← Chapters

တစ်ယောက်ယောက် လင်းဖန်ကို သတ်ဖို့ကြိုးစားနေတယ်

Vol. 20 Ch. 290

တစ်ယောက်ယောက် လင်းဖန်ကို သတ်ဖို့ကြိုးစားနေတယ်

Vol. 20 Ch. 290

ရိုက်ကူးရေး အကြာကြီး လုပ်နေရသဖြင့် လင်းဖန် အလွန်လုပ်များကာ Sign-in ဝင်ဖို့ မေ့နေခဲ့ပါသည်။

ကံကောင်းစွာဖြင့် ဒီနေ့ Sign-in ဝင်လို့ရမှန်း သတိရသွားသည်။ အရှုံးအကြီးကြီးပေါ်ပြီးဟု ထင်ထားခဲ့သော်လည်း စနစ်က အလွန်သဘောကောင်းပြီး လင်းဖန်ကို Estee Lauder ၏ အများဆုံးရှယ်ယာဝင်ဖြစ်လာအောင် လုပ်ပေးလိုက်ပါသည်။

Estee Lauder က ကမ္ဘာ့အကြီးမားဆုံး အသားအရည်ထိန်းသိမ်းရေး၊ အလှအပရေးရာနဲ့ ရေမွှေးကုမ္ပဏီတစ်ခု ဖြစ်သည်။

ကုမ္ပဏီ၏ ကျယ်ပြန့်မှုက ကမ္ဘာတစ်ဝှမ်းလုံးတွင် ပြန့်နှံ့လို့နေပါသည်။

Estee Lauder ၏ စျေးကွက်တန်ဖိုးက ၃၉၀ ဘီလီယံ ယွမ်ကျော်သည်။

လင်းန်က LV နဲ့ Chanel တို့၏ အဓိက ရှယ်ယာဝင်ဖြစ်သော်လည်း သူက ကုမ္ပဏီရဲ့ စီအီးအို မဟုတ်ပေ။

ဒီတစ်ခေါက်တော့ လင်းဖန်က Estee Lauder ၏ အများဆုံး ရှယ်ယာဝင်တစ်ယောက်ဖြစ်လာခဲ့ပြီး ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သွားတာနဲ့ အတူတူပဲ ဖြစ်ပါသည်။

လင်းဖန် Estee Lauder တွင် ပြောရေးဆိုခွင့် များစွာ ရှိသည်။

Estee Lauder ၏ အများဆုံးရှယ်ယာဝင် တစ်ယောက် ဖြစ်သွားတာနဲ့ တစ်ပြိုင်န်က် ဖုန်းတစ်လုံး ဝင်လာခဲ့ပါသည်။

“ဟယ်လို ဘော့စ်လင်း။ ကျွန်မက ဘော့စ်လင်းရဲ့ လက်ထောက် စုမူချင်းပါ။ ဘော့စ်လင်းရဲ့ လက်ထောက်ဖြစ်ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်” စုမင်ချင်း၏ ချိုချိုသာသာ အသံထွက်ပေါ်လာသည်။

“အင်း” လင်းဖန်က ခေါင်းငြိမ့်သည်။

“ကုမ္ပဏီက ဘော့စ်လင်းအတွက် ကားတစ်စီး စီစဉ်ထားပေးပြီးပါပြီ။ ကုမ္ပဏီကို အချိန်မရွေးသွားပြီး ရှယ်ယာဝင် အစည်းအဝေးပွဲတစ်ခု ကျင်းပလို့ရပါတယ်” စုမင်လျန်က အပြုံးဖြင့် ပြောလိုက်သည်။

“အခု အဆင်ပြေတယ်” လင်းဖန်က ပြောလိုက်သည်။

ဒီတစ်ကြိမ် အရေးပါမှုက ယခင်တုန်းက တခြားကုမ္ပဏီတွေနဲ့ Sing-in လုပ်နိုင်ခဲ့တုန်းကနဲ့ ခြားနားပါသည်။

LV နဲ့ Chanel တို့တွင် လင်းဖန်က ဒုတိယအများဆုံး ရှယ်ယာဝင်သာ ဖြစ်သည်။ ဒီတိုင်း အေးဆေးလှဲနေပြီး ငွေယူနေလို့ ရပါသည်။

