← Chapters

ဝမ်ချင်းကို အနိုင်ယူခြင်း

Vol. 20 Ch. 295

ဝမ်ချင်းကို အနိုင်ယူခြင်း

Vol. 20 Ch. 295

စီအီးအိုမာနဲ့ ဖုန်းပြောပြီးနောက် လင်းဖန် ချက်ချင်း အလုပ်စလုပ်လေသည်။

ယခု လင်းဖန် နောက်ကွယ်မှာ ရင်းမြစ်များစွာ ရှိနေပါပြီ။

Alibaba, LV, Chanel နဲ့ Bugatti တို့ ဖြစ်၏။

လင်းဖန်၏ လုပ်ငန်းတွေက လွှမ်းမိုးမှုများစွာ ရှိနေပြီဟု ဆိုနိုင်ပါသည်။

ဒီလိုလွှမ်းမိုးမှုမျိုးနဲ့ Estee Launder ၏ ရှယ်ယာစျေးကွက်ကို မြှင့်တင်ပေးဖို့ မခက်ခဲနိုင်ပါ။

စီအီးအိုမာနဲ့ အကြာကြီး စကားပြောပြီးနောက် သူ့စီးပွားရေးစွမ်းရည် ၈၁ မှတ်အထိ ရောက်သွားပြီ ဖြစ်ကြောင်း လင်းဖန် မြင်လိုက်ရပါသည်။

ခွေးမလေးလောက်မတော်သေးသော်လည်း သူက သာမန်လူတစ်ယောက်ဖြစ်ကာ အခုချိန်မှာတော့ Estee Launder ၏ ရှယ်ယာတန်ဖိုးကို တကျော့ပြန်လှန်နိုင်ပါပြီ။

အင်တာနက်ပေါ်မှာလည်း ပွက်လောရိုက်စရာ သတင်းတစ်ခု တက်လာသည်။

[အံ့သြစရာသတင်း Estee Launder ရဲ့ စီအိးအိုက LV ရဲ့ ဒုတိယအများဆုံး စီအီးအိုပဲ]

ထိုသတင်းထွက်လာသည့်အခါ Estee Launder ၏ ဝန်ထမ်းအားလုံး တုန်လှုပ်သွားကြသည်။

လင်းဖန်၏ အချက်အလက်များကိုတော့ လျှို့ဝှက်ထား၏။

စီအီးအိုမာလို အကျော်အမော်များနဲ့ နိုင်ငံတော်ကသာ သိလိမ့်မည်။

အွန်လိုင်းပေါ်က လူတွေကတော့ Estee Launder ရဲ့ ဘော့စ် ဘယ်သူဘယ်ဝါမှန်း မသိကြသေးပါ။

ပြည်တွင်းမှာပဲ ရေပန်းစားတာ မဟုတ်ဘဲ နိုင်ငံခြားမှာလည်း လူထုထင်မြင်ချက်များစွာ ထွက်ပေါ်လာသည်။

“လခွမ်း။ LV ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်က Estee Launder ရဲ့ စီအီးအိုပဲတဲ့”

“ဥရောပ တန်ဖိုးကြီးဘရန်းတွေက မဟာမိတ် လာဖွဲ့ကြတာလား”

“Estee Launder ရဲ့ စီအီးအိုက ဘယ်သူလဲ သိကြလား။ သူ့ကို ကပ်ထားမှ ဖြစ်မယ်”

“Estee Launder ရဲ့ စီအီးအိုနဲ့ ကလေးယူချင်တယ်”

“လတ်တလောမှာ Estee Launder ရဲ့ ရှယ်ယာစျေးကွက်က ကုမ္ပဏီစီအီးအို အပြောင်းအလဲကြောင့် ကျနေတာ။ နောက်ဆုံးမှ Estee Launder ရဲ့ စီအီးအိုက အရမ်းအစွမ်းအစရှိမှန်း ငါတို့ သိလိုက်ရတာ”

