← Chapters

လင်းဖန်ရဲ့ ခွန်အားနဲ့ ကုမ္ပဏီ ရှယ်ယာဝင်များကို အနိုင်ယူခြင်း

Vol. 20 Ch. 296

လင်းဖန်ရဲ့ ခွန်အားနဲ့ ကုမ္ပဏီ ရှယ်ယာဝင်များကို အနိုင်ယူခြင်း

Vol. 20 Ch. 296

လင်းဖန် ရှယ်ယာစာချုပ်ကို ထုတ်လိုက်သည့်အခါ ဝမ်ချင်း မှင်သက်သွားရ၏။

အားလုံးလည်း အံ့အားသင့်ကုန်ကြသည်။

Estee Launder ၏ ရှယ်ယာဝင်များစွာ တုန်လှုပ်မှုကြောင့် ရေခဲသဖွယ် ရပ်တန့်သွားကြသည်၊။

လင်းဖန်က အလွန် စွမ်းအားကြီးသည်။

ရက်ပိုင်းအတွင်းမှာပင် လင်းဖန်က သာမန်လူတွေ မလုပ်နိုင်သည့် မစ်ရှင်တစ်ခုကို အောင်မြင်နိုင်ခဲ့သည်။

Estee Launder ဆိုတာ ဘယ်လိုကုမ္ပဏီမျိုးလဲ လူတိုင်းသိကြသည်။

ကမ္ဘာတစ်ဝှမ်းမှာ ထိပ်တန်း တန်ဖိုးကြီး ကုမ္ပဏီတစ်ခု ဖြစ်၏။

Estee Launder ရဲ့ ဘော့စ်ကြီးဖြစ်လာပြီး ရှယ်ယာအများကြီး ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ရှိသည်။

အစပိုင်းတော့ လင်းဖန်က ရှယ်ယာ ၁၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။ ဒီနေ့ ဝမ်ချင်းက ကုမ္ပဏီ၏ စီအီးအို ဖြစ်ချင်သဖြင့် ရှယ်ယာစာချုပ်စာတမ်းကို ထုတ်ပြခဲ့၏။ နောက်ဆုံးမှာတော့ သူလည်း လင်းဖန် အကွက်ချကြံစည်မှုကို ခံခဲ့ရပါသည်။

လင်းဖန်၏ ကုမ္ပဏီထဲက ရှယ်ယာပမာဏက ၂၅ ရာခိုင်နှုန်း ကျော်လွန်သွားခဲ့လေပြီ။

ကုမ္ပဏီ ရှယ်ယာ ၄ ပုံ ၁ ပုံကို လင်းဖန် ပိုင်ဆိုင်ထားခြင်းနှင့် ညီမျှ၏။

“လခွမ်း ဘော့စ်… ဘော့စ်လင်းက ငါတို့ ကုမ္ပဏီ ရှယ်ယာ ၂၅ ရာခိုင်နှုန်းတောင် ပိုင်သွားပြီ”

“ကုမ္ပဏီရှယ်ယာတွေရဖို့ ဒီရက်ပိုင်းထဲ ဘော့စ်လင်း ဘာတွေများ လုပ်ခဲ့တာလဲ။ ဒီရှယ်ယာဝင်တွေက အမှားလုပ်မိပြီး ထုတ်ပယ်ပစ်လို့ရတယ် ဆိုရင်တောင် ဘော့စ်လင်းက ငွေတွေ အများကြီး သုံးခဲ့ရတာ ဖြစ်မယ်”

“ဒါပေါ့ ငါတို့ကုမ္ပဏီ စီအီးအိုဖြစ်လာဖို့ ငွေဘယ်လောက် ကုန်မလဲ ငါမသိဘူး။ အနည်းဆုံး ယွမ် သန်း ၁၀၀ ကျော်လောက် လိုလိမ့်မယ်”

ကုမ္ပဏီကို နာမည်ဖျက်နေသည့် ရှယ်ယာဝင်များ၏ သက်သေလည်း ရှိပါသည်။

ထိုသက်သေက လင်းဖန် ထိုလူတွေကို ကုမ္ပဏီထဲက ကန်ထုတ်နိုင်မည့် အဓိက သော့ချက်ဖြစ်သည်။

ကုမ္ပဏီရှယ်ယာဝင်များ ဖြစ်လျက် ကုမ္ပဏီကို နာမည်ဖျက်ချင်ကြသည့် အချောင်သမားများကို သူအလိုမရှိပါ။

