လင်းဖန်ရဲ့ သီချင်းက အင်တာနက်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့ပြီ
Vol. 20 Ch. 286
“ဆရာ ဆိုထားတဲ့ ဇာတ်ဝင်တေးက အရမ်းကောင်းတာပဲ။ ဘဝရဲ့ပျော်ရွှင်မှု Season 2 ဇာတ်ဝင်တေးက Season 1 ထက်ပိုတောင် ကောင်းသေးတယ်” စုရှောင်းယွီက အံ့အားသင့်စွာ ပြောလိုက်ပါသည်။
“တကယ်ကောင်းတယ်။ ငါ့ကျင်းကျင်းလေး သီချင်းဆိုတာလောက်တောင် ကောင်းတယ်” ရှုယန်က ပြုံးကာ သူတို့ အချစ်ကိုပါ ကြွားလိုက်ပါသေးသည်။
လင်းကျင်းကျင်းကလည်း နာမည်ကျော်အဆိုတော် တစ်ယောက်ဖြစ်သည်။ ဂီတဖျော်ဖြေပွဲတစ်ခု ကျင်းပလိုက်ရုံနဲ့ ငွေတွေ အများကြီး ရနိုင်ပါသည်။
“ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် ဇာတ်ဝင်တေးသီဆိုဖို့ လင်းဖန်ကို ဖိတ်ကြားထားမှန်း ငါသိပါတယ်။ တကယ်ခြားနားတယ်။ ဒီဇာတ်ဝင်တေးတစ်ခုတည်းနဲ့တင် အရမ်းကောင်းနေပြီ။ နောက်ဆက်တွဲထုတ်လုပ်မှုတွေအပြီး ဘဝရဲ့ပျော်ရွှင်မှု Season 2 ဘယ်လိုပုံစံရှိလဲ ငါမြင်ချင်လိုက်တာ” ရှုယန်က ပြောလိုက်၏။
တစ်ချိန်တည်းမှာပင် ယွဲ့ဟွာဖျော်ဖြေရေးမှ ဝန်ထမ်းများ၊ နောက်ဆက်တွဲထုတ်လုပ်ရေးအဖွဲ့၊ နောက်ခံ အသံသွင်းအဖွဲ့၊ ဒါရိုက်တာအဖွဲ့၊ ယွဲ့ဟွာ ရှယ်ယာဝင်များ၊ စီအီးအိုလီတို့ကပါ ရုပ်သံစီးရီးကို အာရုံစိုက်ထားကြပါသည်။
ရုပ်သံဒရမ်မာများကို ထုတ်လွှင့်ပြသရာတွင် ပထမနေ့၏ ရလဒ်မများက ရုပ်သံဒရမ်မာ၏ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်သည်ဟု ဆိုနိုင်သည်။
နာမည်ကောင်းသာ ရလိုက်ပါက ဒီရုပ်သံဒရမ်မာ သေချာပေါက် ရေပန်းစားလာလိမ့်မည်။
ကြည့်ရှုသူများစွာကလည်း ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို တစ်ချိန်တည်း ကြည့်ရှုနေကြပါသည်။
အပိုင်း ၃ ပိုင်းကို တစ်ပြိုင်တည်း ထုတ်လွှင့်ပြသမည့် သတင်းကို ကြားသည့်အခါ ပရိတ်သတ်များ ပျော်ရွှင်သွားပါသည်။
iQiyi နဲ့ Tencent Arts ၏ ဗီဒီယိုဆော့ဖ်ဝဲများရှိ ကောမန့်များက ထုတ်လွှင့်ပြသမှု စလိုက်တာနဲ့ ဖန်သားပြင် တစ်ခုလုံး အပြည့် ဖြစ်သွားပါသည်။
ပရိတ်သတ်တွေက စိတ်အားထက်သန်လွန်းနေသည်။
ဘာပဲဖြစ်ဖြစ် ဒီရုပ်သံဒရမ်မာကို ဘယ်လောက်ကောင်းမွန်စွာ ရိုက်ကူးထားသလဲဆိုတာ မဆိုဦးနဲ့၊ ဒီရုပ်သံဒရမ်မာထဲ ပါဝင်သည့် သရုပ်ဆောင်တွေနဲ့တင် အားလုံးကို တုန်လှုပ်သွားစေနိုင်ပါသည်။
ခေါင်းဆောင်မင်းသားက လင်းဖန်၊ ခေါင်းဆောင်မင်းသမီးက ရှားဝမ်ချွေ့ ဖြစ်၏။
လင်းကျင်းကျင်း၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်း၊ ရှုယန်နဲ့ တခြား ဝါရင့်သရုပ်ဆောင်တွေပါဝင်ကြသည်။ အားလုံးက နာမည်ကျော်များသာ ဖြစ်ကြသည်။
