စီအီးအိုမာရဲ့ ဖုန်းခေါ်ဆိုမှု
Vol. 20 Ch. 294
ထိုအချိန်တွင် ဥရောပ ကုမ္ပဏီကြီး ၂ ခု၏ ဌာနချုပ်များတွင်…။
LV ကော်ပိုရေးရှင်း ဌာနချုပ်။
Chanel စီအီးအိုလည်း ရောက်ရှိနေသည်။ LV စီအီးအိုကို သူကြည့်လိုက်ပြီး တစ်ယောက်ကို တစ်ယောက် အပြန်ပြန်အလှန်လှန် ကြည့်နေကြသည်။
တန်ဖိုးကြီး ဘရန်း ၂ ခု၏ စီအီးအို နှစ်ယောက် ဖြစ်ကြသော သူတို့ လင်းဖန်ထံမှ မက်ဆေ့ကို မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားကြရသည်။
“ဘော့စ်လင်းက Estee Launder ရဲ့ အများဆုံး ရှယ်ယာဝင်တောင် ဖြစ်သွားပြီတဲ့။ အခုဘော့စ်လင်းက Estee Launder ရဲ့ စီအီးအိုပေါ့” Chanel ၏ စီအီးအိုက ပြောလိုက်ပါသည်။
“အမှန်ပဲ။ ဘော့စ်လင်း ကျုပ်ကို အခုပဲ မက်ဆေ့ပို့တယ်။ Estee Launder မှာ သူ ပြဿနာ နည်းနည်း တက်နေလို့ ကျုပ်တို့ကို ၁ ဘီလီယံယွမ် အကူအညီတောင်းချင်လို့တဲ့” LV စီအီးအိုက ပြောလိုက်၏
“ဘော့စ်လင်းက ကမ္ဘာတစ်ဝှမ်းလုံးမှာ တန်ဖိုးကြီး ဘရန်း လုပ်ငန်းကွင်းဆက်ကြီးတစ်ခု တည်ထောင်မလို့လား။ ပထမဆုံး ကျုပ်တို့ ကုမ္ပဏီ၊ နောက်တော့ LV၊ ပြီးတော့ Bugatti၊ အခုတော့ အလှအပရေးရာ Estee Launder ဖြစ်သွားပြန်ပြီ” Chanel စီအီးအို သက်ပြင်းချလိုက်မိပါသည်။
“Estee Launder ရဲ့ စီအီးအိုနေရာကို လင်းဖန်နဲ့ အစားထိုးလိုက်ပြီ။ ဒါပေမယ့် Estee Launder ရဲ့လူတွေက နည်းနည်း မကျေနပ်ကြတဲ့ပုံစံပဲ။ အဲ့ဒီ မကျေနပ်တဲ့ ရှယ်ယာဝင်တွေကတော့ အခြေအနေမကောင်းကြတော့ဘူး” LV စီအီးအို ပြုံးလိုက်သည်။
လင်းဖန်၏ သရုပ်မှန်နဲ့ နောက်ကြောင်းရာဇဝင်တို့ကြောင့် ဒီဘော့စ်ကြီး နှစ်ယောက်တောင် သူ့ကို အထင်မသေးရဲကြပါ။
Estee Launder ကလည်း ထိပ်တန်း တန်ဖိုးကြီး ဘရန်းတစ်ခုဖြစ်သော်လည်း လင််းဖန်ကို မျက်နှာချင်းဆိုင် တိုက်ခိုက်ရဲကြသည်။
လင်းဖန်ကို တိုက်ခိုက်သူတွေ ဘာဖြစ်သွားနိုင်သလဲ တွေးကြည့်လို့ရပါသည်။
“လခွီးထဲမှ။ ငါနှစ်ပေါင်းများစွာ ကြံစည်လာခဲ့ရတာ။ ကုမ္ပဏီရဲ့ ရှယ်ယာအများကြီးကို ထိန်းချုပ်ထားပြီးနေပြီ။ အချိန်မှန်ကို စောင့်နေတာ။ လင်းဖန်က ဘယ်ကနေဘယ်လို ပေါ်လာရတာလဲ”
“ငါဒီလောက် အကြာကြီး ကြိုးစားခဲ့ပြီးမှ ကုမ္ပဏီ ရှယ်ယာတွေက လင်းဖန်လက်ထဲ ဘာလို့ ရောက်သွားရတာလဲကွာ။ ငါမယုံနိုင်ဘူး” ဝမ်ချင်း ပြောပြောဆိုဆိုဖြင့် စားပွဲကို လက်ဖြင့်ထုလိုက်ပါသည်။
“လင်းဖန်က ၁ ဘီလီယံ ယွမ်ကို ရှာပြနိုင်ခဲ့တယ်။ အဲ့ဒီ ၁ ဘီလီယံ ယွမ်က ဘယ်ကရောက်လာတာလဲ မင်းသိလား” ဝမ်ချင်းက သူ့လက်ထောက်ကို ကြည့်ကာ မေးလိုက်ပါသည်။
