← Chapters

ညအရှင်က သခင်လေး ၉ ကိုကြိုခိုင်းလိုက်တာ

Vol. 22 Ch. 435

ညအရှင်က သခင်လေး ၉ ကိုကြိုခိုင်းလိုက်တာ

Vol. 22 Ch. 435

ဖိအားပေး လက်ထပ်ခိုင်းတာလား။

အဲတော့ အဲလိုမျိုးကိုး။ သခင်မလေးမုဝမ်ယွဲ့က ရမ္မက်ကြီးတဲ့မိန်းကလေး ပဲ။ ဒါပေမဲ့ အဲဒါကလည်း သခင်မလေးမုဝမ်ယွဲ့ရဲ့ အမှားချည်းပဲမဟုတ်ဘူးလေ ဟုတ်တယ်မလား။ သခင်လေး ၉ ကိုဘယ်သူက အဲလိုမျိုး ဆိုးသွမ်းခိုင်းလို့လဲ။ မိန်းကလေးတွေက သူ့ကို အမိဖမ်းချင်တာ ဖြစ်တတ်တာပဲလေ။

ထိုအချိန်တါင် အားလုံးသည် မုဝမ်ယွဲ့အား မတူညီသောအကြည့်များဖြင့် ကြည့်ကြလေသည်။ တချို့သည် သူမအား အထင်သေးသောမျက်လုံးများဖြင့် ကြည့်ကာ တခြားသူများသည် သူမအား အဝတ်ချွတ်ထားသည့် အိမ်ထောင် သည်တစ်ယောက်လိုကြည့်ကြသည်။ အရောင်တောက်နေသောမျက်လုံးများ သည် မုဝမ်ယွဲ့အပေါ်ကျရောက်လာသည်။ ၎င်းသည် အလွန်ပင် စွဲမက်ဖွယ် ကောင်းလှသည်။

လူအများရှေ့တွင် ကိုယ်လုံးတီးရပ်နေသကဲ့သို့ ကြည့်နေသည့် အကြည့် များကြောင့် မုဝမ်ယွဲ့၏ တစ်ကိုယ်လုံးသည် တောင့်တင်းနေသည်။ ဓားတစ်ချက်မှမသုံးဘဲ လူတစ်ယောက်၏ အသက်ကို နှုတ်ယူနိုင်အောင် ထိခိုက်စေသည့်ကိစ္စမျိုး ဤကမ္ဘာတွင်ရှိလိမ့်မည်ဟု သူမ ထင်မထားပေ။ မည်သို့လုပ်ရမည်မသိသဖြင့် မျက်ရည်များသည် မုဝမ်ယွဲ့၏မျက်နှာပေါ်တွင် စီးကျလာသည်။ သူမ ငိုရင်းနှင့် ဒေါသကြောင့်တုန်ယင်နေပြီဖြစ်သော နန်ကုန်းကျိယင်၏ပခုံးပေါ်သို့ မှီလိုက်သည် “အမေ ဒီနေရာကနေသွားရအောင် ဒီနေရာကနေသွားရအောင်”

နန်ကုန်းကျိယင်၏ လက်နှင့်ခြေထောက်များအေးစက်လာသည်။ သူမ သည် သမီးဖြစ်သူကိုတွဲလိုက်သည်။ ဤနေရာတွင်ကြာကြာနေလေ သူမအတွက် ပိုအကျိုးယုတ်သည်ကို သိသည်။ သို့သော် ဤကဲ့သို့ အဖြစ်မခံနိုင် ပေ။ ဒီကောင်က အမှိုက်မဟုတ်ဘူးလား။ နန်ကုန်းကျိယင်၏ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်လုံးထွက်ပေါ်လာသည်။ သူမသည် ရုတ်တရက် ညာလက်ကို မြှောက်ကာ ပေထင်းဟွမ်ဆီ ပစ်လေသည်။

“ငရဲကိုသွားလိုက်”

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ထိုအမျိုးသမီးသည် အဆင့် ၈ ဝိညာဉ် ကျင့်ကြံသူဖြစ်သော်လည်း ပေထင်းဟွမ်အတွက် မယှဉ်နိုင်ပေ။ ချုံချီသည် ရှေ့တိုးပြီး ပေထင်းဟွမ်၏ရှေ့၌ ရပ်လိုက်သည်။ သူသည် နန်ကုန်းကျိယင်အား အန္တရာယ်ပြုမည့်အပြုအမူဖြင့် ပြောလေသည် “အဘွားကြီး ဘာလို့ ရုတ်တရက် ကြီးတိုက်ခိုက်တာလဲ.. မင်းက အားနည်းတာနဲ့ပဲ မတိုက်ခိုက်တော့ဘူးလို့ ထင်နေလား”

