ဒါဘော့စ်လင်းရဲ့ အစွမ်းအစလား
Vol. 20 Ch. 293
ဝမ်ချင်းက လင်းဖန်ကို မဖြစ်နိုင်သလောက် ခက်ခဲသည့် တာဝန်တစ်ခုကို ပေးခဲ့သည်။
Estee Launder ကို ၃ ရက်အတွင်း ထောက်ပံ့ငွေ ရှာပေးဖို့ဖြစ်သည်။
၁ ဘီလီယံယွမ် ထောက်ပံ့ကြေးက ၃ ရက်အတွင်း ရရှိဖို့ ခက်ခဲလွန်းလှ၏။
အခက်ခဲဆုံးအချက်မှာ Estee Launder က ဖွံ့ဖြိုးပြီးသား ကုမ္ပဏီတစ်ခုဖြစ်နေတာကြောင့်ပင်။
Estee Launder တွင် ရင်းနှီးမြှုပ်နှံလိုက်ပါက ၎င်းတို့၏ ငွေများ သဲထဲရေသွန်ဖြစ်သွားနိုင်သည့် သဘောလည်းဖြစ်သည်။
Estee Launder က ၁ ဘီလီယံယွမ်ကို မလိုအပ်ပေ။
၁ ဘီလီယံယွမ်ကို ရင်းနှီးမြှုပ်နှံပေးသည့် ကုမ္ပဏီတိုင်းက အမြတ်အစွန်း အများကြီး မရနိုင်ပါ။
Tencent ရှယ်ယာကို ၁ ဘီလီယံယွမ်ဖြင့် ဝယ်မည်ဟု ပြောလျှင် Tencent က ဂရုတောင် စိုက်မှာ မဟုတ်တာနဲ့ အတူတူပဲဖြစ်သည်။
သူ့ကို အချိန်နည်းနည်းလောက် ပိုပေးပါက လင်းဖန် ဒီ ၁ ဘီလီယံယွမ်ကို ရှာပေးနိုင်လောက်သည်။
သို့သော် ၃ ရက်တည်းနဲ့ ဒီမစ်ရှင်ကို အောင်မြင်ဖို့က မဖြစ်နိုင်သလောက်ရှိပါသည်။
သို့သော်လည်း ယခု ရှိနေကြသူအားလုံး၊ Estee Launder ၏ ရှယ်ယာဝင်အားလုံး၊ လင်းဖန်နောက်က မိန်းကလေး စုမူချင်းကတောင် လင်းဖန် ၃ မိနစ်တည်းနဲ့ ၁ ဘီလီယံ ယွမ်ကို ရှာပေးနိုင်လိမ့်မည်ဟု မထင်ခဲ့ကြပေ။
လင်းဖန်က စာတစ်ကြောင်းသာ ပို့လိုက်သည်။ ဖုန်းတောင် မဆက်ခဲ့ပါ။
ဒီလိုမြင်ကွင်းမျိုးက လူတိုင်းကို မတုန်လှုပ်စေဘဲ နေပါ့မလား။
ဘဏ္ဍာရေးမန်နေဂျာ စကားပြောပြီးသွားသည့်အခါ အားလုံး၏ မျက်နှာထားများ အလွန်ပြောင်းလဲသွားကြသည်။
မှင်သက်မှု၊ တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုပေါင်းစုံဖြင့်။
ကလဲရန်၏ မျက်လုံးထဲတွင် အထင်ကြီးမှု အရိပ်အယောင်တချို့ ပေါ်လာ၏။
လင်းဖန်က ၁ ဘီလီယံ ယွမ်ကို အလွယ်လေး ရှာပေးနိုင်သည်။ သူ့အခြေ ဘယ်လောက်ခိုင်မာသလဲဆိုတာကို ပြသလိုက်ခြင်းပင်။