“ဟုတ်တယ်။ သူက Louis Vuitton ရဲ့ ဒုတိယ အများဆုံး ရှယ်ယာဝင်လည်းဖြစ်၊ အခု Estee Launder ရဲ့ စီအီးအိုလည်း ဖြစ်နေပြီ။ ပါရမီရှင် အစစ်ဆိုတာ ဒါမျိုးဖြစ်မယ်။ ငါတို့ တစ်ဘဝလုံး စံထားရမယ့် လူမျိုးပေါ့”

အင်တာနက်တစ်ခွင်လုံး ရေပန်းစားသွားသည့် သတင်းအောက်တွင် Estee Launder ၏ စီအီးအိုနာမည်ကို သိချင်သည့် လူများစွာရှိသော်လည်း ဘယ်သူမှ မသိခဲ့ရပါ။

ကုမ္ပဏီက လျှို့ဝှက်ချက်များကို အလွန် တင်းကြပ်စွာ ထိန်းသိမ်းထားပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ဝမ်ချင်းကလည်း ဘာမှ မပြောပေ။

ဝမ်ချင်းသာ လင်းဖန်၏ နာမည်ကို ထုတ်ပြောလိုက်ပါက လင်းဖန်ကို နာမည်ကြီအောင် လုပ်ပေးလိုက်သလို ဖြစ်မသွားနိုင်ဘူးလား။

ဒီလိုနဲ့ Estee Launder ထဲတွင် လုံးဝ နာမည်ကြီးသွားခဲ့ပါသည်။

“ဟာ ဘော့စ်လင်းက LV ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်တဲ့။ ဒါဆို ဒုဥက္ကဌရာထူးနဲ့ အတူတူပဲပေါ့”

“အမှန်ပဲ။ အခု LV က ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကောင်းနေတာလည်း ဘော့စ်လင်းနဲ့ သက်ဆိုင်ရမယ်။ ငါထင်သားပဲ။ အစွမ်းအစမရှိတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် Estee Launder ရဲ့ စီအီးအို ဖြစ်လာရမှာလဲ”

“လူတိုင်း ငါတို့ကုမ္ပဏီရဲ့ စီအီးအိုဖြစ်နိုင်တယ်လို့ ထင်တဲ့လူရှိလို့လား”

“ဘော့စ်လင်းက ကြမ်းလိုက်တာ။ ဒါဆို ငါတို့ ကုမ္ပဏီရဲ့ စီအီးအိုကို အစွမ်းအစမရှိဘူးလို့ ဘယ်ကောင် ထင်ဦးမှာလဲ”

“မယုံသေးရင် LV ရဲ့ ဒုဥက္ကဌဖြစ်အောင် ကြိုးစားကြည့်လိုက်”

“LV ရဲ့ ဒုဥက္ကဌဖြစ်လာတယ်ဆိုကတည်းက အရမ်းအစွမ်းအစရှိရမယ်။ အခုဘော့စ်လင်းက ငါတို့ကုမ္ပဏီကိုရောက်လာတယ်ဆိုတော့ ငါတို့ ကုမ္ပဏီကို ပိုဖွံ့ဖြိုးလာအောာင် ကူညီပေးနိုင်လောက်တယ်”

ထိုသတင်းများကြောင့် ကုမ္ပဏီတွင်း ဝန််ထမ်းများက လင်းဖန်ကို ပို၍ပင် ကိုးကွယ် လာကြသည်။

Louis Vuitton ၏ စျေးကွက်တန်ဖိုးက Estee Launder အောက် မနိမ့်ပေ။

ထို့အပြင် LV ၏ ရေပန်းစားမှုနဲ့ ကျော်ကြားမှုတို့ကလည်း ဥရောပ တန်ဖိုးကြီး ဘရန်းများအနက် နံပါတ် ၁ ဖြစ်သည်။

LV ကော်ပိုရေးရှင်းကြီးတစ်ခုလုံး၏ အားထုတ်ကြိုးပမ်းမှု မပါဘဲ ဒါမျိုး မလုပ်နိုင်ပါ။

LV နဲ့ပတ်သတ်ပြီး မကောင်းသည့် Review များ အွန်လိုင်းပေါ်မှာ အလွန်နည်းပါးသည်။

ဒီကုမ္ပဏီက အလုပ်လုပ်ရာတွင် အလွန် ကောင်းမွန်သည်။

သို့သော်လည်း Estee Launder မှာတော့ ပြဿနာ များစွာ ရှိပါသည်။

ဒီကုမ္ပဏီကို LV နဲ့ ယှဉ်နိုင်စရာ အကြောင်း မရှိပေ။

ထိုသတင်းထွက်လာသည့်အခါ Estee Launder ၏ စတော့စျေးကွက် ဆက်တိုက်ဆိုသလို မြင့်တက်လာခဲ့၏။

