← Chapters

Weibo ရဲ့ အဆင့် ၁ ရေပန်းစား အကြောင်းအရာ

Vol. 20 Ch. 287

Weibo ရဲ့ အဆင့် ၁ ရေပန်းစား အကြောင်းအရာ

Vol. 20 Ch. 287

“လခွမ်း လခွမ်း မင်းတို့ မြင်လိုက်လား။ ဇာတ်ကောင်အတော်များများရဲ့ ဝတ်စုံတွေက အရမ်းလက်ရာမြောက်တာပဲ”

“ဟုတ်တယ်။ ဒီရုပ်သံဒရမ်မာမှာ သုံးထားတဲ့ ရိုက်ကူးရေးပစ္စည်းတွေနဲ့ နေရာတွေကလည်း အရမ်းလက်ရာမြောက်တယ်။ အထူးပြုလုပ်ချက်တွေ ထည့်ထားတယ်လို့တောင် မထင်ရဘူး”

“66666 ရိုက်ကူးရေးအဖွဲ့က ချမ်းသာလွန်းပါတယ်ကွာ။ ဇာတ်ပို့သရုပ်ဆောင်တွေရဲ့ ဝတ်စုံတွေကတောင် အရမ်းလက်ရာမြောက်နေတယ်။ ခေါင်းဆောင်မင်းသား မင်းသမီးတွေရဲ့ အဝတ်အစားက ခဏခဏ ပြောင်းနေမှာ ထင်တယ်နော်”

“လခွမ်း ဘဝရဲ့ပျော်ရွှင်မှု Season 1 နဲ့တောင် ခြားနားတယ်။ ဘယ်လိုလုပ်ပြီး ဘဝရဲ့ပျော်ရွှင်မှု Season 1 က ရေပန်းစားခဲ့မှန်းတောင် မသိတော့ဘူး။ ဘဝရဲ့ပျော်ရွှင်မှု Season 1 ကိုလည်း ကောင်းကောင်းရိုက်ကူးထားတာ ဆိုပေမယ့် ကုန်ကျစရိတ်က အဲ့လောက်မြင့်တဲ့ပုံ မပေါ်ဘူး။ ဒါပေမယ့် Season 2 မှာတော့ ပြီးပြည့်စုံလွန်းတယ်လို့တောင် ပြောလို့ရတယ်”

“တကယ် အံ့သြသွားပြီ။ အခုခေတ်မှာ ဒီလောက် တန်ဖိုးရှိတဲ့ ရုပ်သံဒရမ်မာ တစ်ခုရှိနေသေးတယ်ပေါ့။ တစ်ချိန်လုံး ဟာကွက်ကို မရှိဘူး။ ငါ အိမ်သာတက်ချင်လာရင် ဘယ်လိုလုပ်ရမလဲ။ အဖြေပေးကြပါဦး”

“အိမ်သာသွားချင်တဲ့ကောင် မသွားခင် ရပ်ထားလို့ မရဘူးလား”

“ဒါပေမယ့် ဒီလောက်ကတောင်းတဲ့ ဒရမ်မာကို ဘယ်လိုလုပ်ပြီး ရပ်ပစ်ရက်မှာလဲ။ ရိုးရိုးသားသား ပြောရရင် ငါအောင့်ထားတာ ၁ နာရီကျော်ပြီ”

“လင်းဖန်ရဲ့ ရုပ်သံဒရမ်မာတွေက တကယ် ထူးခြားတယ်။ ပုံမှန်ဆို ဘဝရဲ့ပျော်ရွှင်မှု Season 2 အရည်အသွေး ကျသွားမယ်လို့ လူတွေ ထင်ခဲ့ကြတာ။ ဘဝရဲ့ပျော်ရွှင်မှု Season 2 အရည်အသွေးက ဒီလောက် အများကြီး မြင့်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ကြဘူး။ ပြီးပြည့်စုံလွန်းပါတယ်”

မကြာမီ နောက်ထပ် ၂ နာရီလောက် ကုန်လွန်သွားပါသည်။

ဘဝရဲ့ပျော်ရွှင်မှု Season 2 ပထမနေ့ ၃ ပိုင်းစလုံးကို ထုတ်လွှင့်ပြသလို့ ပြီးသွားပါပြီ။

