Estee Lauder ရဲ့ အများဆုံး ရှယ်ယာဝင်
Vol. 20 Ch. 289
“လခွမ်း စံချိန်တောင် ချိုးသွားပြီလား”
“ကြမ်းလိုက်တာ။ ငါတို့ iQiyi က ပထမနေ့မှာတင် ကလစ် သန်း ၂၀၀ နီးပါးလောက် ရသွားတယ်။ Tencent Arts ကလည်း ကလစ် သန်း ၂၀၀ လောက်ရှိရင် ကုမ္ပဏီ ၂ ခုရဲ့ စုစုပေါင်း ရေပန်းစားမှုက သန်း ၄၀၀ လောက်အထိ မြင့်တာပေါ့”
“အနည်းဆုံးတော့ ဒီရုပ်သံဒရမ်မာကို ကြည့်ရှုနေတဲ့သူတွေ သန်းနဲ့ချီမှန်း အတည်ပြုလို့ရပြီ။ ဒါရိုက်တာလင်းရဲ့ ဘဝရဲ့ပျော်ရွှင်မှု Season 2 က တကယ်ရေပန်းစားတာပဲ”
“ဒါ ဒါရိုက်တာလင်းရဲ့ ဆွဲဆောင်မှုပဲလေ။ ပထမနေ့မှာတင် ရေပန်းစားမှု သန်း ၄၀၀ ရှိသွားပြီ။ ပရိတ်သတ်တွေက ဘဝရဲ့ပျော်ရွှင်မှုကို ဘယ်လောက်တောင် ကြိုက်ကြတာလဲ။”
Tencent Arts နဲ့ iQiyi တို့ နှစ်ဖက်စလုံး အံ့အားသင့်ပျော်ရွှင်သွားကြပါသည်။
သူတို့ ကုမ္ပဏီ ၂ ခုက ဒီရုပ်သံဒရမ်မာ၏ ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူဖို့အတွက် ငွေအမြောက်အများ သုံးစွဲခဲ့သည်။
နောက်ဆုံး ရလဒ်က သူတို့ကို စိတ်မပျက်စေခဲ့ပါ။
လင်းဖန်ရဲ့ ရုပ်သံဒရမ်မာကို ဝယ်ယူခဲ့တာ မမှားပေ။
လင်းဖန်ရဲ့ ရုပ်သံဒရမ်မာကို နောက်တစ်ဖန် ပရိတ်သတ်က အသိအမှတ် ပြုခဲ့ပြန်ပါပြီ။
ဒီသတင်းက ယွဲ့ဟွာဖျော်ဖြေရေး၏ အထက်လူကြီးများထံသို့ ခပ်မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့ပါသည်။
စီအီးအိုလီကက အထက်လူကြီးအားလုံးကို ကြည့်ကာ ပြုံးလိုက်၏။
“လင်းဖန်က တော်လိုက်တာနော်။ ဘဝရဲ့ပျော်ရွှင်မှု Season 2 ထုတ်လွှင့်ပြသမှုက ရေပန်းစားမှု သန်း ၄၀၀ ရှိသွားပြီ”
“ဟုတ်တယ်။ ကျုပ်တို့ ရုပ်သံဒရမ်မာက အခု ရေပန်းစားလာပြီဆိုတော့ အခု အင်တာနက်ပေါ်မှာ ဘယ်ကောင် နာမည်ဖျက်ရဲလဲ ကြည့်ကြသေးတာပေါ့”
“ဒါရိုက်တာလင်းရဲ့ ဘဝရဲ့ပျော်ရွှင်မှု Season 2 လည်း ရေပန်းစားလာပြန်ပြီ။ နောက်ပိုင်း ငါတို့ကုမ္ပဏီ ငွေတွေ အများကြီး ရလာတော့မယ်ထင်တယ်”
