← Chapters

မင်းအတွက်လည်း လက်ဆောင်ရှိတယ်

Vol. 22 Ch. 437

မင်းအတွက်လည်း လက်ဆောင်ရှိတယ်

Vol. 22 Ch. 437

အပြင်မှကြည့်လျှင် ရထားလုံးသည် အလွန်အရည်အသွေးမြင့်မားလှ၏။ သူတို့ဝင်လာချိန်တွင် အထဲတွင် မတူညီသောကမ္ဘာရှိနေသည်ကို သိလိုက်ရ သည်။ ၎င်းသည် ၂၁ ရာစုနှင့်တူညီသည်။

ရထားလုံးအတွင်းဘက်သည် မီတာတစ်ရာကျော်ပတ်လည် ရှိသည်။ အထဲတွင် ဧည့်ခန်း၊ စာကြည့်ခန်း၊ အခါးရည်သောက်ခန်းနှင့် စားဖိုဆောင်ပါပါ ရှိသည်။

ဤယာဉ်ကို သန့်စစင်သည့် သခင်သည် အလွန်ပင် အံ့မခန်းပင်။

ပေထင်းဟွမ်သည် အားကျမိသည်။ သူမသည် လှည့်ပတ်ကြည့်ပြီး ပစ္စည်း များကို ထိကြည့်မိသည်။ ချုံချီသည် သူမအားအဖော်ပြုပေးပြီး မျက်နှာလို မျက်နှာရပြုံးပြလေသည်။ “သခင်လေး ၉ ကြိုက်တယ်ဆို သခင့်ကိုပြောလိုက် တာနဲ့ သေချာပေါက် တစ်ခုလောက်လုပ်ပေးမှာပဲ”

“အဲလိုမဖြစ်ဘူးလေ.. ကျွန်တော်က ကိုယ့်ဘာသာသန့်စင်တတ်ချင်တာ.. ကျွန်တော် ဘာကြိုက်တတ်လဲဆိုတာ သူဘယ်လိုသိမှာလဲ” ပေထင်းဟွမ်သည် ငြင်းဆန်လိုက်သည်။ သူမသည် ပစ္စည်းများကို သန့်စင်သည့်နည်းကို သင်ယူ မည်ဟု စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။ “ဟုတ်ပြီ လင်အာ ငါသာ သင်ပြီး ရင် မင်းအတွက်လည်း တစ်ခုသန့်စင်ပေးမယ် ဘယ်လိုလဲ”

မုချင်းလင်၏မျက်နှာမှ ရှက်ရွံ့မှုများ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမ သည် ခေါင်းငုံ့ထားကာ ပေထင်းဟွမ်ဘေးတွင်သွားရပ်နေသည်။ သူမသည် ခြင်တစ်ကောင်ကဲ့သို့ တိုးညင်းစွာတုံ့ပြန်လေသည်။ ပေထင်းဟွမ်သည် ရှင်းရှင်းလင်းလင်းကြားလိုက်သည်။ သို့သော် စိတ်ထဲမှ သက်ပြင်းမချဘဲမနေ နိုင်တော့ပေ။

ဤရထားလုံးပျံသည် ချုံချီကို သခင်တစ်ယေက်လို အသိအမှတ်ပြုသည်။ ပုံမှန်အားဖြင့် ချုံချီ မောင်းနှင်တတ်ခြင်းကြောင့်ပင်။ ထိုရထားလုံးကို စိတ်နှင့် ထိန်းချုပ်လိုက်လျှင် သူတို့သွားလိုသည့်နေရာသို့ ရောက်ရှိနိုင်သည်။

ပေထင်းဟွမ်သည် မုချင်းလင်အား ဧည့်ခန်းဘေးရှိ ဝရန်တာဆီသို့ ခေါ် သွားပြီး အပြင်ဘက်ရှိ ပျားပန်းခတ်နေသော လမ်းကိုကြည့်နေသည်။ ပေထင်းဟွမ်အား မြို့တော်ကို ရှင်းလင်းစွာမြင်စေလိုချင်၍လားမသိပေ.. ရထားလုံးပျံ၏အရှိန်မှာ မြန်လွန်းခြင်းမရှိပေ။

မြို့ကိုဝင်ပြီးနောက် သာမန်ရထားလုံးနှင့် မခြားတော့ပေ။

“လင်အာ ဒီတစ်ခါ မြို့တော်ကိုလာရတဲ့ အကြောင်းအရင်းကဘာလဲ”

သူတို့နှစ်ယောက်သည် ဝရန်တာရှိ ကြိမ်ထိုင်ခုံတွင်ထိုင်လိုက်ကြသည်။ ပေထင်းဟွမ်သည် မုချင်းလင်အား စိတ်ရှည်ရှည်ဖြင့် မေးမြန်းသည်။ နှစ်တစ်ဝက်အတွင်းတွင် လော့ပေမြို့၌ မည်သို့ဖြစ်ပျက်ခဲ့သည်ကို သူမ မသိပေ။