ကောမန့်များစွာလည်း တက်လာသည်။ ကြည့်ရှုသူများစွာ ကြည့်ရှုပြီးသွားသောအခါ ဒီရုပ်သံဒရမ်မာအကြောင်း စတင် ဆွေးနွေးလာကြသည်။

“ဘုရားရေ ဘဝရဲ့ပျော်ရွှင်မှု Season 2 သရုပ်ဆောင်အားလုံးရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းတာပဲ။ ဇာတ်ပို့တွေအားလုံးရဲ့ ဇာတ်ကောင်ဒီဇိုင်းကော၊ ဇာတ်ပို့အားလုံးရဲ့ ဇာတ်ဝင်ခန်းတွေကော အကုန်လုံးကို ပေါ်ပေါ်လွင်လွင် ပုံဖော်ထားလို့ ကြည့်ရတာ အားရဖို့ ကောင်းလိုက်တာကွာ”

“ဒါမှ ဒါရိုက်တာလင်းကွ။ ဒါရိုက်တာလင်းရဲ့ ရုပ်သံဒရမ်မာက ဘဝရဲ့ပျော်ရွှင်မှု Season 1 ထက်တောင် ပိုကောင်းသေးတယ်။ ဒါရိုက်တာလင်းက ဒီရုပ်သံဒရမ်မာကို ထိပ်ဆုံးထိရောက်အောင် တွန်းပို့နိုင်ခဲ့တယ်”

“နောက်ဆက်တွဲ ဇာတ်လမ်းတွေကို မျှော်နေမိပြီ။ ဒီရုပ်သံဒရမ်မာက ဘာလို့ ဒီလောက်ပဲလွှင့်တာလဲဟ။ နှေးလိုက်တာကွာ”

“ကျေးဇူးပြုပြီး ထပ်တင်ပေးပါ ထပ်တင်ပေးပါ။ ဘယ်သူ့မှာ တခြား ရင်းမြစ်တွေ ရှိသေးလဲ”

“လင်းဖန်က တကယ်ချောတာပဲ။ သူ့သရုပ်စွမ်းရည်က အရမ်းကောင်းတယ်”

“ငါကတော့ လင်းခဲ့ရှင်းရဲ့ ပရိတ်သတ်ပဲ။ ငါတို့ ရှင်းရှင်းလေးက အရမ်းလှတာပဲ။ အီးဟီးဟီး၊ အထူးသဖြင့် လင်းဖန်နဲ့ သရုပ်ဆောင်တဲ့အခါမှာပေါ့။ ရှင်းရှင်းနဲ့ လင်းဖန်တို့ရဲ့ ဇာတ်ဝင်ခန်းတွေက အရမ်းကောင်းတယ်လို့ ငါတော့ ခံစားမိတယ်။”

“အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့။ သူဘယ်လောက်ပဲ လှပါစေ ငါတို့လင်းဖန်နဲ့ ချွေ့ချွေ့လေးကို ယှဥ်နိုင်ပါ့မလား။ သူတို့ အကြည့်တွေက ချစ်ဖို့ကောင်းလွန်းတယ်”

“ဒီကလေးမလေးကလည်း ချစ်ဖို့ကောင်းလိုက်တာ။ ထန်ရှင်းရန် ထန်ရှင်းရန်”

“၁၀ နှစ်အရွယ် ကလေးလေးက ဘာလို့ ဒီလောက်လှရတာလဲ”

“ငါနဲ့ လာမပြိုင်နဲ့နော် ထန်ရှင်းရန်လေးက ငါ့ဇနီးလောင်းပဲ”

ထို့နောက် ဘဝရဲ့ပျော်ရွှင်မှု Season 2 က Weibo ပေါ်တွင် ရေပန်းစား အကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။

၃ နာရီအတွင်း ဘဝရဲ့ပျော်ရွှင်မှု Season 2 နဲ့ပတ်သတ်သည့် သတင်းအားလုံး Weibo ၏ ထိပ်တန်း ရေပန်းစား အကြောင်းအရာ စာရင်းထဲ ရောက်သွားခဲ့၏။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့မှာ ပရိတ်သတ်များစွာ ရှိသည်။ ဒါတွေအားလုံးက သူမတို့၏ မူလပရိတ်သတ်များ ဖြစ်ကြသည်။