“ဘော့စ်ဝမ်။ ဒီဘီလီယံယွမ်ကို နိုင်ငံခြားက လွှဲလိုက်တာ ဖြစ်မှန်း အခုပဲ သိလိုက်ရပါတယ်”
“လွှဲတဲ့သူရဲ့ ကုမ္ပဏီ အကောင့်နာမည်က LV တဲ့။ LV က လင်းဖန်အတွက် ၁ ဘီလီယံယွမ်ကို လိုလိုလားလားနဲ့ ပေးလိုက်တာ။ ဘော့စ်ဝမ် မဟုတ်မှလွဲရော လင်းဖန်က LV ကုမ္ပဏီရဲ့ စီအီးအိုလီနဲ့ သိတာလား” လက်ထောက်က မေးလိုက်ပါသည်။
ထိုစကားကို ဝမ်ချင်း ကြားသောအခါ မျက်လုံးများ မှောင်မိုက်သွား၏။
“ဖြစ်နိုင်တယ်။ လင်းဖန်က LV ရဲ့ ရှယ်ယာဝင်လည် ဖြစ်နေနိုင်တယ်”
“ဒီလင်းဖန်က တစ်ခုခုတော့ တစ်ခုခုပဲ… မဟုတ်သေးဘူး။ သူ ဘယ်ကုမ္ပဏီရှယ်ယာဝင် ဖြစ်ဖြစ် Estee Launder က ငါ့အပိုင်ပဲ”
“Estee Launder ကို ငါအပိုင်သိမ်းနိုင်ရင် မိသားစုထဲက ငါ့ဂုဏ်အဆင့်အတန်းလည်း မြင့်တက်လာပြီး ဝမ်အဖွဲ့အစည်းကို ဆက်ခံနိုင်မှာ။ ပြီးတော့ စုမိသားစုရဲ့ ဒုတိယ သမီးကိုလည်း လက်ထပ်လို့ရမယ်။ သူက အရမ်းလှတယ်လို့ကြားဖူးတယ်။ ဒါပေမယ့် သူ့နာမည်တောင် မသိသေးဘူး” ဝမ်ချင်း ပြောလိုက်လေသည်။
စုမိသားစု၏ ဒုတိယသမီးအကြောင်း ပြောရင်း ဝမ်ချင်း စိတ်လှုပ်ရှားလာသည်။
စုမိသားစု၏ ဒုတိယသမီးက အလှပဆုံး ဖြစ်သည်ဟု ဆိုကြသည်။
စုမိသားစု၏ ဒုတိယသမီးကို မြင်ဖူးသူက အလွန်ရှားပါး၏။
စုမိသားစု၏ အကြီးဆုံးသမီးက စုဝမ်အာဟု ခေါ်ပြီး သူမကလည်း အလွန်လှပပါသည်။
စုမိသားစု၏ ဒုတိယသမီးကတော့ လှပလွန်းသဖြင့် လမင်းကြီးက သူမ၏ မျက်နှာကို ဖုံးကွယ်ပေးထားရပြီး သူမကိုမြင်သည့် ပန်းလေးများက ရှက်သွေးဖြာသွားကြပြီး စုဝမ်အာထက်ပင် ပိုပြီးလှပသေးသည်ဟု ဆိုကြသည်။
ဝမ်ချင်းက သူမ နာမည်ကိုတောင် မသိပေ။
သူသိတာဆိုလို သူ့အဖေ သူ့ကို ပေးထားသည့် ကတိပင်။
Estee Launder ၏ ဘော့စ်ကြီးဟူသည့် ရာထူးကို ရရှိတာနဲ့ စုမိသားစုထံကိုသွားပြီး လက်ထပ်ခွင့်တောင်းနိုင်သည်။
“ဒီလိုဆိုမှတော့ ငါအကြမ်းနည်း သုံးရတော့မှာပေါ့”
“သူသေသွားရင် ကုမ္ပဏီ စီအီးအို မဖြစ်နိုင်တော့ဘူး” ဝမ်ချင်းက အေးစက်သော အကြည့်ဖြင့် ပြောလိုက်ပါသည်။
ငွေနဲ့ သူ့ကိုယ်ကျိုးအတွက် ဘာမဆို လုပ်နိုင်သည်။
Estee Launder ၏ စီအီးအိုဖြစ်လာနိုင်ပါက အဆုံးမဲ့ အကျိုးခံစားခွင့်များ ရရှိသွားမည် ဖြစ်သည်။
အဆင့်အတန်းအရလည်း သင်္ကေတတစ်ခု ဖြစ်လာလိမ့်မည်။
လင်းဖန်ကတော့ ရုံးခန်းထဲတွင် အတွေးများ နက်ရှိုင်းနေခဲ့သည်။
စီပွားရေးနဲ့ပတ်သတ်ပြီး သူများများစားစား မသိပေ။