သို့သော်လည်း Estee Lauder ကတော့ ခြားနားသည်။ လင်းဖန်က စီအီးအိုဖြစ်သွားလေပြီ။ နောက်ကွယ်မှာ အေးအေးဆေးဆေး နေချင်ရင်တောင် ကုမ္ပဏီဝန်ထမ်းတွေနဲ့ အရင်ဆုံးတွေ့ဆုံပြီး ကုမ္ပဏီအထက်လူကြီးတွေနဲ့လည်း အစည်းအဝေးကျင်းပရပါမည်။

“ဘော့စ်လင်းရဲ့ ကား အောက်ဘက်မှာ ရောက်နေပါပြီ” စုမူချင်းက ပြောလိုက်သည်။

တကယ်တော့ လင်းဖန် Sign-in ဝင်လိုက်ချိန််တွင် စနစ်က လင်းဖန်ကို Estee Lauder ၏ အဓိက ရှယ်ယာဝင် တစ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်ပြီးသား ဖြစ်သည်။

သိပ်မကြာသေးခင်က Estee Lauder ၏ အထက်လူကြီးများက သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ထားပြီးသား ဖြစ်သည်။

စုမူချင်းကလည်း သူမရဲ့ ဘော့စ်လောင်းက လင်းဖန်ဖြစ်မှာကို ကြိုသိထားပြီးသား ဖြစ်ပါသည်။

ထို့ကြောင့် စုမူချင်းက အစောပိုင်းကတည်းက အစီအစဉ်များ ကြိုတင်ဆွဲထားကာ ကားတစ်စီးကို ကြိုတင်လွှတ်ထားခြင်း ဖြစ်သည်။

လင်းဖန်က ယွဲ့ဟွာဖျော်ဖြေရေးမှာ ဖြစ်သည်။ အစည်းအဝေးပွဲ တက်ရောက်မည်ဟု အတည်ပြုလိုက်တော့ စုမူချင်းက အောက်ထပ်မှာ စောင့်နေပြီဖြစ်ပါသည်။

လင်းဖန် အောက်ထပ်ကို ဆင်းသွားသည့်အခါ ယွဲ့ဟွာဖျော်ဖြေရေးရဲ့ ဝင်ပေါက်အနားမှာ Rolls-Royce ၁၀ စီး ပါကင်ထိုးထားတာကို မြင်လိုက်ရပါသည်။

Rolls-Royce ကား ၁၀ စီးဘေးနားတွင် အနက်ရောင်ဝတ်စုံများဖြင့် ဘော်ဒီဂတ်များ ရပ်နေကြသည်။

အရှေ့ဆုံးက ကားဘေးမှာတော့ အလွန်လှပသည့် မိန်းကလေးတစ်ယောက်က မတ်တပ်ရပ်နေပါသည်။

ထိုမိန်းကလေးက Suit တစ်စုံ ဝတ်ဆင်ထားပြီး စံနှုန်းမြင့်သည့် လုပ်ငန်းဝတ်စုံ တစ်ခုဖြစ်သည်။ ဖိုင်တွဲတစ်ခုကိုလည်း ကိုင်ဆောင်ထား၏။

သူမက တက်ကြွ၊ နူးညံ့ပြီး တိတ်ဆိတ်ပါသည်။

လေပြည်လေညှင်းလေးက ထိုမိန်းကလေး၏ ဆံပင်ရှည်ရှည်ကို တိုးဝှေ့သွားသည်။ စုမူချင်းက ထိုနေရာမှာပဲ မတ်တပ်ရပပ်နေကာ ရိုးရှင်းသည့်ပုံပေါက်သော်လည်း တောက်ပနေပါသည်။

“လခွမ်း ကောင်မလေးက လှလိုက်တာ”

“ပြီးတော့ Rolls-Royce ကား ၁၀ စီးတောင်။ Rolls-Royce ကားတွေက ပြိုင်ကားတွေ။ တစ်စီးကို သန်းဆယ်ချီပြီး တန်ကြေး ရှိတယ်”

“ဒီလောက် ခမ်းခမ်းနားနားကြီးနဲ့ ဘယ်သူ့ကို လာကြိုနေတာလဲ။ ဒီလောက်လှတဲ့ ကောင်မလေး လာကြိုတာခံရတာ ကံကောင်းတာပဲ။”

“ဘယ်ဘော့စ်ကြီး အပြင်သွားမလို့လဲ မသိဘူး။ ဒီလောက် လှတဲ့ ကောင်မလေး ဘေးမှာ ရှိနေတာ အားကျလိုက်တာကွာ။ ဘယ်သူက စိတ်ထိန်းနိုင်မှာလဲ။”

