ကျွန်မကံကြမ္မာက ရှင့်ကိုကာကွယ်ဖို့ပဲ
Vol. 22 Ch. 438
ပေထင်းဟွမ်သည် မထိရက်တော့ပေ။ သူမ မုချင်းလင်ကို ပေးမည့် သိုလှောင်လက်စွပ်သည် သူမလက်ချောင်းတွင်ရှိနေသေးတုန်းပင်။ ယနေ့ နန်ကုန်းကျိယင်နှင့် သူမ၏သမီးဖြစ်သူသည် အားလုံးရှေ့တွင် သူမအား အမှိုက်ဟုခေါ်ဝေါ်ခဲ့သည်။ ပေထင်းသဲ့နှင့် ပေထင်းကျွင်းတို့သည် ထိုနေ့က သူမ နှင့် ပေထင်းဟန်တို့အကြားမှ နှစ်ယောက်ချင်းတိုက်ပွဲသတင်းကို ပိတ်ပင်ခဲ့ သည်နှင့်တူသည်။ သူမ ပေထင်းဟွမ်သည် အမှိုက်မဟုတ်တော့သည်ကို လော့ပေမြို့မှတခြားသူများပင် မသိသေးပေ။
သို့သော် ထိုအရာလည်းကောင်းသည်။ တစ်ဖက်လူမှ ဝှက်ဖဲကိုမသိလေ လေ ကစားပွဲသည် ပိုပျော်စရာကောင်းလေဖြစ်သည်။
“လှလိုက်တာ” ပေထင်းဟွမ်သည် မုချင်းလင်ပြင်ဆင်လာသည့် အင်္ကျီကို ပွတ်ကြည့်ကာ စိတ်ရင်းဖြင့် သက်ပြင်းချလိုက်သည်။ သို့သော် ယနေ့ မုချင်းလင် ကိုစိတ်ပျက်သွားစေမည်ကို သူမ ကြောက်သည်။ ထိုစဉ်က သူတို့စေ့စပ်မှုသည် မည်သည့်အကြောင်းအရင်းပင်ဖြစ်စေကာမူ သူမသည် ဤကြင်နာတတ်သော မိန်းကလေးကို ဆက်မလိမ်ထားနိုင်တော့ပေ။ သူမသည် စိတ်ရင်းနှင့် ဆက်ဆံ ပေးရန်ထိုက်တန်သည်။
“ရှောင်ကျို့ ဒါကဘာမှမဟုတ်ပါဘူး” မုချင်းလင်၏ ကြည်လင်သော မျက်လုံးများသည် ပေထင်းဟွမ်အား ရင်နာစွာဖြင့်ကြည့်လေသည် “ရှင်က ကျွန်မထက်တောင် ကြိုးစားခဲ့သေးတာပဲ.. ဒါက ရှင့်ကို ကျွန်မအနေနဲ့ အများ ဆုံးလုပ်ပေးနိုင်တာပဲ.. ဒါပေမဲ့ ရှင်ကမတူဘူး ရှောင်ကျို့.. ရှင် ကျွန်မမိဘတွေ ကို မုန်းတာနဲ့ပဲ ကျန်တဲ့တစ်ဘဝလုံးမှာ အမုန်းတွေနဲ့ပဲ နေသွားရမယ်လို့ ထင်နေတာ.. ကျန်တဲ့ဘဝမှာ ရှင့်ကို စောင့်ရှောက်ပေးလို့ရမဘ်ဆိုတာနဲ့တင် ကျေနပ်နေပါပြီ.. ရှောင်ကျို့.. ရှင်ကျွန်မကို အတွေ့ခံလိမ့်မယ်လို့ ထင်မထားဘူး.. ရှင့်ကို ဒီလိုပုံစံမျိုးနဲ့တွေ့ရတာ ကျွန်မ တကယ်ပျော်တယ်.. အစ်ကိုကြီးပေထင်းကျင်းလည်း ပျော်မယ်လို့ယုံတယ်”
ပေထင်းဟွမ်သည် မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူမသည် မုချင်းလင်အား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ သူမ ဘာတွေလွတ်သွားတာလဲ။ သူမ ဘာမေ့နေတာလဲ။ ဒီမူလခန္ဓာကိုယ်မျာ သူမ မသိတာတွေ ဖြစ်ပျက်ခဲ့တာလဲ။
ပေထင်းဟွမ်၏ ထိတ်လန့်နေသောမျက်လုံးများကို ကြည့်ပြီး မုချင်းလင် ပြုံးလိုက်သည်။ သူမသည် ချုံချီ တစ်စုံတစ်ရာကြားသွားမည်ကို စိုးရိမ်သည့် အလား အနောက်မှ ဧည့်ခန်းကိုကြည့်လိုက်သည်။ သူမသည် ပေထင်းဟွမ်၏ လက်ကိုဆုပ်ကိုင်ပြီး ဖျစ်ညှစ်လိုက်သည် “ရှောင်ကျို့.. ကျွန်မအမေက ရှင့် အမေရဲ့အစေခံလေ.. မေ့သွားပြီလား.. ငယ်ငယ်ကတည်းက ကျွန်မရဲ့ကံကြမ္မာ က ရှင့်ကိုကာကွယ်ဖို့ပဲဆိုပြီး အမေကပြောခဲ့တာ”