ဘဝရဲ့ပျော်ရွှင်မှု Season 2 မှာ လင်းခဲ့ရှင်း ပါဝင်သရုပ်ဆောင်လိုက်တော့ သူမရဲ့ မူလ ပရိတ်သတ် အရေအတွက် ၂ ဆ တိုးသွားခဲ့ပါသည်။

လင်းခဲ့ရှင်းကို သဘောကျသည့်လူ အမြောက်အများ ရှိသည်။

Weibo ပေါ်မှာလည်း ကောမန့်ကောင်း ပေါင်းစုံ ပေါ်လာခဲ့ပါသည်။

ဟွာစဲပစ်ချားက မုန်းတီးရေးသမားများစွာကို ငှားရမ်းထားခဲ့သော်လည်း ပရိတ်သတ်များစွာ၏ Review ကောင်းများကို မတွန်းလှန်နိုင်ပါ။

စက္ကူနဲ့ မီးကို ငြှိမ်းသက်လို့ မရပေ။ ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ဘာမှ ပြစ်ချက်မရှိအောင် ရိုက်ကူးထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပဲ ပရိတ်သတ်တွေက ဒီရုပ်သံဒရမ်မာကြောင့် ပိုပြီး အံ့အားသင့်မိကြခြင်း ဖြစ်ပါသည်။

ပရိတ်သတ်၏ မျက်လုံးများ အရောင်တောက်သွားခဲ့ကြသည်။ ဒီရုပ်သံဒရမ်မာ၏ အာနိသင်ကို သိသွားကြပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းကိုလည်း မြင်ခဲ့ကြရသည်။ ဘယ်လိုလူမျိုးက အမုန်းစကားကို ဆိုနိုင်ဦးမှာလဲ။

နှလုံးသားရေကန် ဗီလာကြီးထဲတွင် လင်းဖန်နဲ့ အားလုံး ရုပ်သံဒရမ်မာ၏ အပိုင်း ၃ ပိုင်း စလုံးကို ကြည့်ရှုပြီးသွားကြပါသည်။

သူတို့က အဓိက သရုပ်ဆောင်များဖြစ်ပြီး ဇာတ်လမ်းကို ကြိုသိပြီးသားဖြစ်သော်လည်း နောက်ဆက်တွဲ ထုတ်လုပ်ရေးကို ဘယ်လိုလုပ်ထားသလဲ၊ နောက်ခံအသံသွင်းခြင်းကို ဘယ်လိုလုပ်ထားသလဲဆိုတာ သူတို့ မသိကြသေးပါ။

ရုပ်သံဒရမ်မာ အပိုင်း ၃ ပိုင်းကို ကြည့်ရှုပြီးနောက် နာမည်ကျော်များစွာကလည်း ရုပ်သံဒရမ်မာ၏ နောက်အပိုင်းများကို မျှော်လင့်နေမိပါသည်။

သူတို့ ကောင်းကောင်း သရုပ်ဆောင်နိုင်ခဲ့ပါက ဖန်သားပြင်ပေါ်က အာနိသင်လည်း ပိုလို့တောင် ကောင်းနိုင်ပါသည်။

ထိုအချိန်တွင် လင်းခဲ့ရှင်းက ဖုန်းထုတ်လိုက်ပြီး Weibo ဖွင့်ကြည့်လိုက်ပါသည်။

“အားလုံး Weibo ကို လာကြည့်ကြပါဦး။ ဘယ်သူရှေ့ဆုံးရောက်နေလဲသိဖို့ Weibo ပေါ်က ထိပ်ဆုံးမှာ ရောက်နေတဲ့ ရေပန်းစား အကြောင်းအရာ ၅ ခုကို ဖတ်ပြမယ်” လင်းခဲ့ရှင်းက ချိုမြိန်စွာ ပြုံးလိုက်ပြီး အားလုံးကို ကြည့်လိုက်ပါသည်။

