ပျံနိုင်ရင် မိုးပေါ်ကိုပျံလိုက်
Vol. 22 Ch. 436
“ဟားဟား” ပေထင်းဟွမ်သည် မုချင်းလင်၏ အားနည်းသော ပုံစံကြောင့် ကျယ်လောင်စွာရယ်မောလေသည်။ သူမသည် မုချင်းလင်၏လက်ကိုကိုင်ပြီး နှိမ့်ချသလိုလိုနှင့် အဆင့်အတန်းမြင့်မားသော လေထုခွင်းဝိညာဉ်ယာဉ်ဆီသို့ လျှောက်သွားလိုက်သည် “လင်အာ မတွေ့တာကြာပြီနော်.. မင်းအတွက် ပစ္စည်းကောင်းလေးရှိသေးတယ်.. သွားရင်းနဲ့ ပြောကြတာပေါ့”
အားလုံး၏ အားကျသောအကြည့်များအောက်တွင် နန်ကုန်းမိသားစု၏ ရထားလုံးမှ မုဝမ်ယွဲ့၏ နှင်ထုတ်ခံထားရသော မုချင်းလင်သည် အလွန်အမင်း ခန့်ညားသောလူငယ်နှင့်အတူ ပိုအဆင့်အတန်းမြင့်မားသော ရထားလုံးဆီသို့ ဦးတည်သွားနေသည်။
ညအရှင်သခင်နှင့် သူ၏ကိုယ်ရံတော်လေးယောက်မှလွဲပြီး ပင်မတိုက်ကြီး တစ်ခုလုံးတွင် မည်သူကမှ ဤရထားလုံးကိုအနားမကပ်ရဲကြ ပေ။ ရာယာအင်ပါယာ၏ ဧကရာဇ်ပင် ကြည့်ချင်သည်ဟုဆိုခဲ့သော်လည်း ညအရှင်သခင်သည် ထောက်ထားခြင်းမရှိ ငြင်းဆန်ခဲ့သည်။
နန်ကုန်းကျိယင်နှင့် သူမ၏သမီးဖြစ်သူ၏မျက်လုံးများသည် စူးရှသော မြားများကဲ့သို့ပင်။ သူတို့သည် ပေထင်းဟွမ်အား ဘာမှမလုပ်ရဲတော့ဘဲ မုချင်းလင်ကို စိုက်ကြည့်ရုံသာကြည့်နိုင်တော့သည်။ လူတွေရဲ့မျက်လုံးထဲမှာ သူတို့က ဟာသလိုဖြစ်နေတာ အဲဒီကောင်မအမှားကြောင့်ပဲ။ သခင်လေး ၉ လို မျိုး အမှိုက်က ညအရှင်အိမ်တော်ရဲ့ မျက်နှာသာပေးမှုကို ဘယ်လိုလုပ်ရနေတာ လဲ။
အဲတုန်းက သခင်လေး ၉ နဲ့စေ့စပ်ထားတဲ့သူက မုဝမ်ယွဲ့မဟုတ်ဘဲ ဘာလို့ မုချင်းလင်ဖြစ်နေတာလဲ။
မုလီဖုန်းသည် ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ သူ၏နှုတ်ခမ်းများသည် တုန်ယင်စွာဖြင့် ခေါ်လိုက်သည် “လင်အာ ငါ…”
ပေထင်းဟွမ်သည် လှည့်ပြီးနောက် မုလီဖုန်းအား ခပ်သဲ့သဲ့ပြုံးပြီး ကြည့် လိုက်သည်။ ဒီလူကြီးက အခုမှလာပြီး ဘာပြောချင်နေတာလဲ။ သူ့တရားဝင် သမီးကို ရှန်းယန်မြို့ကို သွားစေချင်တာလား။ အခုမှ သနားစရာအမူအရာတွေ နဲ့ သနားအောင်လာလုပ်နေတာ ဘယ်သူလဲ။
မုချင်းလင်သည် လှည့်ထွက်မည်အပြုတွင် ပေထင်းဟွမ်သည် သူမ၏ လက်မောင်းကိုဆွဲလိုက်သည်။ ပေထင်းဟွမ်သည် ပြုံးပြီးပြောလိုက်သည် “မြို့ဝန်မု.. လင်အာက ကျွန်တော့်ရဲ့ဇနီးလောင်းပါ.. သူမကိုဂရုစိုက်ဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်.. ကျွန်တော် အမှတ်မမှားရင် ဒီနေ့က အင်ပါယာ ကျောင်းတော်ရဲ့ လူစုဆောင်းတဲ့နေ့ပဲ.. သူမအတွက်နေဖို့ စီစဉ်မယ်ဆိုရင် အင်ပါယာကျောင်းကို သတင်းပို့လိုက်ပါ”