ယခုခေတ်တွင် တချို့ ရုပ်သံဒရမ်မာများ Season 2 ထုတ်လုပ်သည့်အခါ ပရိတ်သတ်များစွာ စိတ်ပျက်ကြရ၏။ ဆယ်လီပေါင်းစုံတို့၏ မတူညီသည့် အချိန်စာရင်းများကြောင့် မူလသရုပ်ဆောင်တွေကို ရိုက်ကူးရေးလုပ်ဖို့အတွက် ပြန်လည်စုစည်းဖို့က အလွန်ခက်ခဲပါသည်။ ထို့ကြောင့် ရုပ်သံဒရမ်မာ အတော်များများ၏ Season 2 များက Season 1 လောက် မကောင်းနိုင်ကြပါ။
မူရင်း သရုပ်ဆောင်တိုင်းက ပရိတ်သတ်၏ မှတ်ဉာဏ်ထဲမှာ စွဲထင်နေတာကြောင့်ဖြစ်သည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ကတော့ လုံးဝ ခြားနားပါသည်။
သရုပ်ဆောင်တိုင်းက မူရင်းသရုပ်ဆောင်များ ဖြစ်ကြသည်။ စူပါစတား လင်းခဲ့ရှင်းပါ ထပ်တိုးပါဝင်လာသဖြင့် ဒီရုပ်သံဒရမ်မာ၏ ပရိတ်သတ်အရေအတွက်လည်း တိုးမြင့်သွားခဲ့ပါသည်။
“ဘဝရဲ့ပျော်ရွှင်မှု Season 2 နောက်ဆုံးတော့ ထွက်လာပြီဟေ့၊ အားလုံး ငိုကြပေတော့။”
“ငါအကြာကြီး စောင့်နေခဲ့ရတာ။ ဘဝရဲ့ပျော်ရွှင်မှု Season 1 က တော်တော်ကောင်းတာ။ အခု နေ့တိုင်း ဒရမ်မာတွေ ပြန်ကြည့်ပြီး လင်းဖန်ရဲ့ ဒရမ်မာတွေကိုလည်း ကြည့်လို့ရပြီပေါ့”
“ပြောရရင် ဇာတ်ဝင်တေးကို နားထောင်ကြည့်တာနဲ့ ဒီရုပ်သံဒရမ်မာက ခြားနားတယ်လို့ ခံစားရတယ်။ ဒီရုပ်သံဒရမ်မာထဲက ဇာတ်ကောင်တိုင်းရဲ့ ဝတ်စုံတွေကိုလည်း ကြည့်လိုက်ဦး။ အကုန်လုံး လှကြတယ်”
“ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်းတို့ အားလုံး ဒီအဝတ်အစားတွေနဲ့ တော်တော်လှကြတာပဲ။ ရှုယန်နဲ့ လင်းဖန်တို့လည်း အရမ်းချောကြတယ်။ ထုတ်လုပ်ရေးအဖွဲ့က ငွေတွေများ တော်တော်လျှံနေကြတာလား မသိဘူး”
“လခွမ်း။ ဒီရုပ်သံဒရမ်မာရဲ့ အထူးပြုလုပ်ချက်တွေကလည်း အရမ်းလှတယ်။ တချို့ တခြား ရုပ်သံဒရမ်မာတွေရဲ့ စုတ်စုတ်ပြတ်ပြတ် အထူးပြုလုပ်ချက်တွေလို မဟုတ်ဘူး။ အရမ်းမိုက်တယ်”
“လင်းဖန် လင်းဖန် လင်းဖန်ကို ထပ်တွေ့ရပြီ၊ နောက်ဆုံးတော့ လင်းဖန်ရဲ့ ရုပ်သံဒရမ်မာကို ထပ်ကြည့်ရပြီဟေ့။ ပြီးတော့ ဒီရုပ်သံဒရမ်မာကိုလည်း လင်းဖန်ပဲ ဇာတ်ညွှန်းရေး၊ လင်းဖန်ပဲ ဒါရိုက်တာအဖြစ် ကိုင်တွယ်ထားတာ။ သဘောကျလိုက်တာကွာ။”
ကြည့်ရှုသူများစွာက ဇာတ်ဝင်တေးကို တိုးတိုးတိတ်တိတ် ကြည့်ရှုနေကြသည်။
ကျော်ပစ်လိုက်သည့်လူ မရှိသလောက် ရှားပါသည်။
အထူးသဖြင့် အွန်လိုင်းပေါ်မှာ ရုပ်သံဒရမ်မာတွေကြည့်ရှုသည့်အခါ သူတို့ ကျော်ပစ်တတ်ကြသည်။
ပရိတ်သတ်တွေက ဇာတ်ဝင်တေး ပြီးအောင် နားထောင်ဖို့ စိတ်မရှည်တတ်ကြပါ။
ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် ဇာတ်ဝင်တေးကို ပရိတ်သတ်ကြားလိုက်ရချိန်မှာတော့ သူတို့ မှင်သက်သွားခဲ့ကြပါသည်။
“6666666”