“ဟုတ်ပြီ” ရှုယန်က ခေါင်းငြိမ့်လိုက်သည်။ “ငါက အရမ်းချောပြီး ပရိတ်သတ်တွေလည်း အများကြီး ရှိတာဆိုတော့ သေချာပေါက် ထိပ်ဆုံးမှာပဲ နေမှာ”

“ရှုယန် သွားစမ်းပါ။ ပထမနေရာက သေချာပေါက် ငါပဲ ~ အာဝူး” စုရှောင်းယွီက ပြောလိုက်သည်။ သူမလည်း သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို အလွန် ယုံကြည်ချက်ရှိပါသည်။

“ဒါမှမဟုတ် ငါတို့ရန်ရန်လေးပဲနေမှာပေါ့” လင်းဖန်က ပြုံးကာ ရန်ရန်လေးကို ကြည့်လိုက်ပါသည်။

လင်းခဲ့ရှင်းက ပြောလိုက်၏။ “Weibo ရဲ့ ရေပန်းစား အကြောင်းအရာ အဆင့် ၅ က ရှုယန်ရဲ့သရုပ်ဆောင်စွမ်းရည်တဲ့”

သူ့ကိုယ်သူ အဆင့် ၅ ဟုကြားလိုက်ရတော့ ရှုယန် လင်းခဲ့ရှင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါသည်။

ဘာလဲဟ။

သူက ယွဲ့ဟွာ၏ နံပါတ် ၁ အမျိုးသား သရုပ်ဆောင်ဖြစ်သည်။ လက်ရှိ ကြယ်ပွင့်ကြီး တစ်ယောက်လည်း ဖြစ်သည်။ သို့သော် Weibo ရဲ့ ရေပန်းစား စာရင်းမှာတော့ အဆင့် ၅ သာ ချိတ်ပါသည်။

“လခွီးထဲမှ” ရှုယန် မယုံနိုင်ပေ။

လင်းခဲ့ရှင်းက ဆက်ပြော၏။ “Weibo ရဲ့ ရေပန်းစား အကြောင်းအရာ အဆင့် ၄ က ရှောင်းယွီ ပြီးတော့ ကျင်းကျင်းနဲ့ ငါလည်းပါတယ်။ အွန်လိုင်းပေါ်က ကောမန့်တွေအကုန်လုံးက ငါတို့ အကုန်လုံးကို အရမ်းလှလို့ဆိုပြီး ချီးကျူးနေကြတယ်”

စုရှောင်းယွီက ပန်းသီး နောက်တစ်ကိုက် ကိုက်စားလိုက်ပါသည်။ “ဒါပေါ့ ဟီးဟီး”

လင်းကျင်းကျင်းကလည်း ခေါင်းငြိမ့်လိုက်သည်။ ကြည့်ရတာ ပရိတ်သတ်က အမြင်ရှိကြသည့်ပုံပင်။

“Weibo ရဲ့ ရေပန်းစားအကြောင်းအရာ အဆင့် ၃ က ရန်ရန်လေးတဲ့။ ရန်ရန်ရဲ့ သရုပ်ဆောင်စွမ်းရည်က Netizen တွေရဲ့ ချီးကျူးမှုကို အများကြီး ရထားတာ” လင်းခဲ့ရှင်းက ပြောလိုက်ပါသည်။

အားလုံးက ပို၍ပင် အံ့သြသွားကြသည်။ ထန်ရှင်းရန်က ချက်ချင်းပဲ Weibo ရဲ့ ရေပန်းစား အကြောင်းအရာ အဆင့် ၃ ကို တက်လှမ်းနိုင်ခဲ့သည်။

ထန်ရှင်းရန်၏ ပုံပန်းသဏ္ဌာန်နဲ့ သရုပ်ဆောင်စွမ်းရည်များကို ဘာမှပြောဖို့မလိုပါ။ သူမက အလှအပလေးဖြစ်ကာ ချစ်ဖို့ကောင်းပြီး ငယ်လည်းငယ်ရွယ်သည်။ ဘယ်သူက ဒီလောက်ချစ်ဖို့ကောင်းပြီး လှပတဲ့ ကောင်မလေးကို သဘောမကျဘဲ နေမှာလဲ။

