← Chapters

လင်းဖန်ရောက်ရှိလာခြင်း

Vol. 20 Ch. 291

လင်းဖန်ရောက်ရှိလာခြင်း

Vol. 20 Ch. 291

ဝုန်း…

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လင်းဖန် ခေါင်းထူပူသွားခဲ့၏။

တစ်ယောက်ယောက်က သူ့ကို သေစေချင်နေသည်။

သာမန် စီးပွားရေး ပြိုင်ဆိုင်မှုတစ်ခုဆို ကိစ္စမရှိပါ။

သို့သော် လက်ရှိအခြေအနေက သာမန်စီးပွားရေး ပြိုင်ဆိုင်မှု အများစုထက် ကျော်လွန်နေပါပြီ။

တစ်ယောက်ယောက်က လင်းဖန်ကို သေစေချင်နေသည်။ ဒီလောက်ရိုးရှင်းပါသည်။

စုမူချင်း ချက်ချင်းပဲ ကားအရှိန်မြှင့်ကာ လင်းဖန်ကို ဗြောင်းဆန်မှုများ အကြားမှ ခေါ်ထုတ်လာခဲ့သည်။

ဒုတိယနဲ့ တတိယ ကုန်တင်ကားတွေ ရောက်လာနိုင်သည်။

လင်းဖန်ကို လာကြိုတုန်းက ပုံစံတူ Rolls-Royce ကား ၁၀ စီကျော်ကို ယူဆောင် မလာခဲ့လျှင် သေသွားမည့်လူက လင်းဖန် ဖြစ်သွားနိုင်ပါသည်။

“ဘော့စ်လင်း ကျွန်မ တောင်းပန်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လာတာ ကျွန်မရဲ့ လျစ်လျူရှုမှုကြောင့်ပါ။” စုမူချင်း ကားထဲက ထွက်လာပြီးနောက် လင်းဖန်ကို တောင်းပန်စွာဖြင့် အနည်းငယ် ဦးညွှတ်လိုက်ပါသည်။

“ကုမ္ပဏီထဲက လူတွေ ဘော့စ်လင်းကို ပစ်မှတ်ထားပေမယ့် သတ်ဖို့တော့ မကြိုးစားလောက်ဘူးလို့ ကျွန်မထင်ခဲ့တာ။ စီအီးအိုလင်း။ ကျွန်မက ရှင့်ရဲ့ လက်ထောက်ဖြစ်လို့ ရှင့်ရဲ့ လုံခြုံရေးကို အမြဲတမ်း ကာကွယ်ပေးသွားမှာပါ” စုမူချင်းက ပြောလိုက်သည်။

သူမက နူးညံ့ ရိုးရှင်းသည့် မိန်းကလေးတစ်ယောက်ဟု ထင်ရသော်လည်း အရာရာကို တွန့်ဆုတ်မှုမရှိဘဲ ဆောင်ရွက်တတ်ပါသည်။

“ဘာမှ မဖြစ်ပါဘူး။ မင်းအပြစ်လည်း မဟုတ်ဘူးး”

“ငါ့ကို ကုမ္ပဏီရဲ့ ရှယ်ယာဝင် စာရင်းပေး။ ဒီကိစ္စနောက်ကွယ်မှာ ကုမ္ပဏီ ရှယ်ယာဝင်တွေ ရှိနေရင် အားလုံးက သံသယရှိသူတွေပဲ” လင်းဖန်က စုမူချင်းထံမှ စာရင်းကိုယူလိုက်ပြီး ပြောလိုက်ပါသည်။

“ကုမ္ပဏီရဲ့ အများဆုံး ရှယ်ယာဝင်၊ လင်းဖန်၊ ရှယ်ယာ ပိုင်ဆိုင်မှု ၁၉ ရာခိုင်နှုန်း”

“ကုမ္ပဏီရဲ့ ဒုတိယအများဆုံးရှယ်ယာဝင် ဝမ်ချင်း၊ ရှယ်ယာ ပိုင်ဆိုင်မှု ၁၆ ရာခိုင်နှုန်း”

“ကုမ္ပဏီရဲ့ တတိယအများဆုံးရှယ်ယာဝင် ကလဲရန်၊ ရှယ်ယာပိုင်ဆိုင်မှု ၁၁ ရာခိုင်နှုန်း”

“...”