၂ ရက်အတွင်း Estee Launder ၏ ရှယ်ယာ စျေးကွက်က ၁၀ ရာခိုင်နှုန်းအထိ တက်သွားခဲ့၏။

စတော့စျေးကွက် ၁၀ ရာခိုင်နှုန်းတက်သွားခြင်းဆိုတာ မယုံနိုင်စရာ ကိစ္စဖြစ်သည်။

Estee Launder ၏ စျေးကွက်တန်ဖိုးက ၃၉၀,၀၀၀,၀၀၀,၀၀၀(ဘီလီယံ) ယွမ်ရှိသည်။ ၄၀၀ ဘီလီယံယွမ် နီးပါးဖြစ်၏။

စတော့စျေးကွက် ၁၀ ရာခိုင်နှုန်းတက်သွားရုံဖြင့် ဘယ်လောက်တိုးသွားနိုင်သလဲ တွေးကြည့်နိုင်သည်။

ဒီလိုရေပန်းစားမှုမျိုးနဲ့ဆို Estee Launder ၏ ရှယ်ယာစျေးကွက်များကို လာရောက်ဝယ်ယူကြမည့် ရင်းနှီးမြှုပ်နှံသူတွေ ပိုရောက်လာနိုင်သည်။

ကုမ္ပဏီ၏ စီအီးအိုက ပိုပြီးအစွမ်းအစရှိသည့် လူတစ်ယောက် ပြောင်းလဲသွားခြင်းကြောင့်ပင်။

ဒီနေ့ ကုမ္ပဏီ၏ အထက်လူကြီးများ နောက်ထပ် အစည်းအဝေးကျင်းပကြပြန်သည်။

ရှယ်ယာဝင်များစွာ အတူတူထိုင်နေကြပြီး မျက်နှာများက လေးစားအားကျမှုများဖြင့် ပြည့်နှက်နေကြသည်။

၂ ရက်အတွင်း လင်းဖန်ရဲ့ အစွမ်းအစကို လူအများစု အသိအမှတ်ပြုသွားကြလေပြီ။

အထူးသဖြင့် ကုမ္ပဏီ၏ တတိယ အများဆုံး ရှယ်ယာဝင် ကလဲရန်ဖြစ်သည်။ လင်းဖန်ကို မြင်သည့်အခါ ပိုမိုလေးနက်စွာ ဦးညွှတ်လိုက်ပါသည်။

“ဘော့စ်လင်း။ ခင်ဗျားကို LV ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်နေမယ်လို့ တကယ်ထင်မထားဘူးဗျာ။ ခင်ဗျားက ဒီလောက် အစွမ်းအစရှိတာကို နောက်ဆုံးတော့လည်း တချို့တွေက ခင်ဗျားအစွမ်းအစကို သံသယဖြစ်နေကြတုန်းပါပဲလား” ကလဲရန်က အားလုံးကို ကြည့်ရင်း ပြောလိုက်ပါသည်။

“ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရှယ်ယာဝင်တွေလည်း ဘော့စ်လင်းရဲ့ ညွှန်ကြားချက်တွေကို နားထောင်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဘော့စ်လင်းသာ ရှိရင် ကျွန်တော်တို့ ကုမ္ပဏီ စျေးကွက်တန်ဖိုးက သေချာပေါက် ဒီ့ထက် ပိုမြင့်သွားမှာ” ကလဲရန်က ပြုံးကာ ပြောလိုက်ပါသည်။

“အမှန်ပဲ။ ဘော့စ်လင်းက တော်လွန်းတယ်။ ကျုပ်တို့ကုမ္ပဏီ ရှယ်ယာစျေးကွက်က ၁၀ ရာခိုင်နှုန်းတောင် တက်သွားပြီ။ ဒါလုံးဝ ဆန်းကြယ်မှု တစ်ခုလိုပဲ။”