လင်းဖန်နဲ့ပတ်သတ်ပြီး ကလဲရန်၏ အတွေးအထင်များ လုံးဝ ပြောင်းလဲသွားဖို့ အသေးစိတ်အချက်အလက်လေး တစ်ခုသာ လိုအပ်သည်။
ဘယ်လိုကုမ္ပဏီမျိုးကိုမဆို အစွမ်းအစရှိသူတိုင်းသာ အုပ်ချုပ်ကြလိမ့်မည်။
တကယ်တမ်း အစွမ်းအစရှိသူများသာ ကုမ္ပဏီကြီးများ၏ စီအီးအိုများ ဖြစ်လာနိုင်ကြပေသည်။
Alibaba နဲ့ Tencent တို့၏ စီအီးအိုများ၊ JD ၏ စီအီးအို လျို့ နဲ့ Wanda အုပ်စု၏ စီအီးအိုဝမ်တို့အားလုံးက ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။
လင်းဖန် အစွမ်းအစရှိပါက Estee Launder ၏ စီအီးအို ဖြစ်လာဖို့ လုံလောက်ပါပြီ။
“ဘုရားရေ”
“ဘော့စ်လင်းက တော်လိုက်တာ။ ၃ မိနစ်အတွင်း ၁ ဘီလီယံယွမ်ကို ရှာပေးနိုင်တယ်။ ကြောက်ဖို့ကောင်းလိုက်တဲ့ အမြန်နှုန်းပါလား”
“ဘော့စ်လင်း ဘာလုပ်လိုက်တာလဲ။ ရုတ်တရက်ကြီး သူ့ကို ကိုးကွယ်ချင်သွားပြီ”
“ဒါမှ ငါတို့ကုမ္ပဏီရဲ့ ဘော့စ်ကြီး ဘော့စ်လင်းပေါ့။ စီအီးအိုလင်းရဲ့ အစွမ်းအစကို သံသယဝင်တဲ့လူတွေရှိပေမယ့် သူက ချက်ချင်းပဲ အရှက်ပြန်ခွဲလိုက်နိုင်တယ်”
“ငါအရူးမျက်ကန်းလို လျှောက်ပြောနေတာ မဟုတ်ဘူး။ ၁ ဘီလီယံ ယွမ်ကို ရှာဖို့ဆိုတာ အရမ်းခက်ခဲလို့။ ၁ ဘီလီယံယွမ်ရှာဖို့ ဘယ်သူမဆို အချိန်ယူရမှ။ ဒါပေမယ့် ဘော့စ်လင်းက ဘာလို့ အရမ်းတော်ရတာလဲ။”
“မသိသာဘူးလား။ ဘော့စ်လင်းက Estee Launder ရဲ့ အဓိက ရှယ်ယာဝင်ဖြစ်လာပြီလေ။ သူ့ရှယ်ယာအချိုးက ဘယ်လောက်လဲ မသိဘူးလား။ ၁၉ ရာခိုင်နှုန်းတောင်လေ”
“ငါတို့ Estee Launder ရဲ့ စျေးကွက်တန်ဖိုးက ၄၀၀ ဘီလီယံ ယွမ်လောက် ရှိတာဆိုတော့ ရှယ်ယာ ၁၉ ရာခိုင်နှုန်းလောက်ဆိုရင် ဘယ်လောက်တန်မလဲ စဉ်းစားသာ ကြည့်လိုက်တော့…”
Estee Launder ၏ တတိယအများဆုံး ရှယ်ယာဝင်ဖြစ်သည့် ကလဲရန်က လင်းဖန်ကို အသိအမှတ်ပြုစွာ ကြည့်လိုက်သည်။
“ဘော့စ်လင်းက တော်လိုက်တာ။ ကျွန်တော်တောင် ၁ ဘီလီယံယွမ်ကို ဒီလောက်မြန်မြန် ရှာနိုင်မှာ မဟုတ်ဘူး”