စာရင်းပေါ်က အချက်အလက်အားလုံးကို ကြည့်ပြီးသွားသည့်အခါ Estee Lauder ၏ ဒုတိယအများဆုံးရှယ်ယာဝင်ကလည်း တရုတ်ကဖြစ်နေမှန်း လင်းဖန် သိလိုက်ရသည်။

ရှန်ဟိုင်းမြို့တွင် အဓိက မိသားစုကြီး ၄ ခုရှိ၏။ ဝမ်မိသားစု၊ ဟော်မိသားစုနဲ့ ကျန်မိသားစု ၂ စု ဖြစ်သည်။

ဝမ်မိသားစုက ရှန်ဟိုင်းမြို့ရှိ အဓိက မိသားစုကြီး ၄ စုအနက် ပိုပြီးထင်ရှားသည့် မိသားစုဖြစ်တာ သိသာပါသည်။

ယခု ဝမ်မိသားစု၏ သားဖြစ်သူ ဝမ်ချင်းကလည်း အလွန်အမင်း အစွမ်းအစရှိသူ ဖြစ်သည်။ အစောပိုင်းကာလတုန်းက ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရရှိထားသူ ဖြစ်သည်ဟု ဆိုကြ၏။

ယခု ဝမ်ချင်းက Estee Lauder ၏ ဒုတိယ အများဆုံး ရှယ်ယာဝင် ဖြစ်လာခဲ့ပါသည်။

ယနေ့ လင်းဖန် ကုမ္ပဏီ ရှယ်ယာဝင် အစည်းအဝေးပွဲကို တက်ရောက်ဖို့လာတုန်း လမ်းမှာ ကုန်တင်ကားကြီးဖြင့် တိုက်မိတော့မလို ဖြစ်ခဲ့ပါသည်။

လင်းဖန် ဘာမှမဖြစ်ခဲ့သော်လည်း စုမူချင်း ခေါ်ဆောင်လာသည့် ဘော်ဒီဂတ်တစ်ယောက် အသတ်ခံလိုက်ရသည်။

ချက်ချင်းဆိုသလိုပဲ လင်းဖန် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရ၏။

လင်းဖန် Estee Lauder တရုတ်နိုင်ငံ ကုမ္ပဏီခွဲ၏ ဝင်ပေါက်သို့ ရောက်ရှိလာသည်။

စုမူချင်းက သူ့ဘေးမှာ ရပ်နေပါသည်။

ထိုလူတစ်ယောက်ယောက်က လင်းဖန်ကို သတ်ချင်ရင်တောင် Estee Lauder ရုံးမှာတော့ လုပ်လို့ရမှာ မဟုတ်ပါ။

လင်းဖန် ယွမ်ချမ့်ကို ချက်ချင်းဖုန်းဆက်လိုက်ပါသည်။

“အစ်ကိုကြီးယွမ်။ ကျွန်တော့်ကို တစ်ယောက်ယောက် သတ်ဖို့ ကြိုးစားနေတယ်” လင်းဖန်က ပြောလိုက်သည်။

“ဘာ။ ဘာဖြစ်သွားသေးလဲ။ ရဲခေါ်ပေးရမလား” ယွမ်ချမ့်၏ မျက်နှာ ချက်ချင်း ခက်ထန်သွားသည်။

“ရဲခေါ်လည်း ဘာမှမထူးနိုင်ဘူး။ ကျွန်တော်က အခု Estee Lauder ရဲ့ အများဆုံးရှယ်ယာဝင် တစ်ယောက်ဖြစ်သွားပြီ။ အလွှဲအပြောင်းကိစ္စတွေက လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ပြီးသွားတာ။ ကုမ္ပဏီထဲက လူတွေက ကျွန်တော့်ကို အယုံအကြည် မရှိလောက်ဘူး။ ပထမတော့ ကျွန်တော့်ကို တိုက်ခိုက်ဖို့ ပြယုဂ်တစ်ခုလိုပဲ သတ်မှတ်ထားပြီး သာမန် စီးပွားရေး နည်းလမ်းတွေ သုံးမယ်ထင်ထားတာ”