“လင်းဖန် ဘယ်လိုများလုပ်လိုက်တာလဲ။ သူက ပရောဟိတ်များလား။ သူရုပ်သံဒရမ်မာ ရိုက်လိုက်တိုင်း ရေပန်းစားလာတယ်။ စွမ်းအားဆိုတာ ဒါမျိုးပဲဖြစ်မယ်”
အထက်လူကြီးများ လင်းဖန်ကို ချီးကျူးနေကြစဥ် စီအီးအိုလီက အားလုံးကို ကြည့်လျက် ပြောလိုက်ပါသည်။ “အားလုံးပဲ ကျုပ်အားလုံးကို ပြောစရာတစ်ခု ရှိလို့ပါ”
“လင်းဖန်က ထူးချွန်တဲ့ ပါရမီရှင် ဖြစ်ကိုဖြစ်လာမှာ။ သူ့ ရုပ်သံဒရမ်မာ ၃ ခုရဲ့ ရေပန်းစားမှုက လင်းဖန်ရဲ့ အစွမ်းအစကို သက်သေပြပြီးသား ဖြစ်နေပြီလေ”
“လင်းဖန်ကို ကျုပ်တို့ဆီ ခေါ်ဖို့အတွက် လင်းဖန်ကို ကုမ္ပဏီ ရှယ်ယာတချို့ ရောင်းချချင်တယ်။ ကုမ္ပဏီရဲ့ ထိပ်တန်း ရှယ်ယာဝင် ၃ ယောက်ထဲက တစ်ယောက်ဖြစ်လာနိုင်ရင် အကောင်းဆုံးပဲပေါ့” စီအီးအိုလီက ပြောလိုက်ပါသည်။
လင်းဖန်ကို ယွဲ့ဟွာဖျော်ဖြေရေး၏ ထိပ်တန်းရှယ်ယာဝင် ၃ ယောက်ထဲက ၁ ယောက်ဖြစ်လာအောင် သူတို့ လုပ်ပေးလိုက်ပါက ရှယ်ယာဝင်အားလုံး၏ ရှယ်ယာများ လျော့ကျသွားပါလိမ့်မည်။
ထို့ကြောင့် လူပေါင်းများစွာရဲ့ အကျိုးစီးပွားနဲ့ပါ သက်ဆိုင်လာပြီဖြစ်သည်။
ယွဲ့ဟွာကလူအများစုက သဘောတူကြလိမ့်မည်ဟု ထင်ထားသော်လည်း သူစိတ်ပျက်သွားရလောက်အောင် ကိုယ့် အကျိုးစီးပွားနဲ့ သက်ဆိုင်လာသည့်အခါမှာတော့ ထိုအထက်လူကြီးများက သဘောမတူကြပေ။
“စီအီးအိုလီ အခုတိုင်းကကော အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။ လင်းဖန်က ကျွန်တော်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ပြီး ကျွန်တော်တို့ကုမ္ပဏီ ရင်းမြစ်တွေကို သုံးဖို့ လိုတယ်လေ။ သူက အဓိကရှယ်ယာဝင်ကော ဘာလို့ ဖြစ်မှ ရမှာလဲ။”
“ကျုပ်တို့ လင်းဖန်ကို အကျိုးခံစားခွင့်တွေ လုံလုံလောက်လောက် ပေးပြီးပြီလို့ ထင်တယ်။ ကျုပ်တို့ ကုမ္ပဏီရဲ့ အဓိကရှယ်ယာဝင် ဖြစ်လာဖို့လောက်ထိတော့ မလိုပါဘူး”