ပေထင်းဟွမ်သည် မြောက်ပိုင်းမြို့ရှိ ပေထင်းဟန်အား သတ်ပြီး ပေထင်း မိသားစုနှင့် လူသိရှင်ကြားအဆက်ဖြတ်လိုက်သည်ကို မုချင်းလင် ကြားမိသည်။ သူမသည် သူ တစ်စုံတစ်ရာဖြစ်မည်ကို အမြဲတစေစိတ်ပူနေခဲ့သည်။ ယခုအခါ သူသည် ဘေးကင်းပြီး ညအရှင်အိမ်တော်မှ ကာကွယ်ပေးထားသည်ကို မြင် သောအခါ စိတ်အေးမိသည်။

သူမသည် ပျော်မိသည်။ သူမ၏ခံစားချက်များကို မထိန်းချုပ်နိုင်တော့ သဖြင့် ပေထင်းဟွမ်၏လက်မောင်းပေါ်မှီကာ ငိုမိသည် “ရွှတ် ရှောင်ကျို့ ရှင့်ကို ထပ်မတွေ့ရတော့ဘူးလို့ထင်နေတာ”

သခင်လေး ၉ မဟုတ်ဘဲ ရှောင်ကျို့ဟုခေါ်နေသည်။

မုချင်းလင်သည် အပြင်လူများရှေ့၌သာ သခင်လေး ၉ ဟုတလေးတစား ခေါ်ဝေါ်ပုံပင်။ သူတို့နှစ်ယောက်တည်းရှိသည့်အချိန်တွင် ရှောင်ကျို့ဟု ခေါ်၏။ ပေထင်းဟွမ်သည် တခြားဘာမှမတွေးတော့ဘဲ သူတို့၏ပုံမှန်အခြေအနေဟု သာတွေးလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ပေထင်းဟွမ်သည် သက်ပြင်းချပြီး မုချင်းလင်၏ ကျောပြင်ကို ညင်နာစွာပုတ်ပေးလိုက်သည် “အခု ငါ ကောင်းကောင်းရှိနေတယ်လို့ မထင်ဘူးလား.. လင်အာ ငါ မင်းကိုအမြဲစိတ်ပူနေ ခဲ့တာ.. ဒါပေမဲ့ ငါသာ မသန်မာရင် ငါတို့နှစ်ယောက်လုံးကို မကာကွယ်နိုင်ဘူး ဆိုတာ မင်းလည်းသိပါတယ်.. ငါသာ မြောက်ပိုင်းမြို့မှာသာနေရင် ပေထင်းသယ့်တို့အနိုင်ကျင့်ခံရလို့ သေနေလောက်ပြီ”

စကားဆုံးခါနီးတွင် ပေထင်းဟွမ်သည် အံကိုတင်းတင်းကြိတ်မိသည်။ သူမသည် တစ်နေ့တွင် ပေထင်းသယ့်အား သေအောင်လုပ်မည်။ ပေထင်းကျွင်း လည်းအပါအဝင်ပင်။

မုချင်းလင်သည်လည်း ထက်မြက်သောမိန်းကလေးဖြစ်သည်။ သူမသည် ပေထင်းဟွမ်၏အသံထဲမှ နာကြည်းသံကိုကြားမိပြီး ခံစားချက်ဆိုးဝါးသွားမည် ကို ကြောက်နေသည်။ သူမသည် အလျင်အမြန်ပင် ပြန်ပွေ့ဖက်ထားမိသည် “ရှောင်ကျို့ ရှောင်ကျို့ ဒီအကြောင်းကို မပြောနဲ့တော့.. ခုနက ကျွန်မအတွက် လက်ဆောင်ရှိတယ်လို့ပြောတယ်မလား.. ရှင့်အတွက်လည်း လက်ဆောင်ရှိ တယ်”

ထိုသို့ပြောပြီးနောက် သူမ၏သိုလှောင်လက်စွပ်ထဲမှ အဝတ်တစ်ထပ်ကို ထုပ်လိုက်သည်။ အဝတ်များအားလုံးသည် ပေထင်းဟွမ်၏ အကြိုက်ဖြစ်သော အနက်ရောင်ဖြစ်သည်။ ထိုအဝတ်ချုပ်ထားသူသည် အထူးတလည် ချုပ်လုပ် ပေးထားခြင်းဖြစ်သည်။ ကော်လာပေါ်တွင် တိမ်တိုက်ပုံများရှိပြီး လက်မောင်း တွင်လည်း တူညီသောချည်အရောင်များဖြင့် ချုပ်ထားသည်။ သာမန်ကာလျှံ ကာကြည့်လျှင် ရှင်းလင်းစွာမမြင်ရသော်လည်း နေရာတစ်ခုဏီသည် အလွန်ပင် အရည်သွေးကောင်းလှသည်…

All Chapters