← Chapters

မင်းဒီကိုရောက်နေတာက ကောင်းနေပြီ

Vol. 22 Ch. 439

မင်းဒီကိုရောက်နေတာက ကောင်းနေပြီ

Vol. 22 Ch. 439

“အင်ပါယာကျောင်းတော်ကို လျှောက်ဖို့ လိုတဲ့အရည်အချင်းတွေက ကြပ်လွန်းတယ်.. မဝင်နိုင်မှာကြောက်နေတာ” အင်ပါယာကျောင်းတော်ကိစ္စ ကို ပြောရာတွင် မုချင်းလင်၏မျက်လုံးများသည် နွေးထွေးမှုအရိပ်အယောင် ထွက်ပေါ်လာသည်။

မုချင်းလင်၏လက်ရှိခွန်အားသည် အဆင့် ၉ ဝိညာဉ်ကျင့်ကြံသူမျှသာရှိ သေးကြောင်းကို ပေထင်းဟွမ်သိသည်။ သူမ လော့ပေမြို့မှထွက်လာသည့် အချိန်က အဆင့်အတိုင်းပင်။ နှစ်တစ်ဝက်အတွင်းတွင် သူမ၏ခွန်အားသည် လုံးဝတိုးတက်မလာခဲ့ပေ။

၎င်းသည် သဘာဝမကျပေ။

ပေထင်းဟွမ်သည် မုချင်းလင်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ မုချင်းလင်၏ သွေးကြောများပေါ်သို့ လက်နှစ်ချောင်းတင်လိုက်သည်။ ဒြပ်စင် စွမ်းအင်အနည်းငယ်သည် သူမ၏သွေးကြောများကို ဖြတ်သန်းကာ ချင်းလင်၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းဖြည်းချင်း စီးဆင်းသွားလေသည်။ ချက်ချင်းဆိုသလို ပင် သူမ၏ မျက်နှာမည်းနက်သွားသည်။

“ရှောင်ကျို့” ပေထင်းဟွမ်၏ အမူအရာမကောင်းတော့သည်ကို ကြည့်ပြီး မုချင်းလင်သည် တစ်စုံတစ်ရာကို စမ်းစစ်ကြည့်နေသည်ဟု တွေးလိုက်သည် “ရှောင်ကျို့ ဘာမှမဖြစ်ဘူး နင် ဒီမှာရှိနေရင်ကောင်းနေပြီ”

ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူကာ မျက်လုံးများကို အန္တရာယ်ပြု တော့မည့်အမူအရာအဖြစ် ကျဉ်းမြောင်းလိုက်သည် “အဲတုန်းက မုဝမ်ယွဲ့က ဘာလို့ ဝိညာဉ်နက်ဆေးအဆိပ်မသင့်တာလဲ”

“ရှောင်ကျို့ ဒေါသမထွက်ပါနဲ့.. နောက်ကို သွားရမယ့်လမ်းကဝေးသေး တယ်... ငါတို့မှာအခွင့်အရေးရှိသေးတယ်လေ ဟုတ်တယ်မလား” မုချင်းလင် သည် အလွန်ပင် နူးညံ့သည့်မိန်းကလေးဖြစ်သည်။ သူမသည် ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင် တစ်ခုမှမစုစည်းနိုင်ခဲ့ပေ။ သူမသည် နန်ကုန်းကျိယင်နှင့် သူမ၏သမီးဖြစ်သူတို့၏ ထောင်ချောက်အတွင်းပြန်ကျရောက်သွားခြင်းဖြစ်နိုင် သည်ကိုသိသည်။ သို့သော် သူမ၏အဆက်အသွယ်သည် အကန့်အသတ်ရှိကာ လက်ထဲတွင်လည်း ပိုက်ဆံမရှိပေ။ မြို့စားအိမ်တော်၏ မုဝမ်ယွဲ့ကဲ့သို့ အဆိပ် ဖြေရန် အဆိပ်ဖြေဆေးကို ဝယ်ရန် ရှိသမျှပိုက်ဆံကိုမသုံးနိုင်ပေ။

ထပ်ပေါင်းပြောရလျှင် ပေထင်းဟွမ်ထွက်သွားပြီးနောက် မုချင်းလင်သည် သူမကိုအလွန်အမင်းစိတ်ပူခဲ့သဖြင့် သူမကိုယ်သူမကိုပင် အာရုံမစိုက်နိုင်ခဲ့ပေ။

“ဘာမှမဖြစ်ဘူး.. ငါရှိနေရင် နင့်ကို ဒီလိုမျိုးတစ်သက်လုံးအဖြစ်မခံနိုင် ဘူး” ပေထင်းဟွမ်သည် လက်ဖြန့်ပြီး ဝင်ခွင့်စာတစ်စောင်ထုတ်လိုက်သည်။ ရွှေရောင်အစွန်းတွင် မြင့်မြတ်သောစွမ်းအင်ခပ်ဖျော့ဖျော့ထါက်လာသည်။ ၎င်းသည် ဝိညာဉ်ခွဲတောင်တန်းအတွင်းပိုင်းတွင် ယန်ယဲ့မှ သူမကိုပေးခဲ့သည့် ဝင်ခွင့်စာဖြစ်သည် “ဒါက အင်ပါယာကျောင်းတော်ရဲ့ ဝင်ခွင့်စာပဲ.. ဘာမှမရေး ရသေးဘူး.. ဒါယူပြီး အရင်ဆုံးအင်ပါယာကျောင်းကိုဝင်သွားလိုက်”