ထို့နောက် ထိုဖြတ်သွားဖြတ်လာများ မြင်ဖူးနေကျမျက်နှာတစ်ခုကို မြင်လိုက်ရပါသ်။

လင်းဖန်…

လင်းဖန်ကို မြင်လိုက်ရတော့ အားလုံး မယုံကြည်နိုင်သည့် မျက်နှာများ ဖြစ်သွားကြသည်။

“လင်းဖန်က အရမ်းချောတာပဲ။ နောက်ဆုံးတော့ လင်းဖန်ကို အပြင်မှာ မြင်ဖူးခဲ့ပြီ။”

“ဘုရားရေ ဒီလောက် တခမ်းတနားကြီးနဲ့ လင်းဖန်ကို လာကြိုကြတာလား”

“အဲ့ဒီကောင်မလေးက လင်းဖန်ရဲ့ လက်ထောက် ဖြစ်မယ်။ လင်းဖန်ရဲ့ လက်ထောက်ကလည်း အရမ်းလှတာပဲ။ အားကျလိုက်တာ”

“အရင်လင်းဖန်ရဲ့ လက်ထောက် လင်းချမ့်ဝေကလည်း အရမ်းလှတာလေ။ အခု သူ့ထက် ပိုလှတဲ့ တစ်ယောက်ပေါ်လာပြန်ပြီ”

လင်းဖန်ထွက်လာတော့ စုမူချင်းကို မြင်သွားသည်။

သူ ပထမဆုံး တွေးလိုက်မိတာက ဒီမိန်းကလေး အလွန်လှပသည် ဆိုတာပင်။

ဒုတိယ ခံစားချက်ကတော့ သူ့မိန်းမလောက်တော့ မလှဘူး ဆိုတာပဲ ဖြစ်ပါသည်။

ဆောင်းဦးရာသီတောင် ရောက်နေပြီ ဖြစ်သဖြင့် သစ်ရွက်နီများက ကောင်းကင်ပေါ်မှ ကြွေလွင့်လာပြီး စုမူချင်းဘေးသို့ ဆင်းသက်လာကြသည်။

စုမူချင်း လင်းဖန်ကို မြင်တော့ နူးညံ့စွာ ပြုံးကာ ပြောလိုက်ပါသည်။ “မင်္ဂလာနေ့လည်ခင်းပါ ဘော့စ်လင်း”

“အင်း မင်္ဂလာနေ့လည်ခင်းပါ”

“ကုမ္ပဏီရဲ့ ဌာနချုပ်ဆီသွားပြီး အစည်းအဝေး ကျင်းပရအောင်” လင်းဖန် တောက်ပစွာ ပြုံးလိုက်ပြီး ကား၏ အရှေ့ခုံတွင် ထိုင်ကာ ထိုင်ခုံခါးပတ် ပတ်လိုက်ပါသည်။

စုမူချင်းအပေါ် လင်းဖန်၏ ပထမဆုံး အထင်အမြင်က အလွန်လှပသည့်အပြင် ဒီမိန်းကလေးက အစွမ်းအစလည်း အလွန်ရှိသည် ဆိုတာပင်။

လင်းဖန်က ဒီနေ့ ကုမ္ပဏီထဲက လူအားလုံးနဲ့ အစည်းအဝေးပွဲတစ်ခု ကျင်းပတော့မှာကို ကြိုတင်ခန့်မှန်းကာ လင်းဖန်ကို လာစောင့်ဖို့ ကားတွေနဲ့ ဘော်ဒီဂတ်များစွာကိုတောင် ကြိုလွှတ်ခဲ့ပါသည်။

စုမူချင်းက ဒရိုင်ဘာခုံတွင်ထိုင်ပြီး လင်းဖန်ကတော့ ရှေ့ခရီးသည်ခုံမှာ ထိုင်နေသည်။

ကုမ္ပဏီထဲက လူအမြောက်အများ ဒီအကြောင်းကို သိသွားကြပါသည်။

အလွန်လှပသည့် မိန်းကလေးတစ်ယောက်က လင်းဖန်ကို လာရောက်ခေါ်ဆောင်သွားသည်။

ဒီလောက်လှပသည့် မိန်းကလေး သူ့ဘေးမှာ ရှိနေသဖြင့် လူအမြောက်အများ အားကျမိကြသည်။

ကုမ္ပဏီထဲတွင် ရှားဝမ်ချွေ့ကို သဘောကျသည့် ယောက်ျားလေး ဆယ်လီ တစ်ယောက် ရှိသည်။

ရှားဝမ်ချွေ့၏ ရုံးတံခါးကို သွားခေါက်လိုက်ပြီး လင်းဖန်နဲ့ စုမူချင်းတို့ ကားတစ်စီးတည်းပေါ် အတူတူတက်သွားသည့် ဓာတ်ပုံအား ပြလိုက်ပါသည်။