အားနည်းတယ်ဟုတ်လား။ အဆင့် ၈ ဝိညာဉ်ကျင့်ကြံသူက အားနည်း တာလား။ ညအရှင်အိမ်တော်ကလူတွေ အကုန်လုံးက အဲလောက် သတ္တိရှိတာ လား။

ပြီးတော့ ညအရှင်အိမ်တော်က ဒီလူက ဘာလို့သခင်လေး ၉ ကိုကာကွယ် ပေးနေတာလဲ။ သူက အားနည်းတယ်လို့တောင်ပြောလို့မရတဲ့ အမှိုက်ကို ကာကွယ်နေတယ်ဆိုတာကိုရော သိရဲ့လား။

“အရှင် ရှင်က ကျွန်မကိုလာကြိုတာမဟုတ်ဘူးလား.. ဒါက ကျွန်မ အမေလေ… ဘာလို့ သူမကိုတားနေတာလဲ.. ရှင့်နောက်က အသုံးမကျတဲ့ သခင်လေး ၉ ကို ချက်ချင်းအပြစ်ပေးဖို့ ရှင့်ကိုအမိန့်ပေးတယ်.. မဟုတ်ရင် ရှင့်ကိုအပြစ်ပေးဖို့ ညအရှင်သခင်ကို ပြောလိုက်မယ်” မုဝမ်ယွဲ့သည် ဒေါသ ထွက်လွန်းသဖြင့် ငိုဖို့ကိုပင် မေ့နေသည်။ လက်ဖြင့်ခါးထောက်ပြီး သူမသည် ဒေါကန်စွာဖြင့် ချုံချီ့ကို အမိန့်ပေးနေသည်။

“ဘာ.. သခင်လေး ၉ ကို တိုက်ခိုက်စေချင်တာလား၊ အရူးမ မင်းက ဘယ်သူလဲ.. အိမ်မှာသွားပြန်အိပ်ပြီးမှ ပြန်ထလာခဲ့” ယနေ့တွေ့သမျှလူများ သည် ရူးနေကြပြီဟု ချုံချီ ခံစားရသည်။ လူ့အဖွဲ့အစည်းမှာ ဒီလိုဖြစ်တတ်ကြ တာပဲလား။

ချုံချီသည် ဤနေရာတွင် တစ်မိနစ်မှ ထပ်မနေချင်တော့ပေ။

ချုံချီသည် လှည့်ပြီး ပေထင်းဟွမ်အားပြောလိုက်သည် “သခင်လေး ၉ အရှင်က လာကြိုခိုင်းလိုက်တာပါ.. ဒီနေရာကနေ မြန်မြန်သွားရအောင်.. ဒီမိန်းမတွေက ကြောက်ဖို့ကောင်းတယ်” ထိုသို့ပြောပြီးနောက် နန်ကုန်းမိသားစု၏ ဘဏ္ဍာရေးကို အကြံပြုရန် မမေ့ပေ “မိသားစုထဲမှာ အရူး တွေရှိတယ်လို့ နန်ကုန်းမိသားစုကို သွားပြောလိုက်.. သူမကိုအိမ်မှာပိတ်ထား ပြီး ဆေးကုပြီးမှ အပြင်ထွက်ခိုင်းလိုက်.. ကြောက်စရာကောင်းလွန်းလို့ သေတော့မယ်”

ပေထင်းဟွမ်သည် ပြုံးပြီး ခေါင်းငုံ့ကာ သူမအားမှီထားသည့် မုချင်းလင် ကို ပြောလိုက်သည် “ငါ့လင်အာလေး ဒီလိုကောင်လေးချောချောလေးရဲ့ ချော့တာကိုခံရပြီးရင်တော့ ဒီလိုဂုဏ်ကျက်သရေမျိုးက တိုက်ကြီးက မိန်းကလေးတွေမှာရနိုင်တဲ့ဟာမျိုးမဟုတ်ဘူးနော်”

တိုက်ကြီးတစ်ခုလုံးသည် အားကျလွန်း၍ သေတော့မည်။ ထိုနေရာမှ မိန်းကလေးများသည် ရီဝေကာ မုချင်းလင်အား အားကျစွာဖြင့် ကြည့်ကြသည်။ သူတို့သည် အလွန်စိုးရိမ်လာကြသည်။ မြန်မြန် သဘောတူလိုက်လေ သဘော တူလိုက်…

သူ ချော့တာခံရတာက ဘာလို့ငါမဟုတ်ရတာလဲ။

မုချင်းလင်သည် သွားများပေါ်အောင် ပြုံးလိုက်သည်။ သူမသည် မုဝမ်ယဲ့၏ အားကျပြီး နာကြည်းသည့်အကြည့်ကိုမြင်သောအခါ သူမ၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုအရိပ်အယောင် ဖြတ်ခနဲဖြစ်သွားပြီး ခေါင်းညိတ် လိုက်သည် “ကျွန်မ ဆန္ဒရှိပါတယ်”

All Chapters