“ဒီဇာတ်ဝင်တေးကို ဘယ်သူဆိုထားတာလဲ။ ဘယ်လို နာမည်ကျော် အဆိုတော်က ဆိုထားတာလဲ။ ဘဝရဲ့ပျော်ရွှင်မှု Season 2 ရဲ့ ဇာတ်ဝင်တေးက ဘာလို့ ဒီလောက်ကောင်းရတာလဲ။ Season 1 ထက်တောင် အများကြီး ပိုကောင်းတယ်”
“ငါမြင်လိုက်တယ်။ လင်းဖန် ဒီသီချင်းကို ဆိုထားတာ။ လင်းဖန်က ငါတို့အတွက် ဇာတ်ဝင်တေး သီဆိုပေးထားတာ။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အသံလေးလဲ။ လင်းဖန်ရဲ့ အသံက အရမ်း နားထောင်ကောင်းတာပဲ။ ဘာမှ ထပ်မပြောတော့ဘူး။ နောက်ကိုလည်း ဇာတ်ဝင်တေးကို မကျော်ပစ်ဘူး။ ဇာတ်သိမ်းသီချင်းကိုပါ လင်းဖန် ဆိုထားတာ ဖြစ်နိုင်တယ်။ ညီကိုတို့ ငါဇာတ်သိမ်းသီချင်းကို အရင် သွားနားထောင်ကြည့်လိုက်တော့မယ်”
“လင်းဖန်က သီချင်းနတ်ဘုရားကြီးလိုပဲ။ ဂီတလောကထဲဝင်ဖို့ လင်းဖန် ရွေးချယ်မယ်ဆိုရင် သေချာပေါက် သီချင်းနတ်ဘုရားကြီး ဖြစ်လာမှာ”
ရုပ်သံဒရမ်မာတစ်ခုကို ကြည့်ရှုတဲ့အခါ ပရိတ်သတ် ပထမဆုံး မြင်တာက ဘာဖြစ်နိုင်မလဲ။
အသေးစိတ်ကျမှု ဖြစ်သည်။
ရုပ်သံဒရမ်မာထဲက ဇာတ်ဝင်ခန်းများ အပါအဝင်၊ အထူးပြုလုပ်ချက်များ၊ သရုပ်ဆောင်များနဲ့ ဇာတ်ဝင်တေးတို့ ဖြစ်သည်။
အသေးစိတ်တိုင်းကို လျစ်လျူရှုလို့ မဖြစ်ပါ။
ဘဝရဲ့ပျော်ရွှင်မှု Season 2 က ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ရရှိထားပါသည်။ ထို့ကြောင့် ဒီရုပ်သံဒရမ်မာအတွက် လင်းဖန် အများကြီး အားထုတ်ရင်းနှီးမြှုပ်နှံထားခဲ့ပါသည်။
ရည်ရွယ်ချက် ပန်းတိုင်က အင်တာနက်ပေါ်က မုန်းတီးရေးသမားများနဲ့ ဟွာစဲပစ်ချားတို့ကို အရှက်ခွဲဖို့ ဖြစ်သည်။
သူ မအောင်မြင်နိုင်ဘူးဟု လူများစွာက ပြောထား၏။ လင်းဖန်၏ အမှိုက်သရိုက်ဖြစ်ကြောင်း၊ လင်းဖန်က ရုပ်သံဒရမ်မာကောင်းတစ်ခုကို မဖန်တီးနိုင်ကြောင်း တိုက်ခိုက်ပြောဆိုကြသည်။
ထို့ကြောင့် လင်းဖန်က သူရိုက်ကူးထားသည့် ရုပ်သံဒရမ်မာများကို လူများစွာ ကြိုက်နှစ်သက်ကြောင်း အချက်အလက်များဖြင့်သာ သက်သေပြမည်။
လင်းဖန်က လွန်ခဲ့သည့် တစ်လတာ သူ့ကြိုးပမ်းအားထုတ်မှုများကို အားကိုးပြီး ရုပ်သံဒရမ်မာကို အလွန် ရေပန်းစားအောင် လုပ်မည်။
ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့ အဖေနဲ့ တွေ့ရဖို့က အချိန် ၄ လသာ လိုတော့သည်။
ဒီ ၄ လအတွင်း လင်းဖန်က ဒီ့ထက်ပိုပြီး ထူးချွန်လာချင်သည်။ ထိုအခါမှ ရှားဝမ်ချွေ့အဖေ၏ သဘောတူညီမှုကို ရရှိမှာ ဖြစ်သည်။
လင်းဖန်က ဇာတ်ကောင်တိုင်းနဲ့ တိုက်ခိုက်မှုတိုင်းကို ဒီဇိုင်းဆွဲရာတွင် ပါဝင်ထားသည်။
ဒီရုပ်သံဒရမ်မာက လင်းဖန်၏ ရုပ်သံဒရမ်မာဟု ဆိုနိုင်ပါသည်။