“စီအီးအိုလီ ဒါက စည်းမျဥ်းစည်းကမ်းနဲ့ သိပ်ပြီး ကိုက်ညီမှု မရှိဘူးနော်…”
ယွဲ့ဟွာဖျော်ဖြေရေး၏ အဓိက ရှယ်ယာဝင်များရဲ့ ကန့်ကွက်မှုအောက်တွင် စီအီးအိုလီ စိတ်ပျက်လက်ပျက်သာ သက်ပြင်းချလိုက်မိတော့သည်။
လင်းဖန်က ပါရမီရှင်ဖြစ်သည်။ ဒီလူတွေက လင်းဖန်ရဲ့ အနာဂတ်အောင်မြင်မှုတွေကို မမြင်နိုင်တာလား။
လင်းဖန်က ယခုချိန်မှာ ရင်းမြစ်တွေ ဘာမှ မရှိသေးပေ။ အနုပညာလောကထဲက သူ့အဆင့်အတန်းက မလုံလောက်သေးဘဲ အဆက်အသွယ်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါ။
လက်ရှိလင်းဖန်က သူ့ကိုယ်သူ အနုပညာလောကထဲ ခြေချနိုင်ခဲ့သော်လည်း ဘဝရဲ့ပျော်ရွှင်မှု Season 2 ရဲ့ ရေပန်းစားမှုကြောင့် အသစ်စက်စက် အဆင့်တစ်ခုကို ရောက်ဖိုအ့တွက် လုံလောက်သွားပါပြီ။
စုရှောင်းယူဲ့ လင်းခဲ့ရှင်းတို့ကလည်း လင်းဖန် လက်အောက်က အနုပညာရှင်များ ဖြစ်ကြသည်။
ရှားဝမ်ချွေ့ကလည်း လင်းဖန်၏ ကောင်မလေး ဖြစ်သည်။ ပြောဖို့မလိုအောင် သူမလည်း သူ့လက်အောက်မှာ အလုပ်လုပ်ဖို့ စာချုပ်ချုပ်ပါလိမ့်မည်။
ရှုယန်နဲ့ လင်းကျင်းကျင်းတို့ကလည်း လင်းဖန်နဲ့ ရင်းနှီးမှု ရှိသည်။
တစ်နေ့ကျလျှင် လင်းဖန်က ကိုယ်ပိုင် ဖျော်ဖြေရေးကုမ္ပဏီ ထောင်နိုင်စွမ်းရှိလာမည်ဖြစ်ကာ ဒီဆယ်လီတွေကလည်း သူ့နောက် လိုက်ကြလိမ့်မည်။
လင်းဖန်ရဲ့ အစွမ်းအစနဲ့သာဆို ယွဲ့ဟွာမရှိလည်း လုပ်နိုင်ပါသည်။
ထို့ကြောင့် စီအီးအိုလီက ရှယ်ယာများပေးကာ လင်းဖန်ကို ကုမ္ပဏီ၏ အဓိကရှယ်ယာဝင်တစ်ယောက် ဖြစ်လာစေချင်ခြင်း ဖြစ်သည်။
ဒီလိုသာဆို လင်းဖန်က ယွဲ့ဟွာဖျော်ဖြေရေးကို ဂရုစိုက်လာပါမည်။
သို့သော်လည်း ကုမ္ပဏီက ရှယ်ယာဝင်က သူတို့ အကျိုးအမြတ်ကိုသာ စိတ်ဝင်စားကြသည်။ စီအီးအိုလီ သူတို့အကြောင်း သိတာကြာပါပြီ။
ထိုအတွေးဖြင့် စီအီးအိုလီ ခေါင်းခါလိုက်လေသည်။
လင်းဖန်သာ တစ်နေ့နေ့ ထွက်သွားမည်ဆိုလျှင် သူတို့ တားလို့ရနိုင်မှာ မဟုတ်တော့ပါ။