သူ တကယ်တမ်း စီးပွားရေးလောကထဲ ဝင်မည်ဆို လင်းဖန်ရဲ့ လက်ရှိ အသိပညာနဲ့ အကြာကြီး သင်ယူလေ့လာရလိမ့်မည်။
တိုက်ဆိုင်စွာဖြင့် သူ အရင်က မသုံးရသေးသည့် စနစ်ကပေးထားသော ကံစမ်းမဲလက်မှတ်တစ်ခုကို ပြန်တွေ့သွားသည်။
“ဒင် ကံစမ်းမဲနှိုက်ခြင်း အောင်မြင်ပါတယ်”
“ဇာတ်ညွှန်းရေးစွမ်းရည် +၁၀ ကို ရရှိသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်”
“ဒါရိုက်တာစွမ်းရည် +၁၀ ကိုရရှိသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်”
“စီးပွားရေးစွမ်းရည် +၄၀ ကို ရရှိသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်”
“သခင်လေးရဲ့ စနစ်မျက်နှာပြင် အလိုလျောက် ဖွင့်လိုက်ပါပပြီ”
သခင်လေး : လင်းဖန်
အချက်အပြုတ်စွမ်းရည်: ၁၃၂
ဒါရိုက်တာ စွမ်းရည်: ၉၇
ဇာတ်ညွှန်းရေး စွမ်းရည် : ၁၂၈
စီးပွားရေး စွမ်းရည် : ၄၁
ထိုအချက်အလက်များကို မြင်ပြီး လင်းဖန် အနည်းငယ် စိတ်တိုသွားသည်။
သူ့စီးပွားရေးအစွမ်းအစထဲ အမှတ် ၄၀ တိုးသွားသော်လည်း သူ့စုစုပေါင်းက ၄၁ မှတ်သာ ရှိသေး၏။
တစ်နည်းအားဖြင့် စနစ်ကြောင့်မဟုတ်ပါက သူ့စီးပွားရေးစွမ်းရည်က ၁ မှတ်တည်းသာ ရှိနေသည့် သဘောပင်။
မျိုးမစစ် စနစ်။ ငါ့ကို အထင်လာသေးနေတာလား။
“စီးပွားရေးစွမ်းရည် ၄၁ မှတ်က ဘယ်လို အဆင့်လောက်ရှိလဲ” လင်းဖန်က မေးလိုက်၏။
“ဒင်။ သာမန် စီးပွားရေး စွမ်းရည် အဆင့်ရှိပါတယ်”
“စုရှောင်းယွီရဲ့ စီးပွားရေးစွမ်းရည် ၁ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်” စနစ်အသံ ထွက်ပေါ်လာပါသည်။
လင်းဖန် “...”
လင်းဖန် သာမန်စီးပွားရေးစွမ်းရည်အဆင့်ကို လက်ခံနိုင်သေးသည်။
ဘာပဲဖြစ်ဖြစ် စီးပွားရေးလောကနဲ့ သူအထိအတွေ့ နည်းခဲ့တာပဲ မဟုတ်လား။
သို့သော် စုရှောင်းယွီရဲ့ စီးပွားရေးစွမ်းရည် ၁ ရာခိုင်နှုန်းနဲ့ ညီတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။
လင်းဖန် ထပ်မေးကြည့်သောအခါ စနစ်က ပြန်မဖြေတော့ပေ။
စနစ်က ပေးသည့် အချက်အလက်များက အမြဲတမ်း မှန်ကန်တတ်သည်။
သူ့အချက်အပြုတ်စွမ်းရည်များ ၁၃၂ မှတ်ကို ရောက်ရှိသွားသည့်အခါ သူဖန်တီးသည့် စားသောက်ပွဲများက အလွန်အံ့သြဖို့ကောင်းနေပြီ ဆိုတာကို လင်းဖန် သိပါသည်။
တကယ်တော့ နာမည်ကျော် စားဖိုမှူးကြီး တချို့ကတောင် ၉၀ ဝန်းကျင်လောက်သာ ရှိကြသည်။ ဒါတောင် အလွန်ကောင်းလွန်းနေပါပြီ။
သို့သော်လည်း သူ့စီးပွားရေးစွမ်းရည် ၄၁ မှတ်က စုရှောင်းယွီရဲ့ ၁ ရာခိုင်နှုန်းနဲ့သာ ညီမျှသည်ဟု ဆိုသည်။