လင်းဖန် Estee Launder ကိုလွှဲပြောင်းယူလိုက်ကတည်းက ပိုမြင့်သည့် အဆင့်တစ်ခုရောက်အောင် မြှင့်တင်ပေးဖို့ ရည်ရွယ်ထားသည်။

ကုမ္ပဏီက ငွေပိုရလေလေ လင်းဖန်လည်း ငွေပိုရလေလေ ဖြစ်သည်။

ကုမ္ပဏီခေါင်းဆောင်တစ်ယောက်အနေဖြင့် လုပ်သင့်သည့်အရာပဲ ဖြစ်သည်။

သူ ဒီလိုမလုပ်ပါက ကုမ္ပဏီ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ ကျရှုံးသွားနိုင်သည်။

ဝမ်ချင်းက လင်းဖန်လက်ထဲရှိ ရှယ်ယာလွှဲပြောင်း သဘောတူစာချုပ်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။

“မဟုတ်ဘူး…”

“လင်းဖန် မင်းကတော်တော်ရက်စက်တဲ့ ကောင်ပဲ” ဝမ်ချင်း၏ မျက်လုံးများ မှောင်မိုက်သွားပြီး လှည့်ထွက်သွားပါတော့သည်။

သူက ကုမ္ပဏီ၏ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်ပြီး လင်းဖန်က စီအီးအို ဖြစ်သည်။

လူ ၂ ယောက်အဆင်မပြေဖြစ်ပြီး အာဏာလုဖို့ ကုမ္ပဏီထဲမှာ တိုက်ခိုက်ခြင်းက ဖြစ်နေကျ အရာမျိုး ဖြစ်သည်။

ကုမ္ပဏီထဲက ရှယ်ယာဝင်များကလည်း သူတို့ကို မဝေဖန်ရဲကြပေ။

ဝမ်ချင်းဆိုတာလည်း သာမန်လူ မဟုတ်ပါ။ သူက ရှန်ဟိုင်းမြို့ရှိ အဓိက မိသားစုကြီး ၄ စုထဲက ဖြစ်သည်။

ဝမ်အဖွဲ့အစည်း၏ စျေးကွက်တန်ဖိုးက ၁၀၀ ဘီလီယံ ကျော်နေပါပြီ။

ဝမ်ချင်းက ဝမ်မိသားစု၏ တစ်ဦးတည်းသော သားဖြစ်ပြီး အားလုံးက သူ့အစွမ်းအစကို အသိအမှတ်ပြုထားကြသည်။

ဝမ်ချင်းက သေချာပေါက် အနာဂတ်မှာ ဝမ်အဖွဲ့အစည်းကို ဆက်ခံပါလိမ့်မည်။

ဝမ်မိသားစုက ဟော်မိသားစုထက်ပင် ပိုမို စွမ်းအားကြီးပါသည်။

ဝမ်ချင်းမှာ အကြာကြီး ကြိုးစားခဲ့ရသော်လည်း နောက်ဆုံးမှာတော့ သူ့အစီအစဉ်တွေအားလုံး ကျရှုံးသွားပြီဆိုတာကို သိလိုက်ရပါသည်။

သူက ကုမ္ပဏီထဲက ရှယ်ယာဝင် တစ်ယောက် ဖြစ်ချင်ပြီး ကုမ္ပဏီ စီအီးအိုတောင် ဖြစ်လာချင်သူဖြစ်သည်။ ဒီနေ့အတွက် ပြင်ဆင်ထားခဲ့တာ အချိန်အတော်ကြာပါပြီ။

ကုမ္ပဏီ၏ စီအီးအိုဖြစ်လာပြီးနောက် စုမိသားစု၏ ဒုတိယသမီးကို လက်ထပ်နိုင်ပါလိမ့်မည်။

သို့သော်လည်း ယခုတော့ သူ့အစီအစဉ်အားလုံး လင်းဖန်ကြောင့် ပျက်စီးသွားခဲ့လေပြီ။

ဝမ်ချင်း ထွက်သွားပြီးနောက် လင်းဖန်၏ မျက်နှာက ဆက်လက်တည်ငြိမ်နေဆဲဖြစ်၏။

ဝမ်ချင်းကလွဲပြီး တခြားရှယ်ယာဝင်တွေကတော့ ဆက်ဆံရလွယ်ကူပါသည်။

ဝမ်ချင်းနောက်ကွယ်မှာ ဝမ်မိသားစုက ကျောထောက်နောက်ခံအဖြစ် ရှိနေသောကြောင့် သူ့ကို Estee Launder ထဲက ထွက်သွားစေဖို့ တရားဝင် အကြောင်းအရင်း တစ်ခုခုအသုံးပြုဖို့က အလွန်ခက်ခဲနိုင်သည်။

