ဘယ်သူက ဒီလောက်ရဲစွမ်းသတ္တိရှိတာလဲ
Vol. 22 Ch. 440
ပင်မတိုက်ကြီးတွင် နံပါတ်တစ် ဝိညာဉ်သခင်အင်ပါယာကျောင်းတော် သည် နှစ်စဉ်နှစ်တိုင်း ကျောင်းသားများကို စုဆောင်းခဲ့သည်။ ၎င်း၏ ဂုဏ်သတင်းကြောင့် ရောက်လာသောလူငယ်များသည် ရာချီထောင်ချီရှိကြ သည်။ ၆ လပိုင်း၏ နေရောင်အောက်တွင် အဆောက်အဦးများ၏အနောက်၌ ကျောက်စိမ်းအဖြူများသည် မွန်မြတ်သောအရောင်ဖြင့် တောက်ပနေသည်။
လေထုခွင်းဝိညာဉ်ယာဉ်သည် ကွင်းပြင်တစ်ခုလုံးကိုဖြတ်ကာ အင်ပါယာ ကျောင်းတော်၏ဝင်ပေါက်ကို ဖြတ်ကျော်သွားလေသည်။ ၁၀ မိနစ်ခန့် ပျံသန်း ပြီးနောက် အင်ပါယာကျောင်းတော်၏ စာရင်းသွင်းသည့်ကွင်းကို ရှာတွေ့ကာ ရပ်တန့်လိုက်ကြသည်။
လူတန်းရှည်ကြီးသည် ပေထင်းဟွမ်ကို ထိတ်လန့်သွားစေသည်။ ဝရံတာ ကိုထွက်ကြည့်ရာ ပေထင်းဟွမ်သည် ချွေးအေးများပြန်လာတော့သည် “ချုံချီ.. ကျွန်တော့်အလှည့်ရောက်ဖို့ သုံးရက် သုံးညလောက် တန်းစီရဦးမယ်လို့တော့ မပြောနဲ့နော်”
“သုံးရက် သုံးညဟုတ်လား.. သခင်လေး ၉ ဘယ်လိုလုပ် အဲလိုတွေးလိုက် တာလဲ” ချုံချီသည်လျှောက်သွားပြီးနောက် သူ့အကြည့်သည် မုချင်းလင်တွင် ခေတ္တမျှရပ်တန့်သွားလေသည်။ သူသည် တအံ့တဩဖြင့် ပြောလေသည် “ဆင်းဖို့ နေရာရှာရအောင်.. သခင်က ကြိုဖို့လူလွှတ်လိုက်မယ်လို့ ပြောလိုက် တယ်.. စာရင်းသွားသွင်းရုံပဲ”
ဟုတ်ပြီ အကုန်စီစဉ်ပြီးသားပဲ။
ချုံချီသည် လူသူရှင်းသည့်နေရာကိုရှာကာ ပေထင်းဟွမ်နှင့် ဖုန်းဝူတို့ကို ယာဉ်ထဲမှထွက်စေသည်။ သူသည် ရထားလုံးကို သိမ်းလိုက်ပြီး လူသုံးယောက် သည် လေထဲတွင်ပေါ်လာသည်ကိုမြင်သောအခါ ထိုနေရာတွင်စောင့်ဆိုင်းနေ ကြသောလူများသည် ထိတ်လန့်သွားကြလေသည်။ ခေတ္တမျှကြာပြီးနောက် လူ တစ်ယောက်သည် သတိဝင်လာကာ အော်လေသည် “ဆောက်လုပ်ရေးအမျိုး အစား ဝိညာဉ်လက်နက်ပဲ”
ချက်ချင်းဆိုသလိုပင် အားလုံး မတ်တတ်ရပ်လိုက်ကြသည်။ သို့သော် ရင်ပြင်တွင် လူများလှသည်။ ပေထင်းဟွမ်နှင့် တခြားနှစ်ယောက်သည် လူအုပ် ကြားတွင် ညပ်သွားလေသည်။ သူတို့တောင် ရှင်းရှင်းလင်းလင်းမမြင်နိုင်သေး တာကို လူသုံးယောက်ကို ဘယ်လိုတွေ့သွားတာလဲ။
ထို့ကြောင့် စာရင်းသွင်းရန် ဆောက်လုပ်ရေးအမျိုးအစား ဝိညာဉ်ပစ္စည်း ကိုသုံးလာသည့် တင်းသည် တဒင်္ဂအတွင်းတွင် တောမီးသဖွယ်ပျံ့သွားလေ၏။ ပေထင်းဟွမ်နှင့်တခြားနှစ်ယောက်သည် လန့်သွားကြလေသည်။
“ငလူး ဘယ်သူက ဒီလောက်သတ္တိရှိနေတာလဲ.. ငါတို့ကို တိုက်ခိုက်ချင် နေတာလား.. ဆောက်လုပ်ရေးအမျိုးအစားဝိညာဉ်ပစ္စည်းတောင်ရှိနေတာကို ဘာလို့များ အင်ပါယာကျောင်းတော်ကိုလာနေသေးတာလဲ.. နှမြောဖို့ကောင်း လိုက်တာ”
“သေစမ်း အဲဒါဘယ်သူလဲ.. မိုက်လိုက်တာ.. သူက ဒီနှစ်ရဲ့ကျောင်းသား အသစ်လား.. ဘယ်မိသားစုကလာတာလဲ.. ဘာလို့အဲလောက်ချမ်းသာနေတာ လဲ”
“သူက အရမ်းချောတာပဲ.. ငါလည်း အဲလိုနေ့မျိုးရောက်ချင်လိုက်တာ.. အကုန်လုံးက ငါ့ကိုကြည့်နေမယ်.. ငါ့ခြေထောက်ရှည်ကြီးကို မိုးပေါ်ကနေ ဆန့်ထုတ်ပြီး ခြေလှမ်းချလိုက်တာကို မြင်ကြမယ်.. အကုန်လုံး မျက်စိကျိန်း လောက်အောင် ငါအရမ်းမိုက်နေမယ်..”