“ဒါပေမယ့် အခုတော့ တစ်ယောက်ယောက်က ကျွန်တော့်ကို တိုက်ရိုက် တိုက်ခိုက်ဖို့ကြိုးစားတယ်။ ဒီနေ့ ကားလမ်းပေါ်မှာ ကုန်တင်ကားကြီးတစ်စီးက ကျွန်တော့်ကားကို တိုက်ဖို့ကြိုးစားခဲ့တာ။ ကံမကောင်းစွာနဲ့ လွဲသွားပြီး ဘော်ဒီဂတ်တစ်ယောက်ရဲ့ Rolls-Royce ကို တိုက်မိသွားတယ်။ ဘော်ဒီဂတ်ကတော့ သေသွားပြီ” လင်းဖန်က ပြောလိုက်ပါသည်။

“ညီလေးလင်း မင်း Estee Lauder ရဲ့ အများဆုံး ရှယ်ယာဝင် ဖြစ်သွားမယ်လို့ ထင်မထားဘူး”

“မင်းအတွက် အောင်ပွဲခံပေးချင်ပေမယ့် တစ်ယောက်ယောက်က မင်းကို သတ်ဖို့ကြိုးစားနေတယ်။ ကုန်တင်ကား ဒရိုင်ဘာ ဘယ်မှာလဲ။ တစ်ခုခု သိရသေးလား။ ညီလေးလင်း။ ငါ့အကူအညီလိုရင် ဖုန်းသာ ဆက်လိုက်” ယွမ်ချမ့်က ပြောလိုက်သည်။

“အစ်ကိုကြီးယွမ် အဲ့လိုပြောမှာကို စောင့်နေတာ”

“ကုန်တင်ကား ဒရိုင်ဘာက ဆေးရုံမှာပဲ ရှိသေးတယ်။ သူ့ဆီက ဘာမှမေးမြန်းလို့ ရမယ်လို့တော့မထင်ဘူးး။ ပြီးတော့ ကျွန်တော် ကုန်တင်ကား လိုင်စင်ပြားနံပါတ်နဲ့ ဒရိုင်ဘာရဲ့ နာမည်ကို ပို့ပေးထားတယ်။ Estee Lauder ရဲ့ အဓိက ရှယ်ယာဝင် စာရင်းလည်း ပါတယ်။ အဲ့ဒီလူတွေကို ကူညီပြီး စုံစမ်းပေးပါဦး။ အထူးသဖြင့် ဝမ်ချင်းဆိုတဲ့ လူကိုပဲ” လင်းဖန် အတည်ပေါက်ပြောလိုက်ပါသည်။

“ညီလေးလင်း ငါအကောင်းဆုံးကြိုးစားပြီး စုံစမ်းပေးပါ့မယ်။ နိုင်ငံခြားသားတွေလည်း အများကြီးပါတယ်နော်။ သူတို့အကြောင်း စုံစမ်းဖို့ကတော့ ခက်လောက်တယ်။ ဒါပေမယ့် ဝမ်ချင်းကိုတော့ ငါ့တာဝန်သာ ထားလိုက်” ယွမ်ချမ့် ပြောလိုက်သည်။

“စကားမစပ် ကျွန်တော့်ကို နောက်ထပ် တစ်ယောက်လောက် စုံစမ်းပေးပါဦး။ စုမူချင်းဆိုတဲ့ မိန်းကလေး” လင်းဖန်က ထပ်ပြောလိုက်ပါသည်။

စုမူချင်း ဘယ်ကရောက်လာခဲ့သလဲ လင်းဖန် မသိပါ။

စုမူချင်းက သူ့လက်ထောက်ဖြစ်သည်ဟု ဆိုကာ သူ့ကို အောက်ထပ်မှာတောင် လာကြိုဆိုခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ ကားအက်ဆီးဒင့် ကြီးကြီးမားမားတစ်ခု ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် လင်းဖန် ဘာမှ မဖြစ်ခဲ့ပါ။