သို့သော်လည်း လင်းဖန်မှာ ကုမ္ပဏီ၏ ရှယ်ယာ ပမာဏ အမြောက်အများ ရရှိထားပြီးသား ဖြစ်သည်။

ယခု ရှယ်ယာဝင်များစွာကလည်း လင်းဖန်၏ အစွမ်းအစကို ယုံကြည်နေကြပါပြီ။

ကုမ္ပဏီထဲမှာ လင်းဖန်နဲ့ ဝမ်ချင်းတို့ အဆင့်အတန်းချင်း ဘယ်လောက်ယှဉ်ပြိုင်နေကြပါစေ ရှယ်ယာဝင်တွေက သူတို့ ငွေရနေသေးသရွေ့ ကျန်တာဘာမှ စဉ်းစားကြမှာ မဟုတ်ပါ။

ကုမ္ပဏီထဲမှာ အခြေငြိမ်နိုင်ဖို့က အချိန်အကြာကြီး ယူရလိမ့်မည်။

“မူချင်း ငါနဲ့အတူ ယွဲ့ဟွာကို လိုက်ခဲ့” လင်းဖန်က ပြောလိုက်၏။

“အင်း…” စုမူချင်း ခေါင်းငြိမ့်လိုက်သည်။ သူမ မျက်လုံးများတွင် လေးစားမှုများဖြင့် ပြည့်နှက်နေပါသည်။

လင်းဖန် ကုမ္ပဏီကို တစ်ဆင့်ချင်းထိန်းချုပ်သွားပြီး ရှယ်ယာဝင်များ၏ ယုံကြည်မှုကို ရယူသွားပုံကို သူမ စောင့်ကြည့်နေခဲ့၏။

ဝမ်မိသားစု၏ တစ်ဦးတည်းသောသားဖြစ်သည့် ဝမ်ချင်းကတောင် လင်းဖန်နဲ့ တိုက်ခိုက်စဉ် အားသာချက်မရခဲ့ပေ။

စုမူချင်းက စာရွက်စာတမ်းများကိုယူဆောင်ပြီး ကားထဲတွင် လင်းဖန်ကို စောင့်နေလိုက်သည်။

ထိုအချိန်တွင် လင်းဖန်ထံသို့ ယွမ်ချမ့်ဆီက မက်ဆေ့တစ်စောင်ဝင်လာပါသည်။

“ညီလေးလင်း နောက်ဆုံးတော့ ငါရှာတွေ့သွားပြီ” ယွမ်ချမ့်က သိသိသာသာ ဝမ်းသာနေပြီး ရယ်မောရင်း ပြောလိုက်ပါသည်။

“ဘယ်လိုလဲ” လင်းဖန်က မေးလိုက်၏။

“ညီလေးလင်း စုမူချင်းက စုမိသားစုရဲ့ ဒုတိယသမီးပဲ။ သူက အရမ်းလှတယ်။ စုမိသားစုကလည်း ရှန်ဟိုင်းမြို့ရဲ့ နာမည်ကျော် မိသားစုကြီး ၄ ခုထဲက တစ်ခုပဲ။ ပြီးတော့ စုကော်ပိုရေးရှင်းရဲ့ စျေးကွက် တန်ဖိုးက ၃၀၀ ဘီလီယံယွမ်ကို ကျော်လွန်သွားပြီ။ သူတို့က လုပ်ငန်းနယ်ပယ်တိုင်းမှာ ပါဝင်ကြတယ်”

“မင်းနောက်ကြောင်းကို စုမိသားစုကလည်း သိထားတဲ့ပုံပဲ။ အဲ့တာကြောင့် စုမူချင်းကို မင်းရဲ့ လက်ထောက် လုပ်ခိုင်းလိုက်တာ။ မင်းက တော်လွန်းလို့ပါ။ စုမိသားစုက မင်းမလှုပ်ရှားနိုင်ခင် မင်းကို သူတို့ဆီခေါ်ဖို့ ကြိုးစားနေပြီ” ယွမ်ချမ့်က ပြုံးကာ ပြောလိုက်ပါသည်။