မုလီဖုန်း၏မျက်လုံးများသည် ချက်ချင်းဖြင့် အမှုန်များဖုံးလွှမ်းသွားသလို ပင်။ သူသည် တဒင်္ဂအတွင်း အသက် ၁၀ နှစ်ကြီးသွားသကဲ့သို့ မျက်နှာမှာလည်း အခက်တွေ့နေသည်။
“အဖေ ဒီအရှက်မရှိတဲ့မိန်းမကို ဘာလို့ဂရုစိုက်နေဦးမှာလဲ.. ဟင်း.. သူမက အဖေ့နောက်လိုက်ပြီး နန်ကုန်းမိသားစုကို မသွားဘဲ သူမရဲ့ခင်ပွန်း လောင်းနဲ့ ခိုးရာလိုက်ပြေးချင်နေတာ.. အရည်အချင်းရှိရင် မိုးပေါ်ကို ပျံလိုက် လေ” မုဝမ်ယွဲ့သည် နောက်ဆုံးတွင် နေရာမှန်ကိုပြန်ရောက်သွားသလိုပင်။
မုချင်းလင်သည် ရှင်းပြမည်အပြုတွင် ပေထင်းဟွမ်သည် သူမကို စကား ဖြတ်ပြောလေသည် “လင်အာ.. ခွေးရူးနဲ့ ဘာလို့ငြင်းခုန်နေမှာလဲ..ဒါမှမဟုတ် ငါ မင်းကို မထောက်ပံ့မှာကို စိုးရိမ်နေတာလား”
“ဟား ဟား ဟား…”
ရထားလုံးည် မြေပြင်မှခွာကာ ရှန်းယန်မြို့ရှိရာဘက်သို့ ဦးတည်ပျံသန်း သွားလေသည်။ ပေထင်းဟွမ်၏ရယ်သံသည် ရထားလုံးပြတင်းပေါက်မှ ဆွဲငင် စွာထွက်လာသည်။ သူမသည် ဘာမှမပြောသော်လည်း ရယ်သံသည် အပြင်းထန်ဆုံး တုံ့ပြန်မှုဖြစ်နေပြန်သည်။ သူမ၏ရယ်သံသည် မုဝမ်ယွဲ့ သူမ ကိုယ်သူမ အထင်ကြီးနေမှုအတွက် သူမကို ရိုက်ချကြီးကြီးဖြင့် ရိုက်လိုက်သလို ပင်။ မုဝမ်ယွဲ့၏ အမြင်များမှောင်မည်းလာပြီး မြေပေါ်သို့လဲကျသွားလေ၏။
“ယွဲ့အာ ငါ့ယွဲ့အာလေး လုပ်ပါဦး လာကြည့်ပေးကြပါဦး.. ယွဲ့အာ ဘာ ဖြစ်တာလဲ” နန်ကုန်းကျိယင်သည် သေလောက်အောင် ဒေါသထွက်နေသည်။ နေရာတွင်ရပ်နေပြီး လိပ်ပြာလွင့်နေသော မုလီဖုန်းအား သူမသည် ငေါက်ငမ်း လိုက်သည်။
“ဟား ဟား” ခြင်္သေ့လင်းယုန်စခန်းမှလူများသည် ထိုအခြင်းအရာကိုမြင် သောအခါ ပျော်ရွှင်စွာဖြင့် ရယ်မောကြလေသည်။ ဒီမိသားစုက တကယ်ကြီး ရယ်ရတာပဲ။ တခြားသူတွေထက်တောင် ပိုပြီးတုံးအနေသေးတယ်။ သူတို့သည် မုလီဖုန်း၏မိသားစုအား မျောက်ပွဲကြည့်သလို ကြည့်နေကြသည်။ စောင့်ဆိုင်း နေရသည့်အချိန်မှာလည်း တိုတောင်းသွားသလိုထင်ရသည်။
အမှန်တကယ်ပင် ရှက်ဖွယ်ရာပင်။ သူသည် ဤမျှလောက် အရှက်ကွဲမှု မျိုးမခံစားရပေ။ မိသားစုတစ်စုလိုက်ကြီးပင်။ သခင်မနန်ကုန်းကျိယင်ကို ကြည့်ပါဦး။ သူမသည် နန်ကုန်းမိသားစု၏ ငတုံးဖြစ်ခဲ့ဖူးသည်။ လက်ထပ်ပြီး နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် သူမသည် တိုးတက်ခြင်းမရှိခဲ့ပေ။
နန်ကုန်းမိသာစုမှ ဘဏ္ဍာစိုးသည် ညအရှင်အိမ်တော်ရထားလုံးကြောင့် ပျက်စီးသွားသောအစိတ်အပိုင်းများကို ရင်နာနာဖြင့် ကြည့်နေသည်။ သူသည် ရှေ့တိုးပြီး နန်ကုန်းကျိယင်နှင့် ကျန်နှစ်ယောက်အား တိုက်တွန်းလေသည် “ကျုပ်နောက်လိုက်ခဲ့ပါ.. အကြီးအကဲတွေကို ကြာကြာစောင့်ခိုင်းရတာ မကောင်းဘူး…”