“အဲကလေးက ဘယ်သူလဲဆိုတာ သိရရင်.. သူ့ကိုသေအောင် သေချာ ပေါက်ကိုရိုက်ဦးမယ်”
ကျောင်းစတက်သည့်နေ့တွင် လူအများသည် အနာဂတ်တွင် တန်ခိုးရှင် ဖြစ်လာမည့် အိပ်မက်မက်နေကြဆဲပင်။ အိပ်မက်မှမနိုးထခင် အသက်ရှင်ရန် ဘာမှမကျန်တော့လောက်အောင် အရိုက်ခံလိုက်ရသည်။ သူတို့သည် မည်မျှ ကြိုးစားစေကာမူ တစ်စုံတစ်ယောက်၏ လက်ချောင်းအောက်တွင်ရှိနေဆဲဟု ထင်မိသည်။ သူတို့သည် ထိုလူများ ပါးစပ်ကြမ်းသည်ကို အပြစ်တင်၍မရပေ။
ပေထင်းဟွမ်သည် ထွက်ပြေးသည့်အလား မုချင်းလင်ကိုဆွဲကာ ချုံချီ နောက်မှလိုက်လာခဲ့သည်။ သူတို့သည် များစွာသောလူတန်းကြီးကို ဖြတ်လာ ပြီးနောက် အလယ်နားလောက်တွင်ရပ်လိုက်ကြသည်။ ချုံချီသည် အလယ်တွင် ရပ်ပြီး အရှေ့သို့မျှော်ကြည့်သော်လည်း မည်သူ့ကိုမှမတွေ့ရပေ။ သူ ပြန်ကြည့် ရာ စင်မြင့်နှင့် အယောက်လေးဆယ်၊ ငါးဆယ်ခန့်ကွာဝေးသောနေရာတွင် ညအရှင်အိမ်တော်မှလူများကို တွေ့လိုက်ရသည်။
“ငါပြောမယ် ကောင်စုတ်လေး မင်းသေချင်နေပြီလား.. စောစောထပြီး တန်းစီပါလို့.. အလုပ်ကို ဘယ်လိုလုပ်နေတာလဲ” ချုံချီသည် လျှောက်သွားပြီး အနက်ရောင်ဝတ်ထားသောလူငယ်ကို ဆုပ်ကိုင်လိုက်သည်။ သူ အားသုံးလိုက် သည်လား မသုံးလိုက်သည်လားကိုမသိရပေ။ သို့သော် လူငယ်သည် ချုံချီ၏ လက်ကောက်ဝတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လေသည် “သခင်လေး ၉ ကျွန်တော့်အသက်ကိုသက်ညှာပေးပါ”
“ဟား”
ဟာသပဲ။ ပေထင်းဟွမ်သည် မရှည်သေးသောလူတန်းကို ကြည့်လိုက် သည်။ လူတန်းကြီးသည် အင်ပါယာကျောင်းတော်အပြင်ဘက် လမ်းမကြီးအထိ ဆက်သွားနေသည်။
ဤသည်မှာမဆိုးလှပေ။ သူမ ပြုံးပြီးပြောလိုက်သည် “ကဲပါ ချုံချီ.. ဒါက.. စာရင်းသွင်းတဲ့လုပ်ငန်းစဉ်က ဘယ်လိုလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”