ကလဲရန်တောင် ဒီလိုပြောလိုက်ရသည်။ ကုမ္ပဏီထဲက ရှယ်ယာဝင် တစ်ဝက်လောက်က လင်းဖန်အတွက် လက်ခုပ်တီးပေးနေကြပါသည်။
ယခင်ဘော့စ်ကြီးက လင်းဖန်ကို ကုမ္ပဏီလွှဲပြောင်းပေးလိုက်သဖြင့် လင်းဖန်တွင် အလွန်ထူးခြားသည့် အစွမ်းအစ ရှိနေသည့်သဘောဖြစ်သည်။
သူတို့လို အသေးစား ရှယ်ယာဝင်တွေက လင်းဖန်နဲ့ တိုက်ပွဲဆင်နွှဲရဲပါ့မလား။
လင်းဖန်က ဝမ်ချင်းဘေးက လူတချို့ကို သတိပေးသည့်အနေဖြင့် အလုပ်ထုတ်ပြီးသွားလေပြီ။
ဒိနေ့ လင်းဖန်က ရှယ်ယာဝင်မဟုတ်သည့် သာမန် ဝန်ထမ်းများကို အလုပ်ထုတ်နိုင်သည်။
မနက်ဖြန် ရှယ်ယာဝင်များကို ထုတ်ပစ်ဖို့က ကုမ္ပဏီအတွက် မခက်ခဲပါ။
လင်းဖန်ကို တိုက်ခိုက်ဖို့ ဘယ်သူမှ စွမ်းအား မရှိကြပေ။
လင်းဖန် ကုမ္ပဏီကို ငွေရှာနိုင်အောင် ကူညီပေးနိုင်သရွေ့ လုံလောက်ပါပြီ။
ရှယ်ယာဝင် အများစုက အစုပေါ်အမြတ်ကိုသာ လိုချင်ကြသည်။
ရှယ်ယာဝင်တစ်ဝက်လောက် လက်ခုပ်သြဘာများ ချီးမြှင့်နေကြတာကိုမြင်သည့်အခါ ဝမ်ချင်း၏ မျက်နှာ အလွန်မှောင်မိုက်သွားခဲ့သည်။
အစကတော့ လင်းဖန်ကို ပြဿနာရှာချင်ခဲ့သော်လည်း လင်းဖန်က အလွယ်တကူ ဖြေရှင်းလိုက်၏။
“ဘော့စ်လင်း ဒီတိုင်း ငွေထောက်ပံ့ပေးနိုင်တာလေးက ဘာမှ မထူးခြားပါဘူး”
“မင်းကိုယ်မင်း သက်သေပြချင်တယ်ဆိုရင် မင်းဘာတွေ လုပ်နိုင်မလဲ ငါတို့စောင့်ကြည့်ရတာပေါ့”
“ငါတို့ကုမ္ပဏီ စီအီးအိုပြောင်းလဲသွားလို့ ငါတို့ ရှယ်ယာတန်ဖိုးတွေ ဒီနေ့ ၃ ရာခိုင်နှုန်း ကျသွားပြီ။ အများကြီးကျသွားတာနော်။ ဘော့စ်လင်းကများ သင့်တော်မယ့် ဖြေရှင်းချက် တစ်ခုပေးနိုင်မလား မသိဘူး”
“ဘော့စ်လင်းသာ အစွမ်းအစမရှိဘူးဆိုရင် အပြင်လောကကြီးက Estee Launder ကို အထင်ကြီးတော့မှာ မဟုတ်ဘူး။ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးလည်း ဆက်ကျသွားနေဦးမှာပဲ” ဝမ်ချင်းက ပြောလိုက်၏။
ဝမ်ချင်း၏ စကားကို ကြားသည့်အခါ ရှယ်ယာဝင် များစွာက အတွေးနက်နဲသွားသည့် မျက်နှာထားများ ဖြစ်သွားကြလေသည်။
ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများက အရေးပါလွန်း၏။
ရှယ်ယာတန်ဖိုးများ ကျသွားလျှင် ကုမ္ပဏီ၏ စျေးကွက်တန်ဖိုး တစ်စိတ်တစ်ပိုင်း ပျက်စီးသွားမည့် အဓိပ္ပာယ်ပင်။
ထို့အပြင် ကုမ္ပဏီက အဆင့်နိမ့်ကျသွားနိုင်သည်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။ လူထုက ကုမ္ပဏီကို အထင်မကြီးတော့သည့်အခါ ရှယ်ယာစျေးကွက် ကျဆင်းသွားတာ ပုံမှန်ပဲ ဖြစ်ပါသည်။
သို့သော်လည်း ဒီလိုထူးခြားသည့် အခိုက်အတန့်တွင် လင်းဖန်၏ ခေါင်းဆောင် စွမ်းရည်က အလွန်အရေးပါ၏။
Estee Launder ၏ ရှယ်ယာစျေးကွက်များ ဆက်လက်ကျဆင်းသွားပါက ကုမ္ပဏီတစ်ခုလုံး၏ ဝင်ငွေများကို ထိခိုက်လာနိုင်သည်။ ထိုအချိန်ကျလျှင် လင်းဖန်တွင် တာဝန်ရှိလာနိုင်၏.။
ငွေကြေးထောက်ပံ့ပေးခြင်းက သူ့အစွမ်းအစ၏ တစ်စိတ်တစ်ပိုင်းကိုသာ အဆုံးအဖြတ်ပေးနိုင်သည်။
ရှယ်ယာစျေးကွက်တန်ဖိုးကျဆင်းခြင်းကသာ လင်းဖန်ကို တကယ်စမ်းသပ်နိုင်မည့်ကိစ္စ ဖြစ်၏။
“အားလုံးက အချိန်ယူရပါတယ်။ ကုမ္ပဏီ စတော့စျေးကွက် အပြောင်းအလဲရှိတာက ပုံမှန် မဟုတ်တဲ့ အရာမျိုးမှ မဟုတ်တာ။ ဒါပေမယ့် ကျွန်တော်က အခု Estee Launder ရဲ့ စီအီးအို ဖြစ်နေပြီ ဆိုမှတော့ အားလုံးကို စိတ်ကျေနပ်စေမယ့် ရလဒ်တစ်ခု ပေးပါမယ်”
“အခု အစည်းအဝေး ရပ်စဲကြရအောင်” လင်းဖန် ပြောလိုက်၏။
“ဒါဆိုလည်း စောင့်ကြည့်ရသေးတာပေါ့” ဝမ်ချင်းက အဓိပ္ပာယ်ပါစွာ ပြုံးလိုက်ပြီး ရှယ်ယာဝင်များဖြင့် ထွက်သွားခဲ့ပါသည်။
ရှယ်ယာဝင်များ ထွက်သွားသည့်အခါ လင်းဖန်က ထိုင်ခုံတွင် ဆက်လက်ထိုင်နေဆဲ ဖြစ်ကာ စဉ်းစားနေမိ၏။
ယခု ကုမ္ပဏီ၏ ယေဘုယျအခြေအနေကိုတော့ နားလည်သွားပါပြီ။
ရှယ်ယာဝင် တစ်ဝက်ကျော်က သူ့ဘက်မှာ ရှိနေသည်။ တခြား တစ်ဝက်က ဝမ်ချင်းဘက်မှာ ရှိနေသည်။
ထိုရှယ်ယာဝင်များ၏ တစ်စိတ်တစ်ပိုင်းကတော့ တိုက်ပွဲထဲမပါဘဲ စောင့်ကြည့်နေဖို့သာ ရွေးချယ်ကြသည်။