အစကတည်းက လင်းဖန်မှာ ယွဲ့ဟွာဖျော်ဖြေရေး၏ ဝန်ထမ်း မဟုတ်သောကြောင့်ပင်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ရေပန်းစားလာသည့်အခါ လင်းဖန်၏ ဓာတ်ပုံများက Weibo ပေါ်တွင် နေရာတိုင်း ရှိနေကြသည်။
လင်းဖန်ရဲ့ ပရိတ်သတ်တွေလည်း တိုးမြင့်လာပါသည်။
လက်ရှိ လင်းဖန်က အွန်လိုင်းပေါ်မှာ အလွန်အမင်း ရေပန်းစားလာခဲ့ပါပြီ။
တစ်ဖက်တွင် ဟွာစဲပစ်ချား၌ စီအီးအိုလျို့၏ မျက်နှာက ခက်ထန်နေသည်။
“ဘာလို့လဲ၊ ဘာလို့လဲ။ လင်းဖန်က ဘာလို့ နာမည်ကြီးနေသေးတာလဲ”
“ဒီတော့ လင်းဖန်ရဲ့ ရုပ်သံဒရမ်မာက ရင်းနှီးမြှုပ်နှံငွေ သန်း ၄၀၀ ရထားတာကိုး။ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံမှုနဲ့ဆို ငါလည်း ရေပန်းစားလာနိုင်တာပဲ”
“လင်းဖန်ရဲ့ ရုပ်သံဒရမ်မာကလည်း ရေပန်းစားနေတယ်။ လင်းဖန်ကို ဒီ့ထက် အဆင့်တက်ခွင့်ပေးလိုက်ရင် ဟွာစဲပစ်ချားကို အနှေးနဲ့အမြန် ကျော်တက်သွားမှာပဲ။ အဲ့တာကြောင့် အခုချိန်ကစပြီး ငါတို့ရဲ့နောက်ထပ် ရုပ်သံဒရမ်မာအတွက် ရိုက်ကူးရေးအစီအစဥ်ကို ချက်ချင်း ပြင်ဆင်လိုက်တော့။ ယွဲ့ဟွာဖျော်ဖြေရေးနဲ့ လင်းဖန်တို့ကို လုံးဝ ဖျက်ဆီးပစ်ချင်တယ်” စီအီးအိုလီက ပြောလိုက်သည်။ သူ့မျက်လုံးများက အေးစက်နေပါသည်။
အွန်လိုင်းပေါ်မှာ လူထုအမုန်းပွားအောင် အများကြီး လုပ်ခဲ့ပြီးတာတောင် လင်းဖန်ရဲ့ ဘဝရဲ့ပျော်ရွှင်မှု Season 2 က ရေပန်းစားလာလိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ကြပါ။
ဒါရိုက်တာတစ်ယောက်က အမြဲတမ်း ရေပန်းစားသည့် ရုပ်သံဒရမ်မာများကို ရိုက်ကူးနေနိုင်ပါက လူပေါင်းများစွာ၏ မနာလို ဝန်တိုမှုများကို သေချာပေါက် ခံလာရစမြဲပင်။
ထို့နောက် ဘဝရဲ့ပျော်ရွှင်မှု Season 2 ၏ အပိုင်း ၄ မှ ၆ အထိကို ဆက်လက် ထုတ်လွှင့်ပြသည်။
အွန်လိုင်းပေါ်မှာ ကောမန့်များစွာ တက်လာပါသည်။
အခုချိန်ထိ အွန်လိုင်းပေါ်မှာ ကောမန့်ကောင်းများနဲ့သာ ပြည့်နှက်နေပါသည်.