“သူက အန္တရာယ်မရှိဘူးမလား” လင်းဖန် ထပ်မေးလိုက်သည်။

လောလောဆယ် သူအကြွင်းမဲ့ယုံကြည်သူတွေက လွဲလို့ အားလုံးကို သတိထားရမည်။

ဥပမာအားဖြင့် ရုတ်တရက်ကြီး လင်းဖန်ဘေးမှာ ပေါ်လာသည့် အလှအပ စုမူချင်းကို ဖြစ်သည်။ သူမက အလွန်ငယ်ရွယ်တောက်ပပြီး သွက်လက်သည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။

ထိုနေ့က သူ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ပုံကို ပြန်စဉ်းစားကြည့်ရင်း လင်းဖန် သူ့ဘေးက လူအားလုံးကို စုံစမ်းဖို့လိုသည်ဟု ခံစားလိုက်ရသည်။

“လုံးဝ အန္တရာယ်ကင်းပါတယ်” ယွမ်ချမ့်က ရင်ဘတ်ပုတ်ရင်း ပြောလိုက်ပါသည်။

“ကျေးဇူးပါ အစ်ကိုကြီးယွမ်။ တခြား ဘာအချက်အလက်တွေ ရထားသေးလဲ” လင်းဖန် ထပ်မေးလိုက်သည်။

“ညီလေးလင်း အရင်တစ်ခေါက်က ကုန်တင်ကား ဒရိုင်ဘာပြောသွားတာက တစ်ယောက်ယောက်က သူ့ကို ဒလီဘာရီ ပို့ခိုင်းပြီး ယွမ် ၅,၀၀၀ ပေးလိုက်တာတဲ့။ အဲ့ဒီအချိန် လမ်းမှာ ဘရိတ်ပေါက်သွားပြီး ဒရိုင်ဘာက Rolls-Royce မောင်းနေတဲ့ ဘော်ဒီဂတ်ကို တိုက်လိုက်မိတာလို့ ပြောတာပဲ”

“မတော်တဆမှုတစ်ခု ဖြစ်နိုင်တယ်”

“ဒါပေမယ့် ငွေလွှဲပြောင်းမှုတွေကို သေသေချာချာ စစ်ဆေးကြည့်လိုက်တော့ ယွမ် ၅,၀၀၀ ကို မိသားစုကြီးတစ်ခုရဲ့ အကောင့်ကနေ လွှဲထားမှန်း တွေ့ရတယ်။ ကြားထဲမှာ ၃ ဆင့် ၄ ဆင့်လောက် လက်ဆင့်ကမ်း လွှဲပြီးမှ ကုန်တင်ကား ဒရိုင်ဘာဆီကို ရောက်လာတာ”

“အဲ့ဒီမိသားစုကြီးက.. ရှန်ဟိုင်းမြို့ရဲ့ ဝမ်မိသားစုပဲ ”ယွမ်ချမ့်က ခက်ထန်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။

တစ်နည်းအားဖြင့် ဝမ်မိသားစုက လင်းဖန်ကို သေစေချင်ကြတာ ဖြစ်နိုင်ပါသည်။

ယွမ်ချမ့်ထံမှ ထိုသတင်းများကို ကြားပြီးနောက် လင်းဖန်၏ မျက်နှာ အလွန် တည်တံ့သွားသည်။

ဝမ်မိသားစုမှာလည်း ဝမ်ချင်းဆိုသည့် သားတစ်ယောက်ရှိသည်။

သက်သေခိုင်ခိုင်လုံလုံမရှိသေးသော်လည်း ဆက်နွယ်မှုတစ်ခုခုတော့ ရှိရမည်။

ထိုသူ သေချာပါက သူ့ကို သတ်ဖို့ကြိုးစားသူများက ဝမ်မိသားစု ဖြစ်နိုင်သည်။

သို့သော်လည်း ဒါက သူ့ကောက်ချက်ချမှုတစ်ခုသာ ဖြစ်သည်။

အသေးအဖွဲကိစ္စတစ်ခုသာ ဖြစ်ပါက လင်းဖန် လျစ်လျူရှုထားနိုင်ပါသေးသည်။

သို့သော် သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာခဲ့သည်။

ဖုန်းဆက်ပြီးနောက် ကားထဲဝင်လိုက်၏။

စုမူချင်းက ကားမောင်းနေပြီး လင်းဖန်ကတော့ ရှေ့ခရီးသည်ခုံမှာာ ထိုင်နေပါသည်။

စုမူချင်းက အန္တရာယ်မရှိကြောင်း အတည်ပြုနိုင်ရင်ပဲ လုံလောက်ပါပြီ။

အချိန်အကြာကြီး အလုပ်လုပ်ခဲ့ရသဖြင့် လင်းဖန် ယွဲ့ဟွာကိုပြန်ပြီး ရှားဝမ်ချွေ့နဲ့ တွေ့ချင်နေပါပြီ။