တကယ်တော့ လင်းဖန်ကို ထောက်ခံသည့် လူက အလွန်နည်းပါးနေပါသည်။
ဒီနေ့ ၁ ဘီလီယံယွမ် ငွေကြေးထောက်ပံ့မှုကို မြင်ခါမှ ရှယ်ယာဝင်များစွာ လင်းဖန်၏ အစွမ်းအစကို မြင််လိုက်ကြရသည်။
သို့သော် ဒီတစ်ချက်တည်းနဲ့ သူ့ရာထူးကို တည်မြဲစေဖို့ မလုံလောက်ပေ။
ကုမ္ပဏီရဲ့ ဘော့စ်ကြီး တကယ်တမ်း ဖြစ်လာဖို့က ရှယ်ယာများအပြင် လူတွေရဲ့ ဆန္ဒကိုပါ ထည့်တွက်ရပါမည်။
ဒီရှယ်ယာဝင်တွေ သူ့အစွမ်းအစကို လုံးဝ ယုံကြည်ပြီး ဘာမှ ဉာဏ်နီဉာဏ်နက်မများရဲအောင် လင်းဖန် လုပ်ရမည်။
ဥပမာအားဖြင့် Water Margin ဝတ္ထုထဲတွင် ထူးချွန်စစ်သည်တော် ၁၀၇ ဦးရှိသည်။ ဆုန်းကျန့်ထက် ပိုပြီး သန်မာသည့် လူများစွာ ရှိပါသည်။
သူက ခေါင်းဆောင်ဖြစ်သဖြင့် သူ့အောက်ကလူတွေ သူ့အစွမ်းအစကို ယုံကြည်အောင် လုပ်ခဲ့ရသည်။
မဟုတ်ပါက တခြားသူတွေ လျန်ရှန်းရဲ့ ခေါင်းဆောင် ဖြစ်လာဖို့ မဖြစ်နိုင်တော့ပေ။
“ဘော့စ်လင်း လက်ဖက်ရည်သောက်ပါဦး” စုမူချင်းက ချိမြိန်စွာ ပြုံးလိုက်ပြီး လင်းဖန်ဘေးတွင် မတ်တပ်ရပ်ကာ လက်ဖက်ရည်တစ်ခွက် ဖျော်ပေးလိုက်ပါသည်။
“ကျေးဇူးပါ” လင်းဖန် လက်ဖက်ရည်ခွက်ကို ယူကာ ပြန်ပြောလိုက်ပါသည်။
“ဘော့စ်လင်း နားထင်တွေကို နှိပ်ပေးရမလား။ ပင်ပန်းနေတဲ့ပုံပဲ” စုမူချင်းက နူးညံ့စွာ ပြောလိုက်ပါသည်။
“ကျွန်မ အနှိပ်နည်းပညာတွေ အများကြီး သိတယ်~”
“ရပါတယ်” လင်းဖန်က စုမူချင်း၏ အကြံပြုချက်ကို ငြင်းလိုက်ပါသည်။
“အခု ကုမ္ပဏီထဲက ရှယ်ယာဝင်အားလုံးရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ကုမ္ပဏီစတော့ စျေးကွက်ရဲ့ သက်ဆိုင်ရာ အချက်အလက်တွေကို ယူလာပေး” လင်းဖန် ပြောလိုက်သည်။
Sign-in ဝင်ပြီး ကုမ္ပဏီကြီးတစ်ခု၏ ရှယ်ယာများကိုရလိုက်ရုံနဲ့ အေးအေးဆေးဆေး လှဲနေလျက်သား ငွေရှာနိုင်မည်ဟု ထင်ခဲ့မိသည်။
အခုတော့ ထိုသို့လုပ်ဖို့ မလွယ်လောက်တော့ပေ။
ဒီလိုဆိုမှတော့… လင်းဖန် Estee Launder မှာ သူရဲ့ ဂုဏ်သတင်းကို အရင်ဆုံး တည်ဆောက်မည် ဖြစ်သည်။