“အမ်… ကျွန်တော် ဒီဓာတ်ပုံကို အခုလေးတင် ရိုက်လာတာ။ လင်းဖန်က…” ဆယ်လီကောင်လေးက ပြောလိုက်၏။

ရှားဝမ်ချွေ့က ဓာတ်ပုံကို ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ “သူက အရမ်းအလုပ်များတာ။ လက်ထောက် ထပ်ခန့်ထားတာ ဘာမှ ရေးကြီးခွင့်ကျယ် မဟုတ်ပါဘူး”

“ပြီးတော့ သူက ကျွန်မကောင်လေးလေ။ ကျွန်မ သူ့ကို ယုံကြည်တယ်။ သူ့ကောင်မလေး တစ်ယောက်အနေနဲ့ လွတ်လပ်ခွင့်တော့ ပေးရမှာပေါ့~”

ရှားဝမ်ချွေ့၏ ရှင်းလင်းချက်ကို နားထောင်ပြီး ကောင်လေး စွန့်အသွားပါသည်။

လင်းဖန်ဘေးမှာ ကောင်မလေးတွေ အများကြီး ရှိနေတာကို ရှားဝမ်ချွေ့ ဂရုမစိုက်ပါ။

သူမနဲ့ လင်းဖန်တို့ကိုယ်တိုင်သာ သူတို့ဆက်ဆံရေးက ချိုးဖျက်ဖို့မလွယ်ကူမှန်း သိကြပါသည်။

မိန်းကလေးလှလှလေးများဟုဆိုပါက စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့လည်း အလွန်လှကြတာပဲ မဟုတ်လား။

ပြိုင်ကားထဲတွင်…

လင်းဖန်က စုမူချင်းကို ကြည့်ကာ မေးလိုက်သည်။ “ကျွန်တော့်ကို လာတောင် ကြိုရတယ်ဆိုတော့ အရေးပေါ်ကိစ္စ တစ်ခုခု ရှိလို့လား”

စုမူချင်းက ချိုမြိန်စွာ ပြုံးလိုက်သည်။

“ဘော့စ်လင်းက တကယ်ဉာဏ်ကောင်းတာပဲ။ အရေးပေါ်ကိစ္စ တကယ်ရှိပေမယ့် ကျွန်မရှင်းရှင်းလင်းလင်း ပြောထားပါရစေ။ ကျွန်မက ဘော့စ်လင်းရဲ့ လက်ထောက်ပါ။ ဘော့စ်လင်းအတွက်ပဲ အလုပ်လုပ်ပေးပြီး ကာကွယ်ပေးမှာ။”

လင်းဖန်က ထိုင်ခုံကို မှီလိုက်ပြီး ပြောလိုက်ပါသည်။ “အရေးပေါ်ကိစ္စရှိရင် ပြောမှာသာ ပြောပါ”

စုမူချင်းက ရှင်းပြလိုက်၏။ “ဘော့စ်လင်းက Estee Lauder ရဲ့ ဘော့စ်ဖြစ်ပြီး ကုမ္ပဏီထဲမှာ အကြီးမားဆုံး ပြောရေးဆိုခွင့်ရှိသူပဲ”

“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ကုမ္ပဏီရဲ့ နံပါတ် ၁ စီအီးအိုကြီးက အနားယူဖို့ဆုံးဖြတ်လိုက်ပြီး ရှယ်ယာအားလုံးကို ဘော့စ်လင်းအကောင့်ထဲ လွှဲပေးလိုက်တယ်”

“အဲ့ဒီအချိန်ကစပြီး ကုမ္ပဏီထဲမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာခဲ့တယ်”

“ကျွန်မတို့က တရုတ်တွေဖြစ်ပြီး Estee Lauder ကို New York မှာတည်ထောင်ထားတာ ဆိုတော့ ရှယ်ယာဝင် တစ်ဝက်လောက်က ရှင့်ရဲ့ အဆင့်အတန်းကို သဘောမကျဖြစ်နေကြတယ်။ ဘော့စ်လင်းမှာ အတွေ့အကြုံမရှိဘဲ Estee Lauder ကိုအုပ်ချုပ်ဖို့ အစွမ်းအစမရှိဘူးလို့ ထင်နေကြတယ်။”