အမှန်ပင်။ အလုပ်တူတူ တွဲလုပ်ခဲ့သည့် ဝန်ထမ်းများစွာလည်း ရှိပါသည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ဒီလို အာနိသင်မျိုး ရလာတာကတော့ သေချာပေါက် လင်းဖန်နဲ့ သက်ဆိုင်နေပါလိမ့်မည်။
လင်းဖန်က ဒီရုပ်သံဒရမ်မာကို အသက်သွင်းပေးခဲ့ပြီး Season 2 တွင် အထွတ်အထိပ်ရောက်အောင် တွန်းပို့ပေးနိုင်ခဲ့သည်။
ရုပ်သံဒရမ်မာများစွာက အစောပိုင်းမှာတော့ တည်ငြိမ်နေသော်လည်း တစ်ဆင့်ချင်း အဆင့်မြင့်တက်လာသည်။ ၎င်းတို့၏ ဇာတ်လမ်းကမ္ဘာကို ဖွံ့ဖြိုးလာစေပြီး ဇာတ်ကောင်တွေကိုလည်း တိုးတက်လာစေသည်။
ထို့နောက် ဒီဇာတ်လမ်းကမ္ဘာကို ပရိတ်သတ်အား ဖြည်းဖြည်းချင်း နားလည်လာစေအောင် လုပ်ကာ ဒီရုပ်သံဒရမ်မာကို ကြိုက်နှစ်သက်သွားအောင် လုပ်ပါမည်။
သို့သော်လည်း ဘဝရဲ့ပျော်ရွှင်မှု Season 2 ကတော့ ခြားနား၏။
ဘဝရဲ့ပျော်ရွှင်မှု Season 2 က ဇာတ်ရှိန်အမြင့်ဆုံးနေရာက စတင်သည်။
Season 1 တုန်းက ပရိတ်သတ်မှာ ဇာတ်လမ်းအားလုံးကို မြင်ထားပြီးသားဖြစ်၏။
Season 2 တွင် လင်းဖန်က လိုရင်းသာ ပြသည်။ Season 2 တွင် ဇာတ်လမ်းက ကွေ့ပတ်မနေတော့ပါ။
ရုပ်သံဒရမ်မာများကို ကြည့်ရှုနေသည့်အခါ Bullet ကောမန့်များ မန့်သည့် ကြည့်ရှုသူများစွာ ရှိလိမ့်မည်။
သို့သော် ရုပ်သံဒရမ်မာ စတင်လိုက်သည့်အခါမှာတော့ ကောမန့်မန့်တဲ့ လူက ရှားပါးသွားပါသည်။
ဒီရုပ်သံဒရမ်မာက Bullet ကောမန့်များ မရှိပါက သေချာပေါက် ရေပန်းမစားလောက်ဘူးဟု ပရိတ်သတ်တချို့က ထင်လောက်သည်။
သို့သော်လည်း ဘဝရဲ့ပျော်ရွှင်မှုက လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသေော် ပထမပိုင်းက စလို့ ဘာဟာကွက်မှမရှိဘဲ မှင်သက်စရာ ဇာတ်ဝင်ခန်းများဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်ပါသည်။
ရလဒ်အနေဖြင့် ဇာတ်လမ်းအလယ်တွင် ကောမန့်များ မရှိကြပေ။
ပရိတ်သတ်တွေ အားလုံးက ရုပ်သံဒရမ်မာကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေသဖြင့် ကောမန့်မန့်ဖို့ အချိန်မရှိပါ။
စာသင်ခန်းတစ်ခုတွင် ဘောပင်ပြုတ်ကျသဖြင့် ကုန်းကောက်ကာ ပြန်ထလိုက်ချိန် ဆရာမ သင်တာ ဘယ်နား ရောက်သွားမှန်း မသိလိုက်သလိုမျိုး ဖြစ်သည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 မှာလည်း ထိုကဲ့သို့ အာနိသင်မျိုး ရှိနေပါသည်။
ထို့ကြောင့်ပဲ iQiyi နဲ့ Tencent Arts တို့ထဲ ကြည့်ရှုသူတွေ ပိုပိုပြီး ဝင်ရောက်လာကြခြင်း ဖြစ်သည်။
ပရိတ်သတ်များစွာက ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို နှိပ်ကြည့်ကြသည်။
အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရပြီးနောက် သူတို့ နောက်ဆုံးတော့ ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ကြည့်ရှုနိုင်ပါပြီ။