“ကျွန်တော်တို့ ကုမ္ပဏီ ရှယ်ယာစျေးကွက်ကို ဆက်ကျမယ်လို့တောင် ထင်ထားခဲ့တာ။ ဒါပေမယ့် ကုမ္ပဏီ ရှယ်ယာစျေးကွက်က ဒီလောက်ထိ တက်လာတယ်။ အားလုံး ဘော့စ်လင်းရဲ့ ကျေးဇူးကြောင့်ပဲ။”

“ဘော့စ်လင်း ဘယ်လိုများ လုပ်လိုက်တာလဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်ကတော့ ဘော့စ်လင်းကို လေးစားနေပြီ…”

ကုမ္ပဏီ ရှယ်ယာဝင်များစွာက လင်းဖန်ကို အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသကြပါသည်။

သူတို့ ငွေရနေသေးသရွေ့ ထိုရှယ်ယာဝင်များက လင်းဖန်ကို ထောက်ခံပေးကြလိမ့်မည်။

ဒီလို ကောင်းမွန်သည့် လူထုထင်မြင်ချက်များကြောင့် ကုမ္ပဏီ ရှယ်ယာဝင်များစွာ၏ ယုံကြည်မှုကို လင်းဖန် ရရှိသွားခဲ့ပါပြီ။

သို့သော် ဝမ်ချင်းတို့အဖွဲ့ကတော့ ဒီနေ့ ရှယ်ယာဝင် အစည်းအဝေးပွဲကို မတက်ရောက်ခဲ့ကြပါ။

သူတို့ကလည်း ဒီကုမ္ပဏီမှာ ရှယ်ယာများကို ပိုင်ဆိုင်ထားကြသည်။ သို့သော် ဘယ်သူမှ ဒီနေ့ မတက်ရောက်ကြပေ။

အစည်းအဝေးပွဲပြီးသွားသည့်အခါ ဝမ်ချင်းက ရုံးတံခါးဝတွင် ပြုံးလျက် ရပ်နေသည်။

“ဟယ်လို ရှယ်ယာဝင်တို့ ဒီနေ့ကစပြီး ကျွန်တော်က Estee Launder ရဲ့ ရှယ်ယာဝင် ဖြစ်သွားပါပြီ”

“ဘော့စ်လင်းက ရှယ်ယာ ၁၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ အဓိက ရှယ်ယာဝင်တစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။ ဒီရက်ပိုင်းအတွင်း ဘော့စ်လင်းရဲ့ အစွမ်းအစတွေကို အားလုံးလည်း မြင်ပြီးကြပြီဖြစ်ပြီး ကျွန်တော်တို့ ကုမ္ပဏီအတွက် ရလဒ်ကောင်းတွေ ဖန်တီးပေးနိုင်ခဲ့တဲ့လူပါ”

“ချီးကျူးထိုက်ပါပေတယ်”

“ဒါပေမယ့် ရက်အနည်းငယ်လောက် ဆွေးနွေး တိုင်ပင်ပြီးတဲ့နောက်မှာ ကုမ္ပဏီထဲက ရှယ်ယာဝင်များစွာက သူတို့ရဲ့ ရှယ်ယာတွေကို ကျွန်တော့်ဆီ လွှဲပြောင်းပေးလိုက်ပြီ”

“ဘော့စ်လင်း အခခု ကျွန်တော်က ကုမ္ပဏီရဲ့ ရှယ်ယာ ၂၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီ။ ကုမ္ပဏီထဲက ရှယ်ယာအများဆုံး ပိုင်ဆိုင်သူပဲ”

“အဲ့တော့… ဘော့စ်လင်း။ ခင်ဗျားရဲ့ ရာထူးကို ကျွန်တော်ပိုင်သွားပြီ”

“ကျေးဇူးပြုပြီး ထလိုက်ပါ”