ဤခန္ဓာကိုယ်၏မူလခန္ဓာကိုယ်ပိုင်ရှင်သည် နေ့စဉ်ရက်ဆက် ပြင်းထန် သော တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိပြီး သူမ၏အသက်ကို အချိန်တိုင်း မကာကွယ်နိုင်သည်ကို ပေထင်းဟွမ် မသိခဲ့ပေ။ သူမ သိသည်မှာ အရိုက်ခံရ သည်ကို မည်သို့ရှောင်ရှားရမည်ကိုပင်ဖြစ်သည်။ သူမသည် သူမ၏ဘဝကို ရင်ဆိုင်ရန် သတ္တိမရှိသဖြင့် ကိစ္စတော်တော်များများကို ရှောင်ရှားရန်ရွေးချယ်ခဲ့ သည်။
“လင်အာ မင်း ငါ့ကို ၁၄ နှစ်ကြာအောင် ကာကွယ်ခဲ့ပေးပြီးပြီ.. အခုကစပြီး ကျန်တဲ့ဘဝကို ငါ မင်းကိုကာကွယ်မယ်… ဒါပေမဲ့ လင်အာ.. မင်း အမေက ငါ့ရဲ.. အာ.. ငါတို့..” ပေထင်းဟွမ်သည် ဘာပြောရမည်ကိုမသိတော့ ပေ။
မုချင်းလင်၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် နီရဲသွားခဲ့သည်။ သူမ သည် လက်မြှောက်ကာ ပေထင်းဟွမ်၏ မျက်နှာကို ခပ်ကြမ်းကြမ်းလေး ဆွဲဆိတ်လိုက်သည် “ငါ့ကို အပြင်မှာ အခွင့်အရေးယူတာထားလိုက်တော့... ဒါပေမဲ့ နောက်ဆိုရင် နောက်ကွယ်မှာ ငါ့ကို လူဆိုးလိုမျိုးလာမလုပ်နဲ့.. နင့်ကိုယ် နင် ယောက်ျားအစစ်လို့ထင်မနေနဲ့”
“ဟူး” ပေထင်းဟွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက် သည်။ သူမသည် နှစ်တစ်ဝက်ကြာအောင် သယ်ပိုးလာခဲ့သည့် ဝန်ထုပ်ဝန်ပိုး ကြီးကျသွားသလို ခံစားလိုက်ရသည်။ ထိုအချိန်တွင် အပြင်ဘက်လမ်းပေါ်ကို ကြည့်ရသည်မှာ ပိုလှပလာသည်ဟု ခံစားရသည်။ နေရောင်အောက်မှ အဖြူ ရောင်ကျောက်စိမ်းလမ်းသည် ရထားလုံး အစီး ၃၀ ခန့် ဘေးချင်းယှဉ်သွားနိုင် လောက်အောင် ကျယ်ဝန်းသည်။ မြင့်မားသောအဆောက်အဦးများသည် လမ်း ဘေးတစ်ဖက်တစ်ချက်စီတွင်ရှိနေကာ လမ်းပေါ်တွင် လူပင်လယ်ကြီးရှိနေ သည်။ ဦးချိုတန်ဆာဆင်ထားသည့်မြင်းများဆွဲသည့် အဆင့်အတန်းမြင့် ရထား လုံးများသည် အဆက်မပြတ်ဖြတ်သွားကာ လမ်းသည် ဆက်လက်ရွေ့လျားနေ သည်။ ပေထင်းဟွမ်သည် ခမ်းနားသောခံစားချက်မျိုးရနေသည်။
“ဟုတ်ပြီ လင်အာ အင်ပါယာမြို့တော်မှာ ဘာအစီအစဉ်ရှိတာလဲ.. အင်ပါယာကျောင်းတော်ကို လျှောက်ဖို့ပြင်နေတာလား”
ပြီးခဲ့သည့်အကြောင်းအရာကို ဆက်ပြောကြရာတါင် သူတို့၏ အတွေး များသည် လုံးဝကွဲပြားသွားပြီဖြစ်သည်။ ထိုနေ့သည်အင်ပါယာကျောင်းတော်၏ ကျောင်းသားစုဆောင်းသည့်နေ့ဖြစ်သည်။ ပင်မတိုက်ကြီးတခွင်မှ လူငယ်များ သည် ရှန်းယန်းမြို့တွင် လာရောက်စုဝေးကြသည်။ မုချင်းလင်နှင့် မုဝမ်ယွဲ့တို့ သည်လည်း အင်ပါယာကျောင်းတော်သို့ဝင်ရန်လာသည်ဟုတ်မဟုတ်ကို ပေထင်းဟွမ် သိချင်မိသည်…