“နင်ကရော ရှောင်ကျို့.. ငါမလိုချင်ဘူး” မုချင်းလင်သည် တွေဝေမှုမရှိ ငြင်းဆ်လေသည်။ အင်ပါယာကျောင်းတော်က ဘယ်လိုနေရာမျိုးလဲ။ အဲဒီကနေ ထွက်လာတာနဲ့ ဒီပင်မတိုက်ကြီးမှာ ကျွမ်းကျင်သူဖြစ်သွားတော့မှာ။ အင်ပါယာကျောင်းတော်ကို ဝင်ခွင့်ရဖို့ လိုအပ်တဲ့အရည်အချင်းတွေက အရမ်း မြင့်တာ။ အသက် ၂၅ နှစ်အောက်ရှိပြီး ဝိညာဉ်သခင်ခွန်အားရှိတဲ့လူတွေပဲ ဝင်ခွင့်ရတာလေ။ ဝင်ခွင့်စမ်းသပ်မှုကလည်း အရမ်းရက်စက်တာ။ နှစ်တိုင်း အယောက်တစ်ရာထဲက စမ်းသပ်မှုကိုအောင်မြင်တဲ့ တစ်ယောက်ကိုပဲ တရားဝင်လက်ခံတာ။

ရှောင်ကျို့က ဒီဝင်ခွင့်စာကိုယူနိုင်တယ်ဆိုတာက အင်ပါယာကျောင်း တော်ရဲ့ တံခါးပေါက်ကိုခြေလှမ်းနိုင်တာနဲ့ ညီမျှတာပဲ။ ဒီလိုအခွင့်အရေးကို ဘယ်လိုသွားလုမလဲ။

“အရင်ဆုံးယူထားလိုက်ပါ.. လိမ္မာတယ်” ပေထင်းဟွမ်သည် ဝင်ခွင့်စာကို သူမလက်ထဲသို့ထည့်လိုက်သည် “ငါက သေချာပေါက် အင်ပါယာကျောင်းတော် ကို ဝင်နိုင်မှာ.. အဲချိန်ကျရင် ငါ နင်နဲ့ ဝင်ခွင့်စမ်းသပ်မှုကို အတူပြိုင်မယ်.. နင် ငါ့ကိုယုံရမယ်”

မုချင်းလင်သည် ဝင်ခွင့်စာကို ဒွိဟဖြစ်ကာ ယူလိုက်သည်။ သူမ ဖွင့်ကြည့် ရာ အမှန်တကယ်ပင် ဗလာစာရွက်ကိုမြင်လိုက်ရသည်။ သူမနာမည်ကို ဖြည့် မထားသဖြင့် ရှောင်ကျို့သည် သူမကိုပေးခြင်းဖြစ်သည်။

ပေထင်းဟွမ်သည် အင်ပါယာကျောင်းတော်ကို အရင်သွားမည်ကို ချုံချီ သိသဖြင့် အင်ပါယာကျောင်းတော်ဆီသို့ ဦးတည်ပြီး မောင်းနှင်လိုက်သည်။ ယနေ့သည် စာရင်းပေးသွင်းမည့်နေ့ဖြစ်ရာ အင်ပါယာကျောင်းတော်၏ ဧရိယာ တစ်ခုလုံးသည် စာရင်းသွင်းရန်လာသည့်လူများနှင့် ပြည့်နေပြီဖြစ်သည်။

ရထားလုံးပျံသည် ဖုန်မှုန့်များကိုကျုံ့သွားစေပြီး အားလုံး၏ခေါင်းအထက် ၌ ပျံသန်းသွားလေသည်။ အဝေးမှကြည့်လျှင် ပုလဲနှင့်တူသော ကျောက်စိမ်း တောင်တန်းများရှေ့တွင် မြင့်မားသောအဆောက်အဦး များစွာကိုတွေ့နိုင်၏။ ကျောင်းတော်ဝင်ပေါက်တွင် “အင်ပါယာဝိညာဉ်သခင်ကျောင်းတော်” ဆိုသည့် ရွှေရောင်စာလုံးများသည် မီးထဲမှ ပြန်လည်မွေးဖွားလာသည့် ဇာမဏီငှက်နှင့် ပင်တူလေသည်။ ကြည်လင်သောအော်ဟစ်သံနှင့်အတူ တိမ်များကိုဖြတ်ကျော် ကာ ကောင်းကင်သို့ပျံတက်သွားပြီး သက်ရှိသတ္တဝါများအားလုံးကို ငုံ့ကြည့်နေ သော အနှိုင်းမဲ့အစွမ်းထက်သော ရောင်ဝါကို သယ်ဆောင်လာခဲ့လေသည်။

All Chapters