သို့သော် ဒီအချက်ကြောင့် လင်းဖန် သတိကြီးသွားရသည်။

သူ့ဘေးနားမှာ ယုံကြည်ရတဲ့လူ များများစားစား မရှိပါ။

သူ့ဖုန်းထဲက ဖုန်းနံပါတ်စာရင်းကို ဖွင့်လိုက်ပြီး မြင်ဖူးနေကျ နာမည်များစွာကို ကြည့်လိုက်သည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ…

ထို့နောက် လင်းချမ့်ဝေကို ဖုန်းဆက်ဖို့ ရွေးချယ်ကာ ပြောလိုက်ပါသည်။

“ချမ့်ဝေ ညနေ ၇ နာရီကျရင် ကုမ္ပဏီက ကားတစ်စီးနဲ့ ငါ့ကို လာကြိုစမ်းပါ။ လိပ်စာ ပို့ပေးလိုက်မယ်”

လင်းချမ့်ဝေ ခေါင်းငြိမ့်လိုက်သည်။ “ကောင်းပါပြီ ဘော့စ်ဖေး”

အခုလိုအချိန်မှာ သူ့လူရင်းတွေက ပိုပြီး ယုံကြည်ရပါသည်။

လင်းချမ့်ဝေက လင်းဖန်၏ လက်အောက်ငယ်သား ဖြစ်သည်။ သူမ အလုပ်လုပ်သည့်အခါ အကြောင်းအရင်း မေးလေ့မရှိဘဲ သူမကို တာဝန်ပေးထားတာကိုသာ ဆောင်ရွက်လေ့ရှိပါသည်။

လင်းဖန်က စုမူချင်းကိုကော၊ ကုမ္ပဏီထဲမှ ရှယ်ယာဝင်တိုင်းကိုကော အနည်းငယ် သံသယ ဝင်နေသည်။

သို့သော် သံသယဝင်နေသော်လည်း လင်းဖန် ဘာမှ ထုတ်မပြောပါ။

သက်သေမရှိဘဲ ထုတ်ပြောလည်း ဘာမှ ထူးမှာ မဟုတ်ပေ။

ဒီတိုင်း သာမန် ကားအက်ဆီးဒင့်တစ်ခုဟု အလွယ်တကူ ခေါင်းစဉ်တပ်လိုက်လို့ရသည်။

လင်းချမ့်ဝေကို ဖုန်းဆက်ပြီးနောက် သူ့ဖုန်းနံပါတ်စာရင်းထဲက စုရှောင်းယွီ၏ နာမည်ကို ကြည့်လိုက်သည်။

စုရှောင်းယွီကို အစက ဖုန်းခေါ်ဖို့ ကြံမိသော်လည်း ပြန်ရုတ်သိမ်းလိုက်ပါသည်။

စုရှောင်းယွီကို ဒီကိစ္စထဲ ဆွဲမထည့်ချင်ပါ။ အနည်းဆုံးတော့ သူ့ကို တိုက်ခိုက်တာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အရင်ဆုံး သိအောင်လုပ်ရမည်။

စီအီးအို မာကို ဆက်သွယ်လို့ရပါက လင်းဖန် ဆက်သွယ်ပြီးတာ ကြာပါပြီ။

လင်းဖန် ရှယ်ယာဝင် အစည်းအဝေးပွဲလည်း တက်ရောက်ရဦးမည်။

Estee Lauder ထဲသို့ ဝင်လိုက်စဉ်မှာပဲ မန်နေဂျာ တစ်ယောက်က လင်းဖန်ကို ချက်ချင်း လာကြိုဆိုခဲ့ပါသည်။

“မင်္ဂလာနေ့လည်ခင်းပါ ဘော့စ်လင်း”

“မင်္ဂလာနေ့လည်ခင်းပါ ဘော့စ်လင်း”

“...”