“ဒါမျိုးကိုမှ သရုပ်ဆောင်တယ်လို့ခေါ်တာ”
“ဘဝရဲ့ပျော်ရွှင်မှု Season 2 ရဲ့ ဇာတ်လမ်းက အရမ်းကောင်းတယ်။ ချင်းဧကရာဇ်ကြီးရဲ့ သရုပ်ဆောင်စွမ်းရည်ကို တကယ်အထင်ကြီးသွားပြီ”
“လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကလည်း အရမ်းကောင်းတယ်။ Season 1 နဲ့ယှဥ်ကြည့်ရင် လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေ တိုးတက်လာပြန်ပြီထင်တယ်”
“ဘုရားရေ။ ဒါဘယ်လို ထုတ်လုပ်ရေးမျိုးလဲ။ လှပလိုက်တာ”
“ဒီရုပ်သံဒရမ်မာကို Review ကောင်းကောင်း ပေးချင်တယ်ကွာ”
မူလက ဟွာစဲပစ်ချား ဖိနှိပ်ခဲ့သည့် ရုပ်သံဒရမ်မာ အဆင့်သတ်မှတ်ချက်မှာ ၃ မှတ်မျှသာ ရှိသည်။
အခုတော့ ဘဝရဲ့ပျော်ရွှင်မှု Season 2 ၏ အဆင့်သတ်မှတ်ချက်က ၉.၂ အထိ တက်လာခဲ့ပါသည်။
အဆင့်သတ်မှတ်ချက် ၉.၂ လောက်ရရှိထားသဖြင့် ဒီရုပ်သံဒရမ်မာက အလွန်ရေပန်းစားနေသည်ဟု ဆိုလိုပါသည်။
တစ်ချိန်တည်းမှာပင် Group ငယ်လေး တစ်ခု၌…
“ဘရို မင်းကော ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို နာမည်ဖျက်ဖို့ ရောက်လာတာလား”
“အေး ငါလည်း ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို နာမည်ဖျက်ဖို့ ရောက်လာတာ။ သူတို့ ပိုက်ဆံကို ယူထားပြီးသားဆိုတော့ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ပေးရမှာပေါ့”
“ဒါပေမယ့် ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို နာမည်ဖျက်ဖို့ဆိုရင် ဇာတ်လမ်းကို အရင်ဆုံးသွားကြည့်ရမယ်။ ဒရမ်မာထဲမှာ အပြစ်အနာအဆာ တစ်ခုခုရှိရင် ငါချက်ချင်း ထုတ်ပြပြီး ဝေဖန်ပစ်လိုက်မယ်”
နာရီ အနည်းငယ်ကြသည့်အခါ Group ထဲက အခြေအနေများ ပြောင်းလဲကုန်သည်။
“လင်းဖန်နဲ့ ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို နာမည်ဖျက်ဖို့ ပိုက်ဆံယူခဲ့တာ။ ဒါပေမယ့် ရုပ်သံဒရမ်မာက ကောင်းလွန်းနေတယ်။ ဘယ်လိုလုပ်ရမလဲ”
“ပြီးသွားပြီ ဒီရုပ်သံဒရမ်မာကို သဘောကျသွားပြီ။ ဘယ်သူက ငါ့ကို ဒီရုပ်သံဒရမ်မာကို နာမည်ဖျက်ခိုင်းတာလဲ။ ဘဝရဲ့ပျော်ရွှင်မှု Season 2 က အရမ်းကောင်းလွန်းလို့ ဝေဖန်စရာ နေရာတောင် မရှိဘူး”
“လင်းဖန်ရဲ့ ရုပ်သံဒရမ်မာက ကောင်းလွန်းပါတယ်ကွာ။ နောက်ပိုင်းကျရင်လည်း ဆက်ကြည့်ဦးမယ်။ ငွေကို ပြန်ပေးလိုက်တော့မယ်။ ဒီလောက် ကောင်းတဲ့ ဒရမ်မာကို နာမည်မဖျက်နိုင်ပါဘူး”