“ကုမ္ပဏီထဲမှာ ဘော့စ်လင်းကို ထောက်ခံတဲ့လူက သိပ်မရှိဘူး။ အခု အဲ့ဒီ အဓိကရှယ်ယာဝင်တွေ ရှန်ဟိုင်းမြို့ကို ရောက်နေပါပြီ။” စုမူချင်းက ပြုံးကာ ပြောလိုက်ပါသည်။

“အဲ့တော့ ရှယ်ယာဝင် တစ်ဝက်က ကျွန်တော့်ကို မယုံကြည်ဘူးပေါ့။ အဲ့လို ဆိုလိုချင်တာလား” လင်းဖန်က ကားပြူတင်းပေါက် မှန်အပြင်ကို ကြည့်လျက် ပြောလိုက်သည်။

အပြင်ပိုင်းမှာတော့ လင်းဖန်က Estee Lauder ၏ အဓိက ရှယ်ယာဝင်တစ်ယောက် ဖြစ်လာခဲ့သော်လည်း တကယ်တမ်း Estee Lauder ရဲ့ လူတချို့က လင်းဖန်ကို မယုံကြည်ကြသေးပါ။

ဒီလူတွေက လင်းဖန်ကိုတောင် အနိုင်ယူဖို့ ကြိုးစားလောက်သည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်မှာ ကုမ္ပဏီရှယ်ယာ ၁၉ ရာခိုင်နှုန်းသာရှိသည်။ အနာဂတ်မှာ ဒီကုမ္ပဏီ ရှယ်ယာဝင်တွေသာ အတူတူ အုပ်စုဖွဲ့လိုက်ပါက ၎င်းတို့၏ ရှယ်ယာမှာ ၁၉ ရာခိုင်နှုန်း ကျော်သွားလောက်သည်။

ဒီလိုဆို လင်းဖန်ကုမ္ပဏီထဲမှာ အကြွင်းမဲ့ ပြောရေးဆိုခွင့် ရှိမှာ မဟုတ်တော့ပေ။

Estee Lauder ၏ စီအီးအိုဖြစ်လာဖို့က မလွယ်ကူပါ။

ဒီလုသာဆို ကုမ္ပဏီ စီအီးအိုဖြစ်လာဖို့ လင်းဖန်အတွက် အလွန်ခက်ခဲလိမ့်မည်။

ထို့ကြောင့်ပဲ စုမူချင်းက လင်းဖန်ကို လာစောင့်နေရခြင်း ဖြစ်ပါသည်။

“ဟုတ်ပါတယ်” စုမူချင်းက ခေါင်းငြိမ့်လိုက်သည်။

“နားလည်ပါပြီ။ ကုမ္ပဏီရှယ်ယာဝင်တွေက ကျွန်တော့်ကို စမ်းသပ်ချင်တယ်ဆိုတော့ စမ်းသပ်ကြပါစေ” လင်းဖန်၏ မျက်လုံးကို မော့လိုက်ပြီး စူးရှစွာ တောက်ပသွားသည်။

သူက ပုံမှန်ဆို ငပျင်းတစ်ယောက်ဖြစ်ကာ ကုမ္ပဏီ ကိစ္စတွေကို စိတ်မဝင်စားပါ။

ဒီနေ့တော့ လင်းဖန်က Estee Lauder ၏ စီအီးအို ဖြစ်လာခဲ့သည်။ သို့သော် တခြား ရှယ်ယာဝင်တွေရဲ့ တိုက်ခိုက်မှုကို ခံရနိုင်ပါသည်။

လင်းဖန် အခုလုပ်ဖို့လိုအပ်တာက ကုမ္ပဏီထဲက လူအားလုံးရဲ့ ထောက်ခံချက်ကို ရရှိဖို့ ဖြစ်ပါသည်။

ထိုအချိန်တွင်…

ကုန်တင်ကားကြီး တစ်စီးက အရှိန်ဖြင့် မောင်းဝင်လာခဲ့သည်။

ဝုန်း…

လင်းဖန်ကားနောက်က မောင်းနေသည့် Rolls-Royce တစ်စီး ချက်ချင်း စုတ်ပြတ်သွားလေသည်။

ထို့အပြင် Rolls Royce ထဲက လုံခြုံရေးအစောင့်လည်း… အသတ်ခံလိုက်ရလေသည်။

All Chapters