ဝမ်ချင်းက ပြုံးကာ လင်းဖန်ကို ကြည့်လိုက်၏။

လင်းဖန်ကို ပေါ်တင်ကြီး အရှက်ခွဲနေခြင်း ဖြစ်သည်။

လင်းဖန်က လွန်ခဲ့သည့် ၂ ရက်အတွင်း ကုမ္ပဏီ စတော့စျေးကွက် ကိစ္စနဲ့ အလုပ်များနေခဲ့ချိန်တွင် ဝမ်ချင်းက သူ့နောက်ကျောကို ပြင်းပြင်းထန်ထန် ဓားဖြင့် ထိုးခဲ့သည်။

ဝမ်ချင်းက ပြောပြောဆိုဆိုဖြင့် ရှယ်ယာလွှဲပြောင်း သဘောတူစာချုပ်ကို ထုတ်လိုက်ပြီး စားပွဲပေါ် တင်ပြလိုက်ပါသည်။

ကုမ္ပဏီ၏ နံပါတ် ၁ ရှယ်ယာဝင်က ဝမ်ချင်း ဖြစ်သွားပြီဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။

ဝမ်ချင်းက Estee Launder ၏ စီအီးအို ဖြစ်သည်။

ဒီလိုရလဒ်မျိုးနဲ့သာဆို လင်းဖန်၏ ယခင် အောင်မြင်မှုများက ဘယ်လောက်ပဲ ကြီးကျယ်ပါစေ၊ ကုမ္ပဏီ၏ စီအီးအိုက ဝမ်ချင်း ဖြစ်သွားပါပြီ။

ဝမ်ချင်းက လင်းဖန်ကို ရိုက်ချက်ပြင်းပြင်းဖြင့် ရိုက်ခဲ့သည်။

ရှယ်ယာဝင်များစွာ အချင်းချင်း ကြည့်ကုန်ကြသည်။

ဒါသာ အမှန်ဆို ကုမ္ပဏီထဲက တခြား ရှယ်ယာဝင်တွေလည်း ဘာမှ မပြောနိုင်တော့ပါ။

“ဘော့လင်း ဘာလို့ မထသေးတာလဲ” ဝမ်ချင်းက လင်းဖန်ကို အောင်နိုင်သူတစ်ယောက်လို အကြည့်မျိုးနဲ့ ကြည့်နေသည်။

အစကတော့ လင်းဖန်ကို လူကိုယ်တိုင် တိုက်ခိုက်ချင်သော်လည်း ကုမ္ပဏီ၏ ရှယ်ယာများက ပိုပြီးအရေးပါသည်။ ဒီရက်ပိုင်းထဲ ဝမ်ချင်းလည်း ကြီးကြီးမားမား အကွက်တစ်ခုကို ရွှေ့ခဲ့ပါသည်။

ဝမ်မိသားစုက အမြောက်အများ ရင်းနှီးမြှုပ်နှံကာ ဝမ်ချင်းကို Estee Launder ၏ စီအီးအိုဖြစ်လာအောင် လုပ်ပေးလိုက်သည်။

လင်းဖန်၏ ရာထူးရိုက်ချခံလိုက်ရသည်။

လင်းဖန်ကတော့ ထိုင်လက်စနေရာမှာပဲ ဂရုမစိုက်သည့် မျက်နှာဖြင့် ဆက်ထိုင်နေ၏။

ဝမ်ချင်းရဲ့ နည်လမ်းတွေနဲ့ တန်ပြန်တိုက်ခိုက်နည်းတွေအကြောင်း စဉ်းစားထားခဲ့တာ ကြာပါပြီ။

စီအီးအိုမာက ဘယ်လိုလူမျိုးမို့လို့လဲ။ လင်းဖန်ကို သူစဉ်းစားမိသမျှ အကုန်ပြောပြခဲ့၏။

လင်းဖန်က ညှင်သာစွာ လက်ဖျောက်တီးလိုက်သောအခါ ရုံးတံခါးအနားတွင် ရပ်နေသည့် စုမူချင်းက စာရွက်စာတမ်းအသစ်များဖြင့် ဝင်လာခဲ့၏။

“ဝမ်ချင်း ကျွန်တော်စိတ်မကောင်းဘူး”

“မနေ့ကပဲ ကုမ္ပဏီရှယ်ယာတွေ ပြောင်းလဲသွားပြီ။ ဒီစာရင်းထဲမှာရှိတဲ့ ရှယ်ယာဝင်တွေ အကုန်လုံးကို ကုမ္ပဏီအပေါ် စွပ်စွဲမှုမှတ်တမ်းတွေကြောင့် ထုတ်ပယ်ပစ်လိုက်ပြီ။ သူတို့ရှယ်ယာတွေကိုလည်း ကုမ္ပဏီက အတင်းအဓမ္မ ပြန်ယူလိုက်ပြီဖြစ်ပြီးတော့ အခု ကုမ္ပဏီက ပိုင်ဆိုင်သွားပြီ။ အဲ့တာတွေက တရားဝင်နော်”

“အဲ့တာကြောင့် ခင်ဗျားရဲ့ ရှယ်ယာလွှဲပြောင်းမှု စာချုပ်တွေက အကျုံးမဝင်တော့ဘူး”

“ကျွန်တော်ပြောချင်တာက အခု ကုမ္ပဏီထဲမှာ ကျွန်တော့်ရှယ်ယာက ၂၅ ရာခိုင်နှုန်း ဖြစ်သွားပြီ”

လင်းဖန် စကားပြောပြီးသွားသောအခါ စုမူချင်းက စာရွက်စာတမ်းကို ဝမ်ချင်းရှေ့တွင် ချပြလိုက်ပါသည်။

လင်းဖန်ကို နာမည်ဖျက်သည့် လူတွေက ဝမ်ချင်းဘက်ကလူတွေ ဖြစ်နေပါသည်။

စုမူချင်း၏ အကူအညီဖြင့် သက်သေများကို စုဆောင်းခဲ့သည်။ တရားဥပဒေအရ ကုမ္ပဏီ၏ ရှယ်ယာဝင်များက ကုမ္ပဏီကို နာမည်ဖျက်သည့် လုပ်ရပ်တစ်ခုခုလုပ်မိပြီး ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို ကျဆင်းစေပါက ထိုရှယ်ယာဝင်များကို ကုမ္ပဏီက ထုတ်ပယ်ပိုင်ခွင့်ရှိပြီး ရှယ်ယာများကို ပြန်သိမ်းပိုက်ခွင့် ရှိပါသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း လင်းဖန်က Estee Launder တစ်ခုလုံးကို လုံးဝ ပြန်လည် မွှေနှောက်ခဲ့သည်။

ဝမ်ချင်းကလွဲပြီး ကုမ္ပဏီထဲမှာ သူ့အတွက် တခြား ရန်သူ မရှိပေ။

လင်းဖန်လက်ထဲက စာရွက်စာတမ်းများကို ကြည့်ပြီး ဝမ်ချင်း တစ်ကိုယ်လုံး အေးစက်သွား၏။

ရှယ်ယာအားလုံးကို လင်းဖန်က ပြန်လည် သိမ်းပိုက်လိုက်သဖြင့် ဝမ်ချင်း၏ ရှယ်ယာလွှဲပြောင်းမှုများက အကျုံးမဝင်တော့ပေ။

နှစ်ပေါင်းများစွာ သူမိတ်ဆွေဖွဲ့ထားခဲ့သည့် လူတွေ၊ သူဖြားယောင်းထားခဲ့သည့် ရှယ်ယာဝင်တွေအားလုံးကို လင်းဖန်က မွှေနှောက်ပြီး ကုမ္ပဏီမှ မောင်းထုတ်လိုက်လေပြီ။

လင်းဖန် ဘယ်တုန်းက ဒီလောက်ထိ ဉာဏ်နီဉာဏ်နက် များတတ်သွားတာလဲ။

သူ မယုံနိုင်ပါ…

ဒီနေ့ လင်းဖန်ကို အလွယ်လေး အနိုင်ယူနိုင်မည်ဟု သူထင်ထားခဲ့သည်။

မျှော်လင့်မထားစွာဖြင့် ရှုံးနိမ့်သွားတာ သူဖြစ်နေပါသည်။

လင်းဖန်ကမှ Estee Launder ၏ ဘော့စ် အစစ်အမှန်ပင်။

All Chapters