အင်တာနက်ပေါ်မှာ မူလက မုန်းတီးရေးသမားများစွာ ရှိသော်လည်း ရုပ်သံစီးရီးကို ကြည့်ရှုပြီးနောက် ဝေဖန်စရာ နေရာ တစ်နေရာမှ မတွေ့ခဲ့ကြပေ။
တစ်ညတာ ကုန်လွန်သွားသည့်အခါ ဘဝရဲ့ပျော်ရွှင်မှု Season 2 ၏ အဆင့်သတ်မှတ်ချက်က ၉.၄ အထိ တက်လာခဲ့ပါသည်။
ဒီသတင်းကြောင့် ဟွာစဲပစ်ချား၏ လျို့ရှမ့်တစ်ယောက် သေမတတ် ဒေါသထွက်သွားရသည်။
အင်တာနက်တစ်ခွင်တွင် သူ့ဒရမ်မာ ရေပန်းစားနေပုံကို မြင်ပြီး လင်းဖန် တောက်ပစွာ ပြုံးလိုက်၏။
Sign-in မလုပ်တာ ကြာပြီဖြစ်သဖြင့် အချိန်လည်း ကျပါပြီ။
ဒီတစ်ခေါက် ဘယ်လိုပစ္စည်းကောင်းတွေ ရနိုင်မလဲ ကြည့်ရအောင်။
“ဒင်”
“အောင်မြင်စွာ Sign-in ဝင်နိုင်ခဲ့ပြီး Estee Lauder ရှယ်ယာ ၁၉ ရာခိုင်နှုန်းကို ရရှိသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်”
“Estee Lauder ရဲ့ အများဆုံးရှယ်ယာဝင်ဖြစ်လာတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်”
“သက်ဆိုင်ရာ လုပ်ငန်းစဥ်တွေကိုလည်း ဆောင်ရွက်ပြီးစီးသွားပါပြီ။ သမိုင်းဝင် စံချိန်ချိုးဖောက်ပြီး Estee Lauder ရဲ့ ဘော့စ် တရားဝင် ဖြစ်သွားတဲ့အတွက် သခင်လလေးကို ဂုဏ်ပြုပါတယ်”
စနစ်၏ အသံထွက်ပေါ်လာခဲ့သည်။
လင်းဖန် မယုံကြည်နိုင်သေးပေ။
အရင်တုန်းက ကုမ္ပဏီတစ်ခု၏ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်လာပြီး ရှယ်ယာ ကောင်းကောင်း ရခဲ့ပါသည်။
ဒီနေ့တော့ လင်းဖန် တခြား ထိပ်တန်း တန်ဖိုးကြီး ဘရန်းတစ်ခုကို ရရှိသွားပြန်ပါပြီ။
Estee Lauderဆိုတာ ကမ္ဘာကြီးထဲက အကြီးဆုံး အသားအရည်ထိန်းသိမ်းရေး၊ အလှအပနဲ့ ရေမွှေးကုမ္ပဏီတွေထဲက တစ်ခုဖြစ်သည်။
ဒီနေ့ လင်းဖန်က Estee Lauder ၏ အများဆုံး ရှယ်ယာဝင်၊ Estee Lauder ရဲ့ စီအီးအို ဖြစ်လာခဲ့ပါသည်။
Estee Lauder ၏ စျေးကွက်တန်ဖိုးကို မြင်သည့်အခါ မျက်လုံးများ အရောင်လက်သွားခဲ့၏။
Estee Lauder ၏ စျေးကွက်ဒေါ်လာက အမေရိကန်ဒေါ်လာ ၆၉.၀၃ ဘီလီယံ ဖြစ်သည်။
RMB နဲ့ဆို ၄၀၀ ဘီလီယံယွမ်ကျော် စျေးကွက်တန်ဖိုးရှိသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
ယခုတော့ ၄၀၀ ဘီလီယံယွမ် ကျော် တန်ဖိုးရှိသည့် ကုမ္ပဏီကြီးတစ်ခု၏ စီအီးအို ပြောင်းလဲသွားခဲ့ပါပြီ။
ကမ္ဘာပေါ်က ထိပ်တန်း အလှအပ ဘရန်းတစ်ခုအနေဖြင့် အလွန်အမင်း ကျော်ကြားမှုရှိသည်။ ထိုကုမ္ပဏီ၏ စီအီးအို ဒီနေ့ ပြောင်းလဲသွားခဲ့ပါသည်။
လင်းဖန်က ထိုကုမ္ပဏီ၏ အများဆုံး ရှယ်ယာဝင် ဖြစ်လာခဲ့လေပြီ။