၎င်းသည် ထိုနေရာ တွင်ရှိနေသည့် မိန်းကလေးများကို အသည်းကွဲစေသည်။ သခင်လေး ၉ ရဲ့ ရင်ခွင်ထဲမှာရှိနေတဲ့မိန်းကလေးက ဘာလို့သူတို့မဖြစ်ရတာလဲ။

အဲလိုယောက်ျားမျိုးကိုရဖို့ဆိုရင် သခင်လေး ၉ က အသုံးမကျတဲ့လူဖြစ် နေလည်းဘာအရေးလဲ။

“သခင်လေး ၉ ကစွဲလမ်းဖို့ကောင်းလိုက်တာ.. တကယ့်ယောက်ျား ကောင်းပဲ.. သူက ဒီလိုအလှလေးရဲ့ ဆွဲဆောင်တာကိုတောင်မခံရဘူး.. သူက ဒီကမ္ဘာပေါ်က တခြားယောက်ျားတွေလိုမဟုတ်ဘူး”

“သေစမ်း သခင်မလေးမုဝမ်ယွဲ့က ကြည့်ကောင်းတယ်လို့ထင်နေတာ.. ဒီလောက်အရှက်မဲ့လိမ့်မယ်လို့ထင်မထားဘူး.. သူမမှာ ညအရှင်သခင်ရှိတယ် လို့ပြောပြီးတော့ သခင်လေး ၉ ကိုလည်း ဆွဲဆောင်နေသေးတယ်.. အဲလို မိန်းမမျိုးကို ဝက်ခြံထဲမှာထည့်ထားရမှာ”

“အရှက်မရှိလိုက်တာ.. အရင်တုန်းက နန်ကုန်းကျိယင်က မြို့ဝန်မုရဲ့ အိပ်ရာပေါ်ကို အခွင့်အရေးစောင့်ပြီး တက်ခဲ့တယ်လို့ပြောတာ.. မြို့ဝန်မုရဲ့ ပထမဇနီးက ဒီဖောက်ပြန်တဲ့လင်မယားကြောင့် အသတ်ခံလိုက်ရတာလား”

သတင်းအချက်အလက်ပေါင်းများစွာပင်။ ပေထင်းဟွမ်သည် မျက်ခုံးပင့် ကြည့်လိုက်ရာ မုလီဖုန်း၏မျက်နှာကြီး မည်းနေသည်ကိုမြင်လိုက်ရသည်။ နန်ကုန်းကျိယင်သည် မုဝမ်ယွဲ့ကို မြေကြီးပေါ်မှထူပြီး ပေထင်းဟွမ်အား တိုက်ခိုက်သည့်အလားကြည့်လိုက်သည်။ ပေထင်းဟွမ်သည် ဤမျှလောက် ရက်စက်ယုတ်မာလိမ့်မည်ဟု ထင်မထားပေ။ သူသည် လူအများရှေ့တွင် သူမ၏ သမီးဖြစ်သူမှ သူ့ကို ဆွဲဆောင်သည်ဟု ပြောရဲသည်။

“သခင်လေး ၉ မင်းက အရှုံးမပေးတတ်တဲ့လူလည်းမဟုတ်ဘူး.. မင်းက ပေထင်းမိသားစုရဲ့အမှိုက်ပဲ.. ငါ့သမီးက ငယ်ငယ်ကတည်းက အားကောင်းတဲ့ လူကိုလက်ထပ်ဖို့ ဆုံးဖြတ်ထားတာ.. မင်းကို ငါ့သမီးက ဘာလို့ကြိုက်ရမှာလဲ” အသက်ကြီးလေ ဉာဏ်ရှိလေဖြစ်သည်။ ထိုစကားတစ်ခွန်းတည်းနှင့် ပေထင်းဟွမ်သည် သူ၏မူလအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

ပေထင်းဟွမ် ပြုံးလိုက်၏။ သူ၏နတ်ဆိုးနှင့်တူသောအပြုံးသည် အားလုံး၏ နှလုံးသားကို သူမဆီသို့ တဖန်အားပြုသွားစေသည်။ “သခင်မမု ကျွန်တော်က အတင်းဖိအားပေးလက်ထပ်ပေးတာမျိုးကို စိတ်မဝင်စားဘူး.. ကျွန်တော်ကအမှိုက်ဖြစ်လို့ပဲ လင်အာရဲ့ ခံစားချက်ကို တန်ဖိုးထားပေးရမှာပေါ့”