“Weibo ရဲ့ ရေပန်းစားအကြောင်းအရာ အဆင့် ၂ က ငါတို့ရိုက်ကူးရေးအဖွဲ့ထဲက ဆရာကြီးချန်းတဲ့။ သူသရုပ်ဆောင်တဲ့ ချင်းဧကရာဇ် ဇာတ်ကောင်က အရမ်းပြောင်မြောက်လွန်းတယ်။ ရိုးရိုးသားသား ပြောရရင် ဆရာကြီးချန်းနဲ့ သရုပ်ဆောင်တုန်းက နည်းနည်းတောင် ကြောက်မိတယ်။” လင်းခဲ့ရှင်းက ပြုံးကာ ပြောလိုက်သည်။။ ဆရာကြီး ချန်း အဆင့် ၂ ရတာ ဖြစ်သင့်ပါသည်။

“ငါကောပဲ” ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်တယ် ဆရာကြီးချန်းရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းတာ။ ငါ့သရုပ်ဆောင်စွမ်းရည်ကို ငါ ကောင်းလှပြီ ထင်ထားတာ။ ဒါပေမယ့် ဆရာကြီးချန်းလိုမျိုး ဝါရင့် သရုပ်ဆောင်နဲ့ ယှဥ်လိုက်တော့ သင်ယူစရာတွေ အများကြီး ရှိနေသေးတယ်” လင်းဖန်က ပြုံးကာ ပြောလိုက်သည်။

ဆရာကြီးချန်း သရုပ်ဆောင်သည့် ဧကရာဇ်ချင်း ဇာတ်ကောင်က အလွန်ကောင်းမွန်သည်။ အားလုံးနဲ့ ရင်ဆိုင်ရချိန်တွင် သူ့အရှိန်အဝါက မသေးလှပါ။

ဧကရာဇ်ကြီးတစ်ပါး၏ အမူအယာနဲ့ ကိုယ်ကျင့်တရားများကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ပြီး သူနဲ့ တွဲဖက် သရုပ်ဆောင်ရသည့်လူများကို အနည်းငယ် စိတ်ဖိစိးသွားစေသည်။

လင်းဖန်မှာ နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်တွေ ရှိနေရင်တောင် အတူတူပဲဖြစ်ပါသည်။ တချို့ ဝါရင့်သရုပ်ဆောင်ကြီးများ၏ သရုပ်ဆောင်စွမ်းရည်များက ညစ်ပြီး ယှဥ်ပြိုင်ရင်တောင် ကျော်တက်ဖို့ ခက်ခဲသည်။

သူက အတွေ့အကြုံရင့်သည့် သရုပ်ဆောင်တစ်ယောက် ဖြစ်ရုံတင်မကဘဲ သရုပ်ဆောင်များစွာနဲ့ ပရိသတ်များ၏ လေးစားမှုကို ခံရသော စီနီယာ အနုပညာရှင်ကြီး ဖြစ်သည်။

“သြော် ဟုတ်သားပဲ Weibo ပေါ်က ထိပ်ဆုံး ရေပန်းစားအကြောင်းအရာက…”

“လင်းဖန်”

လင်းခဲ့ရှင်းက လင်းဖန်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက တောက်ပနေပါသည်။

လင်းဖန်၏ နာမည် နောက်တစ်ခေါက် Weibo ပေါ်မှာ ရေပန်းစားလာပြန်ပါပြီ။

လင်းဖန်ရဲ့ ဇာတ်ဝင်တေးနဲ့ ဇာတ်သိမ်းတေးကြောင့်သာ မဟုတ််ဘဲ သူ့သရုပ်ဆောင်စွမ်းရည်များ၊ ဒါရိုက်တာ စွမ်းရည်များ၊ ဇာတ်ညွှန်းရေးစွမ်းရည်များကြောင့် ရုပ်သံဒရမ်မာက ဒီလိုအာနိသင် ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကြည့်ရှုသူများစွာက လင်းဖန်ကို သဘောကျကြပါသည်။

Weibo ပေါ်က ထိပ်တန်း ရေပန်းစား အကြောင်းအရာက လင်းဖန်သာ ဖြစ်သင့်ပါသည်။

All Chapters