သူဝင်လာတာနဲ့ အားလုံးဝိုင်းကာ ကြိုဆိုကြပါသည်။

လင်းဖန် ကုမ္ပဏီ တံခါးပေါင််းများစွာကို ဖြတ်လျှောက်လာသောအခါ ဝန်ထမ်းများစွာက လေးစားသည့်မျက်လုံးများဖြင့် သူ့ကို ယဉ်ယဉ်ကျေးကျေး ကြည့်နေကြပါသည်။

လင်းဖန်က သူတို့အိုင်ဒေါဖြစ်ပြီး ရှန်ဟိုင်းမှ ကြယ်ပွင့်တစ်ယောက်လည်း ဖြစ်ပါသည်။

ဝန်ထမ်းအားလုံ အံ့အားသင့်သွားရသည်က လင်းဖန် Estee Lauder ရဲ့ ဘော့စ်တစ်ယောက်တောင် ဖြစ်လာခဲ့ခြင်းပင်။

Estee Lauder က စျေးကွက်တန်ဖိုး ၄၀၀ ဘီလီယံ ယွမ်တန်ကြေးရှိသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါသည်။

အမှန်ပင်။ ဒီသာမန် ဝန်ထမ်းတွေကတော့ တစ်ယောက်ယောက် လင်းဖန်ကို ပစ်မှတ်ထားနေမှန်း မသိနိုင်ကြပါ။

ဝန်ထမ်းအများစုက တရုတ်ရုံးခွဲမှ ဖြစ်သည်။ တရုတ်က လူငယ်အားလုံး လင်းဖန်ကို သိကြသည်ဟု ဆိုနိုင်ပါသည်။

“လင်းဖန်က အရမ်းချောတာပဲနော်…”

“သူ့ကိုလင်းဖန်လို့ ခေါ်လို့မရတော့ဘူးလေ။ သူ့ကို ဘော့စ်လင်းလို့ ခေါ်မှပေါ့။ ဘော့စ်လင်းက ရုပ်ရှင်ရိုက်တာလည်းတော်တယ်။ စရိုက်လည်း ကောင်းတယ်။ အခု ငါတို့ Estee Lauder ရဲ့ ဘော့စ်တောင် ဖြစ်လာပြီ”

“ဘုရားရေ လင်းဖန်မှာ ငွေတွေ ဘယ်လောက်တောင် ရှိနေတာလဲ။ ဘော့စ်လင်းက Estee Lauder ရဲ့ ဘော့စ်ကြီး ဖြစ်သွားပြီ။ ဒါဆို ဘော့စ်လင်း နောက်ပိုင်း ဒရမ်မာတွေ မရိုက်တော့ဘဲတော့ မနေလောက်ပါဘူးနော် ဟုတ်တယ်မလား”

“ငါလည်း စီအီးအိုလင်းရဲ့ ရုပ်သံဒရမ်မာတွေကို သဘောကျတယ်။ ဘဝရဲ့ပျော်ရွှင်မှု Season 2 က အရမ်းကောင်းတာပဲ”

ကုမ္ပဏီထဲတွင် ဝန်ထမ်းအားလုံးနီးပါးက လင်းဖန်ကို ကြိုဆိုကြပါသည်။

ကုမ္ပဏီထဲက ရှယ်ယာဝင်များက ရုံးထဲတွင် ထိုင်နေပြီး လင်းဖန်ကို ကြိုစောင့်နေကြပါပြီ။

ရုံးထဲက အခြေအနေက တင်းမာလျက် ရှိ၏။

လင်းဖန်က ရုံးခန်း တံခါးဝသို့ ရောက်ရှိလာသည်။

သူ Estee Lauder ရဲ့ ရှယ်ယာဝင်တွေနဲ့ တွေ့တော့မည်။

တစ်ယောက်ယောက်က သူ့ကို သတ်ဖို့ ကြိုးစားပြီး ပထမအကြိမ်တွင် ကျရှုံးသွားခဲ့သည်။

ထို့ကြောင့် ဒုတိယအကြိမ် မတိုက်ခိုက်နိုင်ခင် လင်းဖန် ထိုလူ့ကို သတ်ပါမည်။

All Chapters