တစ်နည်းအားဖြင့် စုရှောင်းယွီရဲ့ စီးပွားရေးစွမ်းရည်က ၄,၁၀၀ လောက် ရှိနိုင်သည်။
ဘုရားဘုရား။ ရှောင်းယွီက ဘယ်လောက်တောင် ထက်မြက်တာလဲ။
ထို့ကြောင့်လည်း ရှောင်းယွီတို့ မိသားစုက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူတွေ ဖြစ်နေကြခြင်းပင်။
ဟော်မိသားစုနဲ့ ရင်ဆိုင်ခဲ့ရတုန်းက အချိန်ကို လင်းဖန် ပြန်စဉ်းစားမိသည်။ ဟွေ့ရှင်းယုကို ကာဆီနိုထဲမှာသာ သူအနိုင်ယူခဲ့၏။ နောက်ဆုံးမှာတော့ ဟွေ့ရှင်းယုက ပြန်လည် မခုခံနိုင်ခင်မှာပင် အရှုံးကို ဝန်ခံသွားခဲ့သည်။
ဟော်ကော်ပိုရေးရှင်း၏ ရှယ်ယာစျေးကွက်များလည်း ထိုနေ့က ၁၀ ရာခိုင်နှုန်းလောက်ထိ ကျဆင်းသွားပြီး အခုချိန်ထိတောင် ပြန်မတက်လာသေးပေ။
ထိုနေ့က စုရှောင်းယွီကလည်း သူ့ကို တံခါးဝမှာ စောင့်ကြိုနေခဲ့၏။ စုရှောင်းယွီကတော့ လမ်းကြုံလို့ဟု အကြောင်းပြချက်ပေးခဲ့သည်။
ယခုတော့ လင်းဖန် အားလုံးနားလည်သွားပါသည်။
စုရှောင်းယွီက ဟော်မိသားစုနဲ့ရင်ဆိုင်ဖို့ သူ့ကို ကူညီပေးခဲ့သည်။
သူ မလှုပ်ရှားရသေးခင်မှာပင် ဟော်မိသားစုကြီးက ပြိုလဲသွားခဲ့ပါပြီ။
သူ့ခွေးမလေးက ဒီလောက်တော်တာကိုး။
လင်းဖန် စုရှောင်းယွီအတွက် ဝမ်းသာစွာဖြင့် ပြုံးလိုက်ပါသည်။
သို့သော်လည်း Estee Launder ထဲတွင် အခြေခိုင်နိုင်ဖို့အတွက် သူ့အစွမ်းအစကိုသူ အားကိုးရမည်။
ကိစ္စတွေ ခက်ခဲသည့်အခါတိုင်း စုရှောင်းယွီကိုပဲ အမြဲတမ်း အားကိုးလို့ မရနိုင်ပါ။
မုန်တိုင်းထဲမှာ ဖြည်းဖြည်းချင်း တိုးတက်လာမှ တကယ်တမ်း ပိုသန်မာလာနိုင်မည်။
မောက်မာမှုက ကြောက်ဖို့မကောင်းပေ။ ကြိုးစားပမ်းစား သင်ယူစိတ်ရှိပါက ဘာမှ မတိုးတက်စရာအကြောင်းမရှိပေ။
ဥပမာအားဖြင့် လင်းဖန်၏ တရုတ်စစ်တုရင် စွမ်းရည်များက စနစ်၏ အကူအညီမပါဘဲနဲ့တောင် အလွန်ကောင်းမွန်နေပါပြီ။
ရှားဝမ်ချွေ့အဖေကို တွေ့ရဖို့က ၄ လကျော် လိုသေးသည်။ ထိုနေ့ကျရင်လည်း ရှားဝမ်ချွေ့အဖေကို တရုတ်စစ်တုရင်မှာ တကယ် ယှဉ်နိုင်လိမ့်မည်ဟု လင်းဖန် ယုံကြည်ထားပါသည်။
ထိုအချိန်တွင် စီအီးအိုမာက ဖုန်းဆက်လာခဲ့၏။
စီးပွားရေးလောကမှာ သူနားမလည်သည့် ကိစ္စများစွာ ရှိသဖြင့် စီအီးအိုမာကို မေးလို့ရသည်။
လက်ရှိ ပြဿနာက Estee Launder ၏ ရှယ်ယာတန်ဖိုး ကျဆင်းမှုဖြစ်၏။
စတော့စျေးကွက် အလွန်ကျဆင်းသွားပါက ဘယ်သူမှ တိုက်ခိုက်စရာမလိုဘဲ လင်းဖန်၏ စီအီးအိုရာထူး မတည်မငြိမ်ဖြစ်လာနိုင်သည်။
လင်းဖန် ဒီပြဿနာကို ဖြေရှင်းနိုင်ပါက ကုမ္ပဏီထဲမှာ ခိုင်ခိုင်မာမာ အခြေချနိုင်ပါလိမ့်မည်။