“ဘော့စ်လင်းက တကယ်တော်တာပဲနော်” စုမူချင်း ပြုံးလိုက်သည်။

“တော်ပါတယ်” လင်းဖန်က ပြန်ပြုံးလိုက်၏။ “ဒါပေမယ့် စုမိသားစုရဲ့ ဒုတိယသမီးလောက်တော့ အထင်ကြီးဖို့ မကောင်းဘူးပေါ့”

ထိုစကားကိုကြားသည့်အခါ စုမူချင်းက တောက်ပစွာ ပြုံးလိုက်ပါသည်။

“ဘော့စ်လင်း ကျွန်မရဲ့ နောက်ကြောင်းကိုတောင် စုံစမ်းပြီးသွားပြီလား။ စိတ်မပူပါနဲ့ ကျွန်မက ရှင့်ရဲ့ လက်ထောက်ဖြစ်ပြီး အမြဲတမ်းလည်း ရှင့်ရဲ့လက်ထောက် ဖြစ်သွားမှာပါ။ ရှင်အန္တရာယ်ကြုံလာရင် ကျွန်မ ချက်ချင်း ကာကွယ်ပေးမယ်”

“ဘာလို့ ငါ့ရဲ့ လက်ထောက် လာလုပ်နေတာလဲ” လင်းဖန်က သူမကိုကြည့်လျက် ထပ်မေးလိုက်ပါသည်။

“ရှင်က Estee Lauder ရဲ့ အများဆုံးရှယ်ယာဝင်ဖြစ်ပြီး LV ရဲ့ ဒုတိယ အများဆုံးရှယ်ယာဝင်ဆိုတာ စုမိသားစုက သိထားတယ်။ ရှင့်ရဲ့ လက်ထောက်ဖြစ်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ”

“ရှင့်ဆီက အများကြီးသင်ယူလို့ရတယ်လေ။ အနာဂတ်ကျရင် ကျွန်မလည်း စုကော်ပိုရေးရှင်းကို တိုးချဲ့လို့ရတာပေါ့” စုမူချင်းက ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောလိုက်ပါသည်။

သူမက အလွန်အစွမ်းအစရှိထားပြီးသားဖြစ်၏။ သူမက ထက်မြက်သည့် မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း လင်းဖန်၏ သရုပ်မှန်နဲ့ နောက်ကြောင်းရာဇဝင်တို့ကို အထင်ကြီးမိပါသည်။

စုမိသားစုက အလွန်စွမ်းအားကြီးကြ၏။ ထို့ကြောင့်လည်း လင်းဖန်၏ နောက်ကြောင်းကို စုမိသားစု သိရှိသွားပြီးနောက် နသူတို့ ချက်ချင်းပဲ စုမူချင်းကို လင်းဖန်အား ချဉ်းကပ်ခိုင်းလိုက်သည်။

စုမူချင်း၏ ရှင်းပြချက်ကြောင့် လင်းဖန် အပြည့်အဝ စိတ်အေးသွားရပါသည်။

ရှန်ဟိုင်းမြို့ထဲက အဓိက မိသားစုကြီး ၄ စုအနက် ဟော်မိသားစုနဲ့ ဝမ်မိသားစုတို့က သူ့ကို အငြှိုးထားကြသည်။

စုမိသားစုကသာ ဗီလိန်နဲ့ မတူခြင်းဖြစ်ပါသည်။

လင်းဖန်နဲ့ စုမူချင်းတို့ စကားပြောနေစဉ်…

ကားလမ်းပေါ်တွင် ကုန်တင်ကားကြီးတစ်စီးက ဟွန်းတီးလိုက်သည်။

နောက်ထပ် ကုန်တင်ကားကြီးတစ်စီး ရောက်လာပြန်ပါပြီ။

ဒီကုန်တင်ကားကြီးက မမြန်သော်လည်း ကားအသေးစားတစ်စီးကို ပြားချပ်သွားအောင် လုပ်နိုင်သည်။

ထိုကုန်တင်ကားကြီးမှာ ကား ၅ စီး ၆ စီးလောက်ကို ဆက်တိုက် ဝင်တိုက်ပြီးနောက် လင်းဖန်၏ ကားထံသို့ တန်းတန်းမတ်မတ် မောင်းလာခဲ့